【 အားကစား 】အဲဗာတန်ကွင်းမှာ အနိုင်အတွက် ဖောင်ဖျက်ကစားမယ့် အာဆင်နယ်

【 အားကစား 】အဲဗာတန်ကွင်းမှာ အနိုင်အတွက် ဖောင်ဖျက်ကစားမယ့် အာဆင်နယ်

ယနေ့ည ရး၃၅ နာရီမှာ ပရီးမီးယားလိဂ် ပွဲစဉ်  ၃၃ အဖြစ် အဲဗာတန်အသင်းနဲ့ အာဆင်နယ် အသင်းတို့ ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်တွေထဲမှာ  ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မသေချာသေးတဲ့ အာဆင်နယ်အသင်းနဲ့ ယူရိုပါလိဂ် ဝင်ခွင့်တောင်မသေချာတော့တဲ့ အဲဗာတန်အသင်းတို့ အဲဗာတန်ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။

 ပထမအကျော့ အာဆင်နယ်ကွင်းမှာ ကစားခဲ့စဉ်က  အာဆင်နယ်အသင်းက ၂ ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့ပေမယ့် ယခု ဒုတိယအကျော့မှာတော့  အဲဗာတန်အသင်းက အိမ်ကွင်းမှာ ချယ်လ်ဆီး ကိုအနိုင် လီဗာပူးလ်ကို သရေကစားထားတဲ့ အတွက် အမှတ်လိုအပ်ချက်ရှိနေတဲ့ အာဆင်နယ် အတွက် သရေရလဒ် ထွက်ရင်တောင် မဖြစ်လို့ ဒီပွဲ့ အာဆင်နယ်အသင်း ဖောင်ဖျက်ရဖို့ ရှိနေပါတယ်။

အထူးသဖြင့် ဒီပွဲရှုံးရင် မန်ယူက အဆင့်လေးနေရာကို ရယူနိုင်တဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်မယ့် အခြေ အနေကို အာဆင်နယ်အသင်းအရောက်ခံမှာ မဟုတ်ပါဘူး။ ဒီအတွက် ပွဲစဉ်တိုင်းက ဗိုလ်လုပွဲဖြစ်နေတဲ့ အတွက် ဘာဖိအားမှ မရှိနေတဲ့ အဲဗာတန်အသင်းက  ဒီပွဲကို သက်သောင်သက်သာ ကစားဖို့ရှိနေပါတယ်။ ဒါအပြင် ယခုရာသီ အဲဗာတန်အသင်း အိမ်ကွင်း ရလဒ်က သိပ်အကောင်းကြီးမဟတု်ပါဘူး။ အာဆင်နယ် အဝေးကွင်းရလဒ်က သိပ်အကောင်းကြီး မဟုတ်လို့ ဒီပွဲမှာ ဂိုးများဖွယ့်ရှိနေပါတယ်။

အထူးသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အသင်းကြီး ၃ သင်းပြိုင်လု နေရတဲ့ နေရာမှာ အာဆင်နယ်နဲ့ စပါး၊ မန်ယူ ၊ချယ်လ်ဆီးအသင်းတွေ ခြေချော်လို့မရတဲ့ အနေအထားပါ။ဒီပွဲကို   အဲဗာတန်အသင်းက ဂိုး-ဂျိုးယိုဘလက်၊နောက်တန်း-မက်ဟိုဂလိတ်၊ ဝီလျံစ်၊ဂျာဂျီရယ်ကာ၊ လေတန်ဘိန်းစ်၊ အလယ်တန်း-ဂရက်ဘာရီ၊ဂူယီ၊ ရော့ဘာကလေ၊ကီဗင်မီရာလက်စ်၊အန်နာဗလင်စီယာ၊ ရှေ့တန်း-လူကာကူတို့နဲ့ ပွဲထွက်လာဖို့ များနေတဲ့အတွက် ဒီရာသီမှာ  ဂိုးသွင်းအများဆုံးစာရင်းထဲပါတဲ့ လူကာကူအတွက် ဂိုးတွေ ထပ်ပေါင်းခွင့်ရဖို့ အခြေအနေလည်းပေးလာမယ်ထင်ပါတယ်။ ဒါကြောင့်  ဒီပွဲလည်း ပထမပွဲကလို ဂိုးများနိုင်ပါတယ်။ အိမ်ရှင်အဖြစ် ဧည့်ခံ ကစားရမယ့် အာဆင်နယ်အသင်းကတော့  ၄ ပွဲဆက်တိုက်   အနိုင်ကစား ထားပြီး အဲဗာတန်ကေနောက်ဆုံး ၄ ပွဲမှာ တစ်ပွဲနိုင် တစ်ပွဲသရေ နှစ်ပွဲရှုံးထားပါတယ်။

ဒီပွဲမှာ တိုက်စစ်ခြင်း ၊ကွင်းလယ်ခြင်း၊ခံစစ်ခြင်းစတဲ့နေရာစုံမှာ အာဆင်နယ်ကသာပေမယ့် နောက်တန်းရှင်းထုတ်ပုံ မသပ်ရပ်တဲ့ အာဆင်နယ်နောက်တန်းကြောင့် အဲဗာတန်က ရစ်ချာလီဆန်၊ ကလာဗက်လီဝင်တို့ အခွင့်အရေး ရသွားနိုင်ပါတယ်။  ဒါ့ပြင် ဂူရီရာ၊ဂိုးမက်ဇ်၊ဆီဂတ်ဆန်၊ဘန်းနက်တို့  အထိုင်ချထားတဲ့ အဲဗာတန်ကွင်း လယ်ကို  ဇာခါ၊အိုဇေးလ်၊ရမ်ဆေးတို့ပါတဲ့ အာဆင်နယ်ကွင်းလယ် က အပြည်အ၀ ထိန်းချုပ်ထားဖို့ များနေပါတယ်။

ဒီပွဲမှာ အောဘာမီယန်၊အိုဇေးလ်၊လာကာဇက်တီတို့ကြောင့် အဲဗာတန် နောက်တန်း ဂိုးပေးရဖို့ ရှိနေ သလို ချာလီဆန်တို့တိုးအားကြောင့်လည်း အာဆင်နယ်နောက်တန်း အမှားများဖွယ်ရှိနေပါတယ်။ဒီပွဲကိုဘွက်ကီဒိုင်တွေက အာဆင်နယ်ဘက်ကနေ သရေ ပြား ၃၀ အရှုံးလို့  အကျောပေးထားပြီး ဂိုးပေါင်းကတော့ နှစ်သင်းပေါင်း သုံးလုံး ပြား ၅၀  အနိုင်ကြေး ပေါက်နေတဲ့ အတွက် ဘော်ဒီကို  အာဆင်နယ်နဲ့  တွေ့တိုင်း ဂိုးတွေသွင်းကြတဲ့အသင်းတွေ ဖြစ်တဲ့  အတွက် ဂိုးအများကို ပိုအကြိုက်တွေ့မိပါတယ်။  

KON(SPORT)

( Zawgyi )

 ယေန႔ည ရး၃၅ နာရီမွာ ပရီးမီးယားလိဂ္ ပြဲစဥ္  ၃၃ အျဖစ္ အဲဗာတန္အသင္းနဲ႔ အာဆင္နယ္ အသင္းတို႔ ကစားၾကမွာ ျဖစ္ပါတယ္။ ဒီပြဲစဥ္ေတြထဲမွာ  ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ မေသခ်ာေသးတဲ့ အာဆင္နယ္အသင္းနဲ႔ ယူ႐ိုပါလိဂ္ ဝင္ခြင့္ေတာင္မေသခ်ာေတာ့တဲ့ အဲဗာတန္အသင္းတို႔ အဲဗာတန္ကြင္းမွာ ကစားၾကမွာ ျဖစ္ပါတယ္။

 ပထမအေက်ာ့ အာဆင္နယ္ကြင္းမွာ ကစားခဲ့စဥ္က  အာဆင္နယ္အသင္းက ၂ ဂိုးျပတ္နဲ႔ အႏိုင္ရထားခဲ့ေပမယ့္ ယခု ဒုတိယအေက်ာ့မွာေတာ့  အဲဗာတန္အသင္းက အိမ္ကြင္းမွာ ခ်ယ္လ္ဆီး ကိုအႏိုင္ လီဗာပူးလ္ကို သေရကစားထားတဲ့ အတြက္ အမွတ္လိုအပ္ခ်က္ရွိေနတဲ့ အာဆင္နယ္ အတြက္ သေရရလဒ္ ထြက္ရင္ေတာင္ မျဖစ္လို႔ ဒီပြဲ႕ အာဆင္နယ္အသင္း ေဖာင္ဖ်က္ရဖို႔ ရွိေနပါတယ္။

အထူးသျဖင့္ ဒီပြဲရႈံးရင္ မန္ယူက အဆင့္ေလးေနရာကို ရယူႏိုင္တဲ့အတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ လြဲေခ်ာ္မယ့္ အေျခ အေနကို အာဆင္နယ္အသင္းအေရာက္ခံမွာ မဟုတ္ပါဘူး။ ဒီအတြက္ ပြဲစဥ္တိုင္းက ဗိုလ္လုပြဲျဖစ္ေနတဲ့ အတြက္ ဘာဖိအားမွ မရွိေနတဲ့ အဲဗာတန္အသင္းက  ဒီပြဲကို သက္ေသာင္သက္သာ ကစားဖို႔ရွိေနပါတယ္။ ဒါအျပင္ ယခုရာသီ အဲဗာတန္အသင္း အိမ္ကြင္း ရလဒ္က သိပ္အေကာင္းႀကီးမဟတု္ပါဘူး။ အာဆင္နယ္ အေဝးကြင္းရလဒ္က သိပ္အေကာင္းႀကီး မဟုတ္လို႔ ဒီပြဲမွာ ဂိုးမ်ားဖြယ့္ရွိေနပါတယ္။

အထူးသျဖင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ အတြက္ အသင္းႀကီး ၃ သင္းၿပိဳင္လု ေနရတဲ့ ေနရာမွာ အာဆင္နယ္နဲ႔ စပါး၊ မန္ယူ ၊ခ်ယ္လ္ဆီးအသင္းေတြ ေျခေခ်ာ္လို႔မရတဲ့ အေနအထားပါ။ဒီပြဲကို   အဲဗာတန္အသင္းက ဂိုး-ဂ်ိဳးယိုဘလက္၊ေနာက္တန္း-မက္ဟိုဂလိတ္၊ ဝီလ်ံစ္၊ဂ်ာဂ်ီရယ္ကာ၊ ေလတန္ဘိန္းစ္၊ အလယ္တန္း-ဂရက္ဘာရီ၊ဂူယီ၊ ေရာ့ဘာကေလ၊ကီဗင္မီရာလက္စ္၊အန္နာဗလင္စီယာ၊ ေရွ႕တန္း-လူကာကူတို႔နဲ႔ ပြဲထြက္လာဖို႔ မ်ားေနတဲ့အတြက္ ဒီရာသီမွာ  ဂိုးသြင္းအမ်ားဆုံးစာရင္းထဲပါတဲ့ လူကာကူအတြက္ ဂိုးေတြ ထပ္ေပါင္းခြင့္ရဖို႔ အေျခအေနလည္းေပးလာမယ္ထင္ပါတယ္။ ဒါေၾကာင့္  ဒီပြဲလည္း ပထမပြဲကလို ဂိုးမ်ားႏိုင္ပါတယ္။ အိမ္ရွင္အျဖစ္ ဧည့္ခံ ကစားရမယ့္ အာဆင္နယ္အသင္းကေတာ့  ၄ ပြဲဆက္တိုက္   အႏိုင္ကစား ထားၿပီး အဲဗာတန္ေကေနာက္ဆုံး ၄ ပြဲမွာ တစ္ပြဲႏိုင္ တစ္ပြဲသေရ ႏွစ္ပြဲရႈံးထားပါတယ္။

ဒီပြဲမွာ တိုက္စစ္ျခင္း ၊ကြင္းလယ္ျခင္း၊ခံစစ္ျခင္းစတဲ့ေနရာစုံမွာ အာဆင္နယ္ကသာေပမယ့္ ေနာက္တန္းရွင္းထုတ္ပုံ မသပ္ရပ္တဲ့ အာဆင္နယ္ေနာက္တန္းေၾကာင့္ အဲဗာတန္က ရစ္ခ်ာလီဆန္၊ ကလာဗက္လီဝင္တို႔ အခြင့္အေရး ရသြားႏိုင္ပါတယ္။  ဒါ့ျပင္ ဂူရီရာ၊ဂိုးမက္ဇ္၊ဆီဂတ္ဆန္၊ဘန္းနက္တို႔  အထိုင္ခ်ထားတဲ့ အဲဗာတန္ကြင္း လယ္ကို  ဇာခါ၊အိုေဇးလ္၊ရမ္ေဆးတို႔ပါတဲ့ အာဆင္နယ္ကြင္းလယ္ က အျပည္အ၀ ထိန္းခ်ဳပ္ထားဖို႔ မ်ားေနပါတယ္။

ဒီပြဲမွာ ေအာဘာမီယန္၊အိုေဇးလ္၊လာကာဇက္တီတို႔ေၾကာင့္ အဲဗာတန္ ေနာက္တန္း ဂိုးေပးရဖို႔ ရွိေန သလို ခ်ာလီဆန္တို႔တိုးအားေၾကာင့္လည္း အာဆင္နယ္ေနာက္တန္း အမွားမ်ားဖြယ္ရွိေနပါတယ္။ဒီပြဲကိုဘြက္ကီဒိုင္ေတြက အာဆင္နယ္ဘက္ကေန သေရ ျပား ၃၀ အရႈံးလို႔  အေက်ာေပးထားၿပီး ဂိုးေပါင္းကေတာ့ ႏွစ္သင္းေပါင္း သုံးလုံး ျပား ၅၀  အႏိုင္ေၾကး ေပါက္ေနတဲ့ အတြက္ ေဘာ္ဒီကို  အာဆင္နယ္နဲ႔  ေတြ႕တိုင္း ဂိုးေတြသြင္းၾကတဲ့အသင္းေတြ ျဖစ္တဲ့  အတြက္ ဂိုးအမ်ားကို ပိုအႀကိဳက္ေတြ႕မိပါတယ္။  

KON(SPORT)