【 အားကစား 】 ချန်ပီယံလိဂ် ကစားဖို့ရှိတဲ့ မန်စီးတီးကို ရှောင်ပြီး အိမ်ရှင်နဲ့ ရပ်တည်မယ်

【 အားကစား 】 ချန်ပီယံလိဂ် ကစားဖို့ရှိတဲ့ မန်စီးတီးကို ရှောင်ပြီး အိမ်ရှင်နဲ့ ရပ်တည်မယ်

ယနေ့ည ၁၂ နာရီမှာ အင်္ဂလန်ဘောလုံးသမိုင်းရဲ့ သက်တမ်းအရှည်ကြာဆုံး ပြိုင်ပွဲဖြစ်တဲ့ FA ဖလား ပြိုင်ပွဲကို ဆက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဒီညမှာ FA ဖလား ၁၆ သင်းအဆင့် ရှုံးထွက်အဖြစ် လိဂ်တူးကလပ် အဆင့် ၁၅ နေရာက နယူးပို့အသင်းနဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြပြီး အမှတ်ပေးဇယားထိပ် ရောက်နေတဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ယခုနှစ် ဘောလုံးရာသီ ထက်ဝက်ကျိုးချိန်အထိ ခြေစွမ်းကောင်းဆုံးတွေ ပြသနေခဲ့ပေမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီတွေမှာ ခြေချော်လက်ချော်တွေဖြစ်ပြီး အမှတ်ပေးဇယားထိပ်ကို လီဗာပူးလ်ဆီ လွှဲပေးခဲ့ရတဲ့ မန်စီးတီးအသင်းဟာ ဖေဖေါ်ဝါရီလ ပွဲစဉ်တွေမှာလမ်းမှန်ပေါ် ပြန်ရောက်ခဲ့ပြီးပွဲဉ် ၂၆ မှာ ပြိုင်ဘက် ချယ်လ်ဆီးအသင်းကို အိမ်ကွင်းမှာ ဂိုးဒါဇင်ဝက် သွင်းပြပြီး လာမည့် ပရီးမီးယား လက်ကျန်ပွဲတွေအတွက် အင်အားပြည့်လာနေပြီ ဆိုတာကို ပြခဲ့ပါတယ်။ဒါက ပရီးမီးယားလိဂ်မှာ မန်စီးတီးရဲ့ ခြေစွမ်းပါ။FA ဖလားပွဲအဖြစ် ဒီရာသီ မန်စီးတီး ကစားခဲ့ရာမှာ ဝီဂန်ကို အဝေးကွင်းမှာ ဝ-၁၊ အိမ်ကွင်းမှာ ရိုသာဟမ်ကို ခုနှစ်ဂိုးပြတ်၊ ဘန်လေကို  ၅ ဂိုးပြတ်တွေနဲ့ နိုင်ပြီး FA ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ကို တက်လာခဲ့တာပါ။ဒီရှုံးထွက်အဆင့်မှာ အသင်းကြီးတွေဆိုလို့ မန်ယူ၊ ချယ်လ်ဆီး၊ မန်စီးတီး  ၃ သင်းသာ ပါလာခဲ့ပေမယ့် ဒီအဆင့်မှာဘဲ ချယ်လ်ဆီးနဲ့ မန်ယူ တွေ့ဆုံခဲ့တဲ့အတွက် FA ဖလားဟာ မန်စီးတီးအတွက် အာရုံစိုက်ကစားရင် သိပ်မခက်ဘဲရမယ့် ဖလားတစ်လုံးဖြစ်လာဖို့ များနေပါတယ်။

အိမ်ရှင် နယူးပို့တောင်းကတော့ လိဂ်တူးအဆင့်မှာ ၃၁ ပွဲကစားခဲ့ရာမှာ ၁၂ နိုင်၊ ၇ ပွဲသရေနဲ့ ၁၂ ပွဲရှုံးပြီး ရမှတ် ၄၃ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ၅ ပွဲမှာ ၃ နိုင်၊ ၁ သရေနဲ့ ၁ ပွဲရှုံးထားခဲ့ပါတယ်။FA ဖလား ရှုံးထွက် ၁၆ သင်းအဆင့်မှာ အင်အားကြီး မန်စီးတီးအသင်းနဲ့ လာဆုံရတဲ့အတွက် ဒီအဆင့်မှာ လက်ပြနူတ်ဆက်ရဖို့ များနေပေမယ့် ဝါဟမ်ကို အမ်ကွင်းမှာ လေးဂိုးပြတ်၊ လက်စတာကို ၂-၁ နဲ့ နိုင်ပြီး မစ်ဒယ်ဘရော့ ကွင်းမှာ ၁-၁ နဲ့ သရေကျကာ အိမ်ကွင်းမှာ အနိုင်ကစားပြီး ဒီအဆင့်ကို တက်လာတာ ဖြစ်တဲ့အတွက် တစ်ချက်ပေါ့ဆရင် ပေါ့ဆသလောက် ပြိုင်ပွဲကနေ ထွက်သွားရအောင် စွမ်းဆောင်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။    

မန်စီးတီးရဲ့ ယခုရာသီ အဝေးကွင်း အမှတ်ပေးပွဲ ၁၃ ပွဲကို ပြန်ကြည့်ရင် ၁၂ ပွဲနိုင် ၁ ပွဲရှုံးထားပါတယ်။

 

ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရ အိမ်ရှင် နယူးပို့အသင်းကတော့ ဂိုး - ဂျိုဒေး၊ နောက်တန်း - ရီဂန်ပူးလ်၊ မက်ခ်အိုဘရိုင်ယန်၊ ဒီမီထရီယူး၊ အလယ်တန်း - ဝဲလ်မော့၊ စကော့ဘန်းနက်၊ ဘတ်ကီ ဆွန်၊ လာဘာဒီ၊ ဒန်းဘတ်တလာ၊ ရှေ့တန်း - ပါဒရိအေမွန်၊ ဂျေမီလီမတ် တို့နဲ့ ပွဲထွက်လာဖို့ များနေပြီး၊

မန်စီးတီးအသင်းမှာ ဂိုး - အီဒါဆန်၊ နောက်တန်း - ဇန်ချန်ကို၊ ဂျွန်စတုန်း၊ အော်တာမန်ဒီ၊ ဒန်နီလို၊ အလယ်တန်း - ဖီးလ် ဖိုဒင်၊ ဂန်ဒိုဂန်၊ ကီဗင်ဒီဘရိုင်း၊ ရှေ့တန်း - ဆာနေး၊ ဂျီးဆပ်စ်၊ မာရက်ဇ် တို့ ပါဝင်လာဖို့ ရှိနေပါတယ်။    

ယခုပွဲကို ဘွတ်ကီဒိုင်တွေက မန်စီးတီးဘက်ကနေ ၃ လုံးသရေ ပေးထားပြီး နှစ်သင်းပေါင်း ၄ ဂိုးကို ပြား ၃၀ အရှုံးပေးထားပါတယ်။

ဒီဈေးအရဆို ကြေးပြင်းပြင်းနဲ့ မန်စီးတီး အကြိုက်တွေကို ချိန်ဆခေါ်ထားပေမယ့် ဖေဖေါ်ဝါရီ ၂၀ ရက်မှာ ရှော်လ်ကေးနဲ့ ချန်ပီယံလိဂ် ရှုံးထွက် အဝေးကွင်းကစားရမယ့် ပွဲရှိနေတဲ့အပြင် ဖေဖေါ်ဝါရီ ၂၄ ရက်မှာ ချယ်လ်ဆီးနဲ့ လိဂ်ဖလား ဗိုလ်လုပွဲ ကစားဖို့ရှိတဲ့အတွက် အနိုင်ရရုံသာ ထိန်းကစားမယ့် မန်စီးတီးကို ရှောင်ပြီး ဂိုးအပေါ်နဲ့ အိမ်ရှင်ဘက်မှာ ရပ်တည်တာ အဆင်ပြေဖို့များနေပါကြောင်း……။

KON (SPORT)
ဖေဖော်ဝါရီ - ၁၆

( Zawgyi )

ယေန႔ည ၁၂ နာရီမွာ အဂၤလန္ေဘာလုံးသမိုင္းရဲ႕ သက္တမ္းအရွည္ၾကာဆုံး ၿပိဳင္ပြဲျဖစ္တဲ့ FA ဖလား ၿပိဳင္ပြဲကို ဆက္ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ပါတယ္။

ဒီညမွာ FA ဖလား ၁၆ သင္းအဆင့္ ရႈံးထြက္အျဖစ္ လိဂ္တူးကလပ္ အဆင့္ ၁၅ ေနရာက နယူးပို႔အသင္းနဲ႔ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပၿပီး အမွတ္ေပးဇယားထိပ္ ေရာက္ေနတဲ့ မန္စီးတီးအသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

ယခုႏွစ္ ေဘာလုံးရာသီ ထက္ဝက္က်ိဳးခ်ိန္အထိ ေျခစြမ္းေကာင္းဆုံးေတြ ျပသေနခဲ့ေပမယ့္ ဒီဇင္ဘာနဲ႔ ဇန္နဝါရီေတြမွာ ေျခေခ်ာ္လက္ေခ်ာ္ေတြျဖစ္ၿပီး အမွတ္ေပးဇယားထိပ္ကို လီဗာပူးလ္ဆီ လႊဲေပးခဲ့ရတဲ့ မန္စီးတီးအသင္းဟာ ေဖေဖၚဝါရီလ ပြဲစဥ္ေတြမွာလမ္းမွန္ေပၚ ျပန္ေရာက္ခဲ့ၿပီးပြဲဥ္ ၂၆ မွာ ၿပိဳင္ဘက္ ခ်ယ္လ္ဆီးအသင္းကို အိမ္ကြင္းမွာ ဂိုးဒါဇင္ဝက္ သြင္းျပၿပီး လာမည့္ ပရီးမီးယား လက္က်န္ပြဲေတြအတြက္ အင္အားျပည့္လာေနၿပီ ဆိုတာကို ျပခဲ့ပါတယ္။ဒါက ပရီးမီးယားလိဂ္မွာ မန္စီးတီးရဲ႕ ေျခစြမ္းပါ။FA ဖလားပြဲအျဖစ္ ဒီရာသီ မန္စီးတီး ကစားခဲ့ရာမွာ ဝီဂန္ကို အေဝးကြင္းမွာ ဝ-၁၊ အိမ္ကြင္းမွာ ႐ိုသာဟမ္ကို ခုႏွစ္ဂိုးျပတ္၊ ဘန္ေလကို  ၅ ဂိုးျပတ္ေတြနဲ႔ ႏိုင္ၿပီး FA ဖလား ၁၆ သင္းအဆင့္ ရႈံးထြက္ကို တက္လာခဲ့တာပါ။ဒီရႈံးထြက္အဆင့္မွာ အသင္းႀကီးေတြဆိုလို႔ မန္ယူ၊ ခ်ယ္လ္ဆီး၊ မန္စီးတီး  ၃ သင္းသာ ပါလာခဲ့ေပမယ့္ ဒီအဆင့္မွာဘဲ ခ်ယ္လ္ဆီးနဲ႔ မန္ယူ ေတြ႕ဆုံခဲ့တဲ့အတြက္ FA ဖလားဟာ မန္စီးတီးအတြက္ အာ႐ုံစိုက္ကစားရင္ သိပ္မခက္ဘဲရမယ့္ ဖလားတစ္လုံးျဖစ္လာဖို႔ မ်ားေနပါတယ္။

အိမ္ရွင္ နယူးပို႔ေတာင္းကေတာ့ လိဂ္တူးအဆင့္မွာ ၃၁ ပြဲကစားခဲ့ရာမွာ ၁၂ ႏိုင္၊ ၇ ပြဲသေရနဲ႔ ၁၂ ပြဲရႈံးၿပီး ရမွတ္ ၄၃ မွတ္နဲ႔ အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနတဲ့ အသင္းျဖစ္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ အိမ္ကြင္း ၅ ပြဲမွာ ၃ ႏိုင္၊ ၁ သေရနဲ႔ ၁ ပြဲရႈံးထားခဲ့ပါတယ္။FA ဖလား ရႈံးထြက္ ၁၆ သင္းအဆင့္မွာ အင္အားႀကီး မန္စီးတီးအသင္းနဲ႔ လာဆုံရတဲ့အတြက္ ဒီအဆင့္မွာ လက္ျပႏူတ္ဆက္ရဖို႔ မ်ားေနေပမယ့္ ဝါဟမ္ကို အမ္ကြင္းမွာ ေလးဂိုးျပတ္၊ လက္စတာကို ၂-၁ နဲ႔ ႏိုင္ၿပီး မစ္ဒယ္ဘေရာ့ ကြင္းမွာ ၁-၁ နဲ႔ သေရက်ကာ အိမ္ကြင္းမွာ အႏိုင္ကစားၿပီး ဒီအဆင့္ကို တက္လာတာ ျဖစ္တဲ့အတြက္ တစ္ခ်က္ေပါ့ဆရင္ ေပါ့ဆသေလာက္ ၿပိဳင္ပြဲကေန ထြက္သြားရေအာင္ စြမ္းေဆာင္ႏိုင္တဲ့ အသင္းတစ္သင္း ျဖစ္ပါတယ္။    

မန္စီးတီးရဲ႕ ယခုရာသီ အေဝးကြင္း အမွတ္ေပးပြဲ ၁၃ ပြဲကို ျပန္ၾကည့္ရင္ ၁၂ ပြဲႏိုင္ ၁ ပြဲရႈံးထားပါတယ္။

ပြဲႀကိဳထြက္ေပၚလာတဲ့ လူစာရင္းအရ အိမ္ရွင္ နယူးပို႔အသင္းကေတာ့ ဂိုး - ဂ်ိဳေဒး၊ ေနာက္တန္း - ရီဂန္ပူးလ္၊ မက္ခ္အိုဘ႐ိုင္ယန္၊ ဒီမီထရီယူး၊ အလယ္တန္း - ဝဲလ္ေမာ့၊ စေကာ့ဘန္းနက္၊ ဘတ္ကီ ဆြန္၊ လာဘာဒီ၊ ဒန္းဘတ္တလာ၊ ေရွ႕တန္း - ပါဒရိေအမြန္၊ ေဂ်မီလီမတ္ တို႔နဲ႔ ပြဲထြက္လာဖို႔ မ်ားေနၿပီး၊

မန္စီးတီးအသင္းမွာ ဂိုး - အီဒါဆန္၊ ေနာက္တန္း - ဇန္ခ်န္ကို၊ ဂြၽန္စတုန္း၊ ေအာ္တာမန္ဒီ၊ ဒန္နီလို၊ အလယ္တန္း - ဖီးလ္ ဖိုဒင္၊ ဂန္ဒိုဂန္၊ ကီဗင္ဒီဘ႐ိုင္း၊ ေရွ႕တန္း - ဆာေနး၊ ဂ်ီးဆပ္စ္၊ မာရက္ဇ္ တို႔ ပါဝင္လာဖို႔ ရွိေနပါတယ္။    

ယခုပြဲကို ဘြတ္ကီဒိုင္ေတြက မန္စီးတီးဘက္ကေန ၃ လုံးသေရ ေပးထားၿပီး ႏွစ္သင္းေပါင္း ၄ ဂိုးကို ျပား ၃၀ အရႈံးေပးထားပါတယ္။

ဒီေဈးအရဆို ေၾကးျပင္းျပင္းနဲ႔ မန္စီးတီး အႀကိဳက္ေတြကို ခ်ိန္ဆေခၚထားေပမယ့္ ေဖေဖၚဝါရီ ၂၀ ရက္မွာ ေရွာ္လ္ေကးနဲ႔ ခ်န္ပီယံလိဂ္ ရႈံးထြက္ အေဝးကြင္းကစားရမယ့္ ပြဲရွိေနတဲ့အျပင္ ေဖေဖၚဝါရီ ၂၄ ရက္မွာ ခ်ယ္လ္ဆီးနဲ႔ လိဂ္ဖလား ဗိုလ္လုပြဲ ကစားဖို႔ရွိတဲ့အတြက္ အႏိုင္ရ႐ုံသာ ထိန္းကစားမယ့္ မန္စီးတီးကို ေရွာင္ၿပီး ဂိုးအေပၚနဲ႔ အိမ္ရွင္ဘက္မွာ ရပ္တည္တာ အဆင္ေျပဖို႔မ်ားေနပါေၾကာင္း……။

KON (SPORT)
ေဖေဖာ္ဝါရီ - ၁၆