【 အားကစား 】 ဆီဗီလာကို အိမ်ကွင်းမှာ အနိုင်ကစားရမယ့် လာဇီယိုအသင်း

【 အားကစား 】 ဆီဗီလာကို အိမ်ကွင်းမှာ အနိုင်ကစားရမယ့် လာဇီယိုအသင်း

ယနေ့ည ၁၂ နာရီ ၂၅ မိနစ်မှာ ယူရိုပါလိဂ်ရှုံးထွက် ၃၂ သင်းအဆင့် ပွဲစဉ်တွေကို တစ်ပြိုင်နက်ကစားကြမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်တွေထဲမှာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ အသင်းကြီးတွေ၊ ယခုနှစ် ချန်ပီယံလိဂ် အုပ်စုတွင်းမှာ တတိယရပြီး ယူရိုပါလိဂ် ရှုံးထွက်လာကစားရတဲ့ အသင်းတွေဖြစ်တဲ့ အင်တာ၊ နာပိုလီ၊ စတဲ့ အသင်းကောင်းတွေ ပါဝင်လာတဲ့အတွက် ယူရိုပါလိဂ် ရှုံးထွက်အဆင့်က ဘောလုံးကစားသူတွေကို ပိုပြီးစွဲဆောင်လာနိုင်ပါတယ်။

ယခုနှစ် အဆင့်မှာ ပရီးမီးယားလိဂ်က ချယ်လ်ဆီး၊ အာဆင်နယ်၊ စီးရီးအေက အေစီ၊ လာဇီယို၊ အင်တာ၊ လာလီဂါက ဘက်တစ်၊ ဆီဗီလာ၊ ဗီလာရီးရဲလ်၊ ဗလင်စီယာ၊ ဘွန်ဒက်စ်လီဂါက လီဗာကူဆင်၊ ဖရန့်ဖတ်၊ ပြင်သစ်လီဂူး - ၁ က ရန်းနက်စ် တို့ ပါနေတဲ့အတွက် စောင့်ကြည့်ရမယ့် ပွဲစဉ်တွေ ပါဝင်လာခဲ့ပါတယ်။

အဆိုပါ အသင်းကြီးတွေနဲ့တွေ့တဲ့ ပွဲစဉ်တွေထဲမှာ အီတလီက လာဇီယိုအသင်းနဲ့ စပိန်လာလီဂါက ဆီဗီလာအသင်းတို့ ပွဲစဉ်ပါဝင်နေပါတယ်။ယခုရာသီမှာ နှစ်သင်းစလုံး ခြေမငြိမ်ပေမယ့် ယူရိုပါလိဂ်ကို အားထည့်ကစားနေတဲ့ အသင်းတွေဖြစ်လို့ ယခုပွဲစဉ်က မထင်မှတ်ဘဲ ကြည့်ကောင်းမယ့် ပွဲစဉ်တစ်ခုဖြစ်လာဖို့ များနေပါတယ်။

အိမ်ရှင်ဖြစ်တဲ့ လာဇီယိုအသင်းဟာ ပြီးခဲ့တဲ့ စီးရီးအေပွဲ အိမ်ကွင်းမှာ ဂျူဗင်တပ်၊ အဝေးကွင်းမှာ နာပိုလီ စတဲ့ ထိပ်ဆုံးနှစ်သင်းကို ရှုံးခဲ့ပေမယ့် ဖရိုစီနီ နဲ့ အမ်ပိုလီ စတဲ့ အသင်းတွေကို အိမ်ကွင်းနဲ့ အဝေးကွင်းတွေမှာ အနိုင်ရခဲ့ပါတယ်။ဒီရာသီ စီးရီးအေ ပွဲစဉ် ၂၁ ပွဲမှာ လာဇီယိုအသင်း ၁၁ ပွဲနိုင် ၅ ပွဲသရေ၊ ၇ ပွဲရှုံးခဲ့ပြီး အိမ်ကွင်းပွဲစဉ် ၁၂ ပွဲမှာ ၆ ပွဲနိုင် ၃ ပွဲသရေ၊ ၃ ပွဲရှုံးပြီး ရဂိုး ၂၀ နဲ့ ပေးဂိုး ၁၄ ဂိုးရှိတဲ့အတွက် တစ်ပွဲကို နှစ်ဂိုးနီးပါးသွင်းပြီး တစ်ဂိုးကျော်ကျော်ပေးနေရတဲ့ အခြေအနေပါ။နောက်တန်းက သိပ်အကောင်းကြီး မဟုတ်တဲ့အတွက် စီးရီးအေမှာ ထိပ်ဆုံး ၅ သင်း စာရင်းမဝင်သလို အဆင့် ၇ နေရာမှာ အတ္တလန္တာ၊ ရိုးမားတို့အောက် အဆင့် ၇ နေရာကနေ မတက်နိုင်ဘူး ဖြစ်နေတာပါ။
နောက်ဆုံးကစားတဲ့ အိမ်ကွင်း ၅ ပွဲမှာ ဆမ့်ဒိုးရီးယား၊ တိုရီနိုကို သရေကျကာ ဂျူဗင်တပ်ကို ရှုံးပြီး ကတ်ဂလီယာရီနဲ့ အမ်ပိုလီကို အနိုင်ယူထားပါတယ်။အိမ်ကွင်း ၅ ပွဲမှာ တိုက်စစ်မှူး အဲလ်ဘရက်တို၊ အင်မိုဘိုင်း၊ အာဆာဘီ တို့ကြောင့် တစ်ပွဲကို ပုံမှန်တစ်ဂိုးတော့ သွင်းလေ့ရှိပြီး နှစ်သင်းပေါင်း ပျမ်းမျှ နှစ်ဂိုးအထက် ရှိပါတယ်။

ဆီဗီလာအသင်းကတော့ လာလီဂါမှာ အဆင့် ၄ နေရာကို ရောက်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ အီဘာကို အိမ်ကွင်းမှာ သရေကျခဲ့ပြီး အဝေးကွင်းမှာ ဆယ်လ်တာဗီဂိုအသင်းကို ရှုံးခဲ့တဲ့အတွက် ဆီဗီလာအသင်းရဲ့ လတ်တလောခြေစွမ်းက ကျနေတာကို တွေ့ရပါတယ်။ယခုရာသီ လာလီဂါ ၂၃ ပွဲ ကစားခဲ့ရာမှာ  ၁၀ ပွဲနိုင် ၇ ပွဲသရေ ၆ ပွဲရှုံးခဲ့ပြီး အဝေးကွင်း ၁၂ ပွဲမှာ ၃ ပွဲ နိုင်  ၄ ပွဲသရေ၊ ၅ ပွဲရှုံးခဲ့တဲ့အတွက် ဆီဗီလာရဲ့ အဝေးကွင်း ခြေစွမ်းက လာလီဂါထိပ်ဆုံး ၅ သင်းထဲမှာ အဆိုးဆုံးအခြေအနေပါ။ဆီဗီလာအသင်းမှာ ကွင်းလယ်က ဘန်ဂါရာ၊ ဂျီးဆပ်စ်နာဗက်စ် တို့ ဖန်တီးပေးမှုနဲ့ အင်ဒရီဆေးလ်ဗားလ် က ၉ ဂိုး၊ ဘန်ယက်ဒါ က ၁၁ ဂိုး၊ ပါဘလို ဆာရာ ဘိုင်အာ က ၈ ဂိုးသွင်းယူထားတဲ့အတွက် ၁၂ ပွဲမှာ ၁၈ ဂိုးသွင်းပြီး ၁၇ ဂိုးပြန်ပေးထားရတဲ့ ဆီဗီလာအသင်းအတွက် ဂိုးရနိုင်သလို ဂိုးပြန်ပေးရဖို့လည်း များနေပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက လာဇီယိုဘက်ကနေ သရေကျရင် ပြား ၃၀ အရှုံးပေးထားပြီး ဂိုးပေါင်းက ၂ လုံးကို ပြား ၇၀ အရှုံးပေးထားပါတယ်။မထင်မှတ်ဘဲ  အဖွင့်ဂိုးစောစောရရင် ဂိုးများသွားဖွယ်ရှိတဲ့ ဒီပွဲမှာ အဝေးကွင်းရလဒ်ဆိုးတဲ့ ဆီဗီလာကိုရှောင်ပြီး လာဇီယိုအသင်းနဲ့ ဂိုးအပေါ်နေတာ အကောင်းဆုံးလို့ ထင်ပါကြောင်း.................။။။။။။။။။။။

KON (SPORT)
ဖေဖော်ဝါရီ - ၁၄

( Zawgyi )

ယေန႔ည ၁၂ နာရီ ၂၅ မိနစ္မွာ ယူ႐ိုပါလိဂ္ရႈံးထြက္ ၃၂ သင္းအဆင့္ ပြဲစဥ္ေတြကို တစ္ၿပိဳင္နက္ကစားၾကမွာ ျဖစ္ပါတယ္။

ဒီပြဲစဥ္ေတြထဲမွာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဝင္ခြင့္မရတဲ့ အသင္းႀကီးေတြ၊ ယခုႏွစ္ ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာ တတိယရၿပီး ယူ႐ိုပါလိဂ္ ရႈံးထြက္လာကစားရတဲ့ အသင္းေတြျဖစ္တဲ့ အင္တာ၊ နာပိုလီ၊ စတဲ့ အသင္းေကာင္းေတြ ပါဝင္လာတဲ့အတြက္ ယူ႐ိုပါလိဂ္ ရႈံးထြက္အဆင့္က ေဘာလုံးကစားသူေတြကို ပိုၿပီးစြဲေဆာင္လာႏိုင္ပါတယ္။

ယခုႏွစ္ အဆင့္မွာ ပရီးမီးယားလိဂ္က ခ်ယ္လ္ဆီး၊ အာဆင္နယ္၊ စီးရီးေအက ေအစီ၊ လာဇီယို၊ အင္တာ၊ လာလီဂါက ဘက္တစ္၊ ဆီဗီလာ၊ ဗီလာရီးရဲလ္၊ ဗလင္စီယာ၊ ဘြန္ဒက္စ္လီဂါက လီဗာကူဆင္၊ ဖရန႔္ဖတ္၊ ျပင္သစ္လီဂူး - ၁ က ရန္းနက္စ္ တို႔ ပါေနတဲ့အတြက္ ေစာင့္ၾကည့္ရမယ့္ ပြဲစဥ္ေတြ ပါဝင္လာခဲ့ပါတယ္။

အဆိုပါ အသင္းႀကီးေတြနဲ႔ေတြ႕တဲ့ ပြဲစဥ္ေတြထဲမွာ အီတလီက လာဇီယိုအသင္းနဲ႔ စပိန္လာလီဂါက ဆီဗီလာအသင္းတို႔ ပြဲစဥ္ပါဝင္ေနပါတယ္။ယခုရာသီမွာ ႏွစ္သင္းစလုံး ေျခမၿငိမ္ေပမယ့္ ယူ႐ိုပါလိဂ္ကို အားထည့္ကစားေနတဲ့ အသင္းေတြျဖစ္လို႔ ယခုပြဲစဥ္က မထင္မွတ္ဘဲ ၾကည့္ေကာင္းမယ့္ ပြဲစဥ္တစ္ခုျဖစ္လာဖို႔ မ်ားေနပါတယ္။

အိမ္ရွင္ျဖစ္တဲ့ လာဇီယိုအသင္းဟာ ၿပီးခဲ့တဲ့ စီးရီးေအပြဲ အိမ္ကြင္းမွာ ဂ်ဴဗင္တပ္၊ အေဝးကြင္းမွာ နာပိုလီ စတဲ့ ထိပ္ဆုံးႏွစ္သင္းကို ရႈံးခဲ့ေပမယ့္ ဖ႐ိုစီနီ နဲ႔ အမ္ပိုလီ စတဲ့ အသင္းေတြကို အိမ္ကြင္းနဲ႔ အေဝးကြင္းေတြမွာ အႏိုင္ရခဲ့ပါတယ္။ဒီရာသီ စီးရီးေအ ပြဲစဥ္ ၂၁ ပြဲမွာ လာဇီယိုအသင္း ၁၁ ပြဲႏိုင္ ၅ ပြဲသေရ၊ ၇ ပြဲရႈံးခဲ့ၿပီး အိမ္ကြင္းပြဲစဥ္ ၁၂ ပြဲမွာ ၆ ပြဲႏိုင္ ၃ ပြဲသေရ၊ ၃ ပြဲရႈံးၿပီး ရဂိုး ၂၀ နဲ႔ ေပးဂိုး ၁၄ ဂိုးရွိတဲ့အတြက္ တစ္ပြဲကို ႏွစ္ဂိုးနီးပါးသြင္းၿပီး တစ္ဂိုးေက်ာ္ေက်ာ္ေပးေနရတဲ့ အေျခအေနပါ။ေနာက္တန္းက သိပ္အေကာင္းႀကီး မဟုတ္တဲ့အတြက္ စီးရီးေအမွာ ထိပ္ဆုံး ၅ သင္း စာရင္းမဝင္သလို အဆင့္ ၇ ေနရာမွာ အတၱလႏၲာ၊ ႐ိုးမားတို႔ေအာက္ အဆင့္ ၇ ေနရာကေန မတက္ႏိုင္ဘူး ျဖစ္ေနတာပါ။
ေနာက္ဆုံးကစားတဲ့ အိမ္ကြင္း ၅ ပြဲမွာ ဆမ့္ဒိုးရီးယား၊ တိုရီႏိုကို သေရက်ကာ ဂ်ဴဗင္တပ္ကို ရႈံးၿပီး ကတ္ဂလီယာရီနဲ႔ အမ္ပိုလီကို အႏိုင္ယူထားပါတယ္။အိမ္ကြင္း ၅ ပြဲမွာ တိုက္စစ္မႉး အဲလ္ဘရက္တို၊ အင္မိုဘိုင္း၊ အာဆာဘီ တို႔ေၾကာင့္ တစ္ပြဲကို ပုံမွန္တစ္ဂိုးေတာ့ သြင္းေလ့ရွိၿပီး ႏွစ္သင္းေပါင္း ပ်မ္းမွ် ႏွစ္ဂိုးအထက္ ရွိပါတယ္။

ဆီဗီလာအသင္းကေတာ့ လာလီဂါမွာ အဆင့္ ၄ ေနရာကို ေရာက္ေနၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ အီဘာကို အိမ္ကြင္းမွာ သေရက်ခဲ့ၿပီး အေဝးကြင္းမွာ ဆယ္လ္တာဗီဂိုအသင္းကို ရႈံးခဲ့တဲ့အတြက္ ဆီဗီလာအသင္းရဲ႕ လတ္တေလာေျခစြမ္းက က်ေနတာကို ေတြ႕ရပါတယ္။

ယခုရာသီ လာလီဂါ ၂၃ ပြဲ ကစားခဲ့ရာမွာ  ၁၀ ပြဲႏိုင္ ၇ ပြဲသေရ ၆ ပြဲရႈံးခဲ့ၿပီး အေဝးကြင္း ၁၂ ပြဲမွာ ၃ ပြဲ ႏိုင္  ၄ ပြဲသေရ၊ ၅ ပြဲရႈံးခဲ့တဲ့အတြက္ ဆီဗီလာရဲ႕ အေဝးကြင္း ေျခစြမ္းက လာလီဂါထိပ္ဆုံး ၅ သင္းထဲမွာ အဆိုးဆုံးအေျခအေနပါ။ဆီဗီလာအသင္းမွာ ကြင္းလယ္က ဘန္ဂါရာ၊ ဂ်ီးဆပ္စ္နာဗက္စ္ တို႔ ဖန္တီးေပးမႈနဲ႔ အင္ဒရီေဆးလ္ဗားလ္ က ၉ ဂိုး၊ ဘန္ယက္ဒါ က ၁၁ ဂိုး၊ ပါဘလို ဆာရာ ဘိုင္အာ က ၈ ဂိုးသြင္းယူထားတဲ့အတြက္ ၁၂ ပြဲမွာ ၁၈ ဂိုးသြင္းၿပီး ၁၇ ဂိုးျပန္ေပးထားရတဲ့ ဆီဗီလာအသင္းအတြက္ ဂိုးရႏိုင္သလို ဂိုးျပန္ေပးရဖို႔လည္း မ်ားေနပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက လာဇီယိုဘက္ကေန သေရက်ရင္ ျပား ၃၀ အရႈံးေပးထားၿပီး ဂိုးေပါင္းက ၂ လုံးကို ျပား ၇၀ အရႈံးေပးထားပါတယ္။မထင္မွတ္ဘဲ  အဖြင့္ဂိုးေစာေစာရရင္ ဂိုးမ်ားသြားဖြယ္ရွိတဲ့ ဒီပြဲမွာ အေဝးကြင္းရလဒ္ဆိုးတဲ့ ဆီဗီလာကိုေရွာင္ၿပီး လာဇီယိုအသင္းနဲ႔ ဂိုးအေပၚေနတာ အေကာင္းဆုံးလို႔ ထင္ပါေၾကာင္း.................။။။။။။။။။။။

KON (SPORT)
ေဖေဖာ္ဝါရီ - ၁၄