【 အားကစား 】 ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့ ကစားသမားသစ်တွေ ဆက်လက်ခေါ်ယူသွားမယ့် မန်ယူ

【 အားကစား 】 ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့ ကစားသမားသစ်တွေ ဆက်လက်ခေါ်ယူသွားမယ့် မန်ယူ

အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ယူအသင်းကတော့ နွေအပြောင်းအရွှေ့ရာသီပိတ်သိမ်းဖို့ ရက်ပိုင်းမျှသာလိုတော့တဲ့အချိန်မှာ ကစားသမားသစ်တွေကို ဆက်လက်ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဆုဖလားအောင်မြင်မှုမရရှိတာ အချိန်ကြာမြင့်ပြီဖြစ်တဲ့ မန်ယူအသင်းအနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာတော့ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ ရှေ့လယ်နောက် နေရာစုံကို အင်အားဖြည့်တင်းသွားဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မန်ယူအသင်းအနေနဲ့ အဓိကပစ်မှတ်ကစားသမားတွေဖြစ်တဲ့ တောင်ပံကစားသမား ဆန်ချိုနဲ့ နောက်ခံလူ ဗာရာနီတို့ကို ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။ဒါပေမယ့် မန်ယူအသင်းရဲ့ နည်းပြကြီး ဆိုးလ်ရှားကတော့ အသင်းကို ထပ်မံအင်အားဖြည့်တင်းလိုနေပြီး ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်ကစားသမားနှစ်ဦးကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

မန်ယူအသင်း စိတ်ဝင်စားနေတဲ့ ကစားသမားနှစ်ဦးကတော့ ဘိုင်ယန်အသင်းရဲ့ ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်တဲ့ တိုလစ်ဆိုနဲ့ ဂေါ်ရက်ဇ်ဂါတို့ပဲဖြစ်ပြီး အသင်းမှာမတည်ငြိမ်တဲ့ အဓိက ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ နေရာကို အစားထိုးဖို့အတွက်လည်းဖြစ်ပါတယ်။

တိုလစ်ဆိုနဲ့ ဂေါ်ရက်ဇ်ဂါတို့ဟာ ဘိုင်ယန်အသင်းနဲ့အတူ အောင်မြင်မှုတွေဆွတ်ခူးခဲ့တဲ့ အတွေ့အကြုံရင့်ကစားသမားတွေဖြစ်ပြီး ဂျာမန် ဘွန်ဒက်လီဂါ ချန်ပီယံအဖြစ် ၃ ကြိမ်နဲ့အတူ ၂၀၂၀ ခုနှစ်ရဲ့ ဥရောပ ချန်ပီယံလိဂ်ဆုဖလားကို ရရှိခဲ့သူတွေဖြစ်ပါတယ်။

လက်ရှိ မန်ယူအသင်းရဲ့ ကွင်းလယ်မှာ ဘရူနို ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာ၊ တိုမီနေး၊ ဖရက်ဒ်နဲ့ ဗန်ဒိဘိခ်တို့ ရှိနေပေမယ့် အသင်းကိုကွင်းလယ်က‌နေ ထိန်းကျောင်းနိုင်တာကတော့ ဘရူနို ဖာနန်ဒက်စ်နဲ့ ပေါ့ဂ်ဘာတို့သာ ရှိနေတာဖြစ်ပါတယ်။ဒီအတွက် မန်ယူအသင်းဟာ အသင်းရဲ့ကွင်းလယ်ကို ထိန်းကျောင်းကစားနိုင်မယ့် တိုလစ်ဆိုနဲ့ ဂေါ်ရက်ဇ်ဂါတို့ကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

နွေအပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းဖို့ကတော့ ရက်ပိုင်းမျှသာလိုတော့သာဖြစ်ပြီး အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ယူအသင်းကို ဘယ်ကစားသမားတွေ ထပ်မံရောက်ရှိလာဦးမလဲဆိုတာကတော့ မန်ယူပရိတ်သတ်တွေအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

Linko
မန်ချက်စတာ၊ ဩဂုတ် - ၁၉