【 အားကစား 】 ဆောက်သမ်တန်ကွင်းမှာ မန်ယူအနိုင်ရဖို့ အချိန်ကျပြီလား

【 အားကစား 】 ဆောက်သမ်တန်ကွင်းမှာ မန်ယူအနိုင်ရဖို့ အချိန်ကျပြီလား

ပရီးမီးယားလိဂ် ပွဲစဉ် (၄) အဖြစ် ဆောက်သမ်တန်အသင်းနဲ့ မန်ယူအသင်းတု့ိ ယနေ့ည ၆ နာရီအချိန်မှာ ဆောက်သမ်တန်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းအနေနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဘန်လေအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်ခွင့် ၅၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့် ၁၁ ကြိမ် ရရှိခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ဒုတိယပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်မှု ၃၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၄ ကြိမ် ရရှိခဲ့ကာ ၁-၂  နဲ့ ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် (၃) အဖြစ် ဘရိုက်တန်ရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရာ ဘောလုံးပိုင်ဆိုင်ခွင့် ၄၉ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့် ၁၂ ကြိမ် ရရှိခဲ့ကာ ဝ-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အခုပွဲစဉ်ကို ဂိုး - အန်းဂတ်ဂန်း၊ နောက်တန်းကစားသမားများအဖြစ် ကီဗင်ဒန်ဆို၊ ဒန်းနစ်ဗက်စတာဂါရက်၊ ဂျန်ဘတ်နာရတ်၊ ယန်းဗဲလာရီ အလယ်တန်းကစားသမားများအဖြစ် ပီရိအမ်လီ၊ အိုရီလိုရိုမီရူ၊ နာသန်ရက်မန့်၊ ဂျိမ်းဝက်ပလောက်၊ ရှေ့တန်းကစားသမားများအဖြစ် ချီအဒမ်၊ ဒန်နီအင့်စ် တို့ ပါဝင်ကစားလာနိုင်ပါတယ်။

မန်ယူအသင်းအနေနဲ့ ပရီးမီးယားအဖွင့်ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်ခွင့် ၄၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၁ ကြိမ် ရရှိခဲ့ကာ ၄-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ဝုဗ်လ်အသင်းရဲ့ အိမ်ကွင်းမှာ ၁-၁ သရေကျခဲ့ပြီး ခရစ်စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ၁-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဂိုး - ဒီဂီယာ၊ နောက်တန်းကစားသမားများအဖြစ် ဘစ်ဆာကာ၊ လင်ဒီလော့ဖ်၊ မက်ဂွီယား၊ လုခ်ရှော၊ အလယ်တန်းကစားသမားများအဖြစ် ပေါ့ဘာ၊ တိုမီနေး၊ ဒန်နီယယ်ဂျိမ်းစ်၊ လင်ဂတ်၊ ရက်ရှ်ဖို့ဒ်၊ အထောင်တိုက်စစ်မှူးအဖြစ် မာရှယ် တို့ ပါဝင်ကစားလာနိုင်ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက မန်ယူအသင်းဘက်မှ သရေ ၇၀ အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၉၀ အရှုံး ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၁၆ ကြိမ်မှာ မန်ယူအသင်းက ၉ ပွဲနိုင် ၅ ပွဲသရေ ၂ ပွဲရှုံး ရလဒ်ရရှိခဲ့ပါတယ်။ယမန်နှစ်က ကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းရဲ့ အိမ်ကွင်းမှာ ၂-၂ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

 

၂ ပွဲဆက် ပင်နယ်တီလွဲချော်ပြီး နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူအသင်းအနေနဲ့ ကစားခဲ့တဲ့ပွဲစဉ်တွေမှာ တဖက်အသင်းကို အကောင်းဆုံး တိုက်စစ်ဆင်နိုင်ခဲ့ပြီး ဂိုးကံခေခဲ့လို့သာ သရေနဲ့ အရှုံးရလဒ်ကို ရရှိခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းအနေနဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် ရှေ့တန်းကစားသမားများဖြစ်တဲ့ ဒန်နီအင့်စ်၊ ရက်ဒ်မွန် တို့ ပုံမှန်ခြေစွမ်းအောက် ရောက်နေတဲ့အတွက် မန်ယူအသင်းကို ဂိုးသွင်းယူဖို့ဆိုတာ မဖြစ်နိုင်ပဲ နိုင်ပွဲလိုအပ်နေတဲ့ မန်ယူအသင်းသာ အနိုင်ရရှိသွားနိုင်တဲ့အတွက် မန်ယူအသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း……။

KON (SPORT)

( Zawgyi )

ပရီးမီးယားလိဂ္ ပြဲစဥ္ (၄) အျဖစ္ ေဆာက္သမ္တန္အသင္းနဲ႔ မန္ယူအသင္းတု႔ိ ယေန႔ည ၆ နာရီအခ်ိန္မွာ ေဆာက္သမ္တန္အသင္းရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္အျဖစ္ ဘန္ေလအသင္းရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ ေဘာလုံးပိုင္ဆိုင္ခြင့္ ၅၃ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းခြင့္ ၁၁ ႀကိမ္ ရရွိခဲ့ေပမယ့္ ဂိုးသြင္းယူႏိုင္ျခင္းမရွိဘဲ ၃-၀ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ဒုတိယပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ လီဗာပူးလ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ ေဘာလုံးပိုင္ဆိုင္မႈ ၃၆ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၁၄ ႀကိမ္ ရရွိခဲ့ကာ ၁-၂  နဲ႔ ထပ္မံရႈံးနိမ့္ခဲ့ပါတယ္။ပြဲစဥ္ (၃) အျဖစ္ ဘ႐ိုက္တန္ရဲ႕ အိမ္ကြင္းမွာ သြားေရာက္ကစားခဲ့ရာ ေဘာလုံးပိုင္ဆိုင္ခြင့္ ၄၉ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းခြင့္ ၁၂ ႀကိမ္ ရရွိခဲ့ကာ ဝ-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

အခုပြဲစဥ္ကို ဂိုး - အန္းဂတ္ဂန္း၊ ေနာက္တန္းကစားသမားမ်ားအျဖစ္ ကီဗင္ဒန္ဆို၊ ဒန္းနစ္ဗက္စတာဂါရက္၊ ဂ်န္ဘတ္နာရတ္၊ ယန္းဗဲလာရီ အလယ္တန္းကစားသမားမ်ားအျဖစ္ ပီရိအမ္လီ၊ အိုရီလို႐ိုမီ႐ူ၊ နာသန္ရက္မန႔္၊ ဂ်ိမ္းဝက္ပေလာက္၊ ေရွ႕တန္းကစားသမားမ်ားအျဖစ္ ခ်ီအဒမ္၊ ဒန္နီအင့္စ္ တို႔ ပါဝင္ကစားလာႏိုင္ပါတယ္။

မန္ယူအသင္းအေနနဲ႔ ပရီးမီးယားအဖြင့္ပြဲစဥ္အျဖစ္ ခ်ဲလ္ဆီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ ေဘာလုံးပိုင္ဆိုင္ခြင့္ ၄၆ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၁၁ ႀကိမ္ ရရွိခဲ့ကာ ၄-၀ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ဝုဗ္လ္အသင္းရဲ႕ အိမ္ကြင္းမွာ ၁-၁ သေရက်ခဲ့ၿပီး ခရစ္စတယ္ပဲေလ့စ္အသင္းကို အိမ္ကြင္းမွာ ၁-၂ နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

အခုပြဲစဥ္မွာ ဂိုး - ဒီဂီယာ၊ ေနာက္တန္းကစားသမားမ်ားအျဖစ္ ဘစ္ဆာကာ၊ လင္ဒီေလာ့ဖ္၊ မက္ဂြီယား၊ လုခ္ေရွာ၊ အလယ္တန္းကစားသမားမ်ားအျဖစ္ ေပါ့ဘာ၊ တိုမီေနး၊ ဒန္နီယယ္ဂ်ိမ္းစ္၊ လင္ဂတ္၊ ရက္ရွ္ဖို႔ဒ္၊ အေထာင္တိုက္စစ္မႉးအျဖစ္ မာရွယ္ တို႔ ပါဝင္ကစားလာႏိုင္ပါတယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက မန္ယူအသင္းဘက္မွ သေရ ၇၀ အရႈံး ဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၃ လုံး ၉၀ အရႈံး ဖြင့္လွစ္ထားပါတယ္။

ႏွစ္သင္းေတြ႕ဆုံမႈ ေနာက္ဆုံး ၁၆ ႀကိမ္မွာ မန္ယူအသင္းက ၉ ပြဲႏိုင္ ၅ ပြဲသေရ ၂ ပြဲရႈံး ရလဒ္ရရွိခဲ့ပါတယ္။ယမန္ႏွစ္က ကစားခဲ့တဲ့ ေဆာက္သမ္တန္အသင္းရဲ႕ အိမ္ကြင္းမွာ ၂-၂ ရလဒ္ ထြက္ေပၚခဲ့ပါတယ္။

၂ ပြဲဆက္ ပင္နယ္တီလြဲေခ်ာ္ၿပီး ႏိုင္ပြဲေပ်ာက္ခဲ့တဲ့ မန္ယူအသင္းအေနနဲ႔ ကစားခဲ့တဲ့ပြဲစဥ္ေတြမွာ တဖက္အသင္းကို အေကာင္းဆုံး တိုက္စစ္ဆင္ႏိုင္ခဲ့ၿပီး ဂိုးကံေခခဲ့လို႔သာ သေရနဲ႔ အရႈံးရလဒ္ကို ရရွိခဲ့တာျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ကစားရမွာျဖစ္ေပမယ့္ ေရွ႕တန္းကစားသမားမ်ားျဖစ္တဲ့ ဒန္နီအင့္စ္၊ ရက္ဒ္မြန္ တို႔ ပုံမွန္ေျခစြမ္းေအာက္ ေရာက္ေနတဲ့အတြက္ မန္ယူအသင္းကို ဂိုးသြင္းယူဖို႔ဆိုတာ မျဖစ္ႏိုင္ပဲ ႏိုင္ပြဲလိုအပ္ေနတဲ့ မန္ယူအသင္းသာ အႏိုင္ရရွိသြားႏိုင္တဲ့အတြက္ မန္ယူအသင္းနဲ႔သာ လက္တြဲသင့္ပါေၾကာင္း……။

KON (SPORT)