【 အားကစား 】 ဘန်လေ အိမ်ကွင်းမှာ အခက်တွေ့မယ့် စပါးအသင်း

【 အားကစား 】 ဘန်လေ အိမ်ကွင်းမှာ အခက်တွေ့မယ့် စပါးအသင်း

ယနေ့ည ၇ နာရီမှာ ပရီးမီးယားပွဲစဉ် ၂၇ အဖြစ် ဘန်လေအသင်းနဲ့ စပါးအသင်းတို့ ဘန်လေ အိမ်ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ဒီရာသီမှာ အိမ်ကွင်းရှုံးပွဲ ၆ ပွဲရှိတဲ့ ဘန်လေအသင်းက အဝေးကွင်း ရှုံးပွဲ ၂ ပွဲသာရှိတဲ့ စပါးသင်းကို ဧည့်ခံကစားရမှာ ဖြစ်တဲ့အတွက် ဒီရာသီမှာ အသင်းကြီးတွေကို အိမ်ကွင်းမှာ ခံတွယ်နေတဲ့ ဘန်လေအသင်းကြောင့် စပါးအတွက် ဒီပွဲက မထင်မှတ်ဘဲ ခက်ခဲလာနိုင်ပါတယ်။

အိမ်ရှင် ဘန်လေအသင်းကတော့ ဒီရာသီမှာ လူမညီတဲ့အတွက် ပွဲစဉ် ၂၆  ပွဲကစားပြီးချိန်မှာ ၇ ပွဲနိုင် ၆ ပွဲသရေ ၁၃ ပွဲရှုံးခဲ့လို့ တန်းဆင်းဇုန်နဲ့ နီးကပ်ပြီး အမှတ်ပေးဇယား ၁၅ နေရာမှာ ရမှတ် ၂၇ မှတ်နဲ့ ပဲလေ့စ်၊ ဘရိုက်တန်၊ နယူးကာဆယ်တို့နဲ့ အမှတ်တူ ရပ်တည်နေပါတယ်။ဘန်လေအသင်းအတွက် ပြီးခဲ့တဲ့နှစ်ကတည်းက ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့အတွက် ရာသီစကတည်းက လိုအပ်တဲ့အမှတ်တွေ ရယူထားရမှ ဖြစ်မယ်ဆိုတဲ့ မူနဲ့ ရသလောက် အမှတ်တွေယူနေပေမယ့် လူအင်အား မတောင့်တင်းလို့ ရာသီစကတည်းက အိမ်ကွင်းပွဲစဉ်တွေကို ဖိဖိစီးစီးကစားခဲ့ပေမယ့် ရသင့်တဲ့ ရမှတ်တွေ မရခဲ့လို့ အိမ်ကွင်း၁၂  ပွဲမှာ ၄ ပွဲနိုင် ၂ ပွဲသရေ ၆ ပွဲရှုံးခဲ့ပါတယ်။  

စပါးအသင်းကတော့ အဝေးကွင်းပွဲစဉ်တွေမှာ ပိတ်ဆို့ပြီး ကောင်တာချောင်းကစားတတ်တဲ့ အသင်းပါ။အဝေးကွင်းပွဲစဉ် ပြိုင်ပွဲစုံ ၅ ပွဲမှာ ကာဒစ်ဖ်၊ တမ်းရိုဗာ၊ ဖူလ်ဟမ်တို့ကို နိုင်ပြီး ပဲလေ့စ်၊ ချယ်လ်ဆီးအသင်းတွေကို ရှုံးထားပါတယ်။နောက်ဆုံးကစားတဲ့ ပွဲတွေမှာ ၃ ပွဲဆက်တိုက် နိုင်ခဲ့ပေမယ့် အိမ်ကွင်းတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ချန်ပီယံလိဂ် ရှုံးထွက်မှာ ဒေါ့မွန်ကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်ကစားထားသလို လာမယ့်ပွဲစဉ်တွေမှာ ချယ်လ်ဆီး၊ အာဆင်နယ်တို့နဲ့ ပွဲကြပ်ကစားရဖွယ်ရှိနေလို့ ဘန်လေနဲ့ အဝေးကွင်းပွဲကို စပါး အနိုင်ရအောင် ကစားပါလိမ့်မယ်။

ဘန်လေနဲ့ပွဲမှာ တိုက်စစ်မှူး ဟယ်ရီကိန်း ပြန်ပါလာဖွယ်ရှိပေမယ့် ဘန်လေက တန်းဆင်းဇုန်နား ကပ်နေလို့ ရုန်းနေတဲ့အတွက် စပါး အနိုင်ရဖို့ မလွယ်နိုင်ပါဘူး မန်စီးတီး အိမ်ကွင်းမှာ ရှုံးတဲ့ပွဲကလွဲလို့ နောက်ဆုံးကစားတဲ့ ၉ ပွဲမှာ ၅ ပွဲနိုင် ၃ ပွဲသရေ၊ ၁ ပွဲသာရှုံးတဲ့ ဘန်လေကို စပါးအသင်း အနိုင်ကန်နိုင်ပါ့မလားဆိုတာ ထည့်စဉ်းစားဖို လိုနေပါတယ်။

ပထမအကျော့တွေ့စဉ်က စပါး အိမ်ကွင်းမှာ စပါးက ၁-၀ နဲ့သာ နိုင်ခဲ့တဲ့အတွက် ဒီပွဲမှာ ဘန်လေအသင်း ခံကစားမှာ သေချာနေပါတယ်။ဒါပေမယ့် စပါးအသင်း ဒီရာသီမှာ အဝေးကွင်း ဂိုးမြူးတတ်တဲ့အတွက် ပြီးခဲ့တဲ့ရာသီကလို ၃ ဂိုးပြတ် သွားနိုင်သလားဆိုတာကို ထည့်တွက်ဖို့ လိုသေးပါတယ်။

ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရ ဘန်လေအသင်းမှာ ဂိုး - တွမ်ဟီတန်၊ နောက်တန်း - ဘရက်ဒ်စလေ၊ တာကိုဝါစကီး၊ ဘန်မီး၊ ချလီတေလာ၊ အလယ်တန်း - ဟင်းဒရစ်ခ်၊ အက်ရှ်လေဝက်စ်ဝုဒ်၊ ဂျက်ကော့၊ ဒွိုက် မက်နေးလ်၊ ရှေ့တန်း - အက်ရှ်လေဘန်းစ်၊ ခရစ်စ်ဝုဒ် တို့နဲ့ ပဲပွဲထွက်လာဖွယ်ရှိနေပြီး၊

စပါးအသင်းက ဂိုး - ဟူဂိုလိုရစ်၊ နောက်တန်း - ဗာတွန်ဂန်၊ အန်ဒါဝီရယ်လ်၊ ဒေ့ဗ်ဆန်ဆန်းချက်ဇ်၊ ထရစ်ပီယာ၊ အလယ်တန်း - ဟယ်ရီဝင့်ခ်၊ အဲရစ်ဆင်၊ လူးကပ်စ်မိုရာ၊ ဆစ်ဆိုကို နဲ့ ရှေ့တန်း -ဆွန်ဟောင်မင်၊ လော်ရန်တေး တို့နဲ့ ပွဲထွက်လာဖို့ များပါတယ်။

ဘန်လေကွင်း ဒီနှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၄ ကြိမ်မှာ စပါးက ၂ ပွဲနိုင်ပြီး ဘန်လေက ၁ ပွဲနိုင်ကာ ၁ ပွဲ သရေကျထားပါတယ်။

 

ဒီပွဲကို ဘွတ်ကီဒိုင်တွေက ဧည့်သည် စပါးအသင်းဘက်မှ တစ်လုံး ပြား ၆၀ အနိုင်ပေးထားပြီး ဂိုးပေါင်း သုံးလုံး ပြား ၈၀ အနိုင်ပေးထားတဲ့အတွက် ဟယ်ရီကိန်း ပြန်ပါလာနိုင်မယ့် စပါးအသင်းဘက်ကို ထိုးသားတွေလာအောင် ခေါ်ထားသလို ဖြစ်နေပါတယ်။လတ်တလော ဘန်လေအသင်း ခြေစွမ်းရယ်၊ အိမ်ကွင်းဆို ပိတ်ဆို့ကန်တတ်တဲ့ ကစားပုံရယ်၊ စပါးအသင်းရဲ့ ဥရောပပွဲတွေရယ်ကြောင့် အိမ်ရှင် ဘန်လေနဲ့  ဂိုးအောက်ကိုသာ  ပိုသဘောကျပါကြောင်း...................။

KON (SPORT)
ဖေဖော်ဝါရီ - ၂၃

( Zawgyi )

ယေန႔ည ၇ နာရီမွာ ပရီးမီးယားပြဲစဥ္ ၂၇ အျဖစ္ ဘန္ေလအသင္းနဲ႔ စပါးအသင္းတို႔ ဘန္ေလ အိမ္ကြင္းမွာ ကစားၾကမွာ ျဖစ္ပါတယ္။

အထူးသျဖင့္ ဒီရာသီမွာ အိမ္ကြင္းရႈံးပြဲ ၆ ပြဲရွိတဲ့ ဘန္ေလအသင္းက အေဝးကြင္း ရႈံးပြဲ ၂ ပြဲသာရွိတဲ့ စပါးသင္းကို ဧည့္ခံကစားရမွာ ျဖစ္တဲ့အတြက္ ဒီရာသီမွာ အသင္းႀကီးေတြကို အိမ္ကြင္းမွာ ခံတြယ္ေနတဲ့ ဘန္ေလအသင္းေၾကာင့္ စပါးအတြက္ ဒီပြဲက မထင္မွတ္ဘဲ ခက္ခဲလာႏိုင္ပါတယ္။

အိမ္ရွင္ ဘန္ေလအသင္းကေတာ့ ဒီရာသီမွာ လူမညီတဲ့အတြက္ ပြဲစဥ္ ၂၆  ပြဲကစားၿပီးခ်ိန္မွာ ၇ ပြဲႏိုင္ ၆ ပြဲသေရ ၁၃ ပြဲရႈံးခဲ့လို႔ တန္းဆင္းဇုန္နဲ႔ နီးကပ္ၿပီး အမွတ္ေပးဇယား ၁၅ ေနရာမွာ ရမွတ္ ၂၇ မွတ္နဲ႔ ပဲေလ့စ္၊ ဘ႐ိုက္တန္၊ နယူးကာဆယ္တို႔နဲ႔ အမွတ္တူ ရပ္တည္ေနပါတယ္။ဘန္ေလအသင္းအတြက္ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ပရီးမီးယားလိဂ္မွာ တင္က်န္ဖို႔အတြက္ ရာသီစကတည္းက လိုအပ္တဲ့အမွတ္ေတြ ရယူထားရမွ ျဖစ္မယ္ဆိုတဲ့ မူနဲ႔ ရသေလာက္ အမွတ္ေတြယူေနေပမယ့္ လူအင္အား မေတာင့္တင္းလို႔ ရာသီစကတည္းက အိမ္ကြင္းပြဲစဥ္ေတြကို ဖိဖိစီးစီးကစားခဲ့ေပမယ့္ ရသင့္တဲ့ ရမွတ္ေတြ မရခဲ့လို႔ အိမ္ကြင္း၁၂  ပြဲမွာ ၄ ပြဲႏိုင္ ၂ ပြဲသေရ ၆ ပြဲရႈံးခဲ့ပါတယ္။  

စပါးအသင္းကေတာ့ အေဝးကြင္းပြဲစဥ္ေတြမွာ ပိတ္ဆို႔ၿပီး ေကာင္တာေခ်ာင္းကစားတတ္တဲ့ အသင္းပါ။အေဝးကြင္းပြဲစဥ္ ၿပိဳင္ပြဲစုံ ၅ ပြဲမွာ ကာဒစ္ဖ္၊ တမ္း႐ိုဗာ၊ ဖူလ္ဟမ္တို႔ကို ႏိုင္ၿပီး ပဲေလ့စ္၊ ခ်ယ္လ္ဆီးအသင္းေတြကို ရႈံးထားပါတယ္။ေနာက္ဆုံးကစားတဲ့ ပြဲေတြမွာ ၃ ပြဲဆက္တိုက္ ႏိုင္ခဲ့ေပမယ့္ အိမ္ကြင္းေတြ ျဖစ္ေနတာကို ေတြ႕ရပါတယ္။ခ်န္ပီယံလိဂ္ ရႈံးထြက္မွာ ေဒါ့မြန္ကို အိမ္ကြင္းမွာ ၃ ဂိုးျပတ္ကစားထားသလို လာမယ့္ပြဲစဥ္ေတြမွာ ခ်ယ္လ္ဆီး၊ အာဆင္နယ္တို႔နဲ႔ ပြဲၾကပ္ကစားရဖြယ္ရွိေနလို႔ ဘန္ေလနဲ႔ အေဝးကြင္းပြဲကို စပါး အႏိုင္ရေအာင္ ကစားပါလိမ့္မယ္။

ဘန္ေလနဲ႔ပြဲမွာ တိုက္စစ္မႉး ဟယ္ရီကိန္း ျပန္ပါလာဖြယ္ရွိေပမယ့္ ဘန္ေလက တန္းဆင္းဇုန္နား ကပ္ေနလို႔ ႐ုန္းေနတဲ့အတြက္ စပါး အႏိုင္ရဖို႔ မလြယ္ႏိုင္ပါဘူး မန္စီးတီး အိမ္ကြင္းမွာ ရႈံးတဲ့ပြဲကလြဲလို႔ ေနာက္ဆုံးကစားတဲ့ ၉ ပြဲမွာ ၅ ပြဲႏိုင္ ၃ ပြဲသေရ၊ ၁ ပြဲသာရႈံးတဲ့ ဘန္ေလကို စပါးအသင္း အႏိုင္ကန္ႏိုင္ပါ့မလားဆိုတာ ထည့္စဥ္းစားဖို လိုေနပါတယ္။

ပထမအေက်ာ့ေတြ႕စဥ္က စပါး အိမ္ကြင္းမွာ စပါးက ၁-၀ နဲ႔သာ ႏိုင္ခဲ့တဲ့အတြက္ ဒီပြဲမွာ ဘန္ေလအသင္း ခံကစားမွာ ေသခ်ာေနပါတယ္။ဒါေပမယ့္ စပါးအသင္း ဒီရာသီမွာ အေဝးကြင္း ဂိုးျမဴးတတ္တဲ့အတြက္ ၿပီးခဲ့တဲ့ရာသီကလို ၃ ဂိုးျပတ္ သြားႏိုင္သလားဆိုတာကို ထည့္တြက္ဖို႔ လိုေသးပါတယ္။

ပြဲႀကိဳထြက္ေပၚလာတဲ့ လူစာရင္းအရ ဘန္ေလအသင္းမွာ ဂိုး - တြမ္ဟီတန္၊ ေနာက္တန္း - ဘရက္ဒ္စေလ၊ တာကိုဝါစကီး၊ ဘန္မီး၊ ခ်လီေတလာ၊ အလယ္တန္း - ဟင္းဒရစ္ခ္၊ အက္ရွ္ေလဝက္စ္ဝုဒ္၊ ဂ်က္ေကာ့၊ ဒြိဳက္ မက္ေနးလ္၊ ေရွ႕တန္း - အက္ရွ္ေလဘန္းစ္၊ ခရစ္စ္ဝုဒ္ တို႔နဲ႔ ပဲပြဲထြက္လာဖြယ္ရွိေနၿပီး၊

စပါးအသင္းက ဂိုး - ဟူဂိုလိုရစ္၊ ေနာက္တန္း - ဗာတြန္ဂန္၊ အန္ဒါဝီရယ္လ္၊ ေဒ့ဗ္ဆန္ဆန္းခ်က္ဇ္၊ ထရစ္ပီယာ၊ အလယ္တန္း - ဟယ္ရီဝင့္ခ္၊ အဲရစ္ဆင္၊ လူးကပ္စ္မိုရာ၊ ဆစ္ဆိုကို နဲ႔ ေရွ႕တန္း -ဆြန္ေဟာင္မင္၊ ေလာ္ရန္ေတး တို႔နဲ႔ ပြဲထြက္လာဖို႔ မ်ားပါတယ္။

ဘန္ေလကြင္း ဒီႏွစ္သင္းေတြ႕ဆုံမႈ ေနာက္ဆုံး ၄ ႀကိမ္မွာ စပါးက ၂ ပြဲႏိုင္ၿပီး ဘန္ေလက ၁ ပြဲႏိုင္ကာ ၁ ပြဲ သေရက်ထားပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက ဧည့္သည္ စပါးအသင္းဘက္မွ တစ္လုံး ျပား ၆၀ အႏိုင္ေပးထားၿပီး ဂိုးေပါင္း သုံးလုံး ျပား ၈၀ အႏိုင္ေပးထားတဲ့အတြက္ ဟယ္ရီကိန္း ျပန္ပါလာႏိုင္မယ့္ စပါးအသင္းဘက္ကို ထိုးသားေတြလာေအာင္ ေခၚထားသလို ျဖစ္ေနပါတယ္။လတ္တေလာ ဘန္ေလအသင္း ေျခစြမ္းရယ္၊ အိမ္ကြင္းဆို ပိတ္ဆို႔ကန္တတ္တဲ့ ကစားပုံရယ္၊ စပါးအသင္းရဲ႕ ဥေရာပပြဲေတြရယ္ေၾကာင့္ အိမ္ရွင္ ဘန္ေလနဲ႔  ဂိုးေအာက္ကိုသာ  ပိုသေဘာက်ပါေၾကာင္း...................။

KON (SPORT)
ေဖေဖာ္ဝါရီ - ၂၃