【 အားကစား 】 ဘီလာရုစ် ကလပ်အသင်းကို ဂိုးပြတ်အနိုင်ကစားမယ့် လန်ဒန် ဂန်းနားတွေ

【 အားကစား 】 ဘီလာရုစ် ကလပ်အသင်းကို ဂိုးပြတ်အနိုင်ကစားမယ့်  လန်ဒန် ဂန်းနားတွေ

ယနေ့ည ၁၂ နာရီခွဲမှာ ပွဲကောင်းကြိုက်သူများအတွက် စောင့်ကြည့်ရမယ့် ပွဲကောင်းတစ်ပွဲ ရှိနေပါတယ်။

ဒီပွဲက ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ မထင်မှတ်ဘဲ အာဆင်နယ်လို အသင်းကြီးကို တစ်လုံးတည်းသောဂိုးနဲ့ အိမ်ကွင်းမှာ အနိုင်ကစားခဲ့တဲ့ ဘိတ်ဘိုရီဆော့ဗ် ဆိုတဲ့ ဘီလာရုစ် ကလပ်အသင်းနဲ့ ဒီရာသီမှာ အိမ်ကွင်းရလဒ်တွေကောင်းတဲ့ အာဆင်နယ်အသင်းတို့ ဒုတိယအကျော့အဖြစ် ပြန်ကစားကြမှာ ဖြစ်ပါတယ်။

လန်ဒန်က အီမရိတ်စ်ကွင်းမှာ ကစားမယ့် ဒီပွဲမှာ အိမ်ရှင် အာဆင်နယ်အသင်း အနိုင်ရဖို့ များနေပေမယ့် မထင်မှတ်တာတွေ ဖြစ်တတ်တဲ့အတွက် ဘိုရီဆော့ဗ်အသင်းကို လျော့တွက်ရင် အာဆင်နယ် အောင်ဖျာလိပ်သွားနိုင်ပါတယ်။

 

အိမ်ရှင်အဖြစ် လက်ခံကစားမယ့် အာဆင်နယ်အသင်းဟာ ဒီရာသီ အိမ်ကွင်း ၁၃ ပွဲတိတိ ပရီးမီးယားလိဂ် ပွဲတွေကို လက်ခံကစားခဲ့ရာမှာ ၁၀ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးခဲ့ပါတယ်။သွင်းဂိုး ၂၈ ဂိုးသွင်းကာ ၁၁ ဂိုးပြန်ပေးခဲ့ရပါတယ်။ဒီနူန်းက အိမ်ကွင်းပွဲစဉ်တွေမှာ တစ်ပွဲကို ၃ ဂိုးနူန်းနီးပါးသွင်းကာ တစ်ဂိုးအောက်သာ ပေးဂိုးရှိခဲ့တဲ့ အသင်းပါ။ယူရိုပါလိဂ် ပွဲစဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် အုပ်စု (E) မှာ ပါဝင်ပြီး ကွာရာဘတ်၊ စပို့တင်း၊ ဗိုစလ်ကာ အသင်းတွေနဲ့ ကစားပြီး ၆ ပွဲကစားပြီး ၁၆ မှတ်ရကာ အုပ်စုဗိုလ်အနေနဲ့ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်ကို တက်လာတာပါ။အုပ်စုတွင်း အိမ်ကွင်းပွဲစဉ်တွေမှာ ကွာရာဘတ်ကို ၁ - ၀ ၊ ဗိုစလ်ကာကို ၄-၂ နဲ့ စပိုတင်းနဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၅ ပွဲမှာ ၄ ပွဲနိုင် ၁ ပွဲရှုံးပြီ်း ၁၂ ဂိုးသွင်းကာ ၆ ဂိုးပြန်ပေးထားရပါတယ်။

ဧည့်သည်အဖြစ် လာကစားရမယ့် ဘိုရီဆော့ဗ်အသင်းက ဘီလာရုစ် ပရီးမီးယားလိဂ်ရာသီက မတ်လမှ စတဲ့အတွက် အနားရနေတဲ့ အသင်းဖြစ်သလို ယူရိုပါလိဂ်ပွဲသာ ကစားဖို့ရှိတဲ့အတွက် အားထည့်ကစားနေတာကို သတိထားရမှာပါ။၁၇ သင်း ပါဝင်ပြီး ပွဲပေါင်း ၃၀ အထိ ကစားရတဲ့ ဘီလာရုစ် ပရီးမီးယားလိဂ်မှာ ၂၀၁၈ ခုနှစ်က ဘိုရီဆော့ဗ်အသင်းပဲ ရမှတ် ၇၃ မှတ်နဲ့ ဒုတိယနေရာက အသင်းကို ၉ မှတ်ဖြတ်ပြီး ဗိုလ်စွဲထားတာပါ။တစ်ရာသီလုံး ၃ ပွဲသာရှုံးထားသလို ယူရိုပါလိဂ် အုပ်စုအဆင့်မှာလည်း ချယ်လ်ဆီးပါတဲ့ အုပ်စု (L) မှာ  ဗီဒီ၊ PAOK အသင်းတွေကို ကျော်ဖြတ်ပြီး  ၆ ပွဲမှာ ရမှတ် ၉ မှတ်နဲ့ ရှုံးထွက်ကို တက်လာခဲ့တာပါ။ယူရိုပါလိဂ် အုပ်စုတွင်း အဝေးကွင်းပွဲစဉ်တွေမှာ PAOK ကို တစ်ယောက်လျော့နဲ့ ၁ - ၃ ၊ ဗီဒီကို တစ်ယောက်လျော့နဲ့ ၀ - ၂ နဲ့ အနိုင်ရပြီး ချယ်လ်ဆီးကို ၃-၁ နဲ့ ရှုံးခဲ့ပါတယ်။

ယခုပွဲစဉ်အတွက် ပွဲကြိုထွက်လာတဲ့ လူစာရင်းအရ အိမ်ရှင် အာဆင်နယ်အသင်းမှာ ဂိုး - လီနို၊ နောက်တန်း - မစ်လန်းဒ်နိုင်းစ်၊ မူစတာဖီ၊ ကိုစီရယ်လ်နီ၊ ကိုလာစီနက်၊ အလယ်တန်း - တော်ရဲရား၊ ဇာခါ၊ အိုင်ဝိုဘီ၊ ဒင်းနစ်ဆွာရက်ဇ်၊ မက်ခီတာရန်၊ ရှေ့တန်း - အော်ဘာမီယန်း တို့ ပါဝင်လာဖွယ်ရှိနေပြီး၊

ဘိုရီဆော့ဗ်အသင်းမှာ ဂိုး - ရှာဘီစကီ၊ နောက်တန်း - ဖိလစ်ပိုဗစ်စ်၊ ဖလင်ပန်ကို၊ ဗိုလ်ဗော့၊ ရီယို၊ အလယ်တန်း - ဘာရီဇင်ကီ၊ ဒရာဂန်၊ ဘာဂါ၊ ရှေ့တန်း - အီဂေါစတာဆီဗစ်၊ မာစင်ဆကာဗက်၊ နီမန်ဂျင် မီလစ် တို့ ပါဝင်လာဖွယ် ရှိပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက အာဆင်နယ်ဘက်ကနေ နှစ်လုံး ပြား ၃၀ အရှုံးပေးထားပြီး ဂိုးပေါင်းက ၃ လုံး ကို ပြား ၃၀ အရှုံးပေးထားပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ယူရိုပါလိဂ် အုပ်စုတွင်းပွဲမှာ အာဆင်နယ်က အိမ်ကွင်းမှာ ဂိုး ဒါဇင်ဝက်သွင်းပြီး အနိုင်ယူထားပါတယ်။ဒီပွဲမှာ ပထမအကျော့ ရှုံးထားတဲ့ အိမ်ရှင် အာဆင်နယ်အသင်းနဲ့ ဂိုးပေါ်နေတာ အကောင်းဆုံးလို့ ထင်ပါကြောင်း............။

KON (SPORT)
ဖေဖော်ဝါရီ - ၂၁

( Zawgyi )

ယေန႔ည ၁၂ နာရီခြဲမွာ ပြဲေကာင္းႀကိဳက္သူမ်ားအတြက္ ေစာင့္ၾကည့္ရမယ့္ ပြဲေကာင္းတစ္ပြဲ ရွိေနပါတယ္။

ဒီပြဲက ယူ႐ိုပါလိဂ္ ၃၂ သင္းအဆင့္ ပထမအေက်ာ့ပြဲစဥ္မွာ မထင္မွတ္ဘဲ အာဆင္နယ္လို အသင္းႀကီးကို တစ္လုံးတည္းေသာဂိုးနဲ႔ အိမ္ကြင္းမွာ အႏိုင္ကစားခဲ့တဲ့ ဘိတ္ဘိုရီေဆာ့ဗ္ ဆိုတဲ့ ဘီလာ႐ုစ္ ကလပ္အသင္းနဲ႔ ဒီရာသီမွာ အိမ္ကြင္းရလဒ္ေတြေကာင္းတဲ့ အာဆင္နယ္အသင္းတို႔ ဒုတိယအေက်ာ့အျဖစ္ ျပန္ကစားၾကမွာ ျဖစ္ပါတယ္။

လန္ဒန္က အီမရိတ္စ္ကြင္းမွာ ကစားမယ့္ ဒီပြဲမွာ အိမ္ရွင္ အာဆင္နယ္အသင္း အႏိုင္ရဖို႔ မ်ားေနေပမယ့္ မထင္မွတ္တာေတြ ျဖစ္တတ္တဲ့အတြက္ ဘိုရီေဆာ့ဗ္အသင္းကို ေလ်ာ့တြက္ရင္ အာဆင္နယ္ ေအာင္ဖ်ာလိပ္သြားႏိုင္ပါတယ္။

အိမ္ရွင္အျဖစ္ လက္ခံကစားမယ့္ အာဆင္နယ္အသင္းဟာ ဒီရာသီ အိမ္ကြင္း ၁၃ ပြဲတိတိ ပရီးမီးယားလိဂ္ ပြဲေတြကို လက္ခံကစားခဲ့ရာမွာ ၁၀ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးခဲ့ပါတယ္။သြင္းဂိုး ၂၈ ဂိုးသြင္းကာ ၁၁ ဂိုးျပန္ေပးခဲ့ရပါတယ္။ဒီႏူန္းက အိမ္ကြင္းပြဲစဥ္ေတြမွာ တစ္ပြဲကို ၃ ဂိုးႏူန္းနီးပါးသြင္းကာ တစ္ဂိုးေအာက္သာ ေပးဂိုးရွိခဲ့တဲ့ အသင္းပါ။ယူ႐ိုပါလိဂ္ ပြဲစဥ္ေတြကို ျပန္ၾကည့္မယ္ဆိုရင္ အုပ္စု (E) မွာ ပါဝင္ၿပီး ကြာရာဘတ္၊ စပို႔တင္း၊ ဗိုစလ္ကာ အသင္းေတြနဲ႔ ကစားၿပီး ၆ ပြဲကစားၿပီး ၁၆ မွတ္ရကာ အုပ္စုဗိုလ္အေနနဲ႔ ယူ႐ိုပါလိဂ္ ၃၂ သင္း ရႈံးထြက္ကို တက္လာတာပါ။အုပ္စုတြင္း အိမ္ကြင္းပြဲစဥ္ေတြမွာ ကြာရာဘတ္ကို ၁ - ၀ ၊ ဗိုစလ္ကာကို ၄-၂ နဲ႔ စပိုတင္းနဲ႔ ဂိုးမရွိသေရက်ခဲ့ပါတယ္။ေနာက္ဆုံးကစားခဲ့တဲ့ အိမ္ကြင္းပြဲစဥ္ ၅ ပြဲမွာ ၄ ပြဲႏိုင္ ၁ ပြဲရႈံးၿပီ္း ၁၂ ဂိုးသြင္းကာ ၆ ဂိုးျပန္ေပးထားရပါတယ္။

ဧည့္သည္အျဖစ္ လာကစားရမယ့္ ဘိုရီေဆာ့ဗ္အသင္းက ဘီလာ႐ုစ္ ပရီးမီးယားလိဂ္ရာသီက မတ္လမွ စတဲ့အတြက္ အနားရေနတဲ့ အသင္းျဖစ္သလို ယူ႐ိုပါလိဂ္ပြဲသာ ကစားဖို႔ရွိတဲ့အတြက္ အားထည့္ကစားေနတာကို သတိထားရမွာပါ။၁၇ သင္း ပါဝင္ၿပီး ပြဲေပါင္း ၃၀ အထိ ကစားရတဲ့ ဘီလာ႐ုစ္ ပရီးမီးယားလိဂ္မွာ ၂၀၁၈ ခုႏွစ္က ဘိုရီေဆာ့ဗ္အသင္းပဲ ရမွတ္ ၇၃ မွတ္နဲ႔ ဒုတိယေနရာက အသင္းကို ၉ မွတ္ျဖတ္ၿပီး ဗိုလ္စြဲထားတာပါ။တစ္ရာသီလုံး ၃ ပြဲသာရႈံးထားသလို ယူ႐ိုပါလိဂ္ အုပ္စုအဆင့္မွာလည္း ခ်ယ္လ္ဆီးပါတဲ့ အုပ္စု (L) မွာ  ဗီဒီ၊ PAOK အသင္းေတြကို ေက်ာ္ျဖတ္ၿပီး  ၆ ပြဲမွာ ရမွတ္ ၉ မွတ္နဲ႔ ရႈံးထြက္ကို တက္လာခဲ့တာပါ။ယူ႐ိုပါလိဂ္ အုပ္စုတြင္း အေဝးကြင္းပြဲစဥ္ေတြမွာ PAOK ကို တစ္ေယာက္ေလ်ာ့နဲ႔ ၁ - ၃ ၊ ဗီဒီကို တစ္ေယာက္ေလ်ာ့နဲ႔ ၀ - ၂ နဲ႔ အႏိုင္ရၿပီး ခ်ယ္လ္ဆီးကို ၃-၁ နဲ႔ ရႈံးခဲ့ပါတယ္။

ယခုပြဲစဥ္အတြက္ ပြဲႀကိဳထြက္လာတဲ့ လူစာရင္းအရ အိမ္ရွင္ အာဆင္နယ္အသင္းမွာ ဂိုး - လီႏို၊ ေနာက္တန္း - မစ္လန္းဒ္ႏိုင္းစ္၊ မူစတာဖီ၊ ကိုစီရယ္လ္နီ၊ ကိုလာစီနက္၊ အလယ္တန္း - ေတာ္ရဲရား၊ ဇာခါ၊ အိုင္ဝိုဘီ၊ ဒင္းနစ္ဆြာရက္ဇ္၊ မက္ခီတာရန္၊ ေရွ႕တန္း - ေအာ္ဘာမီယန္း တို႔ ပါဝင္လာဖြယ္ရွိေနၿပီး၊

ဘိုရီေဆာ့ဗ္အသင္းမွာ ဂိုး - ရွာဘီစကီ၊ ေနာက္တန္း - ဖိလစ္ပိုဗစ္စ္၊ ဖလင္ပန္ကို၊ ဗိုလ္ေဗာ့၊ ရီယို၊ အလယ္တန္း - ဘာရီဇင္ကီ၊ ဒရာဂန္၊ ဘာဂါ၊ ေရွ႕တန္း - အီေဂါစတာဆီဗစ္၊ မာစင္ဆကာဗက္၊ နီမန္ဂ်င္ မီလစ္ တို႔ ပါဝင္လာဖြယ္ ရွိပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက အာဆင္နယ္ဘက္ကေန ႏွစ္လုံး ျပား ၃၀ အရႈံးေပးထားၿပီး ဂိုးေပါင္းက ၃ လုံး ကို ျပား ၃၀ အရႈံးေပးထားပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ယူ႐ိုပါလိဂ္ အုပ္စုတြင္းပြဲမွာ အာဆင္နယ္က အိမ္ကြင္းမွာ ဂိုး ဒါဇင္ဝက္သြင္းၿပီး အႏိုင္ယူထားပါတယ္။ဒီပြဲမွာ ပထမအေက်ာ့ ရႈံးထားတဲ့ အိမ္ရွင္ အာဆင္နယ္အသင္းနဲ႔ ဂိုးေပၚေနတာ အေကာင္းဆုံးလို႔ ထင္ပါေၾကာင္း............။

KON (SPORT)
ေဖေဖာ္ဝါရီ - ၂၁