【 အားကစား 】 အိမ်ကွင်းမှာ ဝက်ဖို့ဒ်အသင်းကို ဂိုးပြတ်သွင်းကာ အောင်ပွဲခံမယ့် မန်စီးတီး

【 အားကစား 】 အိမ်ကွင်းမှာ ဝက်ဖို့ဒ်အသင်းကို ဂိုးပြတ်သွင်းကာ အောင်ပွဲခံမယ့် မန်စီးတီး

လတ်တလောမှာ အိမ်ကွင်း အဝေးကွင်း မရှောင် ဂိုးပြတ်နိုင်ပွဲတွေ ကစားပြနေတဲ့ မန်စီးတီးအသင်းနဲ့ ဒီရာသီအစ ခြေစွမ်းတွေပြနေပြီး အမှတ်ပေးဇယားထိပ်ပိုင်းထိ တက်လာခဲ့တဲ့ ဝက်ဖို့ဒ်အသင်းတို့ ယနေ့ည ၁၂ နာရီမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ အဖြစ် ကစားကြမှာ ဖြစ်ပါတယ်။

တွက်ကြည့်မယ်ဆိုရင် ဒီပွဲက လွယ်လွယ်လေးလို့ ထင်စရာပါ။ပရီးမီးယားလိဂ် အဆင့် ၁ နေရာက အသင်းနဲ့ အဆင့် ၁ဝ အသင်း တွေ့တဲ့အတွက် ဘယ်အသင်းနိုင်မယ်ဆိုတာ ကလေးကအစ သိကြပါတယ်။

ဒါပေမယ့် ဘွတ်ကီဒိုင်တွေ ဖွင့်တဲ့ဈေးကိုကြည့်ရင် ဘောနိုင် ငွေရှုံးဖြစ်မယ့် အခြေအနေကို တွေ့နေရပါတယ်။ဘာကြောင့်ဆို  အိမ်ရှင် မန်စီးတီးက ဒီပွဲပြီးရင် ရှော်လ်ကေးကို ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဒုတိယအကျော့အဖြစ် အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်လို့ပါ။

ပြီးခဲ့တဲ့ ပထမအပတ်က ချန်ပီယံလိဂ်မှာ ရီးရဲ၊PSG၊ ရိုးမားတို့လို ပထမအကျော့မှာ အနိုင်ကစားခဲ့တဲ့ အသင်းတွေ ဒုတိယကျောမှာ ရှုံးခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရ တာတွေ ရှိခဲ့လို့ မန်စီးတီးအသင်းခြေချော်လက်ချော်မဖြစ်အောင် ရှော်လ်ကေးနဲ့ ပွဲကို အာရုံစိုက်မှာ သေချာ နေပါတယ်။

၂၀၁၈ နှစ်ကုန်ခါနီးမှာ အလွဲလွဲအချော်ချော်တွေ ဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ၂၀၁၉ ခုနှစ်ထဲမှာ ပုံမှန်ခြေစွမ်းကို ပြန်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို လီဗာပူးလ်လက်ထဲကနေ လွှဲယူထားလိုက်ပြီဖြစ် ပါတယ်။ ဒါပေမယ့် ထိပ်ဆုံးနှစ်သင်းကြား အမှတ်ကွာဟချက်က ၁ မှတ်ထဲပါ။ယခုနောက်ပိုင်းပွဲစဉ်တွေ အတိအကျပြောရရင် နောက်ဆုံးသုံးပွဲမှာ မန်စီးတီး တိုက်စစ်ထိုးကျနေပြီး  ဝက်စ်ဟမ်း၊ဘုန်းမောက်အသင်းတွေကို ၁-၀ ရလဒ်တွေနဲ့သာ အနိုင်ရခဲ့ပါတယ်။ဇန်နဝါရီ ၃၀ ရက် နယူးကာ ဆယ်ကွင်းမှာ ၂-၁  နဲ့ ရှုံးပြီးကတည်းက ၈ ပွဲဆက်တိုက် အနိုင်ရခဲ့ပေမယ့် ချယ်လ်ဆီးနဲ့ နယူပို့ကမ်းထရီးကိုသာ ၆-ဝ၊၄-၁ ရလဒ်တွေနဲ့ နိုင်ပြီး ကျန်အသင်းတွေကို ဂိုးမပြတ်ခဲ့ပါဘူး။မန်စီးတီးရဲ့ ယခုရာသီအမှတ်ပေးပွဲ ၂၉ ပွဲကို ပြန်ကြည့်ရင် တစ်ပွဲမှ ရှုံးပွဲမရှိဘဲ ၂၃ပွဲနိုင် ၂ ပွဲသရေ ကျထားကာ ၄ ပွဲရှုံးထားပါတယ်။ အိမ်ကွင်း ၁၅ ပွဲမှာ ၁၄ ပွဲ နိုင် ၁ ပွဲရှုံထားပါတယ်။ အိမ်ကွင်းရဂိုး ၅၀  ဂိုးသွင်း ကာ ၁၁ ဂိုးပြန်ပေးထား ရပါ တယ်။လတ်တလော ကစားထားတဲ့  အိမ်ကွင်း ၅  ပွဲမှာ ၅ပွဲစလုံးနိုင်ထားပါတယ်။  

ရာသီအစက ခြေစွမ်းတွေပြခဲ့ပြီး ဇယားထိပ်ပိုင်းထိ တက်ခဲ့တဲ့ ဝက်ဖိုဒ်အသင်းကတော့ ရာသီထက်ဝက်ကျိုးချိန်မှာ အရံအင်အားမလောက်တာကြောင့် ရှုံးပွဲတွေဆက်ခဲ့ရာကနေ ရာသီကုန်ခါနီးမှာ  ခြေစွမ်းပြန် တက် လာကာ အဲဗာတန်၊ကာဒစ်ဖ်၊လက်စတာတို့ကို အနိုင်ကစားကာ ပြိုင်ပွဲစုံ ၁၀ မှာ ၆ ပွဲနိုင်၂ ပွဲသရေ၊ ၂ ပွဲရှုံးထားပါတယ်။
ကွင်းလယ်မှာ ဒူကာရီ၊ဝဲလ်ဟုသ်၊ပရီယာ၊ချာလိုဘတ် တို့အဓိကပါဝင်တဲ့  ဝက်ဖိုဒ်အသင်း ယခုရာသီမှာ အမှတ်ပေးပွဲ ၂၉ ပွဲကစားပြီးချိန်အထိ ၁၂ ပွဲနိုင်၇ ပွဲသရေ ၁၀ ပွဲရှုံးကာ ရှုံးပွဲတွေက အိမ်ကွင်း အဝေးကွင်းမျှခဲ့လို့ ဝက်ဖိုဒ့်ခြေက ကွင်းမရွေးတဲ့ ခြေဖြစ်နေတာ သတိထားစရာပါဘဲ။ အဝေးကွင်း ၁၅ ပွဲမှာ ၅ ပွဲ နိုင် ၅ ပွဲသရေ၊ ၅ ပွဲရှုံးနိမ့် ထားပြီး ရဂိုး ၂၂ ဂိုးသွင်းကာ ပေးဂိုး၂၂ ဂိုးပေးထားရပါတယ်။လတ်တလော ကစားထားတဲ့  အဝေးကွင်း ၅  ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲရှုံး ၁ ပွဲသရေ ကျထားပါတယ်။ သတိထားရမှာက ကွင်းလယ်မှာ ဒူကာရီ၊ဝဲလ်ဟုသ်၊ပရီယာ၊ချာလိုဘတ် ခြေစွမ်းကောင်းနေသလို ဝက်ဖိုဒ်ရှေ့ တန်းက ဒန်နီ၊ အန်ဒီဂရေးတို့ တိုးအားကလည်း ကောင်းနေတာကိုပါ။ နောက်ဆုံး ၅ ပွဲမှာ လီဗာပူးလ်နဲ့ ပွဲကလွဲပြီး ပွဲတိုင်း ဂိုးသွင်းယူနိုင်တာကိုပါ။

ဒီနှစ်သင်း မန်စီးတီးကွင်းတွေ့ဆုံမှုနောက်ဆုံး ၄ ကြိမ်စလုံးမှာ မန်စီးတီးက  ၃ အနိုင်ရထားပြီး ၁ ပွဲသာ သရေကျခဲ့ပါတယ်။ ဒီအတွက်  ဒီပွဲမှာ မန်စီးတီးကို ဂိုးပြတ်မရှုံးရအောင် ဝက်ဖို့ဒ်နည်းပြ ဂါစီယာ က ပိတ်ဆို့ ကစားမလား၊ သရေတစ်မှတ်ရအောင် တိုက်စစ်ဖွင့်ကစားမလားဆိုတာ စောင့်ကြည့်ရပါမယ်။

 

ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရ မန်စီးတီးအသင်းကတော့ ဂိုး- အက်ဒါဆန်၊နောက်တန်း- ဒန်နီလို၊ကွန်ပနီ၊အော်တာမန်ဒီ၊ဇင်ချန်ကို၊ အလယ်တန်း-ဘာနာဒိုဆေးလ်ဗား ၊ဂန်ဒိုဂန်၊  ဒေးဗစ်ဆေးလ်ဗား၊ ရှေ့တန်း- မာရက်ဇ်၊ အဂူရို၊စတာလင်တို့  ပါဝင်လာဖို့ ရှိနေပြီး

ဝက်ဖိုဒ့်အသင်းက ဂိုး - ဖော်စတာ၊ ၊နောက်တန်း- ဂျန်မတ်၊၊မာရီပါ၊ ကာရစ်ဂျ်ကာချ် ၊ ဟိုးလက်ဘ်၊ အလယ်တန်း - ပရီယာ၊ဒူကာရီ၊ကာပုပ်၊ ဝဲလ်ဟုသ်၊ဒယ်လိုဖူ၊ ရှေ့တန်း- ဒန်နီ တို့နဲ့ ပွဲထွက်လာ ဖို့ များနေပြီး ပါတယ်။    

ယခုပွဲကိုဘွတ်ကီဒိုင်တွေက မန်စီးတီးဘက်ကနေ နှစ်လုံး ပြား ၇၀ အရှုံးပေးထားပြီး နှစ်သင်းပေါင်း လေးဂိုးကို ပြား ၉၀  အနိုင်ပေးထားပါတယ်။

ဒီဈေးအရဆို သုံးဂိုးပြတ်မှ ကြေးနိုင်မယ့် ဖြစ်မယ့်အတွက်  ဝက်ဖိုဒ်လက်ရှိခြေအရ လီဗာပူးလ်ကို ရှုံးသလို ၅ ဂိုးပြတ်ဖွယ်မရှိလို ဝက်ဖိုဒ့်နဲ့  ဂိုးအပေါ်နေ တာက အကောင်းဆုံးဖြစ်ပါကြောင်း ……။

KON (SPORT)
မတ် - ၉

( Zawgyi )

လတ္တေလာမွာ အိမ္ကြင္း အေဝးကြင္း မေရွာင္ ဂိုးျပတ္ႏိုင္ပြဲေတြ ကစားျပေနတဲ့ မန္စီးတီးအသင္းနဲ႔ ဒီရာသီအစ ေျခစြမ္းေတြျပေနၿပီး အမွတ္ေပးဇယားထိပ္ပိုင္းထိ တက္လာခဲ့တဲ့ ဝက္ဖို႔ဒ္အသင္းတို႔ ယေန႔ည ၁၂ နာရီမွာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၀ အျဖစ္ ကစားၾကမွာ ျဖစ္ပါတယ္။

တြက္ၾကည့္မယ္ဆိုရင္ ဒီပြဲက လြယ္လြယ္ေလးလို႔ ထင္စရာပါ။ပရီးမီးယားလိဂ္ အဆင့္ ၁ ေနရာက အသင္းနဲ႔ အဆင့္ ၁ဝ အသင္း ေတြ႕တဲ့အတြက္ ဘယ္အသင္းႏိုင္မယ္ဆိုတာ ကေလးကအစ သိၾကပါတယ္။

ဒါေပမယ့္ ဘြတ္ကီဒိုင္ေတြ ဖြင့္တဲ့ေဈးကိုၾကည့္ရင္ ေဘာႏိုင္ ေငြရႈံးျဖစ္မယ့္ အေျခအေနကို ေတြ႕ေနရပါတယ္။ဘာေၾကာင့္ဆို  အိမ္ရွင္ မန္စီးတီးက ဒီပြဲၿပီးရင္ ေရွာ္လ္ေကးကို ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္ ဒုတိယအေက်ာ့အျဖစ္ အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္လို႔ပါ။

ၿပီးခဲ့တဲ့ ပထမအပတ္က ခ်န္ပီယံလိဂ္မွာ ရီးရဲ၊PSG၊ ႐ိုးမားတို႔လို ပထမအေက်ာ့မွာ အႏိုင္ကစားခဲ့တဲ့ အသင္းေတြ ဒုတိယေက်ာမွာ ရႈံးခဲ့လို႔ ၿပိဳင္ပြဲကေန ထြက္ခဲ့ရ တာေတြ ရွိခဲ့လို႔ မန္စီးတီးအသင္းေျခေခ်ာ္လက္ေခ်ာ္မျဖစ္ေအာင္ ေရွာ္လ္ေကးနဲ႔ ပြဲကို အာ႐ုံစိုက္မွာ ေသခ်ာ ေနပါတယ္။

၂၀၁၈ ႏွစ္ကုန္ခါနီးမွာ အလြဲလြဲအေခ်ာ္ေခ်ာ္ေတြ ျဖစ္ခဲ့တဲ့ မန္စီးတီးအသင္းဟာ ၂၀၁၉ ခုႏွစ္ထဲမွာ ပုံမွန္ေျခစြမ္းကို ျပန္ရၿပီး အမွတ္ေပးဇယားထိပ္ဆုံးေနရာကို လီဗာပူးလ္လက္ထဲကေန လႊဲယူထားလိုက္ၿပီျဖစ္ ပါတယ္။ ဒါေပမယ့္ ထိပ္ဆုံးႏွစ္သင္းၾကား အမွတ္ကြာဟခ်က္က ၁ မွတ္ထဲပါ။ယခုေနာက္ပိုင္းပြဲစဥ္ေတြ အတိအက်ေျပာရရင္ ေနာက္ဆုံးသုံးပြဲမွာ မန္စီးတီး တိုက္စစ္ထိုးက်ေနၿပီး  ဝက္စ္ဟမ္း၊ဘုန္းေမာက္အသင္းေတြကို ၁-၀ ရလဒ္ေတြနဲ႔သာ အႏိုင္ရခဲ့ပါတယ္။ဇန္နဝါရီ ၃၀ ရက္ နယူးကာ ဆယ္ကြင္းမွာ ၂-၁  နဲ႔ ရႈံးၿပီးကတည္းက ၈ ပြဲဆက္တိုက္ အႏိုင္ရခဲ့ေပမယ့္ ခ်ယ္လ္ဆီးနဲ႔ နယူပို႔ကမ္းထရီးကိုသာ ၆-ဝ၊၄-၁ ရလဒ္ေတြနဲ႔ ႏိုင္ၿပီး က်န္အသင္းေတြကို ဂိုးမျပတ္ခဲ့ပါဘူး။မန္စီးတီးရဲ႕ ယခုရာသီအမွတ္ေပးပြဲ ၂၉ ပြဲကို ျပန္ၾကည့္ရင္ တစ္ပြဲမွ ရႈံးပြဲမရွိဘဲ ၂၃ပြဲႏိုင္ ၂ ပြဲသေရ က်ထားကာ ၄ ပြဲရႈံးထားပါတယ္။ အိမ္ကြင္း ၁၅ ပြဲမွာ ၁၄ ပြဲ ႏိုင္ ၁ ပြဲရႈံထားပါတယ္။ အိမ္ကြင္းရဂိုး ၅၀  ဂိုးသြင္း ကာ ၁၁ ဂိုးျပန္ေပးထား ရပါ တယ္။လတ္တေလာ ကစားထားတဲ့  အိမ္ကြင္း ၅  ပြဲမွာ ၅ပြဲစလုံးႏိုင္ထားပါတယ္။  

ရာသီအစက ေျခစြမ္းေတြျပခဲ့ၿပီး ဇယားထိပ္ပိုင္းထိ တက္ခဲ့တဲ့ ဝက္ဖိုဒ္အသင္းကေတာ့ ရာသီထက္ဝက္က်ိဳးခ်ိန္မွာ အရံအင္အားမေလာက္တာေၾကာင့္ ရႈံးပြဲေတြဆက္ခဲ့ရာကေန ရာသီကုန္ခါနီးမွာ  ေျခစြမ္းျပန္ တက္ လာကာ အဲဗာတန္၊ကာဒစ္ဖ္၊လက္စတာတို႔ကို အႏိုင္ကစားကာ ၿပိဳင္ပြဲစုံ ၁၀ မွာ ၆ ပြဲႏိုင္၂ ပြဲသေရ၊ ၂ ပြဲရႈံးထားပါတယ္။
ကြင္းလယ္မွာ ဒူကာရီ၊ဝဲလ္ဟုသ္၊ပရီယာ၊ခ်ာလိုဘတ္ တို႔အဓိကပါဝင္တဲ့  ဝက္ဖိုဒ္အသင္း ယခုရာသီမွာ အမွတ္ေပးပြဲ ၂၉ ပြဲကစားၿပီးခ်ိန္အထိ ၁၂ ပြဲႏိုင္၇ ပြဲသေရ ၁၀ ပြဲရႈံးကာ ရႈံးပြဲေတြက အိမ္ကြင္း အေဝးကြင္းမွ်ခဲ့လို႔ ဝက္ဖိုဒ့္ေျခက ကြင္းမေ႐ြးတဲ့ ေျချဖစ္ေနတာ သတိထားစရာပါဘဲ။ အေဝးကြင္း ၁၅ ပြဲမွာ ၅ ပြဲ ႏိုင္ ၅ ပြဲသေရ၊ ၅ ပြဲရႈံးနိမ့္ ထားၿပီး ရဂိုး ၂၂ ဂိုးသြင္းကာ ေပးဂိုး၂၂ ဂိုးေပးထားရပါတယ္။လတ္တေလာ ကစားထားတဲ့  အေဝးကြင္း ၅  ပြဲမွာ ၂ ပြဲႏိုင္ ၂ ပြဲရႈံး ၁ ပြဲသေရ က်ထားပါတယ္။ သတိထားရမွာက ကြင္းလယ္မွာ ဒူကာရီ၊ဝဲလ္ဟုသ္၊ပရီယာ၊ခ်ာလိုဘတ္ ေျခစြမ္းေကာင္းေနသလို ဝက္ဖိုဒ္ေရွ႕ တန္းက ဒန္နီ၊ အန္ဒီဂေရးတို႔ တိုးအားကလည္း ေကာင္းေနတာကိုပါ။ ေနာက္ဆုံး ၅ ပြဲမွာ လီဗာပူးလ္နဲ႔ ပြဲကလြဲၿပီး ပြဲတိုင္း ဂိုးသြင္းယူႏိုင္တာကိုပါ။

ဒီႏွစ္သင္း မန္စီးတီးကြင္းေတြ႕ဆုံမႈေနာက္ဆုံး ၄ ႀကိမ္စလုံးမွာ မန္စီးတီးက  ၃ အႏိုင္ရထားၿပီး ၁ ပြဲသာ သေရက်ခဲ့ပါတယ္။ ဒီအတြက္  ဒီပြဲမွာ မန္စီးတီးကို ဂိုးျပတ္မရႈံးရေအာင္ ဝက္ဖို႔ဒ္နည္းျပ ဂါစီယာ က ပိတ္ဆို႔ ကစားမလား၊ သေရတစ္မွတ္ရေအာင္ တိုက္စစ္ဖြင့္ကစားမလားဆိုတာ ေစာင့္ၾကည့္ရပါမယ္။  

ပြဲႀကိဳထြက္ေပၚလာတဲ့ လူစာရင္းအရ မန္စီးတီးအသင္းကေတာ့ ဂိုး- အက္ဒါဆန္၊ေနာက္တန္း- ဒန္နီလို၊ကြန္ပနီ၊ေအာ္တာမန္ဒီ၊ဇင္ခ်န္ကို၊ အလယ္တန္း-ဘာနာဒိုေဆးလ္ဗား ၊ဂန္ဒိုဂန္၊  ေဒးဗစ္ေဆးလ္ဗား၊ ေရွ႕တန္း- မာရက္ဇ္၊ အဂူ႐ို၊စတာလင္တို႔  ပါဝင္လာဖို႔ ရွိေနၿပီး

ဝက္ဖိုဒ့္အသင္းက ဂိုး - ေဖာ္စတာ၊ ၊ေနာက္တန္း- ဂ်န္မတ္၊၊မာရီပါ၊ ကာရစ္ဂ်္ကာခ်္ ၊ ဟိုးလက္ဘ္၊ အလယ္တန္း - ပရီယာ၊ဒူကာရီ၊ကာပုပ္၊ ဝဲလ္ဟုသ္၊ဒယ္လိုဖူ၊ ေရွ႕တန္း- ဒန္နီ တို႔နဲ႔ ပြဲထြက္လာ ဖို႔ မ်ားေနၿပီး ပါတယ္။    

ယခုပြဲကိုဘြတ္ကီဒိုင္ေတြက မန္စီးတီးဘက္ကေန ႏွစ္လုံး ျပား ၇၀ အရႈံးေပးထားၿပီး ႏွစ္သင္းေပါင္း ေလးဂိုးကို ျပား ၉၀  အႏိုင္ေပးထားပါတယ္။

ဒီေဈးအရဆို သုံးဂိုးျပတ္မွ ေၾကးႏိုင္မယ့္ ျဖစ္မယ့္အတြက္  ဝက္ဖိုဒ္လက္ရွိေျခအရ လီဗာပူးလ္ကို ရႈံးသလို ၅ ဂိုးျပတ္ဖြယ္မရွိလို ဝက္ဖိုဒ့္နဲ႔  ဂိုးအေပၚေန တာက အေကာင္းဆုံးျဖစ္ပါေၾကာင္း ……။

KON (SPORT)
မတ္ - ၉