【 အားကစား 】 Netflix က ထုတ်လုပ်မယ့် ဇာတ်လမ်းမှာ သရုပ်ဆောင်သွားမယ့် နပန်းသမားကြီး Undertaker

【 အားကစား 】 Netflix က ထုတ်လုပ်မယ့် ဇာတ်လမ်းမှာ သရုပ်ဆောင်သွားမယ့် နပန်းသမားကြီး Undertaker

WWE ရဲ့ ဂန္တဝင်ကြီး Undertaker ဟာ Netflix က ထုတ်လုပ်သွားမယ့် Halloween ဇာတ်လမ်းမှာ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Netflix ဘက်မှ 'Escape the Undertaker' အမည်ရ ဇာတ်လမ်းကို Halloween ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အောက်တိုဘာ ၅ ရက်နေ့မှာ ဖြန့်ချိသွားမယ်လို့ ကြေညာခဲ့ပါတယ်။

Undertaker ဟာ အဆိုပါဇာတ်လမ်းမှာ အဓိကဗီလိန်တစ်ဦးအဖြစ် သရုပ်ဆောင်သွားမှာဖြစ်ပြီး၊ ဇာတ်လမ်းထဲမှာ Undertaker အပြင် WWE ကြယ်ပွင့်တွေဖြစ်တဲ့ The New Day အဖွဲ့ (Big E, Xaier Woods နဲ့ Kofi Kingston) တို့လည်း ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

 

WWE ဂန္တဝင်ကြီးနဲ့ ကြယ်ပွင့်တွေ ပါဝင်သရုပ်ဆောင်သွားမယ့် Netflix ဇာတ်လမ်းဟာ ကြာမြင့်ချိန် ၃၁ မိနစ်ရှိမှာဖြစ်ပြီး စွန့်စားခန်းအမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ဇာတ်လမ်းအကျဉ်းအရတော့ The New Day အဖွဲ့ဝင် ၃ ဦးဟာ ဗီလိန်ကြီး Undertaker ရဲ့လက်ကနေ လွတ်မြောက်အောင် ကြိုးပမ်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။

WWE မှာ The Undertaker လို့ လူသိများတဲ့ မာ့ခ် ကာလာဝေး (Mark Calaway) ဟာ နပန်းသမားအဖြစ်မှ လွန်ခဲ့သော ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ အနားယူခဲ့တာဖြစ်ပါတယ်။အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နပန်းသမားကြီးဟာ ၁၉၈၇ ခုနှစ်မှာတော့ ပရိုနပန်းကစားသမားအဖြစ် စတင်ကစားခဲ့ပြီး သုံးနှစ်အကြာမှာ WWE နဲ့ လက်တွဲခဲ့တာဖြစ်ပါတယ်။ WWE နဲ့ လက်တွဲအပြီးမှာ လျှင်လျှင်မြန်မြန်ပဲ ကမ္ဘာတဝန်း လူကြိုက်များတဲ့ နပန်းသမားကြီးဖြစ်လာခဲ့ပါတယ်။

WWE နပန်းသမားတွေအဖြစ် ကစားခဲ့ကြတဲ့ The Rock နဲ့ ဂျွန်စီနာ (John Cena) တို့ဟာလည်း လက်ရှိအချိန်မှာ ကမ္ဘာကျော်သရုပ်ဆောင်တွေအဖြစ် ရပ်တည်နေကြပြီလည်းဖြစ်ပါတယ်။

Linko
စက်တင်ဘာ - ၂၃