【 ပညာရှင်များ၏အမြင် 】 “တိုင်းပြည်ခေါင်းဆောင် ကိုယ်တိုင် စီးပွားရေးကို အာရုံစိုက်တယ်လု့ိ မက်ဆေ့ချ်ပေးလိုက်ရင် ပါလာလိမ့်မယ်လို့ ထင်တယ်”

【 ပညာရှင်များ၏အမြင် 】 “တိုင်းပြည်ခေါင်းဆောင် ကိုယ်တိုင် စီးပွားရေးကို အာရုံစိုက်တယ်လု့ိ မက်ဆေ့ချ်ပေးလိုက်ရင် ပါလာလိမ့်မယ်လို့ ထင်တယ်”

စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။လက်ရှိတွင် ပြည်ပရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်၍ ဝန်ကြီးဌာနအသစ်တစ်ခု ဖွင့်လှစ်ရန် ပြည်ထောင်စုလွှတ်တော်တွင် သမ္မတရုံးက တင်ပြခဲ့သည်။တရုတ်က ဖော်ဆောင်နေသည့် OBOR နှင့် ပတ်သက်သည့် မြန်မာ-တရုတ် စီးပွားရေးစြင်္ကန်နှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းများ စတင်ရန် အစပျိုးလာခဲ့သည်။ထိုအခြေအနေများကြောင့် မြန်မာ့စီးပွားရေး တန့်နေမှုနှင့် ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုက ယခုဘတ်ဂျက်သစ်ကာလတွင် မည်သို့ဖြစ်လာနိုင်သည်ကို သမ္မတ၏ စီးပွားရေးအကြံပေးနှင့် စီးပွားရေးပညာရှင်လည်းဖြစ်သူ ဆရာ ဒေါက်တာအောင်ထွန်းသက် ကို Opinion Leaders Media မှ မေးမြန်းခဲ့သည်။ဆရာ ဒေါက်တာအောင်ထွန်းသက် ၏ ရှုမြင်သုံးသပ်သည့် ရှုမြင်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါသည်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders Media ။     ။ မကြာခင်က ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာန အသစ်တစ်ခုဖွင့်ဖို့ တင်ပြရှင်းလင်းတာကို တွေ့ရတယ်။ဒါဟာ ရင်းနှီးမြုပ်နှံမှုသူတွေအနေနဲ့ လုပ်ရကိုင်ရ လွယ်ကူအောင် အစိုးရအနေနဲ့ လုပ်ဆောင်မှုလား။ဒီလို ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနအသစ် ဖွင့်လိုက်တဲ့အတွက် ပြည်ပက FDI ဝင်ရောက်မှု အခြေအနေက ပိုကောင်းလာဖွယ်ရာ ရှိပါသလား ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ ဒီလို ဆရာတို့ တွက်ကတည်းကပေါ့နော်၊ (MIC) ကို ကြည့်ရင် ဟိုးအရင်တုန်းက တော်လှန်ရေးကောင်စီ လက်ထက်တည်းက ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင် တို့ နောက်တစ်ခါ ဆုံးသွားတဲ့ ဗိုလ်မှူးကြီး မောင်အေး တို့။လူကြီးတွေပေါ့နော်။တော်တော်လေး ရာထူးကြီးကြီး လူတွေက တာဝန်ယူခဲ့တာလေ။(MIC) မှာ အဲဒီလိုတာဝန်ယူတာ ဒါက တပ်မတော်အစိုးရ လက်ထက်မှာပေါ့။

အဲဒီလိုတာဝန်ယူခဲ့တယ်၊ နောက်တစ်ခါ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း ဦးစိုးသိန်း တို့၊ ဦးတင်နိုင်သိန်း တို့၊ ဒေါက်တာကံဇော် တို့ အစရှိသည်ပေါ့နော်။နောက်တစ်ခါ ဦးဝင်းရှိန် တို့ အဓိပ္ပါယ်က ဆရာတို့ ဒီအားလုံးက MIC  သည် အရေးကြီးတယ်၊ ရင်းနှီးမြုပ်နှံမှုဟာ နိုင်ငံအတွက် အရေးကြီးတယ်။ရင်းနှီးမြုပ်နှံမှုလို့ ပြောတဲ့အခါမှာ နှစ်ပိုင်းကိုကြည့်ဖို့ လိုတယ်။
ပြည်တွင်းရင်းနှီးမြုပ်နှံမှုရော၊ ပြည်ပရင်းနှီးမြုပ်နှံမှုရော အရေးကြီးတယ်ဆိုပြီး လုပ်လာတဲ့အတွက် တာဝန်ကြီးကြီး ပေးခဲ့တာပေါ့။

ပေးခဲ့တဲ့အထဲမှာ တောက်လျှောက် ဆရာတို့လည်း သုံးသပ်ကြည့်တာက အဲဒီဝန်ကြီးတွေ အားလုံးဟာ (MIC) ဥက္ကဋ္ဌ ဖြစ်သလို တစ်ဖက်ကလည်း ဝန်ကြီးတွေ ဖြစ်နေတယ်။ဝန်ကြီးတွေဖြစ်တော့ အာရုံက ဒီ MIC ပေါ်မှာ အာရုံကို အပြည့်အဝမစိုက်နိုင်ဘူးလို့ အောက်မေ့တာပေါ့။

အဲဒီလိုကြည့်တဲ့အခါကျတော့ နိုင်ငံခြား ကိုယ့်အိမ်နီးနားချင်း နိုင်ငံတွေကိုကြည့်ရင် ဥပမာ - ထိုင်း ဆိုပါတော့။ထိုင်းက (BOI -  Board of Investment) ဥက္ကဋ္ဌက ဝန်ကြီးချုပ်။ဝန်ကြီးချုပ်ဆိုတော့ တော်တော်ကြီးကို အဆင့်မြင့်တာပေါ့နော်။ပြီးတော့မှ အင်ဒိုနီးရှားဆိုရင်လည်း အင်ဒိုနီးရှားရဲ့ (MIC) ဥက္ကဋ္ဌသည် သီးခြားဝန်ကြီးဌာန သပ်သပ်တစ်ခု လုပ်ထားတယ်ဆိုတော့ အဲဒီဟာက တစ်ခြားနိုင်ငံရဲ့ နမူနာက ရှိတယ်။

အဲဒီတော့ အခုဒီလိုလုပ်တဲ့ အစီအစဉ်သည် နိုင်ငံတကာ အခြားနိုင်ငံ၊ အိမ်နီးနားချင်းနိုင်ငံတွေမှာ လုပ်တဲ့ပုံစံ ဖြစ်တယ်။ဖြစ်တဲ့အတွက် ဦးတည်ချက်က ဘာလဲဆိုလို့ရှိရင် ရင်းနှီးမြှပ်နံှမှုကိုဘဲ အာရုံစိုက်တဲ့ တာဝန်ရှိတဲ့သူ တစ်ယောက်ရှိရင် ပိုပြီးကောင်းမယ်ပေါ့။ပြီးတော့မှ ဆရာတို့အနေနဲ့ (Single Window) ပေါ့လေ။အခုဖြစ်နေတာက ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်လာရင် ကိုယ်လည်း (MIC) မှာ ပါနေတော့ (MIC) မှာ ခွင့်ပေးပြီးတယ်ဆိုရင် ရုတ်တရက် နားလည်တာက (MIC) က ခွင့်ပေးပြီဆိုရင် ချက်ချင်းလုပ်လို့ရတယ် ဆိုတာကို နားလည်ပေမယ့် တကယ်လက်တွေ့မှာတော့ (MIC) ခွင့်ပေးပြီးတဲ့အခါမှာ ကျန်တဲ့ ဝန်ကြီးဌာနတွေကို သွားရပြန်ရော။အဲဒီတော့ အဆင့်တွေက ကြာတယ်လေ။အဲဒီတော့ ဆရာတို့ အစတည်းက အထွက်မှာ (Single Window) ပေါ့။ပြတင်းပေါက်တစ်ခုတည်း လုပ်လို့ရတာမျိုး ဖြစ်အောင်လုပ်မယ်လို့ဆိုပြီး ဦးတည်တော့ အခု ဒီလိုလုပ်လို့ရတာသည် အဲ့ဒါဖြစ်နိုင်မယ်လို့ ဖြစ်ဖို့လည်း ကောင်းတယ်လို့ ဆရာတို့ကတော့ အဲဒီလိုဘဲ မျှော်လင့်တာပါဘဲ။ဖြစ်လည်းဖြစ်သင့်တယ်။

အဲဒီတာဝန်ရှိတဲ့ ဝန်ကြီးသည် အခြားအလုပ် ဘာမှမလုပ်တော့ဘူး။အခြားဝန်ကြီးဌာနလည်း မရှိတော့ဘူး။ဒါပေမဲ့ အခုသတင်းစာတွေမှာ တွေ့ရတာတော့ သူက နိုင်ငံတကာ စီးပွားဆက်ဆံရေး (Foreign Relations) ပေါေ့နာ်၊ (Economic Relations) ကိုလည်း ကိုင်မယ်လို့ ပြောနေတယ်။အဲဒီတော့ ဆရာတို့ ဒီဝန်ကြီးဌာနက သိတဲ့အတိုင်းဘဲ စီမံ/ဘဏ္ဍာမှာ (FERD) ဆိုတာ ရှိတယ်။(FERD) က နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်တဲ့ ဌာနလေ။အဲဒါက စီမံဘဏ္ဍာထဲမှာ ပါတယ်။စီမံဘဏ္ဍာမှာ ပါတဲ့ဌာနကို ဒီဘက်ကိုလွှဲမလား မပြောတတ်ဘူး။အခု သူ့ရဲ့အ မည်နာမအရ ဆိုရင်တော့ ဒါဟာ (Foreign Economic Relations) နဲ့ ကွက်တိဖြစ်နေတယ်လေ။ဆိုတော့ သူကနှစ်ပိုင်းပေါ့ (Investment) တစ်ခု။နောက်တစ်ခါ နိုင်ငံတကာ စီးပွားရေးဆက်ဆံမှုကတစ်ခု။
နှစ်ခုလုပ်တဲ့ သဘောလေးပါ။

Opinion Leaders Media ။     ။ ဒါဆိုရင် ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ ဝင်လာတဲ့သူတွေအတွက် ဒီလိုဝန်ကြီးဌာန အသစ်ဖွင့်လိုက်တဲ့ အတွက် One Stop Service ဖြစ်လာမယ့် သဘောပေါ့။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ အမှန်တော့ ဆရာတို့ပြောတဲ့ အနောက်အုပ်စု အခုက ဆရာတို့ခေါ်တယ်။(OSS – One Stop Service) လို့ ပြောပေမယ့် သူက (One Stop) မဟုတ်ဘူး။stop တွေက အများကြီး ဖြစ်နေတယ်။အဲဒီတော့ (Single Window) လို့ ပြောပေမယ့် (Window) ပြတင်းပေါက်တွေက အများကြီးဖြစ်နေတယ်။အခုလိုချင်တာ တကယ့်ကို ပြတင်းပေါက်တစ်ခုတည်း တစ်ထိုင်တည်းပြီးအောင် လုပ်ဖို့လိုတယ်။အဲဒီတော့ ဒီဝန်ကြီးဌာနဖွဲ့လိုက်ပြီးပြီ။(Single Window) ဖြစ်ရမယ်၊ (One Stop) ဖြစ်ရမယ်။ဆရာတို့က အဲဒီလိုဘဲ သဘောပေါက်တာပါဘဲ။

Opinion Leaders Media ။     ။ စင်ကာပူမှာ ကျင်းပတဲ့ အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှု ထိပ်သီးအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုအတွက် ဖိတ်ခေါ်တာကို တွေ့ရတယ်။ဒီလိုဖိတ်ခေါ်ရာမှာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ကုမ္ပဏီများ ရင်းနှီးမြုပ်နှံမှု ဥပဒေကို အခြေခံထားပြီး ဖိတ်ခေါ်ခဲ့တာကို တွေ့ရပါတယ်။အခုလက်ရှိမှာ  အနောက်အုပ်စုနဲ့ အခြားနိုင်ငံတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ သိပ်ပြီးစိတ်ဝင်စားမှု မရှိဘူး။ရှိတာက တရုတ်နဲ့ ဂျပန်လောက်ပဲ ရှိတာကို တွေ့ရတယ်။အဲဒီလိုအနေအထားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အခုလို ဖိတ်ခေါ်လိုက်တဲ့အတွက် ပြည်ပရင်းနှီးမြုပ်နှံသူတွေက ပိုပြီးယုံကြည်မှု ရှိလာနိုင်မလား/ လက်ရှိအခြေအနေတွေကို ပြန်စောကြောလာနိုင်သလား ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ ဒီလိုအခုက သေချာတာတော့ကွယ် အခုလက်ရှိ ကာလတိုမှာတော့ အနောက်နိုင်ငံတွေဆီက မျှော်လင့်ချက်တွေကတော့ နည်းသွားပြီ။ပြောရင်းဆိုရင်းတောင် EU က ဆန်နဲ့ ပတ်သက်လို့ ယာယီရုတ်သိမ်းတာတွေ ဘာတွေတောင် ဖြစ်လာပြီကိုး။ဖြစ်လာတဲ့အခါကျတော့ ဆရာတို့အနေနဲ့ကတော့ သူတို့ဆီက (Investment) ရဖို့ဆိုရင် ဒါအင်မတန်မှ ခဲယဉ်းမယ်ဆိုတဲ့ အနေအထားရှိတယ်။

ဒီတော့ ဆရာတို့ မျက်နှာစာလှည့်ရမှာက အဲဒီနိုင်ငံရေး၊ အခုဖြစ်နေတဲ့ ရခိုင်ကိစ္စကို နည်းနည်းလေးပိုပြီး နားလည်ပြီးတော့ ကိုယ့်ဆီမှာ လာရင်းနှီးချင်တဲ့ ဂျပန်တို့၊ တရုတ်တို့၊ ကိုးရီးယားတို့ အိန္ဒိယတို့ ဒါတွေကို ဆရာတို့က အာရုံစိုက်မှ ရတော့မယ်ထင်တယ်။အဲဒီတော့ ဒေါ်စု အနေနဲ့ကလည်း စင်ကာပူဆိုလည်း ကိုယ့်နိုင်ငံမှာလာပြီး န-ဝ-တ လက်ထက်တည်းကစပြီး ရင်းနှီးမြုပ်နှံမှု ရှိခဲ့တာလေ။အဲဒါကို ပိုပြီးဇောင်းပေးရမယ်လို့ ထင်တယ်။အဲဒီတော့ တစ်ခုရှိတာက ဆရာတို့ ရင်းနှီးမြုပ်နှံမှုကို စဉ်းစားတဲ့အခါမှာ ဆရာတို့ တာဝန်ကျေတဲ့ ရင်းနှီးမြုပ်နှံမှုလည်း ဖြစ်စေချင်တာပေါ့။ဆရာတို့ခေါ်တဲ့ (Socially Responsible  Investment – SRI) ကို ဆရာတို့ ဦးစားပေးတယ်။သူလည်း ဒါဘဲပြောသွားတာကို။
 

အဲဒီတော့ ရင်းနှီးမြုပ်နှံမှုကို လိုချင်တယ်။တစ်ချိန်တုန်းကလို ရင်းနှီးမြုပ်နှံမှုကို လုပ်တဲ့အခါမှာ ရှိသမျှအားလုံးကို ယူသွားတာမျိုး မဟုတ်ဘဲနဲ့ ရင်းနှီးမြုပ်နှံမှုကနေ ရလာတဲ့ အလုပ်အကိုင် အခွင့်အရေး၊ လူမှုရေး၊ ကျန်းမာရေး ဒါတွေလိုတယ်လို့ ဆရာထင်တယ်။ဦးစားပေးတဲ့ အနေအထားရှိတာပါ။သေချာတာကတော့ မျက်နှာစာတော့ လှည့်မှရတော့မယ်။တစ်ချိန်တုန်းကတော့ ဒီမိုကရေစီအစိုးရလက်ထက် ဆိုတဲ့အတွက် အနောက်နိုင်ငံက လာမယ်လို့ မျှော်လင့်နေတဲ့အချိန်မှာ ရခိုင်အရေးနဲ့ သွားပြီးပတ်သက်လာတော့။ပြောချင်တာကတော့ ရင်းနှီးမြုပ်နံှမှုဟာ တကယ်တမ်းပြောရရင် နိုင်ငံရေးဘောဂဗေဒ ကိစ္စဘဲ။
ဟုတ်တယ်နော်။ဘောဂဗေဒ စီးပွားရေးဟာ အရေးကြီးသလို၊ နိုင်ငံရေးဟာလည်း အရေးကြီးတယ်။နိုင်ငံရေးထိတော့လည်း စီးပွားရေးနေရာမှာ တွန့်သွားသလို ဖြစ်တာကိုး။အဲဒါကို ဆရာတို့က ရဲရဲဝင့်ဝင့် မျက်နှာစာလှည့်ရမှာပါ။

Opinion Leaders Media ။      ။ လက်ရှိ စင်ကာပူမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို မလေးရှားက ဦးဆောင်ပြီး ရခိုင်မြောက်ပိုင်း ဘင်္ဂါလီအရေးနဲ့ ဖိအားပေးဖို့ စိုင်းပြင်းနေတယ် ဆိုတာကိုလည်း သိရပါတယ်။မလေးဝန်ကြီးချုပ် မဟယသီယာ ကလည်း အာဆီယံမှာ မလေးရှားရဲ့ သြဇာအာဏာကို ပြန်တည်ဆောက်ဖို့ ဘင်္ဂါလီအရေးကို ခုတုံးလုပ်ပြီး ပြန်တည်ဆောက်ဖို့ ရှိတယ်လို့ သတင်းတွေ ထွက်နေတာ ရှိပါတယ်။အဲဒီလိုရှိနေတဲ့ နေရာမှာ မြန်မာနိုင်ငံအတွင်း မလေးရှားရဲ့ ရင်းနှီးမြုပ်နှံမှုက ဒီဘက်နှစ်ပိုင်းမှာ မရှိသလောက်ကို နည်းပါးတာကို တွေ့ရပါတယ်။အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေက လာရောက်ရင်းနှီးမြုပ်နှံမှုက မရှိသလောက်ပါဘဲ။အဲဒီတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် မလေးက ဖိအားပေးတာနဲ့ စင်ကာပူက ဖိအားပေးတာဘာကပိုပြီး အကျိုးပိုသက်ရောက်နိုင်သလဲ ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ တစ်ခုဘဲရှိတာက ဆရာတို့ အာဆီယံရဲ့ဒီလုပ်ထုံးလုပ်နည်းအရ အာဆီယံက နည်းနည်းလေး ခံသာတာတော့ ပြည်တွင်းရေးကို မစွက်ဖက်ရဘူး။တစ်ယောက်နဲ့ တစ်ယောက်။တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ညှိနှှိုင်းပြီး လုပ်ရမယ်ဆိုတဲ့အတွက် (OIC) တို့ ဘာတို့လို ဖိအားပေးတာထက် ဆရာထင်တယ် ပိုပြီးနားလည်မှုရှိမှာပါ။အဲဒီတော့ မဟာသီ ကိုယ်တိုင်ကလည်းဘဲ ဆရာထင်တယ်နော်။အာဆီယံကို မြန်မာပြည်ဝင်အောင် တွန်းအားပေးတဲ့အခါမှာ မဟာသီ ကလည်း ပါခဲ့တာကိုး။အဲဒီ သူ့အနေနဲ့ ဒါကိုတော့ သူနားလည်လိမ့်မယ်လို့လည်း အောက်မေ့တယ်။

အဲဒီတော့ အဓိကက တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိအောင် လုပ်ရမှာဘဲကွယ်။အဲဒီတော့ (OIC) ဘက်က ဆရာတို့ဘက်ကလည်း ပြောရမှာက ဆရာတို့က မူဆလင်တွေကို ဘာသာရေးအရ အန္တရာယ်ပြုနေတာ မဟုတ်ဘူး။ဘာသာရေးအရ ဒါကိုလုပ်နေတာမဟုတ်ဘူး။ ဒါဘာသာရေးနဲ့ မဆိုင်ဘူး ဆိုတာကိုတော့ ပြောဖို့လိုတယ်လေ။အခုဖြစ်နေတာက အားလုံးက စီးပွားရေးအခြေအနေနဲ့ လူမှုရေးအခြေအနေ ဖြစ်နေတာကိုး၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေလွဲပြီး တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေ အားနည်းလို့ ဖြစ်လာတဲ့ အခြေအနေမှာ ဆရာတို့က ဒါကိုမဖြစ်အောင်၊ ဘာသာရေးကိစ္စ မဟုတ်ဘူးဆိုတာကို လူတွေသိအောင်လုပ်ဖို့ လိုပါလိမ့်မယ်။

အဲဒီတော့ ဆရာတို့ ဒီလို လွတ်လွတ်လပ်လပ် ဘာသာရေးကိုးကွယ်မှု ရှိတယ်၊ ဘာညာ ဆိုတာကိုလည်း မီးမောင်းထိုးဖို့ လိုလိမ့်မယ်လို့ ဆရာတော့ အဲဒီလိုအောက်မေ့ပါတယ်။မဟုတ်ရင် အစ္စလာမ်ကို ဖိနှိပ်တယ်၊ ချုပ်ချယ်တယ်ဆိုတဲ့ အနေအထားမျိုး မဖြစ်အောင်ကို ဆရာတို့က ဖန်တီးရမှာပါ။

Opinion Leaders Media ။     ။ မကြာခင်က ရန်ကုန် - မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း ဖွင့်ပွဲကို ဂျပန်အကူအညီနဲ့ စခဲ့တာ တွေ့ရတယ်။ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကိုလည်း တရုတ်နဲ့လုပ်ဖို့ စလာတာ တွေ့ရတယ်။ပြီးတော့ တရုတ်နဲ့ ထိစပ်နေတဲ့ ကချင်/ရှမ်း နယ်စပ်တွေမှာ စီးပွားရေးဇုန်လုပ်ဖို့ သတင်းတွေ တွေ့ရတယ်။ဒီအခြေအနေမှာ ရခိုင်မြောက်ပိုင်းက ဘင်္ဂါလီကိစ္စကလည်း လူနှစ်ထောင်ကျော် ပြန်လက်ခံဖို့ သဘောတူညီချက် သတင်းတွေကြားရပါတယ်။သတင်းတွေ အကုန်လုံးကို ကြည့်လိုက်ရင် အပေါင်းဘက်ကို ယိမ်းနေတာ တွေ့ရပါတယ်။ဒါပေမယ့် KNU ဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ခေတ္တရပ်လိုက်တဲ့ သတင်းကလည်း ရှိနေတဲ့အတွက် ဒီလိုအကောင်းဘက်များတဲ့ အခြေအနေမှာ ဘတ်ဂျက်အသစ်ကာလမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဘယ်လောက်ထိမျှော်နိုင်မလဲ ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ အဲဒါပေါ့ ဆရာတို့အနေနဲ့ကတော့ အခု နိုင်ငံရေးရော၊ စီးပွားရေးရော အားလုံးစုပြုံကိုင်တဲ့ သဘောပေါ့။လူမှုရေးအရ ပြဿနာဖြစ်တယ်၊ ဆရာတို့ ငြိမ်းချမ်းရေးကလည်း အခုနကလို (KNU) ရဲ့လှုပ်ရှားမှုပေါ့။ အဲ့ဒါတွေကလည်း ဆရာတို့ စိုးရိမ်စရာဖြစ်တယ်၊ ဒါပေမယ့် တစ်ခုရှိတာက အခုနကလို တစ်ဖက်ကလည်း တိုးတက်နိုင်သမျှ တိုးတက်မှုရှိအောင်တော့ ဖန်တီးရမှာဘဲလေ။အဲဒီတော့ လမ်းပန်းဆက်သွယ်ရေးက ဆရာတို့ ရန်ကုန် - မန္တလေး အမြန်လမ်းကြီး ဖြစ်လာတယ်။ရန်ကုန် - မန္တလေး တောင် မဟုတ်ဘူး ဥပမာ ရန်ကုန် - နေပြည်တော် လေယာဉ်ပျံနဲ့ သွားရတယ် ဆိုရင်တောင် တစ်နာရီကြာတယ် ဆိုပေမယ့်။အသွားအပြန် ခရီးက အနည်းဆုံး တစ်နေ့ကို ခြောက်နာရီလောက် ကြာတာလေ။အဲဒါကို အမြန်ရထားလိုဟာမျိုး လုပ်ပေးနိုင်ရင်တော့ သိပ်ကောင်းတာပေါ့။

နောက်တစ်ခုကလည်း သူတု့ိစိတ်ပူတာက ဒီကျောက်ဖြူကနေ အခုပိုက်လိုင်းဆွဲတဲ့ မဟာဗျူဟာလမ်းကြီးကို ရထားလမ်းကြီး လုပ်မယ်လို့ ပြောတဲ့အခါမှာ နိုင်ငံကို တစ်ခါတည်း ဒေါင့်ဖြတ်လှီးတဲ့ ပုံစံမျိုး မဖြစ်အောင်တော့ ဖန်တီးရမှာပါဘဲ။ဖန်တီးတဲ့အခါမှာ အခုအရင်လို တောက်လျှောက် ကျောက်ဖြူ - ကူမင်း မဟုတ်တော့ဘဲ။အဆင့်တွေ ချိုးပြီးတော့ နေပြည်တော်ကနေ တစ်ဆင့်၊ မန္တလေးကနေ တစ်ဆင့်၊ လားရှိုးကနေ တစ်ဆင့် အဲဒီလို ဖြစ်လာရင်တော့ လူတွေ စိတ်ပူတာကလည်း လျော့ပါးသွားလိမ့်မယ်။ အမှန်ကတော့ကွယ် အခုအချိန်က သိပ်မရှိတော့ဘူး။
 

အဓိက ကတေ့ာ အချိန်ဘဲ နိုင်ငံရေးမှာ အချိန်က ပြဿနာဘဲလေ၊ ၂၀၂၀ လည်း ကပ်နေပြီ၊ အဲဒီတော့ အခုကြားဖြတ်ရွေးကောက်ပွဲရဲ့ အခြေအနေကလည်း ဒါကိုစဉ်းစားစရာ ဖြစ်နေတယ် ဟုတ်တယ်မလား။အဲဒီတော့ အချိန်တစ်ခုဖြစ်လာတော့ ဒါကိုခေါင်းလောင်းထိုးလိုက်တာပါဘဲ။ဟုတ်တယ်မလား။ဒီအတိုင်းကြီးနေလို့တော့ မရဘူး တစ်ခုခုတော့ လုပ်မှရတော့မယ်။အခု ဆရာတို့ ကချင်မှာ ရှုံးတာတို့ ဘာတို့ဆိုရင်လည်း ဒါကမဖြစ်သင့်တဲ့ ကိစ္စလေ။ရခိုင်ရှုံးတာကတစ်မျိုး အဲဒါတွေအားလုံးက ကိုယ့်ကိုယ်ကိုယ် တပ်လှန့်လိုက်တယ်လို့ဘဲ ဆရာက အောက်မေ့တယ်။ဒါကိုသင်ခန်းစာယူပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။တစ်ခုရှိတာက ပြည်သူက ကိုယ့်ဘက်မှာ ရှိနေသေးရင် ရှိနေသေးတဲ့ ပြည်သူကို ကိုယ်က ဒါကိုထိန်းသိမ်းနိုင်အောင် ဘယ်လိုလုပ်မလဲ ဒါက စဉ်းစားရမှာပါ။

ဆရာကတော့ မျှော်လင့်ချက်က အပြည့်ရှိတဲ့လူ အမြဲတမ်း အကောင်းဘဲ မြင်တတ်တဲ့လူ ဆိုတော့ စီးပွားရေးကို ဦးမလှည့်နိုင်ရင် စီးပွားရေးကို ညင်ညင်သာသာ သူကိုယ်တိုင် တိုင်းပြည်ခေါင်းဆောင်၊ စီးပွားရေးကို အာရုံစိုက်တယ်လု့ိ မက်ဆေ့ချ်ပေးလိုက်ရင် ပါလာလိမ့်မယ်လို့ ထင်တယ်။လုပ်ငန်းရှင်တွေကလည်း သူ့ကို အောင်မြင်စေချင်တာဘဲလေ။ ပြည်သူကလည်း သူ့ကို အောင်မြင်စေချင်တာပါဘဲ။အဲဒီတော့ ဒီအစိုးရ အောင်မြင်ဖို့ဆိုရင် ဒါအားလုံးဝိုင်းအခြေအနေပေးမယ်လို့ ဆရာက အဲဒီလို ယူဆတာပါဘဲနော်။   

Opinion Leaders Media ။     ။ ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
နိုဝင်ဘာ - ၁၅

( Zawgyi )

စင္ကာပူႏိုင္ငံတြင္ က်င္းပေနသည့္ အာဆီယံ စီးပြားေရးနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈ ထိပ္သီးအစည္းအေဝးတြင္  ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ျမန္မာႏိုင္ငံတြင္ လာေရာက္ရင္းႏွီးျမဳပ္ႏွံရန္ ဖိတ္ေခၚခဲ့သည္။လက္ရွိတြင္ ျပည္ပရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ပတ္သက္၍ ဝန္ႀကီးဌာနအသစ္တစ္ခု ဖြင့္လွစ္ရန္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ သမၼတ႐ုံးက တင္ျပခဲ့သည္။တ႐ုတ္က ေဖာ္ေဆာင္ေနသည့္ OBOR ႏွင့္ ပတ္သက္သည့္ ျမန္မာ-တ႐ုတ္ စီးပြားေရးျစကၤန္ႏွင့္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း စီမံကိန္းမ်ား စတင္ရန္ အစပ်ိဳးလာခဲ့သည္။ထိုအေျခအေနမ်ားေၾကာင့္ ျမန္မာ့စီးပြားေရး တန႔္ေနမႈႏွင့္ ျပည္တြင္းအလုပ္အကိုင္ ရွားပါးမႈက ယခုဘတ္ဂ်က္သစ္ကာလတြင္ မည္သို႔ျဖစ္လာႏိုင္သည္ကို သမၼတ၏ စီးပြားေရးအႀကံေပးႏွင့္ စီးပြားေရးပညာရွင္လည္းျဖစ္သူ ဆရာ ေဒါက္တာေအာင္ထြန္းသက္ ကို Opinion Leaders Media မွ ေမးျမန္းခဲ့သည္။ဆရာ ေဒါက္တာေအာင္ထြန္းသက္ ၏ ရႈျမင္သုံးသပ္သည့္ ရႈျမင္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါသည္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders Media ။     ။ မၾကာခင္က ျပည္ေထာင္စုလႊတ္ေတာ္မွာ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈနဲ႔ ပတ္သက္ၿပီး ဝန္ႀကီးဌာန အသစ္တစ္ခုဖြင့္ဖို႔ တင္ျပရွင္းလင္းတာကို ေတြ႕ရတယ္။ဒါဟာ ရင္းႏွီးျမဳပ္ႏွံမႈသူေတြအေနနဲ႔ လုပ္ရကိုင္ရ လြယ္ကူေအာင္ အစိုးရအေနနဲ႔ လုပ္ေဆာင္မႈလား။ဒီလို ရင္းႏွီးျမဳပ္ႏွံမႈနဲ႔ ပတ္သက္ၿပီး ဝန္ႀကီးဌာနအသစ္ ဖြင့္လိုက္တဲ့အတြက္ ျပည္ပက FDI ဝင္ေရာက္မႈ အေျခအေနက ပိုေကာင္းလာဖြယ္ရာ ရွိပါသလား ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒီလို ဆရာတို႔ တြက္ကတည္းကေပါ့ေနာ္၊ (MIC) ကို ၾကည့္ရင္ ဟိုးအရင္တုန္းက ေတာ္လွန္ေရးေကာင္စီ လက္ထက္တည္းက ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ခင္ တို႔ ေနာက္တစ္ခါ ဆုံးသြားတဲ့ ဗိုလ္မႉးႀကီး ေမာင္ေအး တို႔။လူႀကီးေတြေပါ့ေနာ္။ေတာ္ေတာ္ေလး ရာထူးႀကီးႀကီး လူေတြက တာဝန္ယူခဲ့တာေလ။(MIC) မွာ အဲဒီလိုတာဝန္ယူတာ ဒါက တပ္မေတာ္အစိုးရ လက္ထက္မွာေပါ့။

အဲဒီလိုတာဝန္ယူခဲ့တယ္၊ ေနာက္တစ္ခါ ဦးသိန္းစိန္ အစိုးရ လက္ထက္မွာလည္း ဦးစိုးသိန္း တို႔၊ ဦးတင္ႏိုင္သိန္း တို႔၊ ေဒါက္တာကံေဇာ္ တို႔ အစရွိသည္ေပါ့ေနာ္။ေနာက္တစ္ခါ ဦးဝင္းရွိန္ တို႔ အဓိပၸါယ္က ဆရာတို႔ ဒီအားလုံးက MIC  သည္ အေရးႀကီးတယ္၊ ရင္းႏွီးျမဳပ္ႏွံမႈဟာ ႏိုင္ငံအတြက္ အေရးႀကီးတယ္။ရင္းႏွီးျမဳပ္ႏွံမႈလို႔ ေျပာတဲ့အခါမွာ ႏွစ္ပိုင္းကိုၾကည့္ဖို႔ လိုတယ္။
ျပည္တြင္းရင္းႏွီးျမဳပ္ႏွံမႈေရာ၊ ျပည္ပရင္းႏွီးျမဳပ္ႏွံမႈေရာ အေရးႀကီးတယ္ဆိုၿပီး လုပ္လာတဲ့အတြက္ တာဝန္ႀကီးႀကီး ေပးခဲ့တာေပါ့။

ေပးခဲ့တဲ့အထဲမွာ ေတာက္ေလွ်ာက္ ဆရာတို႔လည္း သုံးသပ္ၾကည့္တာက အဲဒီဝန္ႀကီးေတြ အားလုံးဟာ (MIC) ဥကၠ႒ ျဖစ္သလို တစ္ဖက္ကလည္း ဝန္ႀကီးေတြ ျဖစ္ေနတယ္။ဝန္ႀကီးေတြျဖစ္ေတာ့ အာ႐ုံက ဒီ MIC ေပၚမွာ အာ႐ုံကို အျပည့္အဝမစိုက္ႏိုင္ဘူးလို႔ ေအာက္ေမ့တာေပါ့။

အဲဒီလိုၾကည့္တဲ့အခါက်ေတာ့ ႏိုင္ငံျခား ကိုယ့္အိမ္နီးနားခ်င္း ႏိုင္ငံေတြကိုၾကည့္ရင္ ဥပမာ - ထိုင္း ဆိုပါေတာ့။ထိုင္းက (BOI -  Board of Investment) ဥကၠ႒က ဝန္ႀကီးခ်ဳပ္။ဝန္ႀကီးခ်ဳပ္ဆိုေတာ့ ေတာ္ေတာ္ႀကီးကို အဆင့္ျမင့္တာေပါ့ေနာ္။ၿပီးေတာ့မွ အင္ဒိုနီးရွားဆိုရင္လည္း အင္ဒိုနီးရွားရဲ႕ (MIC) ဥကၠ႒သည္ သီးျခားဝန္ႀကီးဌာန သပ္သပ္တစ္ခု လုပ္ထားတယ္ဆိုေတာ့ အဲဒီဟာက တစ္ျခားႏိုင္ငံရဲ႕ နမူနာက ရွိတယ္။

အဲဒီေတာ့ အခုဒီလိုလုပ္တဲ့ အစီအစဥ္သည္ ႏိုင္ငံတကာ အျခားႏိုင္ငံ၊ အိမ္နီးနားခ်င္းႏိုင္ငံေတြမွာ လုပ္တဲ့ပုံစံ ျဖစ္တယ္။ျဖစ္တဲ့အတြက္ ဦးတည္ခ်က္က ဘာလဲဆိုလို႔ရွိရင္ ရင္းႏွီးျမႇပ္နံွမႈကိုဘဲ အာ႐ုံစိုက္တဲ့ တာဝန္ရွိတဲ့သူ တစ္ေယာက္ရွိရင္ ပိုၿပီးေကာင္းမယ္ေပါ့။ၿပီးေတာ့မွ ဆရာတို႔အေနနဲ႔ (Single Window) ေပါ့ေလ။အခုျဖစ္ေနတာက ရင္းႏွီးျမဳပ္ႏွံမႈနဲ႔ ပတ္သက္လာရင္ ကိုယ္လည္း (MIC) မွာ ပါေနေတာ့ (MIC) မွာ ခြင့္ေပးၿပီးတယ္ဆိုရင္ ႐ုတ္တရက္ နားလည္တာက (MIC) က ခြင့္ေပးၿပီဆိုရင္ ခ်က္ခ်င္းလုပ္လို႔ရတယ္ ဆိုတာကို နားလည္ေပမယ့္ တကယ္လက္ေတြ႕မွာေတာ့ (MIC) ခြင့္ေပးၿပီးတဲ့အခါမွာ က်န္တဲ့ ဝန္ႀကီးဌာနေတြကို သြားရျပန္ေရာ။အဲဒီေတာ့ အဆင့္ေတြက ၾကာတယ္ေလ။အဲဒီေတာ့ ဆရာတို႔ အစတည္းက အထြက္မွာ (Single Window) ေပါ့။ျပတင္းေပါက္တစ္ခုတည္း လုပ္လို႔ရတာမ်ိဳး ျဖစ္ေအာင္လုပ္မယ္လို႔ဆိုၿပီး ဦးတည္ေတာ့ အခု ဒီလိုလုပ္လို႔ရတာသည္ အဲ့ဒါျဖစ္ႏိုင္မယ္လို႔ ျဖစ္ဖို႔လည္း ေကာင္းတယ္လို႔ ဆရာတို႔ကေတာ့ အဲဒီလိုဘဲ ေမွ်ာ္လင့္တာပါဘဲ။ျဖစ္လည္းျဖစ္သင့္တယ္။

အဲဒီတာဝန္ရွိတဲ့ ဝန္ႀကီးသည္ အျခားအလုပ္ ဘာမွမလုပ္ေတာ့ဘူး။အျခားဝန္ႀကီးဌာနလည္း မရွိေတာ့ဘူး။ဒါေပမဲ့ အခုသတင္းစာေတြမွာ ေတြ႕ရတာေတာ့ သူက ႏိုင္ငံတကာ စီးပြားဆက္ဆံေရး (Foreign Relations) ေပါေ့နာ္၊ (Economic Relations) ကိုလည္း ကိုင္မယ္လို႔ ေျပာေနတယ္။အဲဒီေတာ့ ဆရာတို႔ ဒီဝန္ႀကီးဌာနက သိတဲ့အတိုင္းဘဲ စီမံ/ဘ႑ာမွာ (FERD) ဆိုတာ ရွိတယ္။(FERD) က ႏိုင္ငံတကာ စီးပြားေရးလုပ္ငန္းေတြကို ဦးေဆာင္တဲ့ ဌာနေလ။အဲဒါက စီမံဘ႑ာထဲမွာ ပါတယ္။စီမံဘ႑ာမွာ ပါတဲ့ဌာနကို ဒီဘက္ကိုလႊဲမလား မေျပာတတ္ဘူး။အခု သူ႔ရဲ႕အ မည္နာမအရ ဆိုရင္ေတာ့ ဒါဟာ (Foreign Economic Relations) နဲ႔ ကြက္တိျဖစ္ေနတယ္ေလ။ဆိုေတာ့ သူကႏွစ္ပိုင္းေပါ့ (Investment) တစ္ခု။ေနာက္တစ္ခါ ႏိုင္ငံတကာ စီးပြားေရးဆက္ဆံမႈကတစ္ခု။
ႏွစ္ခုလုပ္တဲ့ သေဘာေလးပါ။

Opinion Leaders Media ။     ။ ဒါဆိုရင္ ရင္းႏွီးျမဳပ္ႏွံမႈလုပ္ဖို႔ ဝင္လာတဲ့သူေတြအတြက္ ဒီလိုဝန္ႀကီးဌာန အသစ္ဖြင့္လိုက္တဲ့ အတြက္ One Stop Service ျဖစ္လာမယ့္ သေဘာေပါ့။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အမွန္ေတာ့ ဆရာတို႔ေျပာတဲ့ အေနာက္အုပ္စု အခုက ဆရာတို႔ေခၚတယ္။(OSS – One Stop Service) လို႔ ေျပာေပမယ့္ သူက (One Stop) မဟုတ္ဘူး။stop ေတြက အမ်ားႀကီး ျဖစ္ေနတယ္။အဲဒီေတာ့ (Single Window) လို႔ ေျပာေပမယ့္ (Window) ျပတင္းေပါက္ေတြက အမ်ားႀကီးျဖစ္ေနတယ္။အခုလိုခ်င္တာ တကယ့္ကို ျပတင္းေပါက္တစ္ခုတည္း တစ္ထိုင္တည္းၿပီးေအာင္ လုပ္ဖို႔လိုတယ္။အဲဒီေတာ့ ဒီဝန္ႀကီးဌာနဖြဲ႕လိုက္ၿပီးၿပီ။(Single Window) ျဖစ္ရမယ္၊ (One Stop) ျဖစ္ရမယ္။ဆရာတို႔က အဲဒီလိုဘဲ သေဘာေပါက္တာပါဘဲ။

Opinion Leaders Media ။     ။ စင္ကာပူမွာ က်င္းပတဲ့ အာဆီယံစီးပြားေရးနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈ ထိပ္သီးအစည္းအေဝးမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ျမန္မာႏိုင္ငံအတြင္း ရင္းႏွီးျမဳပ္ႏွံမႈအတြက္ ဖိတ္ေခၚတာကို ေတြ႕ရတယ္။ဒီလိုဖိတ္ေခၚရာမွာ အသစ္ျပ႒ာန္းလိုက္တဲ့ ကုမၸဏီမ်ား ရင္းႏွီးျမဳပ္ႏွံမႈ ဥပေဒကို အေျခခံထားၿပီး ဖိတ္ေခၚခဲ့တာကို ေတြ႕ရပါတယ္။အခုလက္ရွိမွာ  အေနာက္အုပ္စုနဲ႔ အျခားႏိုင္ငံေတြက ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမဳပ္ႏွံဖို႔ သိပ္ၿပီးစိတ္ဝင္စားမႈ မရွိဘူး။ရွိတာက တ႐ုတ္နဲ႔ ဂ်ပန္ေလာက္ပဲ ရွိတာကို ေတြ႕ရတယ္။အဲဒီလိုအေနအထားမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က အခုလို ဖိတ္ေခၚလိုက္တဲ့အတြက္ ျပည္ပရင္းႏွီးျမဳပ္ႏွံသူေတြက ပိုၿပီးယုံၾကည္မႈ ရွိလာႏိုင္မလား/ လက္ရွိအေျခအေနေတြကို ျပန္ေစာေၾကာလာႏိုင္သလား ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒီလိုအခုက ေသခ်ာတာေတာ့ကြယ္ အခုလက္ရွိ ကာလတိုမွာေတာ့ အေနာက္ႏိုင္ငံေတြဆီက ေမွ်ာ္လင့္ခ်က္ေတြကေတာ့ နည္းသြားၿပီ။ေျပာရင္းဆိုရင္းေတာင္ EU က ဆန္နဲ႔ ပတ္သက္လို႔ ယာယီ႐ုတ္သိမ္းတာေတြ ဘာေတြေတာင္ ျဖစ္လာၿပီကိုး။ျဖစ္လာတဲ့အခါက်ေတာ့ ဆရာတို႔အေနနဲ႔ကေတာ့ သူတို႔ဆီက (Investment) ရဖို႔ဆိုရင္ ဒါအင္မတန္မွ ခဲယဥ္းမယ္ဆိုတဲ့ အေနအထားရွိတယ္။

ဒီေတာ့ ဆရာတို႔ မ်က္ႏွာစာလွည့္ရမွာက အဲဒီႏိုင္ငံေရး၊ အခုျဖစ္ေနတဲ့ ရခိုင္ကိစၥကို နည္းနည္းေလးပိုၿပီး နားလည္ၿပီးေတာ့ ကိုယ့္ဆီမွာ လာရင္းႏွီးခ်င္တဲ့ ဂ်ပန္တို႔၊ တ႐ုတ္တို႔၊ ကိုးရီးယားတို႔ အိႏၵိယတို႔ ဒါေတြကို ဆရာတို႔က အာ႐ုံစိုက္မွ ရေတာ့မယ္ထင္တယ္။အဲဒီေတာ့ ေဒၚစု အေနနဲ႔ကလည္း စင္ကာပူဆိုလည္း ကိုယ့္ႏိုင္ငံမွာလာၿပီး န-ဝ-တ လက္ထက္တည္းကစၿပီး ရင္းႏွီးျမဳပ္ႏွံမႈ ရွိခဲ့တာေလ။အဲဒါကို ပိုၿပီးေဇာင္းေပးရမယ္လို႔ ထင္တယ္။အဲဒီေတာ့ တစ္ခုရွိတာက ဆရာတို႔ ရင္းႏွီးျမဳပ္ႏွံမႈကို စဥ္းစားတဲ့အခါမွာ ဆရာတို႔ တာဝန္ေက်တဲ့ ရင္းႏွီးျမဳပ္ႏွံမႈလည္း ျဖစ္ေစခ်င္တာေပါ့။ဆရာတို႔ေခၚတဲ့ (Socially Responsible  Investment – SRI) ကို ဆရာတို႔ ဦးစားေပးတယ္။သူလည္း ဒါဘဲေျပာသြားတာကို။
 

အဲဒီေတာ့ ရင္းႏွီးျမဳပ္ႏွံမႈကို လိုခ်င္တယ္။တစ္ခ်ိန္တုန္းကလို ရင္းႏွီးျမဳပ္ႏွံမႈကို လုပ္တဲ့အခါမွာ ရွိသမွ်အားလုံးကို ယူသြားတာမ်ိဳး မဟုတ္ဘဲနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈကေန ရလာတဲ့ အလုပ္အကိုင္ အခြင့္အေရး၊ လူမႈေရး၊ က်န္းမာေရး ဒါေတြလိုတယ္လို႔ ဆရာထင္တယ္။ဦးစားေပးတဲ့ အေနအထားရွိတာပါ။ေသခ်ာတာကေတာ့ မ်က္ႏွာစာေတာ့ လွည့္မွရေတာ့မယ္။တစ္ခ်ိန္တုန္းကေတာ့ ဒီမိုကေရစီအစိုးရလက္ထက္ ဆိုတဲ့အတြက္ အေနာက္ႏိုင္ငံက လာမယ္လို႔ ေမွ်ာ္လင့္ေနတဲ့အခ်ိန္မွာ ရခိုင္အေရးနဲ႔ သြားၿပီးပတ္သက္လာေတာ့။ေျပာခ်င္တာကေတာ့ ရင္းႏွီးျမဳပ္နံွမႈဟာ တကယ္တမ္းေျပာရရင္ ႏိုင္ငံေရးေဘာဂေဗဒ ကိစၥဘဲ။
ဟုတ္တယ္ေနာ္။ေဘာဂေဗဒ စီးပြားေရးဟာ အေရးႀကီးသလို၊ ႏိုင္ငံေရးဟာလည္း အေရးႀကီးတယ္။ႏိုင္ငံေရးထိေတာ့လည္း စီးပြားေရးေနရာမွာ တြန႔္သြားသလို ျဖစ္တာကိုး။အဲဒါကို ဆရာတို႔က ရဲရဲဝင့္ဝင့္ မ်က္ႏွာစာလွည့္ရမွာပါ။

Opinion Leaders Media ။      ။ လက္ရွိ စင္ကာပူမွာ က်င္းပေနတဲ့ အာဆီယံထိပ္သီးအစည္းအေဝးမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို မေလးရွားက ဦးေဆာင္ၿပီး ရခိုင္ေျမာက္ပိုင္း ဘဂၤါလီအေရးနဲ႔ ဖိအားေပးဖို႔ စိုင္းျပင္းေနတယ္ ဆိုတာကိုလည္း သိရပါတယ္။မေလးဝန္ႀကီးခ်ဳပ္ မဟယသီယာ ကလည္း အာဆီယံမွာ မေလးရွားရဲ႕ ၾသဇာအာဏာကို ျပန္တည္ေဆာက္ဖို႔ ဘဂၤါလီအေရးကို ခုတုံးလုပ္ၿပီး ျပန္တည္ေဆာက္ဖို႔ ရွိတယ္လို႔ သတင္းေတြ ထြက္ေနတာ ရွိပါတယ္။အဲဒီလိုရွိေနတဲ့ ေနရာမွာ ျမန္မာႏိုင္ငံအတြင္း မေလးရွားရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈက ဒီဘက္ႏွစ္ပိုင္းမွာ မရွိသေလာက္ကို နည္းပါးတာကို ေတြ႕ရပါတယ္။အစၥလာမ္ဘာသာ ကိုးကြယ္တဲ့ ႏိုင္ငံေတြက လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈက မရွိသေလာက္ပါဘဲ။အဲဒီေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အေပၚ မေလးက ဖိအားေပးတာနဲ႔ စင္ကာပူက ဖိအားေပးတာဘာကပိုၿပီး အက်ိဳးပိုသက္ေရာက္ႏိုင္သလဲ ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ တစ္ခုဘဲရွိတာက ဆရာတို႔ အာဆီယံရဲ႕ဒီလုပ္ထုံးလုပ္နည္းအရ အာဆီယံက နည္းနည္းေလး ခံသာတာေတာ့ ျပည္တြင္းေရးကို မစြက္ဖက္ရဘူး။တစ္ေယာက္နဲ႔ တစ္ေယာက္။တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ ညႇိႏွႈိင္းၿပီး လုပ္ရမယ္ဆိုတဲ့အတြက္ (OIC) တို႔ ဘာတို႔လို ဖိအားေပးတာထက္ ဆရာထင္တယ္ ပိုၿပီးနားလည္မႈရွိမွာပါ။အဲဒီေတာ့ မဟာသီ ကိုယ္တိုင္ကလည္းဘဲ ဆရာထင္တယ္ေနာ္။အာဆီယံကို ျမန္မာျပည္ဝင္ေအာင္ တြန္းအားေပးတဲ့အခါမွာ မဟာသီ ကလည္း ပါခဲ့တာကိုး။အဲဒီ သူ႔အေနနဲ႔ ဒါကိုေတာ့ သူနားလည္လိမ့္မယ္လို႔လည္း ေအာက္ေမ့တယ္။

အဲဒီေတာ့ အဓိကက တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈရွိေအာင္ လုပ္ရမွာဘဲကြယ္။အဲဒီေတာ့ (OIC) ဘက္က ဆရာတို႔ဘက္ကလည္း ေျပာရမွာက ဆရာတို႔က မူဆလင္ေတြကို ဘာသာေရးအရ အႏၲရာယ္ျပဳေနတာ မဟုတ္ဘူး။ဘာသာေရးအရ ဒါကိုလုပ္ေနတာမဟုတ္ဘူး။ ဒါဘာသာေရးနဲ႔ မဆိုင္ဘူး ဆိုတာကိုေတာ့ ေျပာဖို႔လိုတယ္ေလ။အခုျဖစ္ေနတာက အားလုံးက စီးပြားေရးအေျခအေနနဲ႔ လူမႈေရးအေျခအေန ျဖစ္ေနတာကိုး၊ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈေတြလြဲၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ယုံၾကည္မႈေတြ အားနည္းလို႔ ျဖစ္လာတဲ့ အေျခအေနမွာ ဆရာတို႔က ဒါကိုမျဖစ္ေအာင္၊ ဘာသာေရးကိစၥ မဟုတ္ဘူးဆိုတာကို လူေတြသိေအာင္လုပ္ဖို႔ လိုပါလိမ့္မယ္။

အဲဒီေတာ့ ဆရာတို႔ ဒီလို လြတ္လြတ္လပ္လပ္ ဘာသာေရးကိုးကြယ္မႈ ရွိတယ္၊ ဘာညာ ဆိုတာကိုလည္း မီးေမာင္းထိုးဖို႔ လိုလိမ့္မယ္လို႔ ဆရာေတာ့ အဲဒီလိုေအာက္ေမ့ပါတယ္။မဟုတ္ရင္ အစၥလာမ္ကို ဖိႏွိပ္တယ္၊ ခ်ဳပ္ခ်ယ္တယ္ဆိုတဲ့ အေနအထားမ်ိဳး မျဖစ္ေအာင္ကို ဆရာတို႔က ဖန္တီးရမွာပါ။

Opinion Leaders Media ။     ။ မၾကာခင္က ရန္ကုန္ - မႏၲေလး ရထားလမ္း အဆင့္ျမႇင့္တင္ေရး စီမံကိန္း ဖြင့္ပြဲကို ဂ်ပန္အကူအညီနဲ႔ စခဲ့တာ ေတြ႕ရတယ္။ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း စီမံကိန္းကိုလည္း တ႐ုတ္နဲ႔လုပ္ဖို႔ စလာတာ ေတြ႕ရတယ္။ၿပီးေတာ့ တ႐ုတ္နဲ႔ ထိစပ္ေနတဲ့ ကခ်င္/ရွမ္း နယ္စပ္ေတြမွာ စီးပြားေရးဇုန္လုပ္ဖို႔ သတင္းေတြ ေတြ႕ရတယ္။ဒီအေျခအေနမွာ ရခိုင္ေျမာက္ပိုင္းက ဘဂၤါလီကိစၥကလည္း လူႏွစ္ေထာင္ေက်ာ္ ျပန္လက္ခံဖို႔ သေဘာတူညီခ်က္ သတင္းေတြၾကားရပါတယ္။သတင္းေတြ အကုန္လုံးကို ၾကည့္လိုက္ရင္ အေပါင္းဘက္ကို ယိမ္းေနတာ ေတြ႕ရပါတယ္။ဒါေပမယ့္ KNU ဘက္က ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကေန ေခတၱရပ္လိုက္တဲ့ သတင္းကလည္း ရွိေနတဲ့အတြက္ ဒီလိုအေကာင္းဘက္မ်ားတဲ့ အေျခအေနမွာ ဘတ္ဂ်က္အသစ္ကာလမွာ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈကို ဘယ္ေလာက္ထိေမွ်ာ္ႏိုင္မလဲ ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲဒါေပါ့ ဆရာတို႔အေနနဲ႔ကေတာ့ အခု ႏိုင္ငံေရးေရာ၊ စီးပြားေရးေရာ အားလုံးစုၿပဳံကိုင္တဲ့ သေဘာေပါ့။လူမႈေရးအရ ျပႆနာျဖစ္တယ္၊ ဆရာတို႔ ၿငိမ္းခ်မ္းေရးကလည္း အခုနကလို (KNU) ရဲ႕လႈပ္ရွားမႈေပါ့။ အဲ့ဒါေတြကလည္း ဆရာတို႔ စိုးရိမ္စရာျဖစ္တယ္၊ ဒါေပမယ့္ တစ္ခုရွိတာက အခုနကလို တစ္ဖက္ကလည္း တိုးတက္ႏိုင္သမွ် တိုးတက္မႈရွိေအာင္ေတာ့ ဖန္တီးရမွာဘဲေလ။အဲဒီေတာ့ လမ္းပန္းဆက္သြယ္ေရးက ဆရာတို႔ ရန္ကုန္ - မႏၲေလး အျမန္လမ္းႀကီး ျဖစ္လာတယ္။ရန္ကုန္ - မႏၲေလး ေတာင္ မဟုတ္ဘူး ဥပမာ ရန္ကုန္ - ေနျပည္ေတာ္ ေလယာဥ္ပ်ံနဲ႔ သြားရတယ္ ဆိုရင္ေတာင္ တစ္နာရီၾကာတယ္ ဆိုေပမယ့္။အသြားအျပန္ ခရီးက အနည္းဆုံး တစ္ေန႔ကို ေျခာက္နာရီေလာက္ ၾကာတာေလ။အဲဒါကို အျမန္ရထားလိုဟာမ်ိဳး လုပ္ေပးႏိုင္ရင္ေတာ့ သိပ္ေကာင္းတာေပါ့။

ေနာက္တစ္ခုကလည္း သူတု႔ိစိတ္ပူတာက ဒီေက်ာက္ျဖဴကေန အခုပိုက္လိုင္းဆြဲတဲ့ မဟာဗ်ဴဟာလမ္းႀကီးကို ရထားလမ္းႀကီး လုပ္မယ္လို႔ ေျပာတဲ့အခါမွာ ႏိုင္ငံကို တစ္ခါတည္း ေဒါင့္ျဖတ္လွီးတဲ့ ပုံစံမ်ိဳး မျဖစ္ေအာင္ေတာ့ ဖန္တီးရမွာပါဘဲ။ဖန္တီးတဲ့အခါမွာ အခုအရင္လို ေတာက္ေလွ်ာက္ ေက်ာက္ျဖဴ - ကူမင္း မဟုတ္ေတာ့ဘဲ။အဆင့္ေတြ ခ်ိဳးၿပီးေတာ့ ေနျပည္ေတာ္ကေန တစ္ဆင့္၊ မႏၲေလးကေန တစ္ဆင့္၊ လားရႈိးကေန တစ္ဆင့္ အဲဒီလို ျဖစ္လာရင္ေတာ့ လူေတြ စိတ္ပူတာကလည္း ေလ်ာ့ပါးသြားလိမ့္မယ္။ အမွန္ကေတာ့ကြယ္ အခုအခ်ိန္က သိပ္မရွိေတာ့ဘူး။
 

အဓိက ကေတ့ာ အခ်ိန္ဘဲ ႏိုင္ငံေရးမွာ အခ်ိန္က ျပႆနာဘဲေလ၊ ၂၀၂၀ လည္း ကပ္ေနၿပီ၊ အဲဒီေတာ့ အခုၾကားျဖတ္ေ႐ြးေကာက္ပြဲရဲ႕ အေျခအေနကလည္း ဒါကိုစဥ္းစားစရာ ျဖစ္ေနတယ္ ဟုတ္တယ္မလား။အဲဒီေတာ့ အခ်ိန္တစ္ခုျဖစ္လာေတာ့ ဒါကိုေခါင္းေလာင္းထိုးလိုက္တာပါဘဲ။ဟုတ္တယ္မလား။ဒီအတိုင္းႀကီးေနလို႔ေတာ့ မရဘူး တစ္ခုခုေတာ့ လုပ္မွရေတာ့မယ္။အခု ဆရာတို႔ ကခ်င္မွာ ရႈံးတာတို႔ ဘာတို႔ဆိုရင္လည္း ဒါကမျဖစ္သင့္တဲ့ ကိစၥေလ။ရခိုင္ရႈံးတာကတစ္မ်ိဳး အဲဒါေတြအားလုံးက ကိုယ့္ကိုယ္ကိုယ္ တပ္လွန႔္လိုက္တယ္လို႔ဘဲ ဆရာက ေအာက္ေမ့တယ္။ဒါကိုသင္ခန္းစာယူၿပီး အေကာင္းဆုံးျဖစ္ေအာင္ ဘယ္လိုလုပ္ၾကမလဲ။တစ္ခုရွိတာက ျပည္သူက ကိုယ့္ဘက္မွာ ရွိေနေသးရင္ ရွိေနေသးတဲ့ ျပည္သူကို ကိုယ္က ဒါကိုထိန္းသိမ္းႏိုင္ေအာင္ ဘယ္လိုလုပ္မလဲ ဒါက စဥ္းစားရမွာပါ။

ဆရာကေတာ့ ေမွ်ာ္လင့္ခ်က္က အျပည့္ရွိတဲ့လူ အၿမဲတမ္း အေကာင္းဘဲ ျမင္တတ္တဲ့လူ ဆိုေတာ့ စီးပြားေရးကို ဦးမလွည့္ႏိုင္ရင္ စီးပြားေရးကို ညင္ညင္သာသာ သူကိုယ္တိုင္ တိုင္းျပည္ေခါင္းေဆာင္၊ စီးပြားေရးကို အာ႐ုံစိုက္တယ္လု႔ိ မက္ေဆ့ခ်္ေပးလိုက္ရင္ ပါလာလိမ့္မယ္လို႔ ထင္တယ္။လုပ္ငန္းရွင္ေတြကလည္း သူ႔ကို ေအာင္ျမင္ေစခ်င္တာဘဲေလ။ ျပည္သူကလည္း သူ႔ကို ေအာင္ျမင္ေစခ်င္တာပါဘဲ။အဲဒီေတာ့ ဒီအစိုးရ ေအာင္ျမင္ဖို႔ဆိုရင္ ဒါအားလုံးဝိုင္းအေျခအေနေပးမယ္လို႔ ဆရာက အဲဒီလို ယူဆတာပါဘဲေနာ္။   

Opinion Leaders Media ။     ။ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ႏိုဝင္ဘာ - ၁၅