【 ပညာရှင်များ၏အမြင် 】 “လိုချင်တာက စီးပွားရေးချဲ့ဖို့ လိုချင်တာ”

【 ပညာရှင်များ၏အမြင် 】 “လိုချင်တာက စီးပွားရေးချဲ့ဖို့ လိုချင်တာ”

မကြာမီက ဝင်ငွေခွန်နှင့် ပတ်သက်ပြီး နှုန်းထားများ လျှော့ချသတ်မှတ်ခဲ့သဖြင့် ကာလအတန်ကြာ အေးစက်နသည့် အိမ်ခြံ၊ ကားနှင့် တိုက်ခန်း၊ ကွန်ဒို စသည့် အရောင်းအဝယ်လောက လှုပ်လာခဲ့ပါတယ်။ထိုမှ တစ်နွယ်ငင်တစ်စင်ပါ ဆိုသလို ဆောက်လုပ်ရေးလောကဘက်တွင်ပါ လှုပ်ခတ်မည့် အရိပ်ယောင်များ နိုးထလာသည်ကိုလည်း တွေ့လာရပါတယ်။သို့သော် အခြားတစ်ဖက်တွင်  မူးယစ်ဆေးဝါးမှရရှိသည့် ကြီးမားသောပမာဏရှိသည့် ငွေမည်းများ မြန်မာ့စီးပွားရေးလောကထဲ ဝင်လာမည်ကို စိုးရိမ်မှုများလည်း ရှိခဲ့ပါတယ်။တောင်ကိုရီးယားသမ္မတ လာရောက်ခြင်း၊ ဂျပန်မှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှု တိုးမြင့်လာခြင်း စသည့် ကျဆင်းနေသည့် မြန်မာစီးပွားရေးအတွက် အားတက်စရာအချက်များလည်း ဖြစ်ထွန်းလာမှုလည်း ရှိခဲ့ပါတယ်။ထိုအခြေအနေနှင့် လတ်တလော ပြည်တွင်းနိုင်ငံရေး အခြေအနေများအရ လာမည့် အရပ်သားအစိုးရ လက်ကျန်ကာလတွင်း မြန်မာ့စီးပွားရေး အခြေအနေကို ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ လတ်တလော ဘဏ္ဍာရေးစနစ်နှင့် စီးပွားရေးအလားအလာအပေါ် ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မကြာခင်က လွှတ်တော်မှာ  အတည်ပြုလိုက်တဲ့ ၃ ရာခိုင်နှုန်း Tax နဲ့ ပတ်သက်ပြီး ကားဈေးကွက်ရယ်၊ အိမ်ခြံမြေဈေးကွက်ရယ် လှုပ်ခတ်လာတာရှိတယ်။နောက်တစ်ခုက လူအတော်များများနဲ့ စီးပွားရေးပညာရှင်အချို့က ထောက်ပြနေတာရှိတယ်။ဒီလို အခွန်လျှော့ချပေးတာ ငွေမည်းတွေ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ငွေမည်းတွေ၊ တခြားသော လာဘ်စားမှုနဲပတ်သက်တဲ့ ငွေမည်းတွေပါ ပုံစံပြောင်းပြီး ဝင်လာတဲ့အခါကျလို့ရှိရင် ရေတိုမှာတော့ အဆင်ပြေနိုင်ပေမယ့် ရေရှည်မှာ မြန်မာငွေကျပ် တန်ဖိုးက ထိုးကျသွားနိုင်တယ်လို့ ထောက်ပြမှုတွေရှိတယ်။အဲ့ဒီအခြေအနေတွေက မြန်မာနိုင်ငံရဲ့ တော်တော်လေးမကောင်းတဲ့ စီးပွားရေးအခြေအနေပေါ်မှာ ဘယ်လိုသက်ရောက်နိုင်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာထင်တာတော့ပေါ့နော်၊ အစိုးရအနေနဲ့ ဒီစီးပွားရေးနဲ့ ပတ်သက်လာရင် လက်ရှိအခြေအနေကို သူတို့လက်ခံထားတာက စီးပွားရေးက တော်တော်လေး အခြေအနေကောင်းတယ်။အရာရာမှာ GDP တွေ တက်နေတယ်၊ သူတို့မှာ ဘာမှအခက်အခဲမရှိဘူး။ဒါ တစ်ဖက်က လက်ခံထားတာ။

ဒါပေမဲ့ လုပ်ငန်းရှင်တွေ၊ တကယ့်ကိုနော် လုပ်ငန်းတွေနဲ့ နီးစပ်တဲ့သူတွေက ဒီအခြေအနေဟာ စိုးရိမ်စရာရှိတယ်လို့ ပြောနေတယ်။အဲ့ဒီနှစ်ခုကြားထဲမှာ အခုဒီလိုလုပ်ကြည့်တာပေါ့။ဆရာထင်တယ် သူတို့လည်း စမ်းတော့စမ်းနေတယ် ထင်တယ်။စမ်းနေတာက Tax နဲ့ ပတ်သက်လို့ အခွန်အခကိုများ လျှော့လိုက်ရင် လူတွေ စီးပွားရေးလုပ်ချင်တဲ့စိတ် ပိုလာမလားလို့။ဆရာတို့ ခဏခဏပြောတဲ့ကိစ္စပေ့ါ။Tax ကို တစ်ဖက်ကလူတွေ နားလည်တာ အများနားလည်တာက နိုင်ငံရေးတာဝန်ရှိတဲ့သူတွေ နားလည်တာက Tax ကို နိုင်ငံတော်အစိုးရရဲ့ ဝင်ငွေတစ်ခုအနေနဲ့ပဲ နားလည်တာ။အဲ့ဒီလိုနားလည်တဲ့အတွက် သူတို့က နိုင်ငံတော်အစိုးရရဲ့ဝင်ငွေ တိုးသထက်တိုးအောင် Tax ကို တိုးကောက်မယ်။Tax တိုးကောက်တဲ့အခါမှာလည်း သူတို့ရဲ့ စဉ်းစားချက်က နှုန်းကိုတိုးမယ်လို့ အမြဲတမ်းစဉ်းစားတယ်လေ။သူတို့တွက်တာက နှုန်းတိုးရင် Tax တက်လာလိမ့်မယ်လို့ အဲ့ဒီလိုပဲ သူတို့ယေဘုယျအားဖြင့် သူတို့ခံယူကြတယ်။

အဲ့ဒီတော့ အဲ့ဒီလိုခံယူတဲ့အခါမှာ သူတို့စဉ်းစားချက်မှာ နည်းနည်းလေး သတိထားဖို့ကိုလိုတာ။သတိမထားတာနော်။Tax က ဘက်နှစ်ခုဖြစ်နေတာပေါ့။ကောက်တဲ့လူက တစ်ပိုင်း၊ ပေးရတဲ့လူက တစ်ပိုင်း။အဲ့ဒီတော့ အခုက သူတို့တွေရဲ့ စဉ်းစားချက်က ကောက်တဲ့သူဘက်ကပဲ အခွန်အခကြေးငွေတွေ ဝင်ငွေများများလုပ်မယ် စဉ်းစားတော့ ပေးတဲ့သူဘက်ကို လှည့်မကြည့်ဘူးဖြစ်နေတယ်။အခုကြည့်ရတာက သူတို့ပေးတဲ့သူ များများပေးချင်အောင် Tax Rate ကို လျှော့ချတယ်ထင်တယ်။အဲ့ဒီတော့ Tax Rate ကို လျှော့ကြည့်တော့ ဆရာတို့အနေနဲ့ စီးပွားရေးပေါ်လစီ လုပ်တဲ့အခါမှာ ခုနမေးခွန်းထဲမှာ ပါတဲ့ကိစ္စပေါ့၊ တစ်ချို့တွေက ပြောလာတာက ငွေမည်းတွေ ဘယ်လိုဖြစ်သွားမလဲနော်။
ငွေမည်းတွေဖြစ်နေတယ်ဆိုတဲ့ စိုးရိမ်စိတ်ကလည်းရှိတယ်။အရင်တုန်းကမဟုတ်တာ တခြားနည်းနဲ့ ဝင်ငွေရတာတွေကို တရားဝင်အသိအမှတ်ပြုလိုက်လား ဘာညာဆိုတာမျိုး။

အဲ့ဒီတော့ ဒီနေရာကြည့်လို့ရှိရင် ဆရာတို့ ဘာထူးခြားလဲဆိုရင် ကိုယ့်နိုင်ငံတစ်ခုတည်း မဟုတ်ဘူး၊ ဥပမာ - အင်ဒိုနီးရှားမှာ သမ္မတသစ်က အဲ့ဒီလိုပဲလုပ်ခဲ့တာလေ။Tax ကို လျှော့ပေးတယ်၊ Tax ကို မကောက်တော့ဘူးလုပ်တော့ ဒီလိုပဲ ဝေဖန်မှုတွေရှိခဲ့တယ်လေ။ဝေဖန်မှုတွေရှိခဲ့တာ ဒါဆိုရင်တော့ မတရားတဲ့နည်းနဲ့ ရခဲ့တာတွေကို ငွေမည်းတွေ ငွေဖြူဖြစ်ကုန်ပြီဘာညာ စိုးရိမ်တာတွေရှိတယ်၊ အဲ့ဒီတော့ တစ်ခုပဲ။ပြောတဲ့ ဝေဖန်တဲ့ သုံးသပ်တဲ့သူတွေအနေနဲ့ကတော့ အစိုးရခမျာမှာလည်း သူ့မှာချိန်ဆနေရတာပေါ့နော်၊ တစ်ခုသိတာတော့ ဒီအတိုင်းဆက်လုပ်နေတာက အဆင်မပြေတာသေချာတယ်။ ဟုတ်တယ်နော်၊ ဒီအတိုင်းလုပ်နေလို့ကတော့ လူတွေ စီးပွားရေးလုပ်တဲ့သူတွေ လုပ်ချင်ကိုင်ချင်စိတ်မရှိဘူး။အဲ့ဒီတော့ လုပ်ချင်ကိုင်ချင်စိတ်ရှိအောင် စီးပွားရေးကို ဆရာတို့ခေါ်တဲ့ Jump Start ပေါ့။ကားကို တွန်းနှိုးတဲ့ပုံစံမျိုး လုပ်ကြည့်တာပေါ့လေ။

အဲ့ဒီတော့ တွန်းနှိုးတဲ့အခါမျိုး လုပ်ကြည့်တဲ့ဟာကို အချိန်တစ်ခုတော့ ပေးရမယ်ထင်တယ်။ဒီ တကယ်ပဲ အခွန်တွေလျှော့လိုက်လို့ လုပ်ချင်ကိုင်ချင်စိတ် တိုးလာရင် စီးပွားရေးနိုးလာမယ်ဆိုတဲ့ အနေအထားပေါ့။တစ်ဖက်ကလည်း သူ့အနေနဲ့ပေါ့လေ ပေါ်လစီလုပ်တဲ့အခါမှာ တစ်ဖက်က စီးပွားရေးကြပ်တယ်လို့ ပြောပေမယ့်၊ Tax ကို လျှော့လိုက်တာဟာလည်း စီးပွားရေးကို ဒီထက်တိုးအောင် လုပ်တဲ့ပုံစံဖြစ်တယ်လို့ ပြောလို့ရတယ်လေ။အဲ့ဒီတော့ အဆင့်တော့ ညီအောင်ပဲ စဉ်းစားဖို့ကောင်းတယ် ထင်တယ်။ပေါ်လစီက တစ်ဖက်က စီးပွားရေးကောင်းတယ်ဆိုရင် ဒါလုပ်စရာမလိုဘူးလေ။စီးပွားရေးအခြေအနေကြောင့်သာ ဒါလုပ်ရမှာ။

အဲ့ဒီလိုစဉ်းစားလိုက်ရင်တော့ ဆရာထင်တယ် အဖြေတစ်ခုတော့ ရလိမ့််မယ်လို့ထင်တယ်။သူတို့ခမျာမှာလည်း ပုံစံအမျိုးမျိုးနဲ့ စဉ်းစားနေဟန်တူတယ်။ဒီထက်တိုးအောင် ဘယ်လိုလုပ်မလဲ။နောက်တစ်ခုက ဆရာတို့မှာ ဒီစီးပွားရေးတစ်ခုတည်း မဟုတ်ဘူးလေ။နိုင်ငံရေးအခြေအနေကလည်း ရှိနေတာကိုး။အဲ့ဒီတော့ ဒီဘက်ကို နီးကပ်လာလေလေ ရွေးကောက်ပွဲ နီးကပ်လာလေလေ၊ စီးပွားရေးရဲ့ နိုးကြားမှုက အရေးပါလာတယ်၊ အဲ့ဒီတော့ အခု တခြားနိုင်ငံမှာလည်း ကြည့်ရင် ထရမ့် အတင်းပြောနေပဲ၊ ဗဟိုဘဏ်ရဲ့ Rate ကို အတိုးနှုန်းကိုချဖို့။အတင်းကိုပြောနေတာ၊ ဘာကြောင့်လဲဆိုရင် သူ့စိတ်ထဲမှာ ဒီလိုအတိုးနှုန်းချလိုက်ရင် သူကတော့ အခွန်ရော အတိုးရော နှစ်ခုစလုံးကိုင်တာ။

သူ့ရဲ့ စီးပွားရေးပေါ်လစီကတော့ ရှင်းတယ်၊ စီးပွားရေးလုပ်ချင်အောင် စီးပွားရေးလုပ်ချင်တဲ့ ငွေချေးတဲ့သူတွေ လွယ်လွယ်ကူကူချေးအောင် တတ်နိုင်သမျှ Rate လျှော့ပစ်မှာလို့ သူကတော့ အဲ့ဒီလိုစဉ်းစားတယ်။နောက်တစ်ဖက်ကလည်း အခွန်ဆိုလည်း သူကတွေးတာတော့ ဒါကတော့ နိုင်ငံရေး ဘောဂဗေဒပေါ့၊ သူတွေးတာတော့ ဘာလဲဆိုရင် တကယ်ပေးတဲ့ တကယ်ထမ်းထားတဲ့သူဆီမှာ အခွန်မကောက်တော့ဘူး၊ အဲလိုဆိုပြီး လုပ်ပစ်တာ။အဲ့ဒီလိုလုပ်လိုက်တော့ ဒီကုန်ပစ္စည်းတွေက အခွန်ပေးစရာ မလိုမှန်းသိတော့ စီးပွားရေးတိုးလုပ်လာတာပေါ့၊ အဲဒီတော့ တိုးလုပ်လာတော့ တစ်ဖက်က ရုတ်တရက်ကြည့်လိုက်ရင် ပုံမှန်စဉ်းစားချက်အရ အခွန်တွေ မကောက်တော့ဘူး၊ အခွန်တွေမကောက်တော့ဘူးဆိုရင် အစိုးရဝင်ငွေ ဘယ်လိုရမလဲ ပြောပေမယ့် တစ်ဖက်က ဘာသွားလုပ်လိုက်သလဲဆိုရင် အခွန်တွေ မကောက်ပေမယ့် လုပ်ချင်တဲ့သူတွေ များလာတော့ စီးပွားရေးသွက်လာတော့ အလုပ်အကိုင် အခွင့်အရေးတွေ များလာတယ်။လူတွေအများကြီး ခန့်လာတော့ လူတွေအများကြီးကနေ တစ်ဆင့် စီးပွားရေးတက်လာတာပေ့ါ။

စဉ်းစားချက်ကတော့ တစ်မျိုးလေ၊ ဆရာတို့ဆီမှာ အဲ့ဒီလောက်ရဲရဲဝံ့ဝံ့ စဉ်းစားရဲပါ့မလားပေါ့နော်။အဲ့ဒီမေးခွန်းပဲ မေးရမှာ ဟုတ်တယ်မဟုတ်လား။ကိုယ့်ဆီမှာလည်း စီးပွားရေးနဲ့ပတ်သက်လာရင် အခြေခံအတွေးအခေါ်တွေ ဘယ်သူတွေ ဘယ်အတွေးအခေါ်ကို ခံယူထားလဲဆိုတာ သိပ်မသေချာဘူးလေ၊ ဟုတ်တယ်နော်။ဆရာတို့ တခြားနိုင်ငံတွေမှာတော့ Economics စီးပွားရေးပေါ်လစီကို သူတို့ရဲ့ နိုင်ငံရေးအယူအဆကို အခြေခံပြီး လုပ်ကြတာကိုး။ဟုတ်တယ်မဟုတ်လား။အဲ့ဒီတော့ အမေရိကန်မှာဆိုရင် အခွန်အများကြီး ကောက်ပြီးတော့ ရတဲ့အခွန်ကို အစိုးရဆီကို အစိုးရက ဝန်ဆောင်မှုတွေပေးမယ်။ကျန်းမာရေး၊ ပညာရေး ပေးမယ်ဆိုတဲ့ အယူအဆပေါ့။republic တက်ရင်တော့ Tax ကို လျှော့ပစ်မယ်။ပြီးတော့ အလုပ်လုပ်ချင်တဲ့သူတွေ တိုးလာလို့ရှိရင် သူ့ဟာနဲ့သူ စီးပွားရေးတက်သွားလိမ့်မယ် ဆိုပြီးတော့။အဲ့ဒါ နိုင်ငံရေးအယူအဆနော်။ဆရာထင်တာတော့ လက်ရှိအစိုးရအနေနဲ့ ဘယ်လိုနိုင်ငံရေးအယူအဆ ရှိပြီးတော့ ဘယ်လိုစီးပွားရေးပေါ်လစီ ချမှတ်နေလဲဆိုတာကိုတော့ စဉ်းစားစရာပေါ့နော်။

Opinion Leaders ။     ။ နောက်တစ်ခုက စီမံကိန်းနဲ့ စီမံဘဏ္ဍာက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေရှိတယ် ဆရာ၊ အဲ့ဒီမှာ သူက ပျမ်းမျှ ငွေကြေးဖောင်းပွမှု နှုန်းထားတွေပေါ့နော်၊ စုစုပေါင်းဆိုလို့ရှိရင် ၂၀၁၈ ထဲမှာဆိုရင် ဇန်နဝါရီမှာ ၆ ရာခိုင်နှုန်း ကျော်တယ်၊ နောက်ပိုင်း ဒီဘက်ရောက်လာတယ်၊ ရောက်လာတဲ့အခါကျတော့ ပျမ်းမျှက ၄ ကနေ ၅ ရာခိုင်နှုန်းလောက်အထိ ရှိတယ်ဆရာ၊ ပြီးခဲ့တဲ့ ရှစ်လပိုင်းမှာ ငွေကြေးဖောင်းပွမှုတွေ၊ ရွှေပြဿနာတို့ ဖြစ်လာတယ်။ဖြစ်လာတဲ့အချိန်မှာ ဈေးကွက်ထဲမှာ ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ ဈေးကွက်ထဲမှာ လုပ်ငန်းရှင်တော်တော်များများ ထိုးရပ်လိုက်ကြတယ်၊ ပြီးတော့ တိုက်ခန်းတွေကို အနိမ့်ဈေးထိုးရောင်းလိုက်ကြတယ်၊ ဒါပေမဲ့ ကွန်ဒိုမီနီယံဘက်မှာကျတော့ ဈေးကတောင့်ခံထားတယ် ဆရာ။အဲ့ဒီတော့ အခု ကျွန်တော်တို့ဆီမှာ Tax ကို ဒီလိုမျိုးသတ်မှတ်လိုက်တဲ့အတွက်ကို ဒီမှာဈေးကွက်နှစ်ခုမှာ ဒီ သာမန်လူထု လက်လှမ်းမီတဲ့ တိုက်ခန်းဈေးမှာက ဒီထက်ပိုကောင်းလာနိုင်လား၊ ကွန်ဒိုမီနီယံဘက်မှာ ကောင်းလာနိုင်သလား။လောလောဆယ်မှာက ကွန်ဒိုမီနီယံဘက်မှာ တောက်လျှောက်တက်နေတာ တွေ့ရတယ် ဆရာ၊ ဆောက်လုပ်ရေးဈေးကွက်က အခွန်လျှော့တာကြောင့် ဘယ်လောက်အထိ သွားသက်ရောက်နိုင်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနဲ့ သူတို့အတွက် အခွင့်အရေးပေါ့နော်။ဆရာထင်တာတော့ Tax နဲ့ ပတ်သက်လာရင် အခွင့်အရေးလို့ယူဆလို့ ဒီအခွင့်အရေးကို ယူပြီးတော့ အိမ်ခြံမြေ ဆောက်လုပ်ရေးကဏ္ဍကြီးတစ်ခုလုံး ပြန်ပြီးတော့လှုပ်နှိုးတဲ့ အခြေအနေတစ်ခုရှိနိုင်အောင်တော့ စဉ်းစားကြရမှာပဲ။ဒါပေမဲ့ ခုနပြောသလို ဆောက်လုပ်ရေးလုပ်ငန်းလို့ ပြောပြန်ရင်လည်း ခုန ဆရာတို့ ချိတ်ဆက်ပြီးပြောရမယ့် ဘဏ်ကိစ္စလည်း ပါနေတာကိုး။

ဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံးဟာ ဘဏ်နဲ့ ဆက်စပ်နေတယ်၊ ရောယှက်နေတော့ သီးခြားစဉ်းစားလို့မရဘူး အခြေအနေဖြစ်နေတာ၊ ဘဏ်တွေမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအားလုံးဟာ ဆရာတို့ အပေါင်ခံပစ္စည်းတွေ၊ အပေါင်ခံပစ္စည်းတွေကလည်း အိမ်ခြံမြေတွေ ခုန ကွန်ဒိုတိုက်ခန်းတွေကို အခြေခံပြီး အပေါင်တွေလုပ်ထားတာကိုး၊ အဲ့ဒီတော့ ဒီနေရာမှာ ဆရာတို့အနေနဲ့ ချက်ချင်း အရင်အပတ်ကလုပ်တဲ့ ပေါ်လစီတစ်ခုကြောင့် ချက်ချင်း effect က ဘယ်တော့လာမလဲ၊ ဆရာတို့ခေါ်တာ Luck ရှိတယ်လေ၊ ပေါ်လစီချတာနဲ့ effect ရတာနဲ့က ဘယ်လောက်ကွာလဲပေါ့၊ ကာလတစ်ခုတော့ရှိတယ်၊ အဲ့ဒီကာလက တကယ်ပဲ အရှိန်ရလာမလားဆိုတာတော့ ဆရာတို့ စောင့််ကြည့်ရမှာပေါ့။

အခုအနေနဲ့ ခုနပြောတဲ့အတိုင်းဆိုရင် ကွန်ဒိုဈေးကွက်တွေ။အခုကလည်း တစ်ခုရှိတာက တစ်ချို့ဝင်ငွေရှိတဲ့သူက ရှိနေသေးတာကိုး။ဝင်ငွေရှိတဲ့သူက ရှိနေပေမယ့် ခုနတိုက်ခန်းတွေ အဆင်မပြေဘူး၊ ဒါပေမဲ့ ကွန်ဒိုဘက်ကပြောတယ်၊ အခု ခြံတွေကျတော့ လူတွေကိုင်ထားတယ်။ဘာကြောင့်လဲဆိုရင် ရှုံးရင် အရှုံးခံပြီး ရောင်းရမှာမလုပ်တော့ဘူး။
အဲ့ဒီတော့ သူက စောင့်နေတဲ့အနေအထားပေါ့။ဒါတွေအားလုံးက ဆရာထင်တယ်နော် စီးပွားရေးအပေါ်မှာ Confident ပေ့ါ၊ ယုံကြည်မှုပဲ။

ယုံကြည်မှုရှိအောင်ပဲ လုပ်ဖို့လိုတာ။ဒီထက်ပိုပြီး သူတို့များများပြောဖို့ လိုလိမ့်မယ်လို့ အောက်မေ့တယ်။လုပ်ငန်းရှင်တွေ၊ အကူအညီတောင်းတယ်၊ လုပ်ငန်းရှင်တွေအပေါ်မှာ ယုံကြည်မှုရှိတယ်၊ အဲ့ဒီကိစ္စတွေပေါ့။မဟုတ်ရင်တော့ လုပ်ငန်းရှင်တွေအနေနဲ့ ယုံကြည်မှု သူ့ဟာသူအားနည်းလာရင် လုပ်ချင်ကိုင်ချင်စိတ်မရှိလို့ ဆိုရင်တော့ ဒီလိုပဲ သူတို့ကတော့ အရှုံးခံပြီးတော့ လုပ်မှာမဟုတ်ဘူး။ဟုတ်တယ်မဟုတ်လား။သူသူငါငါလေ။သူတို့အနေနဲ့က အခြေအနေတစ်ခုပြောင်းမလား စောင့်နေတယ်။အဲ့လိုလုပ်တော့ တဖြေးဖြေးကျသွားတယ်၊ နောက်တစ်ခုက ဆရာစိတ်ပူတာက စီးပွားရေးလုပ်ငန်းတွေ တော်တော်များများက Extend ပေ့ါနော်။

ချဲ့ထွင်ဖို့ စဉ်းစားတဲ့ စီးပွားရေးလုပ်ငန်းက တော်တော်ရှားနေပြီ။အားလုံးက ရှိတဲ့အခြေအနေတစ်ခုကိုပဲ ထိန်းပြီးတော့ ကျစ်ကျစ်လစ်လစ်ဖြစ်အောင် လုပ်နေကြတာ။အဲ့ဒီတော့ အဲ့ဒါကို ကုမ္ပဏီတစ်ခုချင်း တစ်ခုချင်း ဒီမူဝါဒကို သွားကျင့်သုံးရင် စီးပွားရေးကျုံ့သွားမယ်။ဟုတ်တယ်မဟုတ်လား။လိုချင်တာက စီးပွားရေးချဲ့ဖို့ လိုချင်တာ။အရင်တုန်းက မရှိတဲ့ Package တွေ တင်ဒါတွေဘာတွေ ဒါတွေလုပ်ဖို့လိုတယ်။အဲ့ဒီတော့ အခု အမေရိကန်နဲ့ပဲ ပြောမယ်။အမေရိကန်ဆိုရင် infrastructure ပေ့ါ။အခြေခံအဆောက်အအုံတွေကို အကြီးအကျယ် Project ကို ချပေးတာမျိုး။ရဲရဲဝံ့ဝံ့။ဒါပေမဲ့ ကိုယ့််ဆီမှာက ပြဿနာက ဘာလဲဆိုတော့ နိုင်ငံရေးပြဿနာဖြစ်နေတာ။Project တွေ ချပေးပြန်ရင်လည်း အခုက ဝန်ကြီးဌာနတွေက သိတဲ့အတိုင်းပဲ၊ တင်ဒါလို့ ပြောလိုက်တာနဲ့ အားလုံးကရှုံးသွားပြီ။ကိုယ့််ဘက်ကလည်း စနစ်တကျမလုပ်တတ်တဲ့ဟာလည်း ရှိနေတော့ တင်ဒါချပေးတဲ့နေရာမှာ မရိုးမသားတွေများတယ်။ဘာညာဆိုပြီးတော့ အဲ့ဒီတော့ ရှိသမျှအားလုံး တင်ဒါနဲ့လုပ်ရမယ် ဆိုပြန်တော့လည်း ပြဿနာကရှိတယ်။အဲ့ဒီတော့ ဒီတင်ဒါ Process ကြီးကို အားကိုးနေရတော့လည်း အားလုံးကြန့်ကြာတာပေါ့နော်။ဒါပေမဲ့ အဲ့ဒီလိုမျက်စိမှိတ်ပြီး လုပ်လိုက်ပြန်တော့လည်း သိတဲ့အတိုင်းပဲ၊ ဆရာတို့မှာ မလိုအပ်တဲ့ အချင်းအရာတွေ ပေါ်လာတယ်။ အဂတိလိုက်စားမှုက ဒီဘက်မှာ တွဲပြီးပါလာတာပေါ့။

Opinion Leaders ။     ။ မကြာခင်က တောင်ကိုရီးယားသမ္မတ လာရင်းနဲ့ သူတို့ဆီက စီးပွားရေးလုပ်ငန်းရှင် ၂၀၀ လောက် ပါလာတယ်၊ သူ့အရှေ့မှာလည်း ဂျပန်ကလည်း ရခိုင်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ပြောတာရှိတယ်၊ လက်ရှိမှာက သြဂုတ်လအတွင်း DICA က ထုတ်ပြန်တဲ့ စာရင်းတွေအရဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အဆိုပြုတဲ့ပမာဏက ၃ ဒသမ ၈ ဘီလျံ ကျော်ကျော်လောက်ပဲ ရှိတယ်။ဒီပမာဏက အရပ်သားအစိုးရ လက်ထက်မှာ တော်တော်ကြီးကိုအနိမ့်ဆုံး။၂၀၁၁-၂၀၁၂ နောက်ပိုင်းမှာ တော်တော်လေး ဝင်လာမှုအနည်းဆုံးပမာဏ။အဲ့ဒီတော့ တောင်ကိုရီးယားတို့၊ ဂျပန်တို့ကနေ စီးပွားရေးလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အချက်ရယ်၊ အခုနောက်ပိုင်းမှာ အခွန်အခလျှော့ချတာတွေ၊ မြေနဲ့ပတ်သက်တဲ့ဟာတွေ ဒီဘက်ကနေ လုပ်ဆောင်တဲ့အတွက်ကို အရပ်သားအစိုးရလက်ထက် နောက်ဆုံးနှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေက အခုပြန်ပြီးနိုးထလာမယ့် အခြေအနေရှိလား၊ အခုလက်ရှိဖြစ်နေတဲ့ အလုပ်လက်မဲ့ရာခိုင်နှုန်းက အထိုက်အလျောက် ပြေလည်သွားနိုင်မလား၊ ဒါမှမဟုတ် ဒီလိုပဲ နိုင်ငံရေး Conflict တွေကြောင့် ဒီအတိုင်းပဲ ဆက်ဖြစ်သွားမလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ခုနပြောတဲ့ ၂၀၁၀ နောက်ပိုင်းမှာ ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှု ဦးသိန်းစိန် လက်ထက်က ဖြစ်လာတာတွေဟာ တကယ့်ကို ဆရာတို့ပြောတဲ့ အထည်ကြီးတွေဝင်လာတာ၊ ရေနံတို့ ဓာတ်ငွေ့တို့ နောက်တစ်ခါ Telecom တို့ ဝင်လာတဲ့အခါကျတော့ သူက အထည်ကြီးတွေ ဝင်လာတော့ နှုန်းက အရင်းအနှီးပမာဏ တစ်အားတိုးတာ။ဒီဘက်ပိုင်းမှာ ဆရာတို့ နိုင်ငံရေးပြဿနာ ရခိုင်ပြဿနာကနေ စပြီးတော့ ဒီအထည်ကြီးတွေ မရှိတော့ဘူး။နောက်တစ်ခါ ဆရာတို့မှာ ရေနံတို့ဘာတို့ ဓာတ်ငွေ့တို့ဘာတို့မှာလည်း အရင်တုန်းက အထည်ကြီးဆိုတာ အဲ့ဒါပဲရတာကိုး။သန်းနဲ့ချီ ကုဋေနဲ့ချီ လုပ်တဲ့ဟာ၊ အခုဆိုရင်တော့ ဆရာတို့ပြောတဲ့ Look East ပေါ့နော်၊ အနောက်က ရင်းနှီးမြှုပ်နှံမှု မမှန်းနိုင်ဘူး။အရှေ့ပဲကြည့်ကြရအောင်ဆိုတော့ အရှေ့ကြည့်ရင် ဂျပန်တို့၊ ကိုရီးယားတို့၊ တရုတ်တို့ ကြည့်ရတာကိုး။ဂျပန်တို့ တရုတ်တို့ ကိုရီးုယားတို့ ကြည့်ပြန်ေ‌တာ့လည်း ပုံစံက ခုနပမာဏအနေနဲ့ သိပ်မများဘူးလေ။

အဲ့ဒီတော့ ဆရာတို့အနေနဲ့ ရသလောက် သွားစုနေရတာလေ။တကယ်တမ်းတော့ အထည်ကြီးတွေ လိုတာ။အဲ့ဒီတော့ အထည်ကြီးကြီးတွေ လိုတဲ့အခါကျ အခုစီမံကိန်းနှစ်မှာ ဘဏ္ဍာရေးနှစ်က နှစ်ကုန်တော့မယ်လေ၊ စက်တင်ဘာကုန်ဆိုရင် နှစ်ကုန်ပြီ။အဲ့ဒီတော့ ဆရာတို့ နှစ်မကုန်ခင် သတ်မှတ်ထားတဲ့ ရည်မှန်းချက်ကိုပြည့်ဖို့က တော်တော်လုပ်ရမှာ။နောက်တစ်ခုက ရင်းနှီးမြှုပ်နှံမှု လျာထားမှုလို့ ပြောတဲ့အခါမှာ အခုရင်းနှီးတယ်လို့ လက်မှတ်ထိုးပေမယ့် ရင်းနှီးမြှုပ်နံှမှုက ချက်ချင်းဖြစ်တာမဟုတ်ဘူးလေ။တည်ဆောက်ရေးကာလ ရှိတာကိုး၊ ဆောက်လုပ်ရေးကာလက တစ်ခါတလေ ခြောက်လရှိတယ်၊ တစ်ခါတလေ တစ်နှစ်ရှိတယ်၊ တစ်ခါတလေ သုံးနှစ်ရှိတယ်။
ဒီလိုဖြစ်တဲ့အခါကျတော့ ဒါတွေကို အကောင်အထည်ဖော်ဖို့ဆိုတာ ချက်ချင်းလက်ငင်း မဖြစ်နိုင်ဘူး။သို့သော်လည်း ဘာပဲဖြစ်ဖြစ် သမ္မတကြီးကိုယ်တိုင် လာတယ်ဆိုတော့လည်း အားတစ်ခုပေါ့။ကိုရီးယားကလည်း သူ့အရင်းအနှီးတွေ။သူတို့ နောက်တစ်ခုကလည်း ဆရာတို့ တရုတ်နဲ့ အမေရိကန် Trade War ကြောင့်ပေါ့နော်၊ တရုတ်ကုမ္ပဏီ ဒီဘက်ကို ရွှေ့လာတဲ့ လက္ခဏာတွေတော့ တွေ့ရတယ်၊ ဆရာတို့က ဒီဘက်ကိုပဲ အရှေ့ပဲအားကိုးရတော့မယ်ပေါ့နော်၊ အနောက်ကိုအားကိုးရဖို့ကတော့ ကာလတိုကတော့ မဖြစ်နိုင်ဘူးလို့ အောက်မေ့တာပါပဲ။

Opinion Leaders ။     ။ ဟုတ်ကဲ့ ဆရာ။အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
စက်တင်ဘာ - ၂၆

( Zawgyi )

မၾကာမီက ဝင္ေငြခြန္ႏွင့္ ပတ္သက္ၿပီး ႏႈန္းထားမ်ား ေလွ်ာ့ခ်သတ္မွတ္ခဲ့သျဖင့္ ကာလအတန္ၾကာ ေအးစက္နသည့္ အိမ္ၿခံ၊ ကားႏွင့္ တိုက္ခန္း၊ ကြန္ဒို စသည့္ အေရာင္းအဝယ္ေလာက လႈပ္လာခဲ့ပါတယ္။ထိုမွ တစ္ႏြယ္ငင္တစ္စင္ပါ ဆိုသလို ေဆာက္လုပ္ေရးေလာကဘက္တြင္ပါ လႈပ္ခတ္မည့္ အရိပ္ေယာင္မ်ား ႏိုးထလာသည္ကိုလည္း ေတြ႕လာရပါတယ္။သို႔ေသာ္ အျခားတစ္ဖက္တြင္  မူးယစ္ေဆးဝါးမွရရွိသည့္ ႀကီးမားေသာပမာဏရွိသည့္ ေငြမည္းမ်ား ျမန္မာ့စီးပြားေရးေလာကထဲ ဝင္လာမည္ကို စိုးရိမ္မႈမ်ားလည္း ရွိခဲ့ပါတယ္။ေတာင္ကိုရီးယားသမၼတ လာေရာက္ျခင္း၊ ဂ်ပန္မွ ျမန္မာႏိုင္ငံအတြင္း ရင္းႏွီးျမဳပ္ႏွံမႈ တိုးျမင့္လာျခင္း စသည့္ က်ဆင္းေနသည့္ ျမန္မာစီးပြားေရးအတြက္ အားတက္စရာအခ်က္မ်ားလည္း ျဖစ္ထြန္းလာမႈလည္း ရွိခဲ့ပါတယ္။ထိုအေျခအေနႏွင့္ လတ္တေလာ ျပည္တြင္းႏိုင္ငံေရး အေျခအေနမ်ားအရ လာမည့္ အရပ္သားအစိုးရ လက္က်န္ကာလတြင္း ျမန္မာ့စီးပြားေရး အေျခအေနကို ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ လတ္တေလာ ဘ႑ာေရးစနစ္ႏွင့္ စီးပြားေရးအလားအလာအေပၚ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ မၾကာခင္က လႊတ္ေတာ္မွာ  အတည္ျပဳလိုက္တဲ့ ၃ ရာခိုင္ႏႈန္း Tax နဲ႔ ပတ္သက္ၿပီး ကားေဈးကြက္ရယ္၊ အိမ္ၿခံေျမေဈးကြက္ရယ္ လႈပ္ခတ္လာတာရွိတယ္။ေနာက္တစ္ခုက လူအေတာ္မ်ားမ်ားနဲ႔ စီးပြားေရးပညာရွင္အခ်ိဳ႕က ေထာက္ျပေနတာရွိတယ္။ဒီလို အခြန္ေလွ်ာ့ခ်ေပးတာ ေငြမည္းေတြ၊ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္တဲ့ ေငြမည္းေတြ၊ တျခားေသာ လာဘ္စားမႈနဲပတ္သက္တဲ့ ေငြမည္းေတြပါ ပုံစံေျပာင္းၿပီး ဝင္လာတဲ့အခါက်လို႔ရွိရင္ ေရတိုမွာေတာ့ အဆင္ေျပႏိုင္ေပမယ့္ ေရရွည္မွာ ျမန္မာေငြက်ပ္ တန္ဖိုးက ထိုးက်သြားႏိုင္တယ္လို႔ ေထာက္ျပမႈေတြရွိတယ္။အဲ့ဒီအေျခအေနေတြက ျမန္မာႏိုင္ငံရဲ႕ ေတာ္ေတာ္ေလးမေကာင္းတဲ့ စီးပြားေရးအေျခအေနေပၚမွာ ဘယ္လိုသက္ေရာက္ႏိုင္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာထင္တာေတာ့ေပါ့ေနာ္၊ အစိုးရအေနနဲ႔ ဒီစီးပြားေရးနဲ႔ ပတ္သက္လာရင္ လက္ရွိအေျခအေနကို သူတို႔လက္ခံထားတာက စီးပြားေရးက ေတာ္ေတာ္ေလး အေျခအေနေကာင္းတယ္။အရာရာမွာ GDP ေတြ တက္ေနတယ္၊ သူတို႔မွာ ဘာမွအခက္အခဲမရွိဘူး။ဒါ တစ္ဖက္က လက္ခံထားတာ။

ဒါေပမဲ့ လုပ္ငန္းရွင္ေတြ၊ တကယ့္ကိုေနာ္ လုပ္ငန္းေတြနဲ႔ နီးစပ္တဲ့သူေတြက ဒီအေျခအေနဟာ စိုးရိမ္စရာရွိတယ္လို႔ ေျပာေနတယ္။အဲ့ဒီႏွစ္ခုၾကားထဲမွာ အခုဒီလိုလုပ္ၾကည့္တာေပါ့။ဆရာထင္တယ္ သူတို႔လည္း စမ္းေတာ့စမ္းေနတယ္ ထင္တယ္။စမ္းေနတာက Tax နဲ႔ ပတ္သက္လို႔ အခြန္အခကိုမ်ား ေလွ်ာ့လိုက္ရင္ လူေတြ စီးပြားေရးလုပ္ခ်င္တဲ့စိတ္ ပိုလာမလားလို႔။ဆရာတို႔ ခဏခဏေျပာတဲ့ကိစၥေပ့ါ။Tax ကို တစ္ဖက္ကလူေတြ နားလည္တာ အမ်ားနားလည္တာက ႏိုင္ငံေရးတာဝန္ရွိတဲ့သူေတြ နားလည္တာက Tax ကို ႏိုင္ငံေတာ္အစိုးရရဲ႕ ဝင္ေငြတစ္ခုအေနနဲ႔ပဲ နားလည္တာ။အဲ့ဒီလိုနားလည္တဲ့အတြက္ သူတို႔က ႏိုင္ငံေတာ္အစိုးရရဲ႕ဝင္ေငြ တိုးသထက္တိုးေအာင္ Tax ကို တိုးေကာက္မယ္။Tax တိုးေကာက္တဲ့အခါမွာလည္း သူတို႔ရဲ႕ စဥ္းစားခ်က္က ႏႈန္းကိုတိုးမယ္လို႔ အၿမဲတမ္းစဥ္းစားတယ္ေလ။သူတို႔တြက္တာက ႏႈန္းတိုးရင္ Tax တက္လာလိမ့္မယ္လို႔ အဲ့ဒီလိုပဲ သူတို႔ေယဘုယ်အားျဖင့္ သူတို႔ခံယူၾကတယ္။

အဲ့ဒီေတာ့ အဲ့ဒီလိုခံယူတဲ့အခါမွာ သူတို႔စဥ္းစားခ်က္မွာ နည္းနည္းေလး သတိထားဖို႔ကိုလိုတာ။သတိမထားတာေနာ္။Tax က ဘက္ႏွစ္ခုျဖစ္ေနတာေပါ့။ေကာက္တဲ့လူက တစ္ပိုင္း၊ ေပးရတဲ့လူက တစ္ပိုင္း။အဲ့ဒီေတာ့ အခုက သူတို႔ေတြရဲ႕ စဥ္းစားခ်က္က ေကာက္တဲ့သူဘက္ကပဲ အခြန္အခေၾကးေငြေတြ ဝင္ေငြမ်ားမ်ားလုပ္မယ္ စဥ္းစားေတာ့ ေပးတဲ့သူဘက္ကို လွည့္မၾကည့္ဘူးျဖစ္ေနတယ္။အခုၾကည့္ရတာက သူတို႔ေပးတဲ့သူ မ်ားမ်ားေပးခ်င္ေအာင္ Tax Rate ကို ေလွ်ာ့ခ်တယ္ထင္တယ္။အဲ့ဒီေတာ့ Tax Rate ကို ေလွ်ာ့ၾကည့္ေတာ့ ဆရာတို႔အေနနဲ႔ စီးပြားေရးေပၚလစီ လုပ္တဲ့အခါမွာ ခုနေမးခြန္းထဲမွာ ပါတဲ့ကိစၥေပါ့၊ တစ္ခ်ိဳ႕ေတြက ေျပာလာတာက ေငြမည္းေတြ ဘယ္လိုျဖစ္သြားမလဲေနာ္။
ေငြမည္းေတြျဖစ္ေနတယ္ဆိုတဲ့ စိုးရိမ္စိတ္ကလည္းရွိတယ္။အရင္တုန္းကမဟုတ္တာ တျခားနည္းနဲ႔ ဝင္ေငြရတာေတြကို တရားဝင္အသိအမွတ္ျပဳလိုက္လား ဘာညာဆိုတာမ်ိဳး။

အဲ့ဒီေတာ့ ဒီေနရာၾကည့္လို႔ရွိရင္ ဆရာတို႔ ဘာထူးျခားလဲဆိုရင္ ကိုယ့္ႏိုင္ငံတစ္ခုတည္း မဟုတ္ဘူး၊ ဥပမာ - အင္ဒိုနီးရွားမွာ သမၼတသစ္က အဲ့ဒီလိုပဲလုပ္ခဲ့တာေလ။Tax ကို ေလွ်ာ့ေပးတယ္၊ Tax ကို မေကာက္ေတာ့ဘူးလုပ္ေတာ့ ဒီလိုပဲ ေဝဖန္မႈေတြရွိခဲ့တယ္ေလ။ေဝဖန္မႈေတြရွိခဲ့တာ ဒါဆိုရင္ေတာ့ မတရားတဲ့နည္းနဲ႔ ရခဲ့တာေတြကို ေငြမည္းေတြ ေငြျဖဴျဖစ္ကုန္ၿပီဘာညာ စိုးရိမ္တာေတြရွိတယ္၊ အဲ့ဒီေတာ့ တစ္ခုပဲ။ေျပာတဲ့ ေဝဖန္တဲ့ သုံးသပ္တဲ့သူေတြအေနနဲ႔ကေတာ့ အစိုးရခမ်ာမွာလည္း သူ႔မွာခ်ိန္ဆေနရတာေပါ့ေနာ္၊ တစ္ခုသိတာေတာ့ ဒီအတိုင္းဆက္လုပ္ေနတာက အဆင္မေျပတာေသခ်ာတယ္။ ဟုတ္တယ္ေနာ္၊ ဒီအတိုင္းလုပ္ေနလို႔ကေတာ့ လူေတြ စီးပြားေရးလုပ္တဲ့သူေတြ လုပ္ခ်င္ကိုင္ခ်င္စိတ္မရွိဘူး။အဲ့ဒီေတာ့ လုပ္ခ်င္ကိုင္ခ်င္စိတ္ရွိေအာင္ စီးပြားေရးကို ဆရာတို႔ေခၚတဲ့ Jump Start ေပါ့။ကားကို တြန္းႏႈိးတဲ့ပုံစံမ်ိဳး လုပ္ၾကည့္တာေပါ့ေလ။

အဲ့ဒီေတာ့ တြန္းႏႈိးတဲ့အခါမ်ိဳး လုပ္ၾကည့္တဲ့ဟာကို အခ်ိန္တစ္ခုေတာ့ ေပးရမယ္ထင္တယ္။ဒီ တကယ္ပဲ အခြန္ေတြေလွ်ာ့လိုက္လို႔ လုပ္ခ်င္ကိုင္ခ်င္စိတ္ တိုးလာရင္ စီးပြားေရးႏိုးလာမယ္ဆိုတဲ့ အေနအထားေပါ့။တစ္ဖက္ကလည္း သူ႔အေနနဲ႔ေပါ့ေလ ေပၚလစီလုပ္တဲ့အခါမွာ တစ္ဖက္က စီးပြားေရးၾကပ္တယ္လို႔ ေျပာေပမယ့္၊ Tax ကို ေလွ်ာ့လိုက္တာဟာလည္း စီးပြားေရးကို ဒီထက္တိုးေအာင္ လုပ္တဲ့ပုံစံျဖစ္တယ္လို႔ ေျပာလို႔ရတယ္ေလ။အဲ့ဒီေတာ့ အဆင့္ေတာ့ ညီေအာင္ပဲ စဥ္းစားဖို႔ေကာင္းတယ္ ထင္တယ္။ေပၚလစီက တစ္ဖက္က စီးပြားေရးေကာင္းတယ္ဆိုရင္ ဒါလုပ္စရာမလိုဘူးေလ။စီးပြားေရးအေျခအေနေၾကာင့္သာ ဒါလုပ္ရမွာ။

အဲ့ဒီလိုစဥ္းစားလိုက္ရင္ေတာ့ ဆရာထင္တယ္ အေျဖတစ္ခုေတာ့ ရလိမ့္္မယ္လို႔ထင္တယ္။သူတို႔ခမ်ာမွာလည္း ပုံစံအမ်ိဳးမ်ိဳးနဲ႔ စဥ္းစားေနဟန္တူတယ္။ဒီထက္တိုးေအာင္ ဘယ္လိုလုပ္မလဲ။ေနာက္တစ္ခုက ဆရာတို႔မွာ ဒီစီးပြားေရးတစ္ခုတည္း မဟုတ္ဘူးေလ။ႏိုင္ငံေရးအေျခအေနကလည္း ရွိေနတာကိုး။အဲ့ဒီေတာ့ ဒီဘက္ကို နီးကပ္လာေလေလ ေ႐ြးေကာက္ပြဲ နီးကပ္လာေလေလ၊ စီးပြားေရးရဲ႕ ႏိုးၾကားမႈက အေရးပါလာတယ္၊ အဲ့ဒီေတာ့ အခု တျခားႏိုင္ငံမွာလည္း ၾကည့္ရင္ ထရမ့္ အတင္းေျပာေနပဲ၊ ဗဟိုဘဏ္ရဲ႕ Rate ကို အတိုးႏႈန္းကိုခ်ဖို႔။အတင္းကိုေျပာေနတာ၊ ဘာေၾကာင့္လဲဆိုရင္ သူ႔စိတ္ထဲမွာ ဒီလိုအတိုးႏႈန္းခ်လိုက္ရင္ သူကေတာ့ အခြန္ေရာ အတိုးေရာ ႏွစ္ခုစလုံးကိုင္တာ။

သူ႔ရဲ႕ စီးပြားေရးေပၚလစီကေတာ့ ရွင္းတယ္၊ စီးပြားေရးလုပ္ခ်င္ေအာင္ စီးပြားေရးလုပ္ခ်င္တဲ့ ေငြေခ်းတဲ့သူေတြ လြယ္လြယ္ကူကူေခ်းေအာင္ တတ္ႏိုင္သမွ် Rate ေလွ်ာ့ပစ္မွာလို႔ သူကေတာ့ အဲ့ဒီလိုစဥ္းစားတယ္။ေနာက္တစ္ဖက္ကလည္း အခြန္ဆိုလည္း သူကေတြးတာေတာ့ ဒါကေတာ့ ႏိုင္ငံေရး ေဘာဂေဗဒေပါ့၊ သူေတြးတာေတာ့ ဘာလဲဆိုရင္ တကယ္ေပးတဲ့ တကယ္ထမ္းထားတဲ့သူဆီမွာ အခြန္မေကာက္ေတာ့ဘူး၊ အဲလိုဆိုၿပီး လုပ္ပစ္တာ။အဲ့ဒီလိုလုပ္လိုက္ေတာ့ ဒီကုန္ပစၥည္းေတြက အခြန္ေပးစရာ မလိုမွန္းသိေတာ့ စီးပြားေရးတိုးလုပ္လာတာေပါ့၊ အဲဒီေတာ့ တိုးလုပ္လာေတာ့ တစ္ဖက္က ႐ုတ္တရက္ၾကည့္လိုက္ရင္ ပုံမွန္စဥ္းစားခ်က္အရ အခြန္ေတြ မေကာက္ေတာ့ဘူး၊ အခြန္ေတြမေကာက္ေတာ့ဘူးဆိုရင္ အစိုးရဝင္ေငြ ဘယ္လိုရမလဲ ေျပာေပမယ့္ တစ္ဖက္က ဘာသြားလုပ္လိုက္သလဲဆိုရင္ အခြန္ေတြ မေကာက္ေပမယ့္ လုပ္ခ်င္တဲ့သူေတြ မ်ားလာေတာ့ စီးပြားေရးသြက္လာေတာ့ အလုပ္အကိုင္ အခြင့္အေရးေတြ မ်ားလာတယ္။လူေတြအမ်ားႀကီး ခန႔္လာေတာ့ လူေတြအမ်ားႀကီးကေန တစ္ဆင့္ စီးပြားေရးတက္လာတာေပ့ါ။

စဥ္းစားခ်က္ကေတာ့ တစ္မ်ိဳးေလ၊ ဆရာတို႔ဆီမွာ အဲ့ဒီေလာက္ရဲရဲဝံ့ဝံ့ စဥ္းစားရဲပါ့မလားေပါ့ေနာ္။အဲ့ဒီေမးခြန္းပဲ ေမးရမွာ ဟုတ္တယ္မဟုတ္လား။ကိုယ့္ဆီမွာလည္း စီးပြားေရးနဲ႔ပတ္သက္လာရင္ အေျခခံအေတြးအေခၚေတြ ဘယ္သူေတြ ဘယ္အေတြးအေခၚကို ခံယူထားလဲဆိုတာ သိပ္မေသခ်ာဘူးေလ၊ ဟုတ္တယ္ေနာ္။ဆရာတို႔ တျခားႏိုင္ငံေတြမွာေတာ့ Economics စီးပြားေရးေပၚလစီကို သူတို႔ရဲ႕ ႏိုင္ငံေရးအယူအဆကို အေျခခံၿပီး လုပ္ၾကတာကိုး။ဟုတ္တယ္မဟုတ္လား။အဲ့ဒီေတာ့ အေမရိကန္မွာဆိုရင္ အခြန္အမ်ားႀကီး ေကာက္ၿပီးေတာ့ ရတဲ့အခြန္ကို အစိုးရဆီကို အစိုးရက ဝန္ေဆာင္မႈေတြေပးမယ္။က်န္းမာေရး၊ ပညာေရး ေပးမယ္ဆိုတဲ့ အယူအဆေပါ့။republic တက္ရင္ေတာ့ Tax ကို ေလွ်ာ့ပစ္မယ္။ၿပီးေတာ့ အလုပ္လုပ္ခ်င္တဲ့သူေတြ တိုးလာလို႔ရွိရင္ သူ႔ဟာနဲ႔သူ စီးပြားေရးတက္သြားလိမ့္မယ္ ဆိုၿပီးေတာ့။အဲ့ဒါ ႏိုင္ငံေရးအယူအဆေနာ္။ဆရာထင္တာေတာ့ လက္ရွိအစိုးရအေနနဲ႔ ဘယ္လိုႏိုင္ငံေရးအယူအဆ ရွိၿပီးေတာ့ ဘယ္လိုစီးပြားေရးေပၚလစီ ခ်မွတ္ေနလဲဆိုတာကိုေတာ့ စဥ္းစားစရာေပါ့ေနာ္။

Opinion Leaders ။     ။ ေနာက္တစ္ခုက စီမံကိန္းနဲ႔ စီမံဘ႑ာက ထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြရွိတယ္ ဆရာ၊ အဲ့ဒီမွာ သူက ပ်မ္းမွ် ေငြေၾကးေဖာင္းပြမႈ ႏႈန္းထားေတြေပါ့ေနာ္၊ စုစုေပါင္းဆိုလို႔ရွိရင္ ၂၀၁၈ ထဲမွာဆိုရင္ ဇန္နဝါရီမွာ ၆ ရာခိုင္ႏႈန္း ေက်ာ္တယ္၊ ေနာက္ပိုင္း ဒီဘက္ေရာက္လာတယ္၊ ေရာက္လာတဲ့အခါက်ေတာ့ ပ်မ္းမွ်က ၄ ကေန ၅ ရာခိုင္ႏႈန္းေလာက္အထိ ရွိတယ္ဆရာ၊ ၿပီးခဲ့တဲ့ ရွစ္လပိုင္းမွာ ေငြေၾကးေဖာင္းပြမႈေတြ၊ ေ႐ႊျပႆနာတို႔ ျဖစ္လာတယ္။ျဖစ္လာတဲ့အခ်ိန္မွာ ေဈးကြက္ထဲမွာ ေဆာက္လုပ္ေရးနဲ႔ပတ္သက္တဲ့ ေဈးကြက္ထဲမွာ လုပ္ငန္းရွင္ေတာ္ေတာ္မ်ားမ်ား ထိုးရပ္လိုက္ၾကတယ္၊ ၿပီးေတာ့ တိုက္ခန္းေတြကို အနိမ့္ေဈးထိုးေရာင္းလိုက္ၾကတယ္၊ ဒါေပမဲ့ ကြန္ဒိုမီနီယံဘက္မွာက်ေတာ့ ေဈးကေတာင့္ခံထားတယ္ ဆရာ။အဲ့ဒီေတာ့ အခု ကြၽန္ေတာ္တို႔ဆီမွာ Tax ကို ဒီလိုမ်ိဳးသတ္မွတ္လိုက္တဲ့အတြက္ကို ဒီမွာေဈးကြက္ႏွစ္ခုမွာ ဒီ သာမန္လူထု လက္လွမ္းမီတဲ့ တိုက္ခန္းေဈးမွာက ဒီထက္ပိုေကာင္းလာႏိုင္လား၊ ကြန္ဒိုမီနီယံဘက္မွာ ေကာင္းလာႏိုင္သလား။ေလာေလာဆယ္မွာက ကြန္ဒိုမီနီယံဘက္မွာ ေတာက္ေလွ်ာက္တက္ေနတာ ေတြ႕ရတယ္ ဆရာ၊ ေဆာက္လုပ္ေရးေဈးကြက္က အခြန္ေလွ်ာ့တာေၾကာင့္ ဘယ္ေလာက္အထိ သြားသက္ေရာက္ႏိုင္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားနဲ႔ သူတို႔အတြက္ အခြင့္အေရးေပါ့ေနာ္။ဆရာထင္တာေတာ့ Tax နဲ႔ ပတ္သက္လာရင္ အခြင့္အေရးလို႔ယူဆလို႔ ဒီအခြင့္အေရးကို ယူၿပီးေတာ့ အိမ္ၿခံေျမ ေဆာက္လုပ္ေရးက႑ႀကီးတစ္ခုလုံး ျပန္ၿပီးေတာ့လႈပ္ႏႈိးတဲ့ အေျခအေနတစ္ခုရွိႏိုင္ေအာင္ေတာ့ စဥ္းစားၾကရမွာပဲ။ဒါေပမဲ့ ခုနေျပာသလို ေဆာက္လုပ္ေရးလုပ္ငန္းလို႔ ေျပာျပန္ရင္လည္း ခုန ဆရာတို႔ ခ်ိတ္ဆက္ၿပီးေျပာရမယ့္ ဘဏ္ကိစၥလည္း ပါေနတာကိုး။

ေဆာက္လုပ္ေရးလုပ္ငန္းေတြအားလုံးဟာ ဘဏ္နဲ႔ ဆက္စပ္ေနတယ္၊ ေရာယွက္ေနေတာ့ သီးျခားစဥ္းစားလို႔မရဘူး အေျခအေနျဖစ္ေနတာ၊ ဘဏ္ေတြမွာ ရင္ဆိုင္ေနရတဲ့ ျပႆနာေတြအားလုံးဟာ ဆရာတို႔ အေပါင္ခံပစၥည္းေတြ၊ အေပါင္ခံပစၥည္းေတြကလည္း အိမ္ၿခံေျမေတြ ခုန ကြန္ဒိုတိုက္ခန္းေတြကို အေျခခံၿပီး အေပါင္ေတြလုပ္ထားတာကိုး၊ အဲ့ဒီေတာ့ ဒီေနရာမွာ ဆရာတို႔အေနနဲ႔ ခ်က္ခ်င္း အရင္အပတ္ကလုပ္တဲ့ ေပၚလစီတစ္ခုေၾကာင့္ ခ်က္ခ်င္း effect က ဘယ္ေတာ့လာမလဲ၊ ဆရာတို႔ေခၚတာ Luck ရွိတယ္ေလ၊ ေပၚလစီခ်တာနဲ႔ effect ရတာနဲ႔က ဘယ္ေလာက္ကြာလဲေပါ့၊ ကာလတစ္ခုေတာ့ရွိတယ္၊ အဲ့ဒီကာလက တကယ္ပဲ အရွိန္ရလာမလားဆိုတာေတာ့ ဆရာတို႔ ေစာင့္္ၾကည့္ရမွာေပါ့။

အခုအေနနဲ႔ ခုနေျပာတဲ့အတိုင္းဆိုရင္ ကြန္ဒိုေဈးကြက္ေတြ။အခုကလည္း တစ္ခုရွိတာက တစ္ခ်ိဳ႕ဝင္ေငြရွိတဲ့သူက ရွိေနေသးတာကိုး။ဝင္ေငြရွိတဲ့သူက ရွိေနေပမယ့္ ခုနတိုက္ခန္းေတြ အဆင္မေျပဘူး၊ ဒါေပမဲ့ ကြန္ဒိုဘက္ကေျပာတယ္၊ အခု ၿခံေတြက်ေတာ့ လူေတြကိုင္ထားတယ္။ဘာေၾကာင့္လဲဆိုရင္ ရႈံးရင္ အရႈံးခံၿပီး ေရာင္းရမွာမလုပ္ေတာ့ဘူး။
အဲ့ဒီေတာ့ သူက ေစာင့္ေနတဲ့အေနအထားေပါ့။ဒါေတြအားလုံးက ဆရာထင္တယ္ေနာ္ စီးပြားေရးအေပၚမွာ Confident ေပ့ါ၊ ယုံၾကည္မႈပဲ။

ယုံၾကည္မႈရွိေအာင္ပဲ လုပ္ဖို႔လိုတာ။ဒီထက္ပိုၿပီး သူတို႔မ်ားမ်ားေျပာဖို႔ လိုလိမ့္မယ္လို႔ ေအာက္ေမ့တယ္။လုပ္ငန္းရွင္ေတြ၊ အကူအညီေတာင္းတယ္၊ လုပ္ငန္းရွင္ေတြအေပၚမွာ ယုံၾကည္မႈရွိတယ္၊ အဲ့ဒီကိစၥေတြေပါ့။မဟုတ္ရင္ေတာ့ လုပ္ငန္းရွင္ေတြအေနနဲ႔ ယုံၾကည္မႈ သူ႔ဟာသူအားနည္းလာရင္ လုပ္ခ်င္ကိုင္ခ်င္စိတ္မရွိလို႔ ဆိုရင္ေတာ့ ဒီလိုပဲ သူတို႔ကေတာ့ အရႈံးခံၿပီးေတာ့ လုပ္မွာမဟုတ္ဘူး။ဟုတ္တယ္မဟုတ္လား။သူသူငါငါေလ။သူတို႔အေနနဲ႔က အေျခအေနတစ္ခုေျပာင္းမလား ေစာင့္ေနတယ္။အဲ့လိုလုပ္ေတာ့ တေျဖးေျဖးက်သြားတယ္၊ ေနာက္တစ္ခုက ဆရာစိတ္ပူတာက စီးပြားေရးလုပ္ငန္းေတြ ေတာ္ေတာ္မ်ားမ်ားက Extend ေပ့ါေနာ္။

ခ်ဲ႕ထြင္ဖို႔ စဥ္းစားတဲ့ စီးပြားေရးလုပ္ငန္းက ေတာ္ေတာ္ရွားေနၿပီ။အားလုံးက ရွိတဲ့အေျခအေနတစ္ခုကိုပဲ ထိန္းၿပီးေတာ့ က်စ္က်စ္လစ္လစ္ျဖစ္ေအာင္ လုပ္ေနၾကတာ။အဲ့ဒီေတာ့ အဲ့ဒါကို ကုမၸဏီတစ္ခုခ်င္း တစ္ခုခ်င္း ဒီမူဝါဒကို သြားက်င့္သုံးရင္ စီးပြားေရးက်ဳံ႔သြားမယ္။ဟုတ္တယ္မဟုတ္လား။လိုခ်င္တာက စီးပြားေရးခ်ဲ႕ဖို႔ လိုခ်င္တာ။အရင္တုန္းက မရွိတဲ့ Package ေတြ တင္ဒါေတြဘာေတြ ဒါေတြလုပ္ဖို႔လိုတယ္။အဲ့ဒီေတာ့ အခု အေမရိကန္နဲ႔ပဲ ေျပာမယ္။အေမရိကန္ဆိုရင္ infrastructure ေပ့ါ။အေျခခံအေဆာက္အအုံေတြကို အႀကီးအက်ယ္ Project ကို ခ်ေပးတာမ်ိဳး။ရဲရဲဝံ့ဝံ့။ဒါေပမဲ့ ကိုယ့္္ဆီမွာက ျပႆနာက ဘာလဲဆိုေတာ့ ႏိုင္ငံေရးျပႆနာျဖစ္ေနတာ။Project ေတြ ခ်ေပးျပန္ရင္လည္း အခုက ဝန္ႀကီးဌာနေတြက သိတဲ့အတိုင္းပဲ၊ တင္ဒါလို႔ ေျပာလိုက္တာနဲ႔ အားလုံးကရႈံးသြားၿပီ။ကိုယ့္္ဘက္ကလည္း စနစ္တက်မလုပ္တတ္တဲ့ဟာလည္း ရွိေနေတာ့ တင္ဒါခ်ေပးတဲ့ေနရာမွာ မ႐ိုးမသားေတြမ်ားတယ္။ဘာညာဆိုၿပီးေတာ့ အဲ့ဒီေတာ့ ရွိသမွ်အားလုံး တင္ဒါနဲ႔လုပ္ရမယ္ ဆိုျပန္ေတာ့လည္း ျပႆနာကရွိတယ္။အဲ့ဒီေတာ့ ဒီတင္ဒါ Process ႀကီးကို အားကိုးေနရေတာ့လည္း အားလုံးၾကန႔္ၾကာတာေပါ့ေနာ္။ဒါေပမဲ့ အဲ့ဒီလိုမ်က္စိမွိတ္ၿပီး လုပ္လိုက္ျပန္ေတာ့လည္း သိတဲ့အတိုင္းပဲ၊ ဆရာတို႔မွာ မလိုအပ္တဲ့ အခ်င္းအရာေတြ ေပၚလာတယ္။ အဂတိလိုက္စားမႈက ဒီဘက္မွာ တြဲၿပီးပါလာတာေပါ့။

Opinion Leaders ။     ။ မၾကာခင္က ေတာင္ကိုရီးယားသမၼတ လာရင္းနဲ႔ သူတို႔ဆီက စီးပြားေရးလုပ္ငန္းရွင္ ၂၀၀ ေလာက္ ပါလာတယ္၊ သူ႔အေရွ႕မွာလည္း ဂ်ပန္ကလည္း ရခိုင္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြလုပ္ဖို႔ ေျပာတာရွိတယ္၊ လက္ရွိမွာက ၾသဂုတ္လအတြင္း DICA က ထုတ္ျပန္တဲ့ စာရင္းေတြအရဆိုရင္ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ အဆိုျပဳတဲ့ပမာဏက ၃ ဒသမ ၈ ဘီလ်ံ ေက်ာ္ေက်ာ္ေလာက္ပဲ ရွိတယ္။ဒီပမာဏက အရပ္သားအစိုးရ လက္ထက္မွာ ေတာ္ေတာ္ႀကီးကိုအနိမ့္ဆုံး။၂၀၁၁-၂၀၁၂ ေနာက္ပိုင္းမွာ ေတာ္ေတာ္ေလး ဝင္လာမႈအနည္းဆုံးပမာဏ။အဲ့ဒီေတာ့ ေတာင္ကိုရီးယားတို႔၊ ဂ်ပန္တို႔ကေန စီးပြားေရးလုပ္ငန္းရွင္ေတြ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဝင္လာတဲ့အခ်က္ရယ္၊ အခုေနာက္ပိုင္းမွာ အခြန္အခေလွ်ာ့ခ်တာေတြ၊ ေျမနဲ႔ပတ္သက္တဲ့ဟာေတြ ဒီဘက္ကေန လုပ္ေဆာင္တဲ့အတြက္ကို အရပ္သားအစိုးရလက္ထက္ ေနာက္ဆုံးႏွစ္မွာ ေဆာက္လုပ္ေရးလုပ္ငန္းေတြက အခုျပန္ၿပီးႏိုးထလာမယ့္ အေျခအေနရွိလား၊ အခုလက္ရွိျဖစ္ေနတဲ့ အလုပ္လက္မဲ့ရာခိုင္ႏႈန္းက အထိုက္အေလ်ာက္ ေျပလည္သြားႏိုင္မလား၊ ဒါမွမဟုတ္ ဒီလိုပဲ ႏိုင္ငံေရး Conflict ေတြေၾကာင့္ ဒီအတိုင္းပဲ ဆက္ျဖစ္သြားမလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ခုနေျပာတဲ့ ၂၀၁၀ ေနာက္ပိုင္းမွာ ဝင္လာတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈ ဦးသိန္းစိန္ လက္ထက္က ျဖစ္လာတာေတြဟာ တကယ့္ကို ဆရာတို႔ေျပာတဲ့ အထည္ႀကီးေတြဝင္လာတာ၊ ေရနံတို႔ ဓာတ္ေငြ႕တို႔ ေနာက္တစ္ခါ Telecom တို႔ ဝင္လာတဲ့အခါက်ေတာ့ သူက အထည္ႀကီးေတြ ဝင္လာေတာ့ ႏႈန္းက အရင္းအႏွီးပမာဏ တစ္အားတိုးတာ။ဒီဘက္ပိုင္းမွာ ဆရာတို႔ ႏိုင္ငံေရးျပႆနာ ရခိုင္ျပႆနာကေန စၿပီးေတာ့ ဒီအထည္ႀကီးေတြ မရွိေတာ့ဘူး။ေနာက္တစ္ခါ ဆရာတို႔မွာ ေရနံတို႔ဘာတို႔ ဓာတ္ေငြ႕တို႔ဘာတို႔မွာလည္း အရင္တုန္းက အထည္ႀကီးဆိုတာ အဲ့ဒါပဲရတာကိုး။သန္းနဲ႔ခ်ီ ကုေဋနဲ႔ခ်ီ လုပ္တဲ့ဟာ၊ အခုဆိုရင္ေတာ့ ဆရာတို႔ေျပာတဲ့ Look East ေပါ့ေနာ္၊ အေနာက္က ရင္းႏွီးျမႇဳပ္ႏွံမႈ မမွန္းႏိုင္ဘူး။အေရွ႕ပဲၾကည့္ၾကရေအာင္ဆိုေတာ့ အေရွ႕ၾကည့္ရင္ ဂ်ပန္တို႔၊ ကိုရီးယားတို႔၊ တ႐ုတ္တို႔ ၾကည့္ရတာကိုး။ဂ်ပန္တို႔ တ႐ုတ္တို႔ ကိုရီးုယားတို႔ ၾကည့္ျပန္ေ‌တာ့လည္း ပုံစံက ခုနပမာဏအေနနဲ႔ သိပ္မမ်ားဘူးေလ။

အဲ့ဒီေတာ့ ဆရာတို႔အေနနဲ႔ ရသေလာက္ သြားစုေနရတာေလ။တကယ္တမ္းေတာ့ အထည္ႀကီးေတြ လိုတာ။အဲ့ဒီေတာ့ အထည္ႀကီးႀကီးေတြ လိုတဲ့အခါက် အခုစီမံကိန္းႏွစ္မွာ ဘ႑ာေရးႏွစ္က ႏွစ္ကုန္ေတာ့မယ္ေလ၊ စက္တင္ဘာကုန္ဆိုရင္ ႏွစ္ကုန္ၿပီ။အဲ့ဒီေတာ့ ဆရာတို႔ ႏွစ္မကုန္ခင္ သတ္မွတ္ထားတဲ့ ရည္မွန္းခ်က္ကိုျပည့္ဖို႔က ေတာ္ေတာ္လုပ္ရမွာ။ေနာက္တစ္ခုက ရင္းႏွီးျမႇဳပ္ႏွံမႈ လ်ာထားမႈလို႔ ေျပာတဲ့အခါမွာ အခုရင္းႏွီးတယ္လို႔ လက္မွတ္ထိုးေပမယ့္ ရင္းႏွီးျမႇဳပ္နံွမႈက ခ်က္ခ်င္းျဖစ္တာမဟုတ္ဘူးေလ။တည္ေဆာက္ေရးကာလ ရွိတာကိုး၊ ေဆာက္လုပ္ေရးကာလက တစ္ခါတေလ ေျခာက္လရွိတယ္၊ တစ္ခါတေလ တစ္ႏွစ္ရွိတယ္၊ တစ္ခါတေလ သုံးႏွစ္ရွိတယ္။
ဒီလိုျဖစ္တဲ့အခါက်ေတာ့ ဒါေတြကို အေကာင္အထည္ေဖာ္ဖို႔ဆိုတာ ခ်က္ခ်င္းလက္ငင္း မျဖစ္ႏိုင္ဘူး။သို႔ေသာ္လည္း ဘာပဲျဖစ္ျဖစ္ သမၼတႀကီးကိုယ္တိုင္ လာတယ္ဆိုေတာ့လည္း အားတစ္ခုေပါ့။ကိုရီးယားကလည္း သူ႔အရင္းအႏွီးေတြ။သူတို႔ ေနာက္တစ္ခုကလည္း ဆရာတို႔ တ႐ုတ္နဲ႔ အေမရိကန္ Trade War ေၾကာင့္ေပါ့ေနာ္၊ တ႐ုတ္ကုမၸဏီ ဒီဘက္ကို ေ႐ႊ႕လာတဲ့ လကၡဏာေတြေတာ့ ေတြ႕ရတယ္၊ ဆရာတို႔က ဒီဘက္ကိုပဲ အေရွ႕ပဲအားကိုးရေတာ့မယ္ေပါ့ေနာ္၊ အေနာက္ကိုအားကိုးရဖို႔ကေတာ့ ကာလတိုကေတာ့ မျဖစ္ႏိုင္ဘူးလို႔ ေအာက္ေမ့တာပါပဲ။

Opinion Leaders ။     ။ ဟုတ္ကဲ့ ဆရာ။အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
စက္တင္ဘာ - ၂၆