【 ဆောင်းပါး 】 အသေဆိုးနေဆဲသော ဖားကန့်ပြဿနာ

【 ဆောင်းပါး 】 အသေဆိုးနေဆဲသော ဖားကန့်ပြဿနာ

Safety First ဆိုသည့် ဝေါဟာရမှာ မြို့ပြမျက်လုံးနှင့် သိပ်မစိမ်းလှဟုထင်၏။စက်ရုံထဲကိုဝင်မလား၊ လုပ်ငန်းခွင်တစ်ခုခုထဲဝင်မလား။အများမြင်သာအောင် အနီရောင်အောက်ခံပေါ် ခပ်ကြီးကြီးရေးထားသော Safety First ကို တွေ့ရမြဲ။စက်ရုံအများစုတွင်ဆို ဒီလိုစာလုံးမျိုးက တစ်နေရာတည်းတွင်မဟုတ်၊ နေရာစုံတွင် ရေးသားထားကြောင်း တွေ့ရသည်။

စက်ရုံအချို့တွင်မူ အင်္ဂလိပ်စာ မတတ်သော လုပ်သားများ သေချာမသိမှာစိုးလို့လားမသိ။"ဘေးအန္တရာယ် ကင်းရှင်းရေးသည် ပထမ” ဟု မြန်မာလို ပြန်ဆိုရေးသားထားသည်ကိုလည်း တွေ့ရသည်။ဘေးအန္တရာယ် ကင်းရှင်းရေးသည် ပထမဆိုတော့ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းဖို့ထက် အရေးကြီးတာ ဘာမှမရှိသည့်သဘော။လူတစ်ယောက်ချင်းစီ၏ ခန္ဓာကိုယ်နှင့် အသက်ကို နံပါတ်တစ် ဦးစားပေး တန်ဖိုးထားသည့်သဘော။

တကယ့်တကယ်ရော ဦးစားပေးရဲ့လားလို့ စက်ရုံလုပ်သားတစ်ဦးဦးကို မေးကြည့်လိုက်လျှင်တော့ အဲသလို ဦးစားပေးမှန်း တစ်ခါမှ မစဉ်းစားဖူးဘူးဟု ပြန်ဖြေမှာက သေချာသည်။Safety ဖိနပ် စီးပြီးမှ အလုပ် လုပ်ရမည့် လုပ်ငန်းခွင်တွင် ခြေညှပ်ဖိနပ်နှင့် လုပ်နေသူကမနည်း။Safety ခါးပတ် မပါဘဲ နံရံပေါ် တက်နေသူကလည်း ဒုနဲ့ဒေး။Safety မျက်မှန် မပါဘဲ ဝရိန်ဆော်နေသူတွေကလည်းမနည်း။ကိုယ်တိုင်ကလည်း လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံများကို လက်တွေ့ လိုက်နာဆောင်ရွက်မှု အားနည်းသလို လုပ်ငန်းရှင်များကလည်း ထိုသို့စီမံပေးမှု အားနည်းသည်မှာ မြန်မာတွင် အစဉ်အလာတစ်ရပ်လိုပင် ဖြစ်သည်။

ကျနော်ငယ်စဉ်က စက်ရုံ ၃ ရုံတွင် အလုပ် လုပ်ခဲ့ဖူးသည်။ထို ၃ ရုံထဲတွင် တစ်ရုံက နိုင်ငံတကာအဆင့်မီသော ပြည်တွင်း၊ ပြည်ပ ဖက်စပ်စက်ရုံ။Safety အရာရှိဆိုလို့ ထိုစက်ရုံတစ်ရုံတွင်သာရှိသည်။သို့သော်၊ အများ၏ အမြင်တွင် Safety အရာရှိ ဆိုသည်မှာ အလုပ်အကိုင် ရေရေရာရာမရှိ၊ ယောင်ဝါးဝါးဖြင့် အချောင် လစာရနေသော ပုဂ္ဂိုလ်။အလုပ်ပြီးမြောက်မှု၊ ထွက်ကုန်တိုးတက်ရေးကို ခေါင်းထဲမထည့်သူ။ကြာလာတော့ Safety လုပ်ငန်းစဉ်ကိုရော Safety အရာရှိကိုပါ ပေါတောတောဟု မြင်လာကြသည်အထိ Safety First မှာ အောင်မြင်ခဲ့သည်။

ပြီးခဲ့သည့် သြင်္ကန်က ဇာတိမြေ ဘီလူးကျွန်းသို့ပြန်သည်။အသွားရော အပြန်ပါ အဝေးပြေးကားစီးခြင်း ဖြစ်သည်။အသွားရော အပြန်ပါ ထိုင်ခုံတွင် ခါးပတ်မပါ။ယာဉ်နောက်လိုက်ကို မေးကြည့်တော့ ခါးပတ် ပတ်ရန် မလို၊ စိတ်ချလက်ချသာစီး ဆိုသည့်ပုံစံမျိုး နောက်တောက်တောက်ပြောခြင်း ခံရသည်။ယာဉ်နောက်လိုက်က ကျနော့်ကို သိပ်ကျပ်မပြည့်ဘူးဟုလည်း ထင်ပုံရသည်။ဘာကြောင့်လဲဆိုတော့ ခရီးသည်အားလုံးတွင် ခါးပတ်မေးတာဆိုလို့ ကျနော်တစ်ယောက်တည်း ရှိခြင်းကြောင့်ပင်။တခြားခရီးသည်များကို အကဲခတ်ကြည့်လိုက်တော့ ခါးပတ်မရှိခြင်းကြောင့် သူတို့အတွက် မည်သည့်အနှောက်အယှက်မှ ရှိပုံမပေါ်။

ထိုင်ခုံရှိ ခါးပတ်နေရာကို စမ်းကြည့်တော့ ခါးပတ်အပေါက်တွေ ဘာတွေ တွေ့ရသဖြင့် ကားဝယ်ယူစဉ်အခါက ခါးပတ်ပါခဲ့ပုံရပြီး မည်သည့်အကြောင်းကြောင့် ဖြုတ်လိုက်သလဲမသိ။အဝေးပြေးကား စီးဖူးသည့် အတွေ့အကြုံများအရ ဗွီအိုင်ပီဟုဆိုသော ပုံမှန်ထက် ဈေးပိုကြီးပြီး သက်သောင့်သက်သာ စီးနိုင်သည့် ယာဉ်များတွင် ခါးပတ်ရှိပြီး ရိုးရိုးယာဉ်များတွင် ခါးပတ်မရှိ။ယာဉ်လိုင်းများက ဗွီအိုင်ပီကား စီးနိုင်သည့်လူများကိုသာ အသက်ရှိသည်ဟု မှတ်ယူထားကြသလားမသိ။တစ်ခုတော့ရှိသည်။ဗွီအိုင်ပီကားများတွင် ခါးပတ်ရှိသည့်တိုင် ခါးပတ်ပတ်သူ အရေအတွက်မှာ ကားတစ်စီးလုံး၏ သုံးပုံတစ်ပုံပင် မပြည့်။

ယာဉ်မတော်တဆမှုများကြောင့် သေပြီးရင်း သေနေသော ရန်ကုန်-မန်း အမြန်လမ်းပေါ်တွင် ထိုင်ခုံခါးပတ် မပတ်ခြင်းကြောင့် သေဆုံးမှုမှာ မည်မျှရှိနေပြီနည်း။ခါးပတ် မရှိ/မပတ်ခြင်းကြောင့် သက်ဆိုင်ရာဌာနက ထိရောက်သော အရေးယူမှုမရှိ၊ အရေးယူမှုမရှိသဖြင့် ခါးပတ်မထား၊ ထားပြန်တော့လည်း မပတ်။အဆိုးသံသရာက အချိန်မည်မျှ ဆက်လက်လည်ပတ်ဦးမည်လဲမသိ။

အဆိုးသံသရာက ဒီတစ်ခုတည်းလားဆိုတော့ မြန်မာနိုင်ငံ၏ နေရာစုံထောင့်စုံတွင်။မိမိတို့စားနေသည့် အစားအသောက်ကစလို့ မိမိတို့နေထိုင်နေသော တိုက်ခန်းကစလို့….။အဆိုးသံသရာက နှစ်များစွာ ကြာခဲ့တာမို့ အဆိုးကို ဆိုးမှန်းပင်မသိတော့သည့် အနေအထားသို့ပင် ရောက်နေပြီဖြစ်သည်။ထားတော့။

ယခုလည်း နောက်ထပ် အဆိုးသံသရာတစ်ခုကို ကြောက်မက်ဖွယ် ကြားရပြန်သည်။ဧပြီ ၂၂ ရက်နေ့၊ ည ၁၂ နာရီဝန်းကျင်။နာမည်ကျော် ဖားကန့်ဒေသအတွင်း ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ထဲသို့ ၃ ဧကကျယ်သော နွံကန်ပွင့်ကျခြင်းဖြစ်သည်။

ဘယ်လောက်ထိ ကြောက်မယ်ဖွယ် ကောင်းလိုက်လေသနည်း။ကုမ္ပဏီဝန်ထမ်း ၅၄ ဦးမှာ မြေကြီးပေါ်ရပ် အလုပ် လုပ်နေရင်း ဘာမှန်းမသိလိုက်ခင်မှာပင် နွံအောက်မြုပ်သွားခြင်းဖြစ်သည်။ပြောရလျှင် ဖြတ်ခနဲ တစ်ချက်တွင် ကိုယ့်ကိုယ်ကိုယ် သေလို့သေမှန်းပင် မသိလိုက်လေခြင်း ဖြစ်သည်။လူတင်မက လူထက် အဆများစွာ မာကျောသော စက်ယန္တရား အစီး ၄၀ ပင်လျှင် ဘယ်ပျောက်သွားမှန်း မသိသော အနေအထားမို့ ပျောက်ဆုံးအများစုမှာ အလောင်းတောင် ပြန်မရခဲ့ပေ။

အစုလိုက်အပြုံလိုက် ၅၄ ဦး သေဆုံးခြင်းဆိုတော့ ကျနော်တို့ တုန်လှုပ်ခဲ့ရသည်။ယခင့်ယခင်အတွေ့အကြုံများအရ ၅၄ ဦးကို ၃ (သို့မဟုတ်) ၄ ဖြင့် မြှောက်ရမည်လားဟု တွေးမိသည်။ဖားကန့်တွင် ဆယ်စုတစ်စုကျော်ကြာ နေထိုင် ကားမောင်းခဲ့သော ကျနော့်မိတ်ဆွေမှာမူ ဖားကန့်တွင် သေခြင်းတရားဆိုသည်မှာ သိပ်မထူးဆန်းသော အရာဟု ဆိုသဖြင့် အံအားသင့်ရပြန်သည်။
သူက ဖားကန့်ဆိုသော အရပ်မှာ Safety ဟူ၍ ဘာမှမရှိ။မည်သူမဆို အချိန်မရွေး သေဖို့ရာ လွယ်ကူသောနေရာ။သေနတ်ပေါရာနေရာ၊ မူးယစ်ဆေးဝါးပေါရာ နေရာ၊ ပိုက်ဆံပေါရာနေရာ။သေခြင်းတရားလည်း ပေါပေါများများ ရှိရာနေရာမို့ လူ့အသက်သည်လည်း ဈေးသိပ်ပေါရာ နေရာဟု ဆိုသည်။

"ဖားကန့်မှာ တောင်ပြိုတာ၊ မြေစာပုံပြိုတာ၊ ကျင်းပိတာ၊ ခဲမှန်တယ်ဆိုတာ နေ့စဉ် တစ်နေရာမဟုတ် တစ်နေရာ ဖြစ်နေကျပါပဲ။အရင်တုန်းက ဖေ့စ်ဘုတ်တွေ ဘာတွေမရှိတော့ ဘယ်လောက်သေသေ ဖားကန့် ပြင်ပကလူတွေ သေချာမသိကြဘူး။အခုမှ ဖေ့စ်ဘုတ်ရဲ့ မြန်နှုန်းအရ အကုန်သိတာ။" ဟု ၎င်းက ထပ်ပြောသည်။

ကျနော့်မိတ်ဆွေက နေ့စဉ်နဲ့အမျှဟု ဆိုလိုက်သဖြင့် ဖြုံမိသည်။ယခင်ကြားဖူးနားဝအရရော မီဒီယာအားကောင်းလာသည့် ယခုနောက်ပိုင်း မကြာခဏဆိုသလို ဖတ်နေရသော မြေစာပုံပြိုကျမှု သတင်းများအရပါ မိတ်ဆွေပြောသည့် နေ့စဉ်နဲ့အမျှကို သိပ်များနေသည်ဟုဆိုတောင် ဖားကန့်တွင် အုံလိုက်ကျင်းလိုက် မဟုတ်သည့် ပုံမှန်မဟုတ်သော သေဆုံးမှုမျိုး မကြာခဏဖြစ်ပေါ်နေသည်ဟု ကောက်ချက်ချနိုင်မည်ဟု ထင်၏။
ထား။

ယခု နွံကန်ပွင့်ကျမှု နောက်ဆက်တွဲသတင်းမှာ သေဆုံးသူများအတွက် တစ်ဦးလျှင် ကျပ်သိန်း ၃၀၀ သက်ဆိုင်ရာ ကုမ္ပဏီက လျော်ကြေးပေးမည်ဟု သိရသည်။ကျန်ရစ်သူ မိသားစုဝင်အများစုနှင့် သဘောတူညီမှု ရရှိပြီဟုလည်း သိရသည်။ကျနော့်မိတ်ဆွေက လျော်ကြေးငွေ သိန်း ၃၀၀ ပေးခြင်းမှာ တစ်နိုင်ငံလုံး ဟိုးလေးတကြော် သိရှိသွားခြင်းကြောင့်ဟု ကောက်ချက်ချသည်။

နောက်ထပ်သိရသည့် သတင်းများမှာ ဧပြီ ၂၂ ရက်နေ့ ညမှ ၂၅ ရက်နေ့ မနက်ထိ နွံကန်ပွင့်ကျမှု၊ မြေစာပုံပြိုကျမှုနှင့် ကျောက်ဆောင်ပြိုကျမှုတို့ကြောင့် စုစုပေါင်း လူ ၅၈ ဦး သေဆုံးပြီး တစ်ဦးခြေပြတ်ခဲ့ကြောင်း အခင်းဖြစ်ပွားရာသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဆောင်ကာ လာရောက်စစ်ဆေးပြီးနောက် ကုမ္ပဏီ ၁၁ ခု၏ အန္တရာယ်ရှိ လုပ်ကွက် ၁၇ ခုကို ပိတ်သိမ်းရန် ညွှန်ကြားလိုက်ကြောင်း ဧပြီ ၃၀ ရက်နေ့ထုတ် 7Day Daily သတင်းအရ သိရသည်။

သက်ဆိုင်ရာဌာန၏ ယင်းသို့သော ကိုင်တွယ်မှုအပေါ် ကြိုဆိုရမည် ဖြစ်သော်လည်း လုပ်ကွက် ၁၇ ခုကို ပိတ်သိမ်းစေခြင်းမှာ ခဏတဖြုတ်လား၊ အန္တရာယ်မရှိသော လုပ်ကွက်အဆင့်သို့ ရောက်အောင် မွမ်းမံပြီးပါက ပြန်လည်လုပ်ကိုင်ခွင့်ပြုမည်လား၊ ရာသက်ပန် ပိတ်သိမ်းခြင်းလားတော့ မသိရ။ထို့ပြင် လူ ၅၀ ကျော် သေဆုံးသော နွံကန်ပွင့်ကျမှုကို ယခုလောက် အရေးယူမှုမှာ လုံလောက်ပြီလားဟု မေးလျှင် မည်သို့ဖြေကြားမည်နည်း။

အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် ယခုလိုအလုပ်စေခိုင်းမှုမှာ ကုမ္ပဏီတာဝန်ရှိသူများက အန္တရာယ်ရှိမှန်း သိလျက် ခိုင်းစေခြင်းလား။အန္တရာယ်ရှိမှန်း သိလျက် ခိုင်းစေသည်ဆိုပါက ယင်းမှာ ဥပဒေချိုးဖောက်မှု တစ်စုံတစ်ရာ မမြောက်ပေဘူးလား။အန္တရာယ်ရှိမှန်း မသိလို့ပါဟု အကြောင်းပြပါကလည်း ဒီလောက်လုပ်ငန်းကြီးလုပ်ပြီး ဒီလောက်မသိရှိခြင်းသည် အပြစ်မရှိပေဘူးလောဟု မေးခွန်းထုတ်ရပေမည်။ထို့ပြင် သက်ဆိုင်ရာဌာနအနေဖြင့်လည်း ဒီလောက်အန္တရာယ်ရှိသော လုပ်ငန်းခွင်ကို အန္တရာယ်ရှိမှန်း ဘာ့ကြောင့် ကြိုတင်မသိရှိရသနည်း။အန္တရာယ်ရှိသော လုပ်ငန်းခွင်ကို မည်သို့သော အကြောင်းများဖြင့် လုပ်ကိုင်ခွင့်ပြုထားရသနည်း။

ဆိုလိုတာက ယခုပြဿနာနှင့် ပတ်သက်ပြီး ကုမ္ပဏီတာဝန်ရှိသူများရော ဌာနတာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမှုပြုလုပ်ကာ လူ ၅၀ ကျော် သေဆုံးမှုတွင် ၎င်းတို့ တာဝန်ရှိသည်ဟု ယူဆပါက ထိရောက်သော အရေးယူမှုများ ဆက်လက်ပြုလုပ်ရန် လိုပေမည်။

ထို့ပြင် ယခုပိတ်သိမ်းရန် ညွှန်ကြားလိုက်သော လုပ်ကွက် ၁၇ ကွက်က လွဲလို့ ကျန်လုပ်ကွက်များ အားလုံးမှာ အန္တရာယ်ရှိ လုပ်ငန်းခွင် မဟုတ်ဟု မည်သူက အာမခံမည်နည်း။ပြဿနာဖြစ်ပြီးမှ အရေးယူခြင်းထက် ပြဿနာမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းက သိပ်အရေးကြီးသဖြင့် ဖားကန့်လုပ်ကွက်များ အားလုံးကို အသေအချာ ပြန်လည်စစ်ဆေးရပေမည်။ဖားကန့်ကို ပတ်ဝန်းကျင် ပျက်စီးမှု အနည်းဆုံးဖြစ်သော၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကို ပထမထားသော လုပ်ငန်းခွင်အဖြစ် မာစတာပလန် တစ်ရပ် ရေးဆွဲတည်ဆောက်ကာ အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေသော အဆိုးသံသရာကို တိခနဲဖြတ်တောက်ရန် လိုပေမည်။

မျိုးညွန့်(Popular News)
မေ - ၂

( Zawgyi )

Safety First ဆိုသည့္ ေဝါဟာရမွာ ၿမိဳ႕ျပမ်က္လုံးႏွင့္ သိပ္မစိမ္းလွဟုထင္၏။စက္႐ုံထဲကိုဝင္မလား၊ လုပ္ငန္းခြင္တစ္ခုခုထဲဝင္မလား။အမ်ားျမင္သာေအာင္ အနီေရာင္ေအာက္ခံေပၚ ခပ္ႀကီးႀကီးေရးထားေသာ Safety First ကို ေတြ႕ရၿမဲ။စက္႐ုံအမ်ားစုတြင္ဆို ဒီလိုစာလုံးမ်ိဳးက တစ္ေနရာတည္းတြင္မဟုတ္၊ ေနရာစုံတြင္ ေရးသားထားေၾကာင္း ေတြ႕ရသည္။

စက္႐ုံအခ်ိဳ႕တြင္မူ အဂၤလိပ္စာ မတတ္ေသာ လုပ္သားမ်ား ေသခ်ာမသိမွာစိုးလို႔လားမသိ။"ေဘးအႏၲရာယ္ ကင္းရွင္းေရးသည္ ပထမ” ဟု ျမန္မာလို ျပန္ဆိုေရးသားထားသည္ကိုလည္း ေတြ႕ရသည္။ေဘးအႏၲရာယ္ ကင္းရွင္းေရးသည္ ပထမဆိုေတာ့ လုပ္ငန္းခြင္အတြင္း ေဘးအႏၲရာယ္ကင္းဖို႔ထက္ အေရးႀကီးတာ ဘာမွမရွိသည့္သေဘာ။လူတစ္ေယာက္ခ်င္းစီ၏ ခႏၶာကိုယ္ႏွင့္ အသက္ကို နံပါတ္တစ္ ဦးစားေပး တန္ဖိုးထားသည့္သေဘာ။

တကယ့္တကယ္ေရာ ဦးစားေပးရဲ႕လားလို႔ စက္႐ုံလုပ္သားတစ္ဦးဦးကို ေမးၾကည့္လိုက္လွ်င္ေတာ့ အဲသလို ဦးစားေပးမွန္း တစ္ခါမွ မစဥ္းစားဖူးဘူးဟု ျပန္ေျဖမွာက ေသခ်ာသည္။Safety ဖိနပ္ စီးၿပီးမွ အလုပ္ လုပ္ရမည့္ လုပ္ငန္းခြင္တြင္ ေျခညႇပ္ဖိနပ္ႏွင့္ လုပ္ေနသူကမနည္း။Safety ခါးပတ္ မပါဘဲ နံရံေပၚ တက္ေနသူကလည္း ဒုနဲ႔ေဒး။Safety မ်က္မွန္ မပါဘဲ ဝရိန္ေဆာ္ေနသူေတြကလည္းမနည္း။ကိုယ္တိုင္ကလည္း လုပ္ငန္းခြင္ ေဘးအႏၲရာယ္ ကင္းရွင္းေရး အစီအမံမ်ားကို လက္ေတြ႕ လိုက္နာေဆာင္႐ြက္မႈ အားနည္းသလို လုပ္ငန္းရွင္မ်ားကလည္း ထိုသို႔စီမံေပးမႈ အားနည္းသည္မွာ ျမန္မာတြင္ အစဥ္အလာတစ္ရပ္လိုပင္ ျဖစ္သည္။

က်ေနာ္ငယ္စဥ္က စက္႐ုံ ၃ ႐ုံတြင္ အလုပ္ လုပ္ခဲ့ဖူးသည္။ထို ၃ ႐ုံထဲတြင္ တစ္႐ုံက ႏိုင္ငံတကာအဆင့္မီေသာ ျပည္တြင္း၊ ျပည္ပ ဖက္စပ္စက္႐ုံ။Safety အရာရွိဆိုလို႔ ထိုစက္႐ုံတစ္႐ုံတြင္သာရွိသည္။သို႔ေသာ္၊ အမ်ား၏ အျမင္တြင္ Safety အရာရွိ ဆိုသည္မွာ အလုပ္အကိုင္ ေရေရရာရာမရွိ၊ ေယာင္ဝါးဝါးျဖင့္ အေခ်ာင္ လစာရေနေသာ ပုဂၢိဳလ္။အလုပ္ၿပီးေျမာက္မႈ၊ ထြက္ကုန္တိုးတက္ေရးကို ေခါင္းထဲမထည့္သူ။ၾကာလာေတာ့ Safety လုပ္ငန္းစဥ္ကိုေရာ Safety အရာရွိကိုပါ ေပါေတာေတာဟု ျမင္လာၾကသည္အထိ Safety First မွာ ေအာင္ျမင္ခဲ့သည္။

ၿပီးခဲ့သည့္ ၾသကၤန္က ဇာတိေျမ ဘီလူးကြၽန္းသို႔ျပန္သည္။အသြားေရာ အျပန္ပါ အေဝးေျပးကားစီးျခင္း ျဖစ္သည္။အသြားေရာ အျပန္ပါ ထိုင္ခုံတြင္ ခါးပတ္မပါ။ယာဥ္ေနာက္လိုက္ကို ေမးၾကည့္ေတာ့ ခါးပတ္ ပတ္ရန္ မလို၊ စိတ္ခ်လက္ခ်သာစီး ဆိုသည့္ပုံစံမ်ိဳး ေနာက္ေတာက္ေတာက္ေျပာျခင္း ခံရသည္။ယာဥ္ေနာက္လိုက္က က်ေနာ့္ကို သိပ္က်ပ္မျပည့္ဘူးဟုလည္း ထင္ပုံရသည္။ဘာေၾကာင့္လဲဆိုေတာ့ ခရီးသည္အားလုံးတြင္ ခါးပတ္ေမးတာဆိုလို႔ က်ေနာ္တစ္ေယာက္တည္း ရွိျခင္းေၾကာင့္ပင္။တျခားခရီးသည္မ်ားကို အကဲခတ္ၾကည့္လိုက္ေတာ့ ခါးပတ္မရွိျခင္းေၾကာင့္ သူတို႔အတြက္ မည္သည့္အေႏွာက္အယွက္မွ ရွိပုံမေပၚ။

ထိုင္ခုံရွိ ခါးပတ္ေနရာကို စမ္းၾကည့္ေတာ့ ခါးပတ္အေပါက္ေတြ ဘာေတြ ေတြ႕ရသျဖင့္ ကားဝယ္ယူစဥ္အခါက ခါးပတ္ပါခဲ့ပုံရၿပီး မည္သည့္အေၾကာင္းေၾကာင့္ ျဖဳတ္လိုက္သလဲမသိ။အေဝးေျပးကား စီးဖူးသည့္ အေတြ႕အႀကဳံမ်ားအရ ဗြီအိုင္ပီဟုဆိုေသာ ပုံမွန္ထက္ ေဈးပိုႀကီးၿပီး သက္ေသာင့္သက္သာ စီးႏိုင္သည့္ ယာဥ္မ်ားတြင္ ခါးပတ္ရွိၿပီး ႐ိုး႐ိုးယာဥ္မ်ားတြင္ ခါးပတ္မရွိ။ယာဥ္လိုင္းမ်ားက ဗြီအိုင္ပီကား စီးႏိုင္သည့္လူမ်ားကိုသာ အသက္ရွိသည္ဟု မွတ္ယူထားၾကသလားမသိ။တစ္ခုေတာ့ရွိသည္။ဗြီအိုင္ပီကားမ်ားတြင္ ခါးပတ္ရွိသည့္တိုင္ ခါးပတ္ပတ္သူ အေရအတြက္မွာ ကားတစ္စီးလုံး၏ သုံးပုံတစ္ပုံပင္ မျပည့္။

ယာဥ္မေတာ္တဆမႈမ်ားေၾကာင့္ ေသၿပီးရင္း ေသေနေသာ ရန္ကုန္-မန္း အျမန္လမ္းေပၚတြင္ ထိုင္ခုံခါးပတ္ မပတ္ျခင္းေၾကာင့္ ေသဆုံးမႈမွာ မည္မွ်ရွိေနၿပီနည္း။ခါးပတ္ မရွိ/မပတ္ျခင္းေၾကာင့္ သက္ဆိုင္ရာဌာနက ထိေရာက္ေသာ အေရးယူမႈမရွိ၊ အေရးယူမႈမရွိသျဖင့္ ခါးပတ္မထား၊ ထားျပန္ေတာ့လည္း မပတ္။အဆိုးသံသရာက အခ်ိန္မည္မွ် ဆက္လက္လည္ပတ္ဦးမည္လဲမသိ။

အဆိုးသံသရာက ဒီတစ္ခုတည္းလားဆိုေတာ့ ျမန္မာႏိုင္ငံ၏ ေနရာစုံေထာင့္စုံတြင္။မိမိတို႔စားေနသည့္ အစားအေသာက္ကစလို႔ မိမိတို႔ေနထိုင္ေနေသာ တိုက္ခန္းကစလို႔….။အဆိုးသံသရာက ႏွစ္မ်ားစြာ ၾကာခဲ့တာမို႔ အဆိုးကို ဆိုးမွန္းပင္မသိေတာ့သည့္ အေနအထားသို႔ပင္ ေရာက္ေနၿပီျဖစ္သည္။ထားေတာ့။

ယခုလည္း ေနာက္ထပ္ အဆိုးသံသရာတစ္ခုကို ေၾကာက္မက္ဖြယ္ ၾကားရျပန္သည္။ဧၿပီ ၂၂ ရက္ေန႔၊ ည ၁၂ နာရီဝန္းက်င္။နာမည္ေက်ာ္ ဖားကန႔္ေဒသအတြင္း ေက်ာက္စိမ္းတူးေဖာ္ေရးကုမၸဏီ လုပ္ကြက္ထဲသို႔ ၃ ဧကက်ယ္ေသာ ႏြံကန္ပြင့္က်ျခင္းျဖစ္သည္။

ဘယ္ေလာက္ထိ ေၾကာက္မယ္ဖြယ္ ေကာင္းလိုက္ေလသနည္း။ကုမၸဏီဝန္ထမ္း ၅၄ ဦးမွာ ေျမႀကီးေပၚရပ္ အလုပ္ လုပ္ေနရင္း ဘာမွန္းမသိလိုက္ခင္မွာပင္ ႏြံေအာက္ျမဳပ္သြားျခင္းျဖစ္သည္။ေျပာရလွ်င္ ျဖတ္ခနဲ တစ္ခ်က္တြင္ ကိုယ့္ကိုယ္ကိုယ္ ေသလို႔ေသမွန္းပင္ မသိလိုက္ေလျခင္း ျဖစ္သည္။လူတင္မက လူထက္ အဆမ်ားစြာ မာေက်ာေသာ စက္ယႏၲရား အစီး ၄၀ ပင္လွ်င္ ဘယ္ေပ်ာက္သြားမွန္း မသိေသာ အေနအထားမို႔ ေပ်ာက္ဆုံးအမ်ားစုမွာ အေလာင္းေတာင္ ျပန္မရခဲ့ေပ။

အစုလိုက္အၿပဳံလိုက္ ၅၄ ဦး ေသဆုံးျခင္းဆိုေတာ့ က်ေနာ္တို႔ တုန္လႈပ္ခဲ့ရသည္။ယခင့္ယခင္အေတြ႕အႀကဳံမ်ားအရ ၅၄ ဦးကို ၃ (သို႔မဟုတ္) ၄ ျဖင့္ ေျမႇာက္ရမည္လားဟု ေတြးမိသည္။ဖားကန႔္တြင္ ဆယ္စုတစ္စုေက်ာ္ၾကာ ေနထိုင္ ကားေမာင္းခဲ့ေသာ က်ေနာ့္မိတ္ေဆြမွာမူ ဖားကန႔္တြင္ ေသျခင္းတရားဆိုသည္မွာ သိပ္မထူးဆန္းေသာ အရာဟု ဆိုသျဖင့္ အံအားသင့္ရျပန္သည္။
သူက ဖားကန႔္ဆိုေသာ အရပ္မွာ Safety ဟူ၍ ဘာမွမရွိ။မည္သူမဆို အခ်ိန္မေ႐ြး ေသဖို႔ရာ လြယ္ကူေသာေနရာ။ေသနတ္ေပါရာေနရာ၊ မူးယစ္ေဆးဝါးေပါရာ ေနရာ၊ ပိုက္ဆံေပါရာေနရာ။ေသျခင္းတရားလည္း ေပါေပါမ်ားမ်ား ရွိရာေနရာမို႔ လူ႔အသက္သည္လည္း ေဈးသိပ္ေပါရာ ေနရာဟု ဆိုသည္။

"ဖားကန႔္မွာ ေတာင္ၿပိဳတာ၊ ေျမစာပုံၿပိဳတာ၊ က်င္းပိတာ၊ ခဲမွန္တယ္ဆိုတာ ေန႔စဥ္ တစ္ေနရာမဟုတ္ တစ္ေနရာ ျဖစ္ေနက်ပါပဲ။အရင္တုန္းက ေဖ့စ္ဘုတ္ေတြ ဘာေတြမရွိေတာ့ ဘယ္ေလာက္ေသေသ ဖားကန႔္ ျပင္ပကလူေတြ ေသခ်ာမသိၾကဘူး။အခုမွ ေဖ့စ္ဘုတ္ရဲ႕ ျမန္ႏႈန္းအရ အကုန္သိတာ။" ဟု ၎က ထပ္ေျပာသည္။

က်ေနာ့္မိတ္ေဆြက ေန႔စဥ္နဲ႔အမွ်ဟု ဆိုလိုက္သျဖင့္ ၿဖဳံမိသည္။ယခင္ၾကားဖူးနားဝအရေရာ မီဒီယာအားေကာင္းလာသည့္ ယခုေနာက္ပိုင္း မၾကာခဏဆိုသလို ဖတ္ေနရေသာ ေျမစာပုံၿပိဳက်မႈ သတင္းမ်ားအရပါ မိတ္ေဆြေျပာသည့္ ေန႔စဥ္နဲ႔အမွ်ကို သိပ္မ်ားေနသည္ဟုဆိုေတာင္ ဖားကန႔္တြင္ အုံလိုက္က်င္းလိုက္ မဟုတ္သည့္ ပုံမွန္မဟုတ္ေသာ ေသဆုံးမႈမ်ိဳး မၾကာခဏျဖစ္ေပၚေနသည္ဟု ေကာက္ခ်က္ခ်ႏိုင္မည္ဟု ထင္၏။
ထား။

ယခု ႏြံကန္ပြင့္က်မႈ ေနာက္ဆက္တြဲသတင္းမွာ ေသဆုံးသူမ်ားအတြက္ တစ္ဦးလွ်င္ က်ပ္သိန္း ၃၀၀ သက္ဆိုင္ရာ ကုမၸဏီက ေလ်ာ္ေၾကးေပးမည္ဟု သိရသည္။က်န္ရစ္သူ မိသားစုဝင္အမ်ားစုႏွင့္ သေဘာတူညီမႈ ရရွိၿပီဟုလည္း သိရသည္။က်ေနာ့္မိတ္ေဆြက ေလ်ာ္ေၾကးေငြ သိန္း ၃၀၀ ေပးျခင္းမွာ တစ္ႏိုင္ငံလုံး ဟိုးေလးတေၾကာ္ သိရွိသြားျခင္းေၾကာင့္ဟု ေကာက္ခ်က္ခ်သည္။

ေနာက္ထပ္သိရသည့္ သတင္းမ်ားမွာ ဧၿပီ ၂၂ ရက္ေန႔ ညမွ ၂၅ ရက္ေန႔ မနက္ထိ ႏြံကန္ပြင့္က်မႈ၊ ေျမစာပုံၿပိဳက်မႈႏွင့္ ေက်ာက္ေဆာင္ၿပိဳက်မႈတို႔ေၾကာင့္ စုစုေပါင္း လူ ၅၈ ဦး ေသဆုံးၿပီး တစ္ဦးေျချပတ္ခဲ့ေၾကာင္း အခင္းျဖစ္ပြားရာသို႔ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာနမွ ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးေဆာင္ကာ လာေရာက္စစ္ေဆးၿပီးေနာက္ ကုမၸဏီ ၁၁ ခု၏ အႏၲရာယ္ရွိ လုပ္ကြက္ ၁၇ ခုကို ပိတ္သိမ္းရန္ ၫႊန္ၾကားလိုက္ေၾကာင္း ဧၿပီ ၃၀ ရက္ေန႔ထုတ္ 7Day Daily သတင္းအရ သိရသည္။

သက္ဆိုင္ရာဌာန၏ ယင္းသို႔ေသာ ကိုင္တြယ္မႈအေပၚ ႀကိဳဆိုရမည္ ျဖစ္ေသာ္လည္း လုပ္ကြက္ ၁၇ ခုကို ပိတ္သိမ္းေစျခင္းမွာ ခဏတျဖဳတ္လား၊ အႏၲရာယ္မရွိေသာ လုပ္ကြက္အဆင့္သို႔ ေရာက္ေအာင္ မြမ္းမံၿပီးပါက ျပန္လည္လုပ္ကိုင္ခြင့္ျပဳမည္လား၊ ရာသက္ပန္ ပိတ္သိမ္းျခင္းလားေတာ့ မသိရ။ထို႔ျပင္ လူ ၅၀ ေက်ာ္ ေသဆုံးေသာ ႏြံကန္ပြင့္က်မႈကို ယခုေလာက္ အေရးယူမႈမွာ လုံေလာက္ၿပီလားဟု ေမးလွ်င္ မည္သို႔ေျဖၾကားမည္နည္း။

အႏၲရာယ္ရွိေသာ လုပ္ငန္းခြင္တြင္ ယခုလိုအလုပ္ေစခိုင္းမႈမွာ ကုမၸဏီတာဝန္ရွိသူမ်ားက အႏၲရာယ္ရွိမွန္း သိလ်က္ ခိုင္းေစျခင္းလား။အႏၲရာယ္ရွိမွန္း သိလ်က္ ခိုင္းေစသည္ဆိုပါက ယင္းမွာ ဥပေဒခ်ိဳးေဖာက္မႈ တစ္စုံတစ္ရာ မေျမာက္ေပဘူးလား။အႏၲရာယ္ရွိမွန္း မသိလို႔ပါဟု အေၾကာင္းျပပါကလည္း ဒီေလာက္လုပ္ငန္းႀကီးလုပ္ၿပီး ဒီေလာက္မသိရွိျခင္းသည္ အျပစ္မရွိေပဘူးေလာဟု ေမးခြန္းထုတ္ရေပမည္။ထို႔ျပင္ သက္ဆိုင္ရာဌာနအေနျဖင့္လည္း ဒီေလာက္အႏၲရာယ္ရွိေသာ လုပ္ငန္းခြင္ကို အႏၲရာယ္ရွိမွန္း ဘာ့ေၾကာင့္ ႀကိဳတင္မသိရွိရသနည္း။အႏၲရာယ္ရွိေသာ လုပ္ငန္းခြင္ကို မည္သို႔ေသာ အေၾကာင္းမ်ားျဖင့္ လုပ္ကိုင္ခြင့္ျပဳထားရသနည္း။

ဆိုလိုတာက ယခုျပႆနာႏွင့္ ပတ္သက္ၿပီး ကုမၸဏီတာဝန္ရွိသူမ်ားေရာ ဌာနတာဝန္ရွိသူမ်ားကို စုံစမ္းစစ္ေဆးမႈျပဳလုပ္ကာ လူ ၅၀ ေက်ာ္ ေသဆုံးမႈတြင္ ၎တို႔ တာဝန္ရွိသည္ဟု ယူဆပါက ထိေရာက္ေသာ အေရးယူမႈမ်ား ဆက္လက္ျပဳလုပ္ရန္ လိုေပမည္။

ထို႔ျပင္ ယခုပိတ္သိမ္းရန္ ၫႊန္ၾကားလိုက္ေသာ လုပ္ကြက္ ၁၇ ကြက္က လြဲလို႔ က်န္လုပ္ကြက္မ်ား အားလုံးမွာ အႏၲရာယ္ရွိ လုပ္ငန္းခြင္ မဟုတ္ဟု မည္သူက အာမခံမည္နည္း။ျပႆနာျဖစ္ၿပီးမွ အေရးယူျခင္းထက္ ျပႆနာမျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ျခင္းက သိပ္အေရးႀကီးသျဖင့္ ဖားကန႔္လုပ္ကြက္မ်ား အားလုံးကို အေသအခ်ာ ျပန္လည္စစ္ေဆးရေပမည္။ဖားကန႔္ကို ပတ္ဝန္းက်င္ ပ်က္စီးမႈ အနည္းဆုံးျဖစ္ေသာ၊ လုပ္ငန္းခြင္ ေဘးအႏၲရာယ္ ကင္းရွင္းေရးကို ပထမထားေသာ လုပ္ငန္းခြင္အျဖစ္ မာစတာပလန္ တစ္ရပ္ ေရးဆြဲတည္ေဆာက္ကာ အရွိန္အဟုန္ျပင္းစြာ လည္ပတ္ေနေသာ အဆိုးသံသရာကို တိခနဲျဖတ္ေတာက္ရန္ လိုေပမည္။

မ်ိဳးၫြန႔္(Popular News)
ေမ - ၂