【 တစ်ပတ်အတွင်း ပြည်တွင်းသတင်းသုံးသပ်ချက် 】 မြန်မာကို ကိုင်လှုပ်လာတဲ့ ဝူဟန်ဗိုင်းရပ်စ်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်းသုံးသပ်ချက် 】 မြန်မာကို ကိုင်လှုပ်လာတဲ့ ဝူဟန်ဗိုင်းရပ်စ်

ယခုရက်သတ္တပတ်ထဲ ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ သတိထားစရာဖြစ်ခဲ့ရတဲ့ သတင်းက ရန်ကုန်လေဆိပ် ကို ဆိုက်ရောက်လာတဲ့ တရုတ်လေကြောင်းလိုင်းတစ်ခုက လေယာဉ်မှာ သံသယဖြစ်စရာ ဝူဟန်ကိုရိုနာဗိုင်း ရပ်စ်လူနာ တစ်ဦးတွေလို့ ထိတ်လန့်စရာဖြစ်ခဲကြတဲ့ သတင်း၊ ပြည်ထဲရေးဝန်ကြီးနေရာအစားထိုးမယ့်သတင်းနဲ့ ပညာရေးဝန်ထမ်းတွေ ကျောင်းတက်ရက်တိုးလို့ ဆန္ဒပြတဲ့ သတင်းတွေဘဲ ဖြစ်ပါတယ်။

ယခုရက်ထဲမှာ ဒီလိုသတင်းတွေအပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာစီယယ် က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုမှာမြန်မာစစ်တပ် အရာရှိကြီးများအပေါ် ပစ်မှတ်ထားပြီး ဆန်ရှင်ချမှတ်မှုတို့ ရှိနေလင့်ကစား ဝါရှင်တန်အစိုးရအနေဖြင့် မြန်မာနှင့် အခိုင်အမာ ဆက်လက် ဆက်ဆံပတ် သက်သွားမယ်လို့ ပြောခဲ့တဲ့ သတင်း၊ အနည်းဆုံး အခကြေးငွေဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို အမျိုးသားလွှတ်တော် တင်သွင်းခဲ့တဲ့ သတင်း၊ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် NLD အမတ် ဦးဝှေ့ တင်းလွတ်မြောက်ရေးကြိုးပမ်းသည့်ကိစ္စမှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်က ကူညီပေးခဲ့ရတယ်ဆိုတဲ့ သတင်း၊ ကရင်ပြည်နယ်အတွင်း KNU ဘက်က ဆွဲမိုင်းကြောင့်တပ်မတော်ဘက်မှ တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦး ကျဆုံး ခဲ့တဲ့ သတင်း၊ ခူမီးမျိုးနွယ်ကို ရခိုင်မျိုးနွယ်ထဲ အေအေအဖွဲ့က ထည့်သွင်း ထုတ်ပြန်မှုအပေါ် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကန့်ကွက်ခဲ့တဲ့ သတင်း၊ ကွတ်ခိုင်မြို့နယ်ထဲမှာ မူလတန်းဆရာမ တစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ TNLA ဗိုလ်ကို အများပြည်သူ များရှေ့မှောက်မှာ တရားစီရင်မယ်လို့ T NLA က ထုတ်ပြန်ခဲ့တဲ့ သတင်းတွေလည်း ယခုရက်ထဲ သတိထားစရာ သတင်းတွေထဲ ပါဝင်ခဲ့ပါတယ်။

အခင်းအကျင်းသစ် ဘယ်လိုဖြစ်လာမလဲ

ဇန်နဝါရီ ၃၁ ရက်ညနေပိုင်းက ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတ ရုံးရဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲ ရေးဝန်ကြီးအနားယူမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ပြောခဲ့တာရှိတဲ့အတွက် ပြည်တွင်းက နိုင်ငံရေးလေ့လာစောင့် ကြည့် သူတွေအတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ ပတ်သက်ပြီး သတင်းတွေ လူမှုကွန် ရက်မှာ ရက်သတ္တပတ်တစ်ပတ်ကြာဆက်တိုက်ထွက်ပေါ်နေခဲ့ရာမှာ အချို့အချက်အလက်အချို့ကလွဲပြီး အတော် များများ မှန်နေတဲ့အတွက် သတင်းဖတ်သူတွေအတွက် အံဩစရာဖြစ်ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးတစ်ဦး နေ ရာအရွေ့အပြောင်းက သာမန်လူတွေ မသိနိုင်ဘဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေသာသိနိုင်တဲ့ ထိပ်တန်း သတင်း တွေပါ။အထူးသဖြင့် ကာကွယ်ရေးဦးစီးချုပ်က အဆိုတင်ခန့်အပ်ခွင့်ရှိတဲ့ ဝန်ကြီးနေရာ ၃ နေရာနဲ့ ပတ်သက်ပြီး အပြင်ကို သတင်းတွေ ကြိုထွက်ခဲ့တာက သတိထားစရာဖြစ်ခဲ့ပါတယ်။

အဆိုပါသတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတ ရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော် ဌေးက ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို မူလစစ်ဘက်တာဝန်များ ထမ်းဆောင်ရန် အတွက် ပြန်ခေါ်ပြီး ၎င်းနေရာတွင် အခြားတစ်ယောက်ကို အစားထိုးခန့်ထားရေးအတွက် သမ္မတဆီ တင်ပြထားသည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆောင်ရွက်နေတယ်ပြောခဲ့ပြီး မည်သူကို အစားထိုး ခန့်မည်ဆိုသည့်ကိစ္စအတွက် သတင်းထုတ်ပြန်မှုကို စောင့်ကြည့်ရန်ပြောခဲ့ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ ပြည်ထဲရေးဝန်ကြီးဌာနက အရေးကြီးဆုံးပါဘဲ။ ရဲတပ်ဖွဲ့၊ထွေအုပ်၊ စသုံးလုံး စတဲ့ အများ ပြည်သူရဲ့ အသက်အိုးအိမ်လုံခြုံရေးနဲ့ နေ့စဉ် ပြည်တွင်းလုံခြုံရေးအတွက် လိုအပ်မယ်ထင်ရင် လိုအပ်သလို ဆောင် ရွက်ခွင့်ရှိတဲ့ ဝန်ကြီးဌာနလည်းဖြစ်တဲ့ အတွက် ဒီဝန်ကြီးဌာနက ပြည်သူတွေအလေးထားတဲ့ ဝန်ကြီးဌာနလည်း ဖြစ်ပါတယ်။ ဒီဝန်ကြီးဌာနက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အဓိက အခန်းကဏ္ဍကနေ လုံခြုံရေးနဲ့ ဝင်ပြိုင်သူ ကိုယ်စားလှယ်လောင်းတွေအတွက် လုံခြုံရေးအတွက် တာဝန်ယူရမယ့် ဝန်ကြီးဌာနဖြစ်တဲ့ အတွက်လည်း လက်ရှိ အရပ်သားအစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်နေတဲ့ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို လူစား လဲမယ်ဆိုတဲ့ သတင်းက အများပြည်သူအတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

ခန့်မှန်းမှုတွေအရ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေနေရာမှာ ပြည်ထဲရေးဒုဝန်ကြီး တာဝန်ယူခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီးအောင်စိုးနဲ့ လက်ရှိ စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ ဖြစ်လာဖွယ်ရှိတယ်လို့ စစ်ဘက်ဆိုင်ရာနဲ့ နီးစပ်တဲ့ သတင်းတွေမှာ ဖော်ပြတာတွေ့ရပါတယ်။ ဒီရက်ပိုင်း လာရောက်ခဲ့တဲ့ တရုတ်သမ္မတရဲ့ခရီးစဉ်အတွင်း နှစ်နိုင်ငံစာချွန်လွှာလက်မှတ်ရေးထိုးပွဲမှာ နိုင်ငံတော်အတိုင် ပင်ခံ ပုဂ္ဂိုလ်ကို ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက အလေးပြုနေတဲ့ ပုံတွေထွက်လာခဲ့တဲ့ အတွက် ICJ မှာ ဂမ်ဘီ ယာရဲ့ လူမျိုးတုန်းသတ်ဖြတ်ရေးစွပ်စွဲမှုကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် ပြည်ထဲရေးဝန်ကြီးအပြောင်း အလဲက ဘာထူးခြားမှုတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်စရာ စိတ်ဝင်စားဖို့ ကောင်းလွန်းနေပါတယ်။

ယခုရက်ထဲ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြီးခဲ့တဲ့၂၀၁၉ တစ်နှစ်လုံး လွှတ်တော်မှာ ငြင်းခုံမှု တွေ၊ထောက်ခံကန့်ကွတ်မှုတွေညံနေခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ ယခုရက်သတ္တပတ်မှာ ပြည်ထောင်စုလွှတ်တော်ထံ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းနှစ်ခုကို တင်သွင်းနိုင်တဲ့ အထိ ခရီးရောက် လာခဲ့ပါတယ်။

ဇန်နဝါရီ ၂၇ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဖွဲ့စည်း ပုံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းနှစ်ခုကို တင်သွင်းထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးခဲ့ပြီး ဒီဥပေဒကြမ်းတွေမှာ ကာလုံဖွဲ့စည်းပုံမှ နယ်စပ်ရေးရာဝန်ကြီးကိုထုတ်ပယ်ပြီး အမျိုးသားနှင့်ပြည်သူ့ လွှတ်တော် တို့ ၏ ဒုတိယဥက္ကဋ္ဌများကို ထည့်သွင်းဖွဲ့စည်းရန် ဥပဒေကြမ်းတွင် ပြင်ဆင်ထားသလို လွှတ်တော်တွင် ပါဝင်နေ သည့် တပ်မတော်သားပါဝင်မှု ၂၅ရာခိုင်နှုန်းကို လာမည့် တတိယအကြိမ်လွှတ်တော်တွင် ၁၅ရာခိုင်နှုန်းသာ ပါ ဝင်စေပြီး စတုတ္တအကြိမ်လွှတ်တော်တွင် ၁၀ရာခိုင်နှုန်းနှင့် ပဉ္စမအကြိမ်တွင် ငါးရာခိုင်နှုန်းထက်မပိုသော တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ပေးသည့် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်ရမယ်ဆိုတာ တွေလည်း ပါဝင်ခဲ့ပါတယ်။

ဒီဥပဒေကြမ်းနှစ်ခုကို လွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦးက လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စု လွှတ် တော်ကို တင်ခဲ့တာလို့ဆိုခဲ့ပါတယ်။ လာမယ့်လွှတ်တော်ညီလာခံတွေမှာ ဒီဥပေဒေကြမ်းတွေကို အခြေအတင် ဆွေးနွေးကြမှာ ဖြစ်တဲ့အတွက် ဒီလိုတပ်ဘက်က အခွင့်အာဏာကိုလျော့ချထားတဲ့ ဒီဥပဒေကြမ်းတွေ ဘယ်လို ဆွေးနွေးငြင်းခုံပြီးမှ အတည်ပြုဖြစ်မလဲဆိုတာလည်း စိတ်ဝင်စားစရာပါဘဲ။

ကျောင်းပိတ်ရက်လျော့လို့လား ၊ စနစ်မကျလို ဆန္ဒပြတာလား

ရက်အတော်ကြာ ကြိုကြား ကြိုကြား ဆန္ဒပြနေတဲ့ ဆရာ/ဆရာမအချို့ရဲ့ ဆန္ဒပြမှုက ယခုရက် သတ္တပတ်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံတက်ရောက်တဲ့ အခမ်းအနားထိရောက်လာခဲ့ပါတယ်။ ဇန်နဝါရီလ ၂၈ ရက်နေ့က နေပြည်တော် MICC-2 ခန်းမမှာ ပြုလုပ်သည့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော် ဆောင် ရေး နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မိန်းခွန်းပြော နေစဉ်မှာ ဆွေးနွေးဖို့ တက်ရောက်ရန်ဖိတ်ကြားခဲ့တဲ့ ကျောင်းသားသမဂ္ဂက ကျောင်းသား ၁၂ ယောက်က ဗီနိုင်းများ ကိုင်ဆောင်ပြီး ထရပ်ကာ အသံတိတ် ဆန္ဒပြခဲ့ကြပါတယ်။

ဒီလိုဆန္ဒပြရာမှာ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေက မန္တလေးတက္ကသိုလ် ကျောင်းသားများ သပိတ် မှောက် ကိစ္စဖြေရှင်းပေးရေး၊ မတ်လကုန်အထိ စာမေးပွဲ စစ်ဆေးခြင်းဟာ နိုင်ငံစီးပွားရေးကို တိုးတက်နိုင် ပါသ လား စသည့်အချက်များ အပါအဝင် အချက် ၄ ချက်ပါ ဗီနိုင်းများကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။ အထူး သဖြင့် ပြည်တွင်းမှာ ဆရာ/ဆရာမသမဂ္ဂတွေ ကျောင်းသားသမဂ္ဂတွေ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တာက နွေရာသီကျောင်းပိတ်ရက်လို့ အစဉ်အဆက်လာက်ခံလာခဲ့တဲ့ မတ်လကို ကျောင်းဖွင့်ရက်အဖြစ်တိုးခဲ့တာကိုပါဘဲ။
ဒီအတွက် ကျောင်းသားမိဘတွေဘက်က အသံမထွက်သလောက်ရှိပေမယ့် ဆရာ/ဆရာမသမဂ္ဂတွေ ဘက်က အတော်လေးကို အသံကျယ်ကျယ်လောင်လောင်ထွက်လာခဲ့ပါတယ်။ အထူးသဖြင့် ပညာရေးတက္ကသိုလ် တွေမှာ တက်ရောက်ဆဲ ကျောင်းသားတွေက အဓိက ဆန့်ကျင့်မှုတွေ လုပ်နေကြသလို လူမှုကွန်ရက်မှာလည်း ဝေဖန်ပြောဆိုမှုတွေ အပြန်အလှန်ရှိခဲ့ပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ လူထုထောက်ခံတဲ့ ခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ကို ဆန္ဒထုတ်ဖော်တဲ့ လုပ်ရပ်အတွက် ဝေဖန်မှုတွေ အများကြီးရှိခဲ့ပါတယ်။ အထူးသဖြင့် အများပြည်သူ တွေက လက်မခံဘဲ နဂိုထက် ပိုအမြင်စောင်းခဲ့ပေမယ့် နိုင်ငံရေးအစဉ်အလာရှိတဲ့ နိုင်ငံရေးသမားတွေနဲ့ အာဏာ ရပါတီရဲ့ အတိုက်အခံတွေက ဒီလုပ်ရပ်အပေါ် ထောက်ခံခဲ့ကြပါတယ်။ အထူးသဖြင့် ကျောင်းသားသမဂ္ဂအဖွဲ့ ဝင်လို ယူဆရသူတစ်ဦးက ဖေ့စ်ဘွတ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ညစ်ညမ်းတဲ့ စကားလုံးသုံးပြီး ရေးသားခဲ့တာရှိတဲ့ အတွက် အတော်လေး ထောက်ပြ အရုပ်ဆိုးခဲ့ပါတယ်။

အဆိုပါ အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီလိုဆန္ဒပြတဲ့ အတွက် “ဒီလိုအခမ်းအနား တွေ ကို ကိုယ့်အတွက်ကိုယ့်အဖွဲ့အတွက်၊ကိုယ်တစ်ယောက်ထဲအမြင်အတွက်အသုံး မချပါနဲ့၊ဒါဟာလုံးဝဖြစ်သင့်တဲ့ ကိစ္စမ ဟုတ်ပါဘူး။လူတိုင်းလူတိုင်းမှာအခွင့်အရေးရှိသလိုတာဝန်ရှိတယ်ဆိုတာ သိရပါတယ်၊စည်းကမ်း ဆိုတာ ကိုယ်စည်းကိုထိမ်းရပါမယ်၊အနောက်ကနေဘာတွေဘဲထောင်ပြထောင်ပြဒီက လည်းမမြင်ရဘူး၊မမြင်ရ ရင်လည်း ဘာမှထူးမှာမဟုတ်ဘူး။တင်ပြချင်လို့ရှိယင်တင်ပြနိုင်တဲ့အခွင့်အလမ်းတွေ အများကြီးရှိတယ်၊ တင်ပြနိုင်တဲ့ပုံစံ တွေရှိတယ်။ဒါကိုပွင့်ပွင့်လင်းလင်းကိုယ့်နာမည်ကိုထိုးပြီးကိုယ့်ရဲ့အမြင်တွေ ကိုတင်ပြနိုင်ပါတယ်။ ဒီလိုအခမ်း အနားတွေကို အလွဲသုံးစားမလုပ်ပါနဲ့လူတိုင်းလူတိုင်းဟာကိုယ့်စည်းကိုယ်စောင့်တာအင်မတန်မှ အရေးကြီး ပါတယ်။ ကျမခဏခဏပြောပါတယ်။အခွင့်အရေးရှိသလိုကိုယ့်မှာတာဝန်ရှိတယ်။အခွင့်အရေးကို ဘဲကြည့်ပြီး တာဝန်ကိုမလေးစားလို့ရှိယင်ကျမတို့နိုင်ငံမှာဘယ်တော့မှတိုးတက်မှာမဟုတ်ပါဘူး” လို ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။

ယေဘုယျကြည့်မယ်ဆိုရင် ပြည်သူတွေထောက်ခံတဲ့ အရပ်သားအစိုးရလက်ထက်မှာ အစိုးရ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံကို ဦးတည်ပြီး ဆန့်ကျင်တဲ့ လုပ်ရပ်မှန်သမျှနဲ့ အတိုက်အခံလုပ်ရပ်မှန်သမျှဟာ မည်မျှပင် လုပ်ရပ်မှန်ပါစေ ပြည်သူတွေက လက်မခံတာကိုတွေ့ရပါတယ်။ပြည်သူတွေအနေနဲ့ ယခင်စစ်အာဏာရှင် လက် ထက် အနိုင်ကျင့်ဗိုလ်ကျတာတွေကို ကျောကော့အောင် ခံရခဲ့တဲ့ အတွက် လက်ရှိအရပ်သားအစိုးရလက်ထက် အလွဲတွေ၊အမှားတွေကို နားလည်ပေးထားတာကို တွေ့ရပါတယ်။ ဒီလို လုပ်ရပ်အမှားတွေ၊ အလွဲတွေအတွက် လည်း ကောင်းတဲ့ လုပ်ရပ်တွေနဲ့ ထေပေးကြတာကိုတွေ့ရပါတယ်။

နိုင်ငံရေးသမားတွေနဲ့ တက်ကြွတဲ့ လူငယ်တွေကတော့ ဒီမိုကရေစီဆိုတဲ့ အတွက် တင်းပြည့် ကျပ်ပြည့် ဒီမိုကရေစီစံအတိုင်း ကျင့်သုံးပြီး အစိုးရအဖွဲ့အားကောင်းလာအောင် ဝေဖန်မှုတွေ၊ ထောက်ပြမှုတွေ လုပ်ကြ ပါတယ်။ အတိုက်အခံပါတီတွေကတော့ နိုင်ငံရေးရေချိန်မပြည့်ခဲ့တဲ့ အတွက် အခုချိန်ထိ ပြည်သူကို သူလက်ထက် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်နဲ့ ဆွယ်လုံးတွေ ပြောနေရသလို ယခုလို အချက်ကောင်းတွေ ပေါ်လာရင် ဘာဖြစ်နိုင်လာလဲ ပြည်သူတွေက ဒီအဖြစ်အပျက်အပေါ် ဘယ်လို မြင်နိုင်သလဲဆိုတာကို မကြည့်ဘဲ ဝင်ပြီး နှမ်းဖြူးထောက်ခံကြတဲ့ အတွက် မူရင်းနစ်နာသူတွေ အတွက် ပြုလုပ်တဲ့ ဆန္ဒပြမှုတွေ၊ တောင်းဆိုမှုတွေက ပုံစံပြောင်းပြီး ဖြစ်သွားတဲ့အတွက် အာဏာပိုင်တွေရဲ့ မျက်မုန်းကြိုးခဲ့တဲ့ အဖြစ်တွေဖြစ်ခဲ့ရသလို ကူရာမရောက်ဘဲ ဒုက္ခပိုရောက်အောင် ဖြစ်နေတာကို ယခုဖြစ်ရပ်မှာလည်းတွေ့ရပါတယ်။

ဒီလို တောင်းဆိုတဲ့ အချက် ၄ ချက်ထဲက မန္တလေးတက္ကသိုလ် စားသောက်ဆိုင်ကိစ္စမှာ ညွှန်ကြားချက် အတိုင်းမလိုက်နာတဲ့ မန္တလေးတက္ကသိုလ်ကို ပါမောက္ခချုပ်ကို အနားပေးခဲ့ပါတယ်။ ဇန်နဝါရီ ၂၇ ရက်နေ့က ပြု လုပ်တဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပညာရေးဒု-ဝန်ကြီးက မေးခွန်းတွေ လာဖြေရင်း သတင်း ထောက် တွေနဲ့တွေ့တဲ့ အခါ ယခုလို ပညာသင်ကာလ တိုးမြှင့်လိုက်လိုက်လို့ ၁၀ လဖြစ်သွားတာနဲ့ ပတ်သက်ပြီး ပြောခဲ့ ရာမှာ လက်ရှိအခြေခံပညာ သင်ရိုးကို နိုင်ငံတကာနည်းတူ ၁၀ လဆွဲထားတဲ့အတွက် ဒီအတိုင်း Frame Work ပြည့်အောင် ယခုအစိုးရလက်ထက်မှာလုပ်တာဖြစ်ပြီး KG+12 ပညာရေးစနစ်ကို ၂၀၁၆-၂၀၁၇ခုနှစ်တွင် စတင် ပြောင်းလဲခဲ့ပြီး အဆိုပါစနစ်မှာ ၂၀၂၂ခုနှစ်တွင် ပြီးဆုံးမှာဖြစ်တဲ့ အတွက် ထိုစနစ်နှင့် လိုက်လျောမှုရှိစေမည့် ဆယ်လသင်ရိုးကို ပြောင်းလဲခဲ့တာလို့ပြောခဲ့ပြီး ကမ္ဘာပေါ်မှာ ထိုစနစ်အတိုင်း အပြီးသတ်ပြောင်းဖို့ မြန်မာနိုင်ငံနှင့် အာဖရိက နိုင်ငံတွင်းမှ နိုင်ငံတစ်နိုင်ငံသာ ပြီးဆုံးရန်ကျန်တယ်လို့ ပြောခဲ့ပါတယ်။

အဆိုပါ ပြောကြားချက်မှာ ဒီလို ပညာသင်ကြားတဲ့ ကာလ မတ်လအထိဖြစ်လာတဲ့ အတွက် ဆရာ၊ ဆရာ မများနှင့် ကျောင်းသားမိဘများ၏ ဝေဖန်မှုများနှင့် ကြုံတွေ့ နေရလို့ အဆိုပါ စနစ်ကို ပြန်လည် သုံးသပ်မည်လို ပြောခဲ့တဲ့ အတွက် ဆန္ဒပြတဲ့ တက္ကသိုလ်သမဂ္ဂအဖွဲ့တွေ၊ ဆရာ/ဆရာမတွေရဲ့ ကြိုးစားမှု အောင်မြင်မလား၊ ဒါမှမဟုတ်ပြောင်းလဲနေတဲ့ ပညာရေးစနစ်ကို သွားပြီးအရှိန်တန့်စေမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

မြန်မာတံခါးကို ခေါက်လာတဲ့ ဝူဟန်ဗိုင်းရပ်စ်

ယခုရက်သတ္တပတ်အတွင်း အများပြည်သူစိတ်ဝင်စားမှုအရှိဆုံးသတင်းကတော့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် သတင်းပါဘဲ။ တရုတ်နိုင်ငံ ဝူဟန်ကနေစခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုပြဿနာက ယခုရက်သတ္တပတ်မှာ သေဆုံးသူဦးရေတိုးလာသလို WHOလို ကမ္ဘာကျန်းမာရေးအဖွဲ့ကလည်း ဇန်နဝါရီ ၃၀ရက်မှာ ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပါတယ်။ ဇန်နဝါရီ ၃၁ ရက်အထိ တရုတ်နိုင်ငံအတွင်း သေဆုံးသူပေါင်း ၂၅၉ ဦး ရှိပြီး ကူးစက်ခံရသူပေါင်း ၁၁၀၀၀ ကျော် ရှိကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေတဲ့ နိုင်ငံပေါင်း ၂၀ ကျော်ထက်မနည်းရှိလာတဲ့ ဒီကူးစက်ရောဂါအပေါ် တရုတ်နဲ့ အနီးကပ်ဆုံးရှိနေကာ ကူးလူးဆက်ဆံမှုများတဲ့ မြန်မာ နိုင်ငံမှာ ဒီရောဂါကာကွယ်မှုအပေါ် ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ထွက်လာခဲ့ ပါတယ်။

အစောပိုင်းက ကျန်းမာရေးဝန်ကြီးက ဒီကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုက ဖျားသွား လောက်အောင် ပြည်ပြည်စုံစုံ ပြင်ဆင်ထားတယ်လို့ ပြောခဲ့တာကလည်း အများပြည်သူနဲ့ သတင်းမီဒီယာ တွေ အတွက် ဘဝင်မကျစရာဖြစ်ခဲ့ပါတယ်။ ဒီနောက်မှာ ဒီရောဂါဖြစ်လာရင် သေမလား/ရှင်မလားဆိုတာ မသိဘူးလို့ ပြောခဲ့တဲ့ အတွက်လည်း ဝေဖန်စရာထပ်ဖြစ်ခဲ့ပါတယ်။ ဒီကာလထဲမှာ မြန်မာနိုင်ငံထဲ ဝူဟန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူရှိလာပြီဆိုတဲ့ သတင်းတွေ မကြာခဏထွက်ခဲ့တဲ့ အတွက် အများပြည်သူ ထိတ်လန့်ခဲ့ရသလို အဓိက အနေနဲ့တရုတ်နိုင်ငံကဝင်လာတဲ့ တရုတ်ခရီးသွားတွေအပေါ် တင်းကျပ်တဲ့ စစ်ဆေးမှုတွေ မရှိခဲ့တဲ့ အတွက်လည်း ပြစ်တင်ဝေဖန်စရာ ဖြစ်လာခဲ့ပါတယ်။

ဇန်နဝါရီ - ၂၆ရက်နေ့ ည ခြောက်နာရီခွဲဝန်းကျင်မှာ တရုတ်နိုင်ငံသူအမျိုးသမီးဟာ ဝမ်းလျှောအဖျားရော ဂါနဲ့ ညောင်ရွှေ ပြည်သူ့ဆေးရုံမှာဆေးကုသမှုခံယူနေခဲ့လို့ စောင်ကြည့်စစ်ဆေးခဲ့ရာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ လက္ခဏာမရှိဘူးစစ်ဆေးခဲ့ရာမှာ ၀ူဟန်ကိုရိုနာဗိုင်းရပ်စ်မရှိခဲ့ပါဘူး။ ဇန်နဝါရီ ၂၇ ရက်မှာ တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ် မန်ဝင်းနှင့် ဆင်ဖြူ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်တို့တွင် ကိုယ်အပူချိန် မြင့်တက်နေသူ နှစ်ဦးကိုတွေ့ရှိလို့ စောင့်ကြည့်စစ်ဆေးခဲ့ပေမယ့် ရိုးရိုးတုပ်ကွေး အဖျားရှိတဲ့ လူနာ တွေဖြစ်နေပါတယ်။ဇန်နဝါရီ ၃၀ ရက်မှာ ပဲခူးစက်မှုဇုန်သို့ ပြန် လည်ရောက်ရှိလာသော တရုတ် နိုင်ငံသားလေးဦး ဖျားနာနေတဲ့ အတွက် ဝေဘာဂီဆေးရုံကိုပို့ဆောင် စောင်ကြည့်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီလေးဦးက သာမန်ရာသီဖျားဖြစ်နေပါတယ်။ ဒီနောက်မှာ မူဆယ်က ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတစ်ဦး ကို ဖျားနာနေတဲ့ အတွက် မိတ္ထီလာမှာ စောင့်ကြပ်ကုသနေခဲ့ရတာတွေရှိခဲ့ပါတယ်။

ဒီရောဂါက အနည်းဆုံး ၁၄ ရက်ကြာမှ ရောဂါလက္ခဏာပေါ်တဲ့ အတွက် သံသယ လူနာတွေနဲ့ ၀ူဟန် ကနေ လာတဲ့ လူတွေကို ခွဲထုတ်စောင့်ကြည့်ရပါတယ်။ဒီအတွက် မြန်မာနိုင်ငံထဲ ဥဒဟိုဝင်ထွက်နေတဲ့ တရုတ် နိုင်ငံကလာတဲ့ တရုတ်နိုင်ငံသားတွေအပေါ် ကျန်းမာရေးအရ ပေါ့ဆမှုတွေရှိတဲ့အတွက်ပြည်တွင်း မှာဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။နိုင်ငံတကာလေဆိပ်တွေမှာ ဒီကူးစက်ရောဂါအပေါ် သတိထားပြီး ကြိုတင်ပြင်ဆင်နေကြတဲ့ အချိန်မှာ ရန်ကုန်လေဆိပ်က ဝန်ထမ်း တွေ၊အာဏာပိုင်တွေ ဒီကူးစက်ရောဂါအပေါ် ပေါ့ဆနေတဲ့ အပေါ် အနောက်တိုင်းခရီးသည်တစ်ဦး လူမှုကွန်ရက်မှာထောက်ပြရေးပြမှုကလည်း အများပြည်သူအနေနဲ့ စိတ်ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။

ဒီထက်ဆိုးတာက ရန်ကုန်လေဆိပ်သို့ ဇန်နဝါရီ ၃၁ ရက် နံနက် ၁၀ နာရီ ၃၉ မိနစ်တွင် ဆိုက်ရောက်ခဲ့တဲ့ China Southern လေကြောင်းလိုင်းကလေယာဉ်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ တရုတ်နိုင်ငံသား တစ်ဦးပါခဲ့တဲ့ အတွက် မြန်မာနိုင်ငံတစ်ဝန်းတုန်လှုပ်စရာဖြစ်ခဲ့ပါတယ်။ ခရီး သည် ၇၉ ဦးလိုက်ပါခဲ့ပြီး အသက် (၆၀) နှစ် အရွယ်ယူနန်ပြည်နယ်ကနေလာတဲ့ တရုတ်အ မျိုးသားမှာ သံသယဖြစ်စရာတွေ့ခဲ့တဲ့ အတွက် လေယာဉ်ပေါ်ပါ အဆိုပါခရီးသည်နဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ခေါ်ထားပြီး ခရီးသည် ၇၆ ဦးကို လေယာဉ်နဲ့အတူး ကွမ် ကျိုးမြို့သို့ ပြန်လည်စေလွှတ်ခဲ့ရပါတယ်။

အဆိုပါ သံသယလူနာ တရုတ်နိုင်ငံသား ခရီးသည်နဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် ကူး စက်ခံ ထားရခြင်းရှိ၊ မရှိ အတည် ပြုနိုင်ရန် စောင့်ကြည့်လူနာအဖြစ် ဝေဘာဂီဆေးရုံကိုပို့ဆောင် စောင်ကြည့်ခဲ့ ရပါ တယ်။ အဲဒီရက်မှာဘဲ မန္တလေးမြို့ တံ တားဦး အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ဆိုက်ရောက်လာသည့် လေယာဉ် ပေါ်တွင် လိုက်ပါလာ သည့် တရုတ်နိုင်ငံသား (၃) နှစ် အရွယ်ကလေးတစ်ဦးသည် ဖျား နာနေသဖြင့် ကလေးဆေး ရုံသို့ ပို့ ဆောင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရတာလည်းရှိခဲ့ပါတယ်။

နိုင်ငံတကာကို ကူးစက်နေတဲ့ ဒီရောဂါက ကမ္ဘာတစ်လွှားကူးစက်ပြန့်ပွားနေပေမယ့် အနီးကပ်ရှိနေတဲ့ မြန်မာနိုင်ငံမှာ ကူးစက်သူမရှိသေးတာက မြန်မာနိုင်ငံသားတွေအတွက် စဉ်းစားစရာ တစ်ခုပါဘဲ။ ဒီအတွက် မကြာခင်က ဖြစ်ခဲ့တဲ့ China Southern လေကြောင်းလိုင်းလေယာဉ်ဖြစ်စဉ်က သတိထားစရာဖြစ်ခဲ့ပါတယ်။ဒီအတွက် မြန်မာနိုင်ငံဘက် ဝန်ကြီးပြောသလို ပြင်ဆင်မှုတွေကောင်းနေတာလား ၊ဘာတွေကောင်းနေတာလဲ၊မြန်မာနိုင်ငံသားတွေမှာဘဲ ရောဂါပြီးစနစ်များရှိနေတာလားဆိုတာ အသက်တွေရင်းပြီးစောင့်ကြည့်ရဖို့ရှိတယ်ဆိုတာတင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဖေဖော်ဝါရီ - ၁

( Zawgyi )

ယခုရက္သတၱပတ္ထဲ ျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ သတိထားစရာျဖစ္ခဲ့ရတဲ့ သတင္းက ရန္ကုန္ေလဆိပ္ ကို ဆိုက္ေရာက္လာတဲ့ တ႐ုတ္ေလေၾကာင္းလိုင္းတစ္ခုက ေလယာဥ္မွာ သံသယျဖစ္စရာ ဝူဟန္ကို႐ိုနာဗိုင္း ရပ္စ္လူနာ တစ္ဦးေတြလို႔ ထိတ္လန႔္စရာျဖစ္ခဲၾကတဲ့ သတင္း၊ ျပည္ထဲေရးဝန္ႀကီးေနရာအစားထိုးမယ့္သတင္းနဲ႔ ပညာေရးဝန္ထမ္းေတြ ေက်ာင္းတက္ရက္တိုးလို႔ ဆႏၵျပတဲ့ သတင္းေတြဘဲ ျဖစ္ပါတယ္။

ယခုရက္ထဲမွာ ဒီလိုသတင္းေတြအျပင္ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီး စေကာ့ မာစီယယ္ က ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္သည့္ ေဆြးေႏြးပြဲတစ္ခုမွာျမန္မာစစ္တပ္ အရာရွိႀကီးမ်ားအေပၚ ပစ္မွတ္ထားၿပီး ဆန္ရွင္ခ်မွတ္မႈတို႔ ရွိေနလင့္ကစား ဝါရွင္တန္အစိုးရအေနျဖင့္ ျမန္မာႏွင့္ အခိုင္အမာ ဆက္လက္ ဆက္ဆံပတ္ သက္သြားမယ္လို႔ ေျပာခဲ့တဲ့ သတင္း၊ အနည္းဆုံး အခေၾကးေငြဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္း ကို အမ်ိဳးသားလႊတ္ေတာ္ တင္သြင္းခဲ့တဲ့ သတင္း၊ခ်င္းျပည္နယ္မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ NLD အမတ္ ဦးေဝွ႔ တင္းလြတ္ေျမာက္ေရးႀကိဳးပမ္းသည့္ကိစၥမွာ အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ပိုင္း မီဇိုရမ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ကူညီေပးခဲ့ရတယ္ဆိုတဲ့ သတင္း၊ ကရင္ျပည္နယ္အတြင္း KNU ဘက္က ဆြဲမိုင္းေၾကာင့္တပ္မေတာ္ဘက္မွ တပ္ရင္းမႉးအဆင့္ရွိသူတစ္ဦး က်ဆုံး ခဲ့တဲ့ သတင္း၊ ခူမီးမ်ိဳးႏြယ္ကို ရခိုင္မ်ိဳးႏြယ္ထဲ ေအေအအဖြဲ႕က ထည့္သြင္း ထုတ္ျပန္မႈအေပၚ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ကန႔္ကြက္ခဲ့တဲ့ သတင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္ထဲမွာ မူလတန္းဆရာမ တစ္ဦးကို ေသနတ္နဲ႔ပစ္သတ္ခဲ့တဲ့ TNLA ဗိုလ္ကို အမ်ားျပည္သူ မ်ားေရွ႕ေမွာက္မွာ တရားစီရင္မယ္လို႔ T NLA က ထုတ္ျပန္ခဲ့တဲ့ သတင္းေတြလည္း ယခုရက္ထဲ သတိထားစရာ သတင္းေတြထဲ ပါဝင္ခဲ့ပါတယ္။

အခင္းအက်င္းသစ္ ဘယ္လိုျဖစ္လာမလဲ

ဇန္နဝါရီ ၃၁ ရက္ညေနပိုင္းက ျပဳလုပ္တဲ့ ႏိုင္ငံေတာ္သမၼတ ႐ုံးရဲ႕ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ ျပည္ထဲ ေရးဝန္ႀကီးအနားယူမယ့္ ကိစၥနဲ႔ ပတ္သက္ၿပီး ေျပာခဲ့တာရွိတဲ့အတြက္ ျပည္တြင္းက ႏိုင္ငံေရးေလ့လာေစာင့္ ၾကည့္ သူေတြအတြက္ စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။

လက္ရွိ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြနဲ႔ ပတ္သက္ၿပီး သတင္းေတြ လူမႈကြန္ ရက္မွာ ရက္သတၱပတ္တစ္ပတ္ၾကာဆက္တိုက္ထြက္ေပၚေနခဲ့ရာမွာ အခ်ိဳ႕အခ်က္အလက္အခ်ိဳ႕ကလြဲၿပီး အေတာ္ မ်ားမ်ား မွန္ေနတဲ့အတြက္ သတင္းဖတ္သူေတြအတြက္ အံဩစရာျဖစ္ခဲ့ပါတယ္။ ျပည္ေထာင္စုဝန္ႀကီးတစ္ဦး ေန ရာအေ႐ြ႕အေျပာင္းက သာမန္လူေတြ မသိႏိုင္ဘဲ သက္ဆိုင္ရာ တာဝန္ရွိသူေတြသာသိႏိုင္တဲ့ ထိပ္တန္း သတင္း ေတြပါ။အထူးသျဖင့္ ကာကြယ္ေရးဦးစီးခ်ဳပ္က အဆိုတင္ခန႔္အပ္ခြင့္ရွိတဲ့ ဝန္ႀကီးေနရာ ၃ ေနရာနဲ႔ ပတ္သက္ၿပီး အျပင္ကို သတင္းေတြ ႀကိဳထြက္ခဲ့တာက သတိထားစရာျဖစ္ခဲ့ပါတယ္။

အဆိုပါသတင္းစာရွင္းလင္းပြဲမွာ ႏိုင္ငံေတာ္သမၼတ ႐ုံး ေျပာေရးဆိုခြင့္ ရွိသူ ဦးေဇာ္ ေဌးက ျပည္ထဲေရး ဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြကို မူလစစ္ဘက္တာဝန္မ်ား ထမ္းေဆာင္ရန္ အတြက္ ျပန္ေခၚၿပီး ၎ေနရာတြင္ အျခားတစ္ေယာက္ကို အစားထိုးခန႔္ထားေရးအတြက္ သမၼတဆီ တင္ျပထားသည့္အတြက္ ဖြဲ႕စည္းပုံ အေျခခံဥပေဒအတိုင္း ေဆာင္႐ြက္ေနတယ္ေျပာခဲ့ၿပီး မည္သူကို အစားထိုး ခန႔္မည္ဆိုသည့္ကိစၥအတြက္ သတင္းထုတ္ျပန္မႈကို ေစာင့္ၾကည့္ရန္ေျပာခဲ့ပါတယ္။

ႏိုင္ငံတစ္ႏိုင္ငံမွာ ျပည္ထဲေရးဝန္ႀကီးဌာနက အေရးႀကီးဆုံးပါဘဲ။ ရဲတပ္ဖြဲ႕၊ေထြအုပ္၊ စသုံးလုံး စတဲ့ အမ်ား ျပည္သူရဲ႕ အသက္အိုးအိမ္လုံၿခဳံေရးနဲ႔ ေန႔စဥ္ ျပည္တြင္းလုံၿခဳံေရးအတြက္ လိုအပ္မယ္ထင္ရင္ လိုအပ္သလို ေဆာင္ ႐ြက္ခြင့္ရွိတဲ့ ဝန္ႀကီးဌာနလည္းျဖစ္တဲ့ အတြက္ ဒီဝန္ႀကီးဌာနက ျပည္သူေတြအေလးထားတဲ့ ဝန္ႀကီးဌာနလည္း ျဖစ္ပါတယ္။ ဒီဝန္ႀကီးဌာနက လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အဓိက အခန္းက႑ကေန လုံၿခဳံေရးနဲ႔ ဝင္ၿပိဳင္သူ ကိုယ္စားလွယ္ေလာင္းေတြအတြက္ လုံၿခဳံေရးအတြက္ တာဝန္ယူရမယ့္ ဝန္ႀကီးဌာနျဖစ္တဲ့ အတြက္လည္း လက္ရွိ အရပ္သားအစိုးရနဲ႔ ဆက္ဆံေရးေကာင္းမြန္ေနတဲ့ ျပည္ထဲေရး ဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြကို လူစား လဲမယ္ဆိုတဲ့ သတင္းက အမ်ားျပည္သူအတြက္ စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။

ခန႔္မွန္းမႈေတြအရ ျပည္ထဲေရး ဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြေနရာမွာ ျပည္ထဲေရးဒုဝန္ႀကီး တာဝန္ယူခဲ့သူ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးေအာင္စိုးနဲ႔ လက္ရွိ စစ္ဘက္ဆိုင္ရာလုံၿခဳံေရးအရာရွိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္တို႔ ျဖစ္လာဖြယ္ရွိတယ္လို႔ စစ္ဘက္ဆိုင္ရာနဲ႔ နီးစပ္တဲ့ သတင္းေတြမွာ ေဖာ္ျပတာေတြ႕ရပါတယ္။ ဒီရက္ပိုင္း လာေရာက္ခဲ့တဲ့ တ႐ုတ္သမၼတရဲ႕ခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံစာခြၽန္လႊာလက္မွတ္ေရးထိုးပြဲမွာ ႏိုင္ငံေတာ္အတိုင္ ပင္ခံ ပုဂၢိဳလ္ကို ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြက အေလးျပဳေနတဲ့ ပုံေတြထြက္လာခဲ့တဲ့ အတြက္ ICJ မွာ ဂမ္ဘီ ယာရဲ႕ လူမ်ိဳးတုန္းသတ္ျဖတ္ေရးစြပ္စြဲမႈကို ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံအတြက္ ျပည္ထဲေရးဝန္ႀကီးအေျပာင္း အလဲက ဘာထူးျခားမႈေတြ ျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္စရာ စိတ္ဝင္စားဖို႔ ေကာင္းလြန္းေနပါတယ္။

ယခုရက္ထဲ က်င္းပခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ ၿပီးခဲ့တဲ့၂၀၁၉ တစ္ႏွစ္လုံး လႊတ္ေတာ္မွာ ျငင္းခုံမႈ ေတြ၊ေထာက္ခံကန႔္ကြတ္မႈေတြညံေနခဲ့တဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးဟာ ယခုရက္သတၱပတ္မွာ ျပည္ေထာင္စုလႊတ္ေတာ္ထံ ဖြဲ႕စည္းပုံဥပေဒျပင္ဆင္ေရး ဥပေဒမူၾကမ္းႏွစ္ခုကို တင္သြင္းႏိုင္တဲ့ အထိ ခရီးေရာက္ လာခဲ့ပါတယ္။

ဇန္နဝါရီ ၂၇ ရက္ေန႔က က်င္းပျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္သည့္ ဥပေဒၾကမ္းကို ဖြဲ႕စည္းပုံျပင္ဆင္ေရး ပူးေပါင္းေကာ္မတီက ဖြဲ႕စည္း ပုံဥပေဒျပင္ဆင္ေရး ဥပေဒမူၾကမ္းႏွစ္ခုကို တင္သြင္းထားေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို အသိေပးခဲ့ၿပီး ဒီဥေပဒၾကမ္းေတြမွာ ကာလုံဖြဲ႕စည္းပုံမွ နယ္စပ္ေရးရာဝန္ႀကီးကိုထုတ္ပယ္ၿပီး အမ်ိဳးသားႏွင့္ျပည္သူ႔ လႊတ္ေတာ္ တို႔ ၏ ဒုတိယဥကၠ႒မ်ားကို ထည့္သြင္းဖြဲ႕စည္းရန္ ဥပေဒၾကမ္းတြင္ ျပင္ဆင္ထားသလို လႊတ္ေတာ္တြင္ ပါဝင္ေန သည့္ တပ္မေတာ္သားပါဝင္မႈ ၂၅ရာခိုင္ႏႈန္းကို လာမည့္ တတိယအႀကိမ္လႊတ္ေတာ္တြင္ ၁၅ရာခိုင္ႏႈန္းသာ ပါ ဝင္ေစၿပီး စတုတၱအႀကိမ္လႊတ္ေတာ္တြင္ ၁၀ရာခိုင္ႏႈန္းႏွင့္ ပၪၥမအႀကိမ္တြင္ ငါးရာခိုင္ႏႈန္းထက္မပိုေသာ တပ္မ ေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ေ႐ြးခ်ယ္ေပးသည့္ တပ္မေတာ္သား ကိုယ္စားလွယ္မ်ား ပါဝင္ရမယ္ဆိုတာ ေတြလည္း ပါဝင္ခဲ့ပါတယ္။

ဒီဥပေဒၾကမ္းႏွစ္ခုကို လႊတ္ေတာ္ကိုယ္စားလွယ္ ၃၅၁ ဦးက လက္မွတ္ေရးထိုးခဲ့ၿပီး ျပည္ေထာင္စု လႊတ္ ေတာ္ကို တင္ခဲ့တာလို႔ဆိုခဲ့ပါတယ္။ လာမယ့္လႊတ္ေတာ္ညီလာခံေတြမွာ ဒီဥေပေဒၾကမ္းေတြကို အေျခအတင္ ေဆြးေႏြးၾကမွာ ျဖစ္တဲ့အတြက္ ဒီလိုတပ္ဘက္က အခြင့္အာဏာကိုေလ်ာ့ခ်ထားတဲ့ ဒီဥပေဒၾကမ္းေတြ ဘယ္လို ေဆြးေႏြးျငင္းခုံၿပီးမွ အတည္ျပဳျဖစ္မလဲဆိုတာလည္း စိတ္ဝင္စားစရာပါဘဲ။

ေက်ာင္းပိတ္ရက္ေလ်ာ့လို႔လား ၊ စနစ္မက်လို ဆႏၵျပတာလား

ရက္အေတာ္ၾကာ ႀကိဳၾကား ႀကိဳၾကား ဆႏၵျပေနတဲ့ ဆရာ/ဆရာမအခ်ိဳ႕ရဲ႕ ဆႏၵျပမႈက ယခုရက္ သတၱပတ္မွာေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံတက္ေရာက္တဲ့ အခမ္းအနားထိေရာက္လာခဲ့ပါတယ္။ ဇန္နဝါရီလ ၂၈ ရက္ေန႔က ေနျပည္ေတာ္ MICC-2 ခန္းမမွာ ျပဳလုပ္သည့္ ပညာေရး ဖြံ႕ၿဖိဳးတိုးတက္ေရး အေကာင္အထည္ ေဖာ္ ေဆာင္ ေရး ႏွီးေႏွာဖလွယ္ပြဲမွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က မိန္းခြန္းေျပာ ေနစဥ္မွာ ေဆြးေႏြးဖို႔ တက္ေရာက္ရန္ဖိတ္ၾကားခဲ့တဲ့ ေက်ာင္းသားသမဂၢက ေက်ာင္းသား ၁၂ ေယာက္က ဗီႏိုင္းမ်ား ကိုင္ေဆာင္ၿပီး ထရပ္ကာ အသံတိတ္ ဆႏၵျပခဲ့ၾကပါတယ္။

ဒီလိုဆႏၵျပရာမွာ ေက်ာင္းသားမ်ားသမဂၢအဖြဲ႕ဝင္ေတြက မႏၲေလးတကၠသိုလ္ ေက်ာင္းသားမ်ား သပိတ္ ေမွာက္ ကိစၥေျဖရွင္းေပးေရး၊ မတ္လကုန္အထိ စာေမးပြဲ စစ္ေဆးျခင္းဟာ ႏိုင္ငံစီးပြားေရးကို တိုးတက္ႏိုင္ ပါသ လား စသည့္အခ်က္မ်ား အပါအဝင္ အခ်က္ ၄ ခ်က္ပါ ဗီႏိုင္းမ်ားကို ကိုင္ေဆာင္ၿပီး ဆႏၵျပခဲ့ၾကတာပါ။ အထူး သျဖင့္ ျပည္တြင္းမွာ ဆရာ/ဆရာမသမဂၢေတြ ေက်ာင္းသားသမဂၢေတြ လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့တာက ေႏြရာသီေက်ာင္းပိတ္ရက္လို႔ အစဥ္အဆက္လာက္ခံလာခဲ့တဲ့ မတ္လကို ေက်ာင္းဖြင့္ရက္အျဖစ္တိုးခဲ့တာကိုပါဘဲ။
ဒီအတြက္ ေက်ာင္းသားမိဘေတြဘက္က အသံမထြက္သေလာက္ရွိေပမယ့္ ဆရာ/ဆရာမသမဂၢေတြ ဘက္က အေတာ္ေလးကို အသံက်ယ္က်ယ္ေလာင္ေလာင္ထြက္လာခဲ့ပါတယ္။ အထူးသျဖင့္ ပညာေရးတကၠသိုလ္ ေတြမွာ တက္ေရာက္ဆဲ ေက်ာင္းသားေတြက အဓိက ဆန႔္က်င့္မႈေတြ လုပ္ေနၾကသလို လူမႈကြန္ရက္မွာလည္း ေဝဖန္ေျပာဆိုမႈေတြ အျပန္အလွန္ရွိခဲ့ပါတယ္။

ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ အစည္းအေဝးမွာ လူထုေထာက္ခံတဲ့ ေခါင္းေဆာင္ျဖစ္တဲ့ ႏိုင္ငံေတာ္အတိုင္ ပင္ခံပုဂၢိဳလ္ကို ဆႏၵထုတ္ေဖာ္တဲ့ လုပ္ရပ္အတြက္ ေဝဖန္မႈေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ အထူးသျဖင့္ အမ်ားျပည္သူ ေတြက လက္မခံဘဲ နဂိုထက္ ပိုအျမင္ေစာင္းခဲ့ေပမယ့္ ႏိုင္ငံေရးအစဥ္အလာရွိတဲ့ ႏိုင္ငံေရးသမားေတြနဲ႔ အာဏာ ရပါတီရဲ႕ အတိုက္အခံေတြက ဒီလုပ္ရပ္အေပၚ ေထာက္ခံခဲ့ၾကပါတယ္။ အထူးသျဖင့္ ေက်ာင္းသားသမဂၢအဖြဲ႕ ဝင္လို ယူဆရသူတစ္ဦးက ေဖ့စ္ဘြတ္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ပတ္သက္ၿပီး ညစ္ညမ္းတဲ့ စကားလုံးသုံးၿပီး ေရးသားခဲ့တာရွိတဲ့ အတြက္ အေတာ္ေလး ေထာက္ျပ အ႐ုပ္ဆိုးခဲ့ပါတယ္။

အဆိုပါ အခမ္းအနားမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ဒီလိုဆႏၵျပတဲ့ အတြက္ “ဒီလိုအခမ္းအနား ေတြ ကို ကိုယ့္အတြက္ကိုယ့္အဖြဲ႕အတြက္၊ကိုယ္တစ္ေယာက္ထဲအျမင္အတြက္အသုံး မခ်ပါနဲ႔၊ဒါဟာလုံးဝျဖစ္သင့္တဲ့ ကိစၥမ ဟုတ္ပါဘူး။လူတိုင္းလူတိုင္းမွာအခြင့္အေရးရွိသလိုတာဝန္ရွိတယ္ဆိုတာ သိရပါတယ္၊စည္းကမ္း ဆိုတာ ကိုယ္စည္းကိုထိမ္းရပါမယ္၊အေနာက္ကေနဘာေတြဘဲေထာင္ျပေထာင္ျပဒီက လည္းမျမင္ရဘူး၊မျမင္ရ ရင္လည္း ဘာမွထူးမွာမဟုတ္ဘူး။တင္ျပခ်င္လို႔ရွိယင္တင္ျပႏိုင္တဲ့အခြင့္အလမ္းေတြ အမ်ားႀကီးရွိတယ္၊ တင္ျပႏိုင္တဲ့ပုံစံ ေတြရွိတယ္။ဒါကိုပြင့္ပြင့္လင္းလင္းကိုယ့္နာမည္ကိုထိုးၿပီးကိုယ့္ရဲ႕အျမင္ေတြ ကိုတင္ျပႏိုင္ပါတယ္။ ဒီလိုအခမ္း အနားေတြကို အလြဲသုံးစားမလုပ္ပါနဲ႔လူတိုင္းလူတိုင္းဟာကိုယ့္စည္းကိုယ္ေစာင့္တာအင္မတန္မွ အေရးႀကီး ပါတယ္။ က်မခဏခဏေျပာပါတယ္။အခြင့္အေရးရွိသလိုကိုယ့္မွာတာဝန္ရွိတယ္။အခြင့္အေရးကို ဘဲၾကည့္ၿပီး တာဝန္ကိုမေလးစားလို႔ရွိယင္က်မတို႔ႏိုင္ငံမွာဘယ္ေတာ့မွတိုးတက္မွာမဟုတ္ပါဘူး” လို ျပတ္ျပတ္သားသား ေျပာခဲ့ပါတယ္။

ေယဘုယ်ၾကည့္မယ္ဆိုရင္ ျပည္သူေတြေထာက္ခံတဲ့ အရပ္သားအစိုးရလက္ထက္မွာ အစိုးရ အထူးသျဖင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံကို ဦးတည္ၿပီး ဆန႔္က်င္တဲ့ လုပ္ရပ္မွန္သမွ်နဲ႔ အတိုက္အခံလုပ္ရပ္မွန္သမွ်ဟာ မည္မွ်ပင္ လုပ္ရပ္မွန္ပါေစ ျပည္သူေတြက လက္မခံတာကိုေတြ႕ရပါတယ္။ျပည္သူေတြအေနနဲ႔ ယခင္စစ္အာဏာရွင္ လက္ ထက္ အႏိုင္က်င့္ဗိုလ္က်တာေတြကို ေက်ာေကာ့ေအာင္ ခံရခဲ့တဲ့ အတြက္ လက္ရွိအရပ္သားအစိုးရလက္ထက္ အလြဲေတြ၊အမွားေတြကို နားလည္ေပးထားတာကို ေတြ႕ရပါတယ္။ ဒီလို လုပ္ရပ္အမွားေတြ၊ အလြဲေတြအတြက္ လည္း ေကာင္းတဲ့ လုပ္ရပ္ေတြနဲ႔ ေထေပးၾကတာကိုေတြ႕ရပါတယ္။

ႏိုင္ငံေရးသမားေတြနဲ႔ တက္ႂကြတဲ့ လူငယ္ေတြကေတာ့ ဒီမိုကေရစီဆိုတဲ့ အတြက္ တင္းျပည့္ က်ပ္ျပည့္ ဒီမိုကေရစီစံအတိုင္း က်င့္သုံးၿပီး အစိုးရအဖြဲ႕အားေကာင္းလာေအာင္ ေဝဖန္မႈေတြ၊ ေထာက္ျပမႈေတြ လုပ္ၾက ပါတယ္။ အတိုက္အခံပါတီေတြကေတာ့ ႏိုင္ငံေရးေရခ်ိန္မျပည့္ခဲ့တဲ့ အတြက္ အခုခ်ိန္ထိ ျပည္သူကို သူလက္ထက္ ဘာလုပ္ေပးမယ္ ညာလုပ္ေပးမယ္နဲ႔ ဆြယ္လုံးေတြ ေျပာေနရသလို ယခုလို အခ်က္ေကာင္းေတြ ေပၚလာရင္ ဘာျဖစ္ႏိုင္လာလဲ ျပည္သူေတြက ဒီအျဖစ္အပ်က္အေပၚ ဘယ္လို ျမင္ႏိုင္သလဲဆိုတာကို မၾကည့္ဘဲ ဝင္ၿပီး ႏွမ္းျဖဴးေထာက္ခံၾကတဲ့ အတြက္ မူရင္းနစ္နာသူေတြ အတြက္ ျပဳလုပ္တဲ့ ဆႏၵျပမႈေတြ၊ ေတာင္းဆိုမႈေတြက ပုံစံေျပာင္းၿပီး ျဖစ္သြားတဲ့အတြက္ အာဏာပိုင္ေတြရဲ႕ မ်က္မုန္းႀကိဳးခဲ့တဲ့ အျဖစ္ေတြျဖစ္ခဲ့ရသလို ကူရာမေရာက္ဘဲ ဒုကၡပိုေရာက္ေအာင္ ျဖစ္ေနတာကို ယခုျဖစ္ရပ္မွာလည္းေတြ႕ရပါတယ္။

ဒီလို ေတာင္းဆိုတဲ့ အခ်က္ ၄ ခ်က္ထဲက မႏၲေလးတကၠသိုလ္ စားေသာက္ဆိုင္ကိစၥမွာ ၫႊန္ၾကားခ်က္ အတိုင္းမလိုက္နာတဲ့ မႏၲေလးတကၠသိုလ္ကို ပါေမာကၡခ်ဳပ္ကို အနားေပးခဲ့ပါတယ္။ ဇန္နဝါရီ ၂၇ ရက္ေန႔က ျပဳ လုပ္တဲ့ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးမွာ ပညာေရးဒု-ဝန္ႀကီးက ေမးခြန္းေတြ လာေျဖရင္း သတင္း ေထာက္ ေတြနဲ႔ေတြ႕တဲ့ အခါ ယခုလို ပညာသင္ကာလ တိုးျမႇင့္လိုက္လိုက္လို႔ ၁၀ လျဖစ္သြားတာနဲ႔ ပတ္သက္ၿပီး ေျပာခဲ့ ရာမွာ လက္ရွိအေျခခံပညာ သင္႐ိုးကို ႏိုင္ငံတကာနည္းတူ ၁၀ လဆြဲထားတဲ့အတြက္ ဒီအတိုင္း Frame Work ျပည့္ေအာင္ ယခုအစိုးရလက္ထက္မွာလုပ္တာျဖစ္ၿပီး KG+12 ပညာေရးစနစ္ကို ၂၀၁၆-၂၀၁၇ခုႏွစ္တြင္ စတင္ ေျပာင္းလဲခဲ့ၿပီး အဆိုပါစနစ္မွာ ၂၀၂၂ခုႏွစ္တြင္ ၿပီးဆုံးမွာျဖစ္တဲ့ အတြက္ ထိုစနစ္ႏွင့္ လိုက္ေလ်ာမႈရွိေစမည့္ ဆယ္လသင္႐ိုးကို ေျပာင္းလဲခဲ့တာလို႔ေျပာခဲ့ၿပီး ကမာၻေပၚမွာ ထိုစနစ္အတိုင္း အၿပီးသတ္ေျပာင္းဖို႔ ျမန္မာႏိုင္ငံႏွင့္ အာဖရိက ႏိုင္ငံတြင္းမွ ႏိုင္ငံတစ္ႏိုင္ငံသာ ၿပီးဆုံးရန္က်န္တယ္လို႔ ေျပာခဲ့ပါတယ္။

အဆိုပါ ေျပာၾကားခ်က္မွာ ဒီလို ပညာသင္ၾကားတဲ့ ကာလ မတ္လအထိျဖစ္လာတဲ့ အတြက္ ဆရာ၊ ဆရာ မမ်ားႏွင့္ ေက်ာင္းသားမိဘမ်ား၏ ေဝဖန္မႈမ်ားႏွင့္ ႀကဳံေတြ႕ ေနရလို႔ အဆိုပါ စနစ္ကို ျပန္လည္ သုံးသပ္မည္လို ေျပာခဲ့တဲ့ အတြက္ ဆႏၵျပတဲ့ တကၠသိုလ္သမဂၢအဖြဲ႕ေတြ၊ ဆရာ/ဆရာမေတြရဲ႕ ႀကိဳးစားမႈ ေအာင္ျမင္မလား၊ ဒါမွမဟုတ္ေျပာင္းလဲေနတဲ့ ပညာေရးစနစ္ကို သြားၿပီးအရွိန္တန႔္ေစမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ျမန္မာတံခါးကို ေခါက္လာတဲ့ ဝူဟန္ဗိုင္းရပ္စ္

ယခုရက္သတၱပတ္အတြင္း အမ်ားျပည္သူစိတ္ဝင္စားမႈအရွိဆုံးသတင္းကေတာ့ ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ သတင္းပါဘဲ။ တ႐ုတ္ႏိုင္ငံ ဝူဟန္ကေနစခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္မႈျပႆနာက ယခုရက္သတၱပတ္မွာ ေသဆုံးသူဦးေရတိုးလာသလို WHOလို ကမာၻက်န္းမာေရးအဖြဲ႕ကလည္း ဇန္နဝါရီ ၃၀ရက္မွာ ကမာၻ႔က်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ေၾကညာခဲ့ပါတယ္။ ဇန္နဝါရီ ၃၁ ရက္အထိ တ႐ုတ္ႏိုင္ငံအတြင္း ေသဆုံးသူေပါင္း ၂၅၉ ဦး ရွိၿပီး ကူးစက္ခံရသူေပါင္း ၁၁၀၀၀ ေက်ာ္ ရွိကာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားေနတဲ့ ႏိုင္ငံေပါင္း ၂၀ ေက်ာ္ထက္မနည္းရွိလာတဲ့ ဒီကူးစက္ေရာဂါအေပၚ တ႐ုတ္နဲ႔ အနီးကပ္ဆုံးရွိေနကာ ကူးလူးဆက္ဆံမႈမ်ားတဲ့ ျမန္မာ ႏိုင္ငံမွာ ဒီေရာဂါကာကြယ္မႈအေပၚ ကိုင္တြယ္မႈနဲ႔ပတ္သက္ၿပီး ေဝဖန္မႈေတြ ျပင္းျပင္းထန္ထန္ထြက္လာခဲ့ ပါတယ္။

အေစာပိုင္းက က်န္းမာေရးဝန္ႀကီးက ဒီကူးစက္ေရာဂါနဲ႔ ပတ္သက္ၿပီး ႀကိဳတင္ကာကြယ္မႈက ဖ်ားသြား ေလာက္ေအာင္ ျပည္ျပည္စုံစုံ ျပင္ဆင္ထားတယ္လို႔ ေျပာခဲ့တာကလည္း အမ်ားျပည္သူနဲ႔ သတင္းမီဒီယာ ေတြ အတြက္ ဘဝင္မက်စရာျဖစ္ခဲ့ပါတယ္။ ဒီေနာက္မွာ ဒီေရာဂါျဖစ္လာရင္ ေသမလား/ရွင္မလားဆိုတာ မသိဘူးလို႔ ေျပာခဲ့တဲ့ အတြက္လည္း ေဝဖန္စရာထပ္ျဖစ္ခဲ့ပါတယ္။ ဒီကာလထဲမွာ ျမန္မာႏိုင္ငံထဲ ဝူဟန္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူရွိလာၿပီဆိုတဲ့ သတင္းေတြ မၾကာခဏထြက္ခဲ့တဲ့ အတြက္ အမ်ားျပည္သူ ထိတ္လန႔္ခဲ့ရသလို အဓိက အေနနဲ႔တ႐ုတ္ႏိုင္ငံကဝင္လာတဲ့ တ႐ုတ္ခရီးသြားေတြအေပၚ တင္းက်ပ္တဲ့ စစ္ေဆးမႈေတြ မရွိခဲ့တဲ့ အတြက္လည္း ျပစ္တင္ေဝဖန္စရာ ျဖစ္လာခဲ့ပါတယ္။

ဇန္နဝါရီ - ၂၆ရက္ေန႔ ည ေျခာက္နာရီခြဲဝန္းက်င္မွာ တ႐ုတ္ႏိုင္ငံသူအမ်ိဳးသမီးဟာ ဝမ္းေလွ်ာအဖ်ားေရာ ဂါနဲ႔ ေညာင္ေ႐ႊ ျပည္သူ႔ေဆး႐ုံမွာေဆးကုသမႈခံယူေနခဲ့လို႔ ေစာင္ၾကည့္စစ္ေဆးခဲ့ရာမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးရဲ႕ လကၡဏာမရွိဘူးစစ္ေဆးခဲ့ရာမွာ ၀ူဟန္ကို႐ိုနာဗိုင္းရပ္စ္မရွိခဲ့ပါဘူး။ ဇန္နဝါရီ ၂၇ ရက္မွာ တ႐ုတ္-ျမန္မာနယ္စပ္ရွိ မူဆယ္ မန္ဝင္းႏွင့္ ဆင္ျဖဴ လူဝင္မႈႀကီးၾကပ္ေရး စစ္ေဆးေရးဂိတ္တို႔တြင္ ကိုယ္အပူခ်ိန္ ျမင့္တက္ေနသူ ႏွစ္ဦးကိုေတြ႕ရွိလို႔ ေစာင့္ၾကည့္စစ္ေဆးခဲ့ေပမယ့္ ႐ိုး႐ိုးတုပ္ေကြး အဖ်ားရွိတဲ့ လူနာ ေတြျဖစ္ေနပါတယ္။ဇန္နဝါရီ ၃၀ ရက္မွာ ပဲခူးစက္မႈဇုန္သို႔ ျပန္ လည္ေရာက္ရွိလာေသာ တ႐ုတ္ ႏိုင္ငံသားေလးဦး ဖ်ားနာေနတဲ့ အတြက္ ေဝဘာဂီေဆး႐ုံကိုပို႔ေဆာင္ ေစာင္ၾကည့္ခဲ့ရပါတယ္။ ဒါေပမယ့္ ဒီေလးဦးက သာမန္ရာသီဖ်ားျဖစ္ေနပါတယ္။ ဒီေနာက္မွာ မူဆယ္က ျပန္ဝင္လာတဲ့ ျမန္မာႏိုင္ငံသားတစ္ဦး ကို ဖ်ားနာေနတဲ့ အတြက္ မိတၳီလာမွာ ေစာင့္ၾကပ္ကုသေနခဲ့ရတာေတြရွိခဲ့ပါတယ္။

ဒီေရာဂါက အနည္းဆုံး ၁၄ ရက္ၾကာမွ ေရာဂါလကၡဏာေပၚတဲ့ အတြက္ သံသယ လူနာေတြနဲ႔ ၀ူဟန္ ကေန လာတဲ့ လူေတြကို ခြဲထုတ္ေစာင့္ၾကည့္ရပါတယ္။ဒီအတြက္ ျမန္မာႏိုင္ငံထဲ ဥဒဟိုဝင္ထြက္ေနတဲ့ တ႐ုတ္ ႏိုင္ငံကလာတဲ့ တ႐ုတ္ႏိုင္ငံသားေတြအေပၚ က်န္းမာေရးအရ ေပါ့ဆမႈေတြရွိတဲ့အတြက္ျပည္တြင္း မွာေဝဖန္မႈေတြ ျမင့္တက္လာခဲ့ပါတယ္။ႏိုင္ငံတကာေလဆိပ္ေတြမွာ ဒီကူးစက္ေရာဂါအေပၚ သတိထားၿပီး ႀကိဳတင္ျပင္ဆင္ေနၾကတဲ့ အခ်ိန္မွာ ရန္ကုန္ေလဆိပ္က ဝန္ထမ္း ေတြ၊အာဏာပိုင္ေတြ ဒီကူးစက္ေရာဂါအေပၚ ေပါ့ဆေနတဲ့ အေပၚ အေနာက္တိုင္းခရီးသည္တစ္ဦး လူမႈကြန္ရက္မွာေထာက္ျပေရးျပမႈကလည္း အမ်ားျပည္သူအေနနဲ႔ စိတ္ေဒါသထြက္စရာ ျဖစ္ခဲ့ပါတယ္။

ဒီထက္ဆိုးတာက ရန္ကုန္ေလဆိပ္သို႔ ဇန္နဝါရီ ၃၁ ရက္ နံနက္ ၁၀ နာရီ ၃၉ မိနစ္တြင္ ဆိုက္ေရာက္ခဲ့တဲ့ China Southern ေလေၾကာင္းလိုင္းကေလယာဥ္ေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာ တ႐ုတ္ႏိုင္ငံသား တစ္ဦးပါခဲ့တဲ့ အတြက္ ျမန္မာႏိုင္ငံတစ္ဝန္းတုန္လႈပ္စရာျဖစ္ခဲ့ပါတယ္။ ခရီး သည္ ၇၉ ဦးလိုက္ပါခဲ့ၿပီး အသက္ (၆၀) ႏွစ္ အ႐ြယ္ယူနန္ျပည္နယ္ကေနလာတဲ့ တ႐ုတ္အ မ်ိဳးသားမွာ သံသယျဖစ္စရာေတြ႕ခဲ့တဲ့ အတြက္ ေလယာဥ္ေပၚပါ အဆိုပါခရီးသည္နဲ႔ ျမန္မာႏိုင္ငံသားႏွစ္ဦးကို ေခၚထားၿပီး ခရီးသည္ ၇၆ ဦးကို ေလယာဥ္နဲ႔အတူး ကြမ္ က်ိဳးၿမိဳ႕သို႔ ျပန္လည္ေစလႊတ္ခဲ့ရပါတယ္။

အဆိုပါ သံသယလူနာ တ႐ုတ္ႏိုင္ငံသား ခရီးသည္နဲ႔ ျမန္မာႏိုင္ငံသားႏွစ္ဦးကို ကို႐ိုနာဗိုင္းရပ္စ္ ကူး စက္ခံ ထားရျခင္းရွိ၊ မရွိ အတည္ ျပဳႏိုင္ရန္ ေစာင့္ၾကည့္လူနာအျဖစ္ ေဝဘာဂီေဆး႐ုံကိုပို႔ေဆာင္ ေစာင္ၾကည့္ခဲ့ ရပါ တယ္။ အဲဒီရက္မွာဘဲ မႏၲေလးၿမိဳ႕ တံ တားဦး အျပည္ျပည္ဆိုင္ရာေလ ဆိပ္သို႔ ဆိုက္ေရာက္လာသည့္ ေလယာဥ္ ေပၚတြင္ လိုက္ပါလာ သည့္ တ႐ုတ္ႏိုင္ငံသား (၃) ႏွစ္ အ႐ြယ္ကေလးတစ္ဦးသည္ ဖ်ား နာေနသျဖင့္ ကေလးေဆး ႐ုံသို႔ ပို႔ ေဆာင္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ရတာလည္းရွိခဲ့ပါတယ္။

ႏိုင္ငံတကာကို ကူးစက္ေနတဲ့ ဒီေရာဂါက ကမာၻတစ္လႊားကူးစက္ျပန႔္ပြားေနေပမယ့္ အနီးကပ္ရွိေနတဲ့ ျမန္မာႏိုင္ငံမွာ ကူးစက္သူမရွိေသးတာက ျမန္မာႏိုင္ငံသားေတြအတြက္ စဥ္းစားစရာ တစ္ခုပါဘဲ။ ဒီအတြက္ မၾကာခင္က ျဖစ္ခဲ့တဲ့ China Southern ေလေၾကာင္းလိုင္းေလယာဥ္ျဖစ္စဥ္က သတိထားစရာျဖစ္ခဲ့ပါတယ္။ဒီအတြက္ ျမန္မာႏိုင္ငံဘက္ ဝန္ႀကီးေျပာသလို ျပင္ဆင္မႈေတြေကာင္းေနတာလား ၊ဘာေတြေကာင္းေနတာလဲ၊ျမန္မာႏိုင္ငံသားေတြမွာဘဲ ေရာဂါၿပီးစနစ္မ်ားရွိေနတာလားဆိုတာ အသက္ေတြရင္းၿပီးေစာင့္ၾကည့္ရဖို႔ရွိတယ္ဆိုတာတင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ေဖေဖာ္ဝါရီ - ၁