【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဗိုင်းရပ်စ်ထိန်းနိုင်ပြီလားနှင့် အကျိုးစီးပွားပဋိပက္ခ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဗိုင်းရပ်စ်ထိန်းနိုင်ပြီလားနှင့် အကျိုးစီးပွားပဋိပက္ခ

ယခုရက်သတ္တပတ်အတွင်း သတင်းတွေထဲမှာ သတိထားဖွယ် သတင်းတွေအများအပြားရှိခဲ့ပါတယ်။ကျောက်မဲမှာဖြစ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုမှာ ရှမ်းလက်နက်ကိုင်အဖွဲ့က ကျူးလွန်သူကို သေဒဏ်ချခဲ့တာကနေ ရန်ကုန် ဓရာ၀တီရေတပ်စခန်းမှာ ရေချခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးရေငုပ်သင်္ဘော တပ်တော်ဝင်တဲ့ အခမ်းအနားသတင်းတွေ၊ တပ်မတော်သားတွေ တပ်ပြင်ပ မဲပေးခွင့်ရတဲ့ မြို့နယ်တွေထဲက မြို့နယ်အချို့မှာ သံသယဖြစ်ဖွယ် မဲပေးသူစာရင်းတွေနဲ့ပတ်သက်ပြီး တပ်ဘက်က ဒုတိယအကြိမ်ထုတ်ပြန်တာတွေ၊ ရွေး/ကော်ဘက်က တုံ့ပြန်တာတွေနဲ့ အာဏာရပါတီဘက်က တပ်ဘက်ကို တိုက်တွန်းအကြံပြုတာတွေ၊ ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး မြန်မာက အိန္ဒိယကနေ ဆေးသွားဝယ်နေတာတွေ၊ မြန်မာနိုင်ငံကို မကြာခင်လာရောက်စရာရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ပေါ်ထွက်နေတဲ့ ခန့်မှန်းမှုသတင်းတွေ စသဖြင့် သတင်းများစွာရှိခဲ့ပါတယ်။

ဒီထဲမှာ အစိုးရက တားမြစ်ပိတ်ပင်ထားတဲ့ကြားက ခိုးဖွင့်တဲ့ ကေတီဗွီကိုသွားလို့ နာမည်ကျော် လူမှုရေးသမားတစ်ဦး အဖမ်းခံရတာတွေ၊ ရန်ကုန်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့က မြို့နယ်အချို့ကို စတေးဟုမ်းလွှတ်ခဲ့တာတွေ၊ ရန်ကုန် လှည်းကူးနဲ့ လေးထောင့်ကန်မှာ တောင်ကိုရီးယားနဲ့ ထိုင်းက စက်မှုဇုန်နဲ့ စမတ်စီးတီး စီမံကိန်းတွေ၊ ထိုင်းမှာ မြန်မာလုပ်သားတွေကြား ကိုဗစ်ကူးစက်မှုမြင့်တက်နေလို့ ထိန်းချုပ်ခံထားရတဲ့ သတင်းတွေလည်းရှိခဲ့ပါတယ်။ဒီထဲကမှ စိတ်ဝင်စားဖို့ကောင်းတဲ့ ကိုဗစ်ကူးစက်မှု မပြတ်သေးခင်မှာ ဗိုင်းရပ်စ်နဲ့အတူယှဉ်တွဲနေထိုင်ပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်လည်ပတ်ဖို့လုပ်နေတဲ့ အစီအမံတွေ၊ အများပြည်သူ စိတ်မဝင်စားတဲ့ မဲရှုံးပါတီအချို့ ဆန္ဒပြပွဲနဲ့ တပ်နဲ့ ရွေးကော် အပြန်အလှန်စာထုတ်မှုတွေကနေတစ်ဆင့် ဖြစ်လာနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာနိုင်တဲ့အပေါ် သက်ရောက်လာနိုင်တဲ့ မြန်မာ့နိုင်ငံရေးအခြေအနေ အကောင်းအဆိုးခန့်မှန်းနေကြတဲ့ သတင်းတွေက ဒီတစ်ပတ်မှာ ချည်းကပ်သုံးသပ်လို့ကောင်းမယ့် သတင်းတွေပါဘဲ။ဒီထဲက ပထမဆုံးအနေနဲ့ ဗိုင်းရပ်စ်သတင်းတွေနဲ့ အာဏာပိုင်တွေလုပ်ဆောင်မှု၊ ကာကွယ်ဆေးရနိုင်မှုအခြေအနေကို ယှဉ်တွဲကာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ အရင်ဖော်ပြချင်ပါတယ်။

ကိုဗစ်ကို ထိန်းနိုင်တာလား၊ လျစ်လျူလိုက်တာလား

လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်ကူးစက်ခံထားရတဲ့သူ အရေအတွက်က တစ်သိန်းကျော်သွားခဲ့ပါပြီ။ဒီအရေအတွက်က လွန်ခဲ့တဲ့ ၆ လလောက်က နှစ်ကုန်မှာ ကူးစက်သူအရေအတွက် တစ်သိန်းကျော်ထိဖြစ်လာမယ် ပြောခဲ့မယ်ဆိုရင် အားလုံးက ဒါသက်သက်ခြောက်လှန့်တာလို့ ပြောကြမှာအမှန်ပါဘဲ။ခြောက်လအတွင်း ကူးစက်သူ တစ်သိန်းကျော်၊ သေဆုံးသူ နှစ်ထောင်ကျော်နဲ့ နေ့စဉ် ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ နှစ်ဆယ်ကျော်ရှိနေချိန်မှာ အားလုံးက ဗိုင်းရပ်စ်ကို ကြောက်နေလို့မရတော့ဘဲ ဘယ်လိုအတူယှဉ်တွဲနေထိုင်လို့ရမလဲဆိုတာကို ကျန်းမာရေးတာဝန်ရှိတဲ့သူတွေ အာဏာပိုင်တွေ ပြောစရာ တိုက်တွန်းစရာမလိုဘဲ စဉ်းစားလာရပြီဖြစ်ပါတယ်။

အထူးသဖြင့် ရန်ကုန်ထက် နောက်ကျပြီး ကူးစက်မှုပြန့်ပွားခဲ့တဲ့ မန္တလေးမှာ ကိုဗစ်ကူးစက်မှုကိုထိန်းချုပ်ဖို့ မြို့ရဲ့အချို့အစိတ်အပိုင်းကို ထိန်းချုပ်ကန့်သတ်ခဲ့တဲ့အခါ  အစောပိုင်းသုံးလေးရက်မှာ လိုက်နာမှုရှိခဲ့ပေမယ့် နောက်ရက်တွေမှာတော့ ရန်ကုန်မှာ နှစ်ပတ်ကြာ ပထမလှိုင်းထိန်းချုပ်တုန်းက ရက်အတော်ကြာမှဖြစ်ခဲ့တဲ့ စောဒကတက်မှုတွေကို စောစောစီးစီးမြင်တွေ့ခဲ့ရပါတယ်။ဒါဟာ ထိန်းချုပ်မှုမှာ နောက်ကွယ်ကနေ ထောက်ပံ့မှုမရှိရင် အလုပ်မဖြစ်ဘူးဆိုတာနဲ့ ဒီလိုဖြေရှင်းတာက အဖြေမဟုတ်ဘူးဆိုတာကို ထပ်ပြီး အာဏာပိုင်တွေကို ပြလိုက်တာဘဲဖြစ်ပါတယ်။နေ့စဉ် စားဝတ်နေရေးဖြေရှင်းနေရတဲ့ လက်လုပ်လက်စားအရေအတွက်က ရန်ကုန်ပြီးရင် ဒုတိယအများဆုံးဖြစ်တဲ့အတွက် လူအများကြီးကို ရက်သတ္တပတ် တစ်ပတ် နှစ်ပတ်ကြာ အိမ်ထဲမှာဘဲနေစေမယ်ဆိုရင် အာဏာပိုင်တွေဘက်က ထောက်ပံ့မှုမရှိရင် ဘာမှလုပ်လို့မရနိုင်ဘူးဆိုတာကို ပြလိုက်တာပဲဖြစ်ပါတယ်။ဒီအခြေအနေကြောင့် မန္တလေးရဲ့ တင်းကျပ်တဲ့ စတေးဟုမ်းကာလဟာ စောစောစီးစီးဖြည်ချခဲ့ရတာပါဘဲဖြစ်ပါတယ်။

အထူးသဖြင့် ကူးစက်ကပ်ရောဂါအပေါ် ရန်ကုန်မှာနေထိုင်တဲ့ အောက်ခြေလူတန်းစားတွေ မြင်တဲ့အမြင်က တခြားကအမြင်တွေထက် ကွဲထွက်နေလို့ ဝေဖန်မှုတွေရှိပေမယ့် ဒီအမြင်က ကမ္ဘာ့သမိုင်းတစ်လျှောက် ကပ်ရောဂါကြုံတိုင်းမှာဖြစ်လေ့ရှိတဲ့ အောက်ခြေလူတန်းစားတွေရဲ့ ဘုံအမြင်ပါဘဲ။ကပ်ရောဂါကသပ်သပ်၊ စားဝတ်နေရေးကသပ်သပ်၊ စားဝတ်နေရေးအတွက် ရောဂါဖြစ်ကာမှဖြစ်ရော အလုပ်ထွက်လုပ်မှရမယ်ဆိုတဲ့ မလာသေးတာကို တွေးမကြောက်အားဘဲ လက်တွေ့ကြုံနေရတဲ့ စားဝတ်နေရေးကိုဦးစားပေးတဲ့ လက်တွေ့ကျတဲ့အတွေးပါဘဲ။ဒီလိုအတွေးနဲ့ စဉ်းစားပုံယူဆချက်ကြောင့် ရန်ကုန်မှာ စတေးဟုမ်းရှိပေမယ့် စားဝတ်နေရေးအရ အိမ်ထဲမနေနိုင်ဘဲ လူအတော်များများက လမ်းပေါ်ပြန်ထွက်လာရသလို သတ်မှတ်ထားတဲ့ ကျန်းမာရေးအရ အကာအကွယ်ဖြစ်တဲ့ mask နဲ့ လက်သန့်ဆေးရည်ကို တွင်တွင်သုံးပြီး လုပ်ငန်းခွင်ပြန်ဝင်ခဲ့ကြရပါတယ်။ဒီလိုအခြေအနေတွေကြောင့် လူမှုကွန်ရက်မှာ စေတနာနဲ့သတိပေးမှုတွေ၊ တင်းတင်းကျပ်ကျပ်တားမြစ်စေလိုသူတွေ တိုက်တွန်းမှုတွေရှိခဲ့ပေမယ် လှိုင်သာယာလို၊ ဒဂုံတောင်ပိုင်းလို နေရာတွေမှာ  နေ့စဉ် စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့ အခြေအနေကိုသိကြရင် ဒီလိုပြောထွက်ကြမှာမဟုတ်ပါဘူး။

အထူးသဖြင့် ကူးစက်မှုဗဟိုချက်ချာဖြစ်နေတဲ့ ရန်ကုန်မှာ လူဦးရေ ခန့်မှန်း ၇ သန်း ၈ သန်းနီးပါးကို အိမ်ထဲကနေ အိမ်ပြင်မထွက်ဖို့ အာဏာပိုင်တွေက ပထမလှိုင်းတုန်းက ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် ထိုစဉ်က ကူးစက်မှုမှာ ပြည်တွင်းကူးစက်မှုမရှိခဲ့တာရယ်ကြောင့် ထိန်းထားနိုင်ခဲ့ပေမယ့် ယိုင်နဲ့နဲ့စီးပွားရေးကတော့ ဇောက်ထိုးဆင်းခဲ့ပြီး စတေးဟုမ်းသတ်မှတ်ချက်တွေ ဆင့်ကဲဆင့်ကဲရှိလာတဲ့အခါမှာတော့ အခြေခံစီးပွားရေးဖြစ်တဲ့ အသေးစား အိမ်တွင်းစီးပွားရေးလုပ်ငန်းတွေ အားလုံးနီးပါးပြိုလဲသွားခဲ့ပါတယ်။ဒီပြိုလဲမှုကြောင့် လုပ်သားအင်အားအများအပြား အလုပ်လက်မဲ့ထဲရောက်ခဲ့ကာ လဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ အားလုံးပြန်လည်ဖွင့်ခွင့်ပေးခဲ့ရင်တောင် ဖွင့်နိုင်ဖို့မသေချာတော့တဲ့အထိ ဖြစ်ခဲ့နေပါတယ်။  

ဗိုင်းရပ်စ်က တစ်လှိုင်းပြီး တစ်လှိုင်းနဲ့ ပြီးတော့မှာမဟုတ်ဘဲ ဆက်ရှိနေမှာ သေချာနေခဲ့တဲ့ ဒီလိုအခြေအနေကြောင့် အာဏာပိုင်တွေအဖို့ ကြာလေခက်လာလေဖြစ်ပြီး လုပ်ငန်းတွေကိုပြန်လည်ပတ်ဖို့ ဒီလိုပြင်းထန်တဲ့ကူးစက်မှုကနေ အများစုခံနိုင်ရည်ရှိအောင်လုပ်ပြီး ရှေ့တိုးမလားဆိုတဲ့ တချို့သောနိုင်ငံတွေ လမ်းစဉ်အတိုင်း ရွေးချယ်ရမယ့်အခြေအနေ ရောက်လာခဲ့ပါတယ်။ဒါဘာကြောင့်ပြောရသလဲဆိုရင် အာဏာပိုင်တွေ လူစည်ကားတဲ့နေရာတွေ၊ နေ့ရက်တွေကို ထိန်းချုပ်ပုံကိုကြည့်ပြီး မှတ်ချက်ပြုခဲ့တာပါ။ရန်ကုန်မှာ စတေးဟုမ်းရှိနေဆဲဆိုပေမယ့် အာဏာပိုင်တွေက တင်းကျပ်စွာသိပ်မလုပ်ဘဲ လူမှုကွန်ရက်ကနေပြောမှ ခဏထတားလိုက်၊ နောက်ပြန်လျှော့လိုက်လို ပုံစံမျိုးဖြစ်နေတာကို သတိထားမိကြလို့ပါ။

အထူးသဖြင့် ရွေးကောက်ပွဲနောက်ပိုင်းမှာ ကူးစက်ကပ်ရောဂါနဲ့ပတ်သက်ပြီး ကူးစက်ခံရပြီးတဲ့သူတွေ အတော်များများရှိနေပြီဆိုတာကို အားလုံးကရိပ်မိခဲ့သလို တစ်ကိုယ်ရည်ဂရုစိုက်မှုက အဓိကဆိုတာ သိလာတဲ့အတွက် နောက်ပိုင်းမှာ ကူးစက်ခံရမှုက ရန်ကုန်အတွက် ထမင်းစားရေသောက် သိပ်မထူးဆန်းတဲ့ကိစ္စဖြစ်လာခဲ့ပါတယ်။
ကူးစက်ခံရရင် အိမ်မှာကြိတ်ကု၊ အခြေအနေမကောင်းရင် ဆေးရုံပြေး၊ တချို့ဆိုရင်လည်း ကူးစက်လို့ ကူးစက်ခံရမှန်းမသိဘဲ ပြန်ကောင်းလာတဲ့အထိဖြစ်ခဲ့လို့ ကူးစက်ကပ်ရောဂါအပေါ် ပိုပြီးအတင့်ရဲလာသလို တစ်ဖက်ကလည်း ကူးစက်တွေ့ရှိမှုအရေအတွက် ထိုးကျလာခဲ့လို့ ရန်ကုန်ဟာ ဆိုင်တွေနဲ့ ညဘက်ထွက်မရတာကလွဲရင် အရင်တိုင်းနီးပါး ပုံမှန်ဖြစ်လာခဲ့ပါတယ်။တစ်နေ့ ကူးစက်သူ နှစ်ထောင်ကျော်ကနေ ခုနှစ်ရာအထိ ကျလာခဲ့တဲ့အခါ ကန့်သတ်ချက်တွေဖြေလျှော့ဖို့ လိုလာနေပြီလားဆိုတာ ကျန်းမာရေးအာဏာပိုင်တွေကို စီးပွားရေးလုပ်ငန်းရှင်တွေဘက်က မေးစရာဖြစ်လာခဲ့ပါတယ်။ဒါ့အပြင် မကြာခင်မှာ ကန့်သတ်ချက်တွေကိုလျှော့ချဖို့ လိုနေပြီဆိုတာကိုလည်း တွေ့လာခဲ့ရပါတယ်။ဒီလိုကောက်ချက်ချရတာ အထူးသဖြင့် လှည်းကူးမှာ လုပ်သားအင်အား တစ်သိန်းထိ အလုပ်ပေးနိုင်မယ့်‌ တောင်ကိုရီးယားစက်မှုဇုန်နဲ့ သင်္ဃန်းကျွန်း လေးထောင့်ကန်မှာလုပ်မယ့် ထိုင်းရဲ့ စမတ်စီးတီးတွေကို ယခုရက်ပိုင်းမှာ ပန္နက်ချ စတင်ခဲ့လို့ပါဘဲ။

တစ်ခြားတစ်ဘက်မှာ လက်တွေ့ကျတဲ့ လုပ်ဆောင်မှုအဖြစ် အောက်စဖိုဒ့်နဲ့ AstraZeneca တို့ ပူးတွဲထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို မူပိုင်ခွင့်ယူပြီး အိန္ဒိယကနေထုတ်မယ့် ကာကွယ်ဆေးကိုဝယ်ဖို့ မြန်မာဘက်က သွားညှိနိူင်းနေတဲ့ ကိစ္စပါဘဲ။ဒီဆေးကို အိန္ဒိယဆေးကုမ္ပဏီဖြစ်တဲ့ Serum Institute ကနေ လူဦးရေ ၁၅ သန်းအတွက် သဘောတူညီချက်ရခဲ့ပါတယ်။ဒါ့အပြင် နောက်ထပ်ကောင်းတဲ့အချက် က ဒီကုမ္ပဏီကနေ မူပိုင်ယူထုတ်မယ့် AstraZeneca ဆေးက ယခုရက်ပိုင်းစိုးရိမ်နေရတဲ့ မူကွဲဗိုင်းရပ်စ်အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကို နှစ်ကြော့ထိုးရုံနဲ့ ကာကွယ်နိုင်တယ်ဆိုတဲ့ သတင်းကောင်းတစ်ခု ဒီဇင်ဘာ ၂၇ ရက်က ထွက်လာခဲ့တာပဲဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ ကျန်းမာရေးဘက်ကတော့  ထုံးစံအတိုင်း အဓိပ္ပါယ်ယူရခက်တဲ့ ထုတ်ပြန်ချက်နဲ့ ရန်ကုန်နဲ့ တခြားပြည်နယ်/တိုင်းဒေသတွေက မြို့နယ်အချို့ကို စတေးဟုမ်း စလွှတ်ခဲ့သလို တချို့နေရာတွေမှာ ဟိုတယ်တွေပြန်ဖွင့်ခွင့်၊ ရန်ကုန်မှာဆိုလည်း အဓိကကျတဲ့ ယုဇနပလာဇာလို လူစည်ကားတဲ့စျေးကို ဒီဇင်ဘာ ၆ ရက်မှာ ပြန်ဖွင့်ခွင့်ပေးတာတွေ၊ ဇန်နဝါရီလ ၁ ရက်မှာ ထိုင်း၊ စင်ကာပူ၊ တရုတ်နဲ့ ကိုရီးယား လေကြောင်းပြန်လည်ပြေးဆွဲနိုင်ဖို့ လုပ်နေတာတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။

စတေးဟုမ်းသတ်မှတ်ထားတဲ့ ရန်ကုန်ရဲ့ ကူးစက်မှုနည်းတဲ့ တချို့မြို့နယ်တွေမှာ လဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ ပြန်ဖွင့်နေတာကို တင်းတင်းကျပ်ကျပ် မကိုင်တွယ်တာကိုကြည့်ရင် ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ရေးကို မဖြစ်မနေကျင့်သုံးတော့မယ် အခြေအနေပါဘဲ။ဒီအတွက် ဒီရက်သတ္တပတ်ထဲမှာ ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့က mask ကမ်းပိမ်းတွေလုပ်ခဲ့သလို လူထုကလဲ ကန့်သတ်ချက်တွေကိုလွှတ်ဖို့ တောင်းဆိုနေတာလဲ ပိုပြင်းထန်လာနေတဲ့အတွက် လူစည်ကားမှုများလွန်းတဲ့ နှစ်သစ်ကူးပိတ်ရက်တွေပြီးရင် ကန့်သတ်ချက်တွေ လွှတ်လိုက်မလားဆိုတာ မျှော်လင့်စရာပါ။

ကျန်းမာရေးအတွက် စတေးဟုမ်းက လိုနေဆဲဆိုတာ ငြင်းလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ဒါပေမယ့် ကန့်သတ်ချက်တွေ စောစောလွှတ်မှ နိုင်ငံ့စီးပွားရေးက ဆယ်မရတဲ့အထိ အထိနာနိုင်တဲ့အခြေအနေကနေ လွတ်မှာမို့လို့ ကာကွယ်ဆေးရတဲ့အထိ စတေးဟုမ်းနဲ့ တောင့်ခံထားမလားဆိုတာ အာဏာပိုင်တွေ ဆုံးဖြတ်ရတော့မယ့်အချိန်ပါ။ဒီဆုံးဖြတ်ချက်ဟာ အရေးကြီးပါတယ်။တာဝန်ရှိသူတွေ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မကြာခင်ရက်ပိုင်းအတွင်း သိရမှာဖြစ်ပါတယ်။

နိုင်ငံရေးပွတ်တိုက်မှုတွေနဲ့ ဖြစ်လာနိုင်တဲ့ အခင်းအကျင်း

ယခုရက်ပိုင်း သတင်းအတော်များများမှာ ရွေးကောက်ပွဲကာလအတွင်း ထုတ်ပြန်ခဲ့တဲ့ မဲစာရင်းတွေနဲ့ပတ်သက်ပြီး တပ်ဘက်က ထုတ်ပြန်ချက်တွေနဲ့ ကော်မရှင်ဘက်က တုံ့ပြန်မှုတွေ၊ အာဏာရပါတီဘက်က အကြံပြုချက်တွေက ပြည်တွင်းနိုင်ငံရေးစိတ်ဝင်စားသူတွေနဲ့ လေ့လာသူတွေကြားမှာ စိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။ဒီဇင်ဘာ ၂၆ ရက်က တပ်မတော်ဘက်ကနေ မဲဆန္ဒရှင်စာရင်းတွေကွာနေတယ်ဆိုပြီး ဒုတိယအကြိမ် မြို့နယ် ၃ မြို့နယ်ဖြစ်တဲ့ မြစ်ကြီးနား၊ လယ်ဝေး၊ စေတုတ္ထရာမြို့နယ်တွေက မဲစာရင်းတွေကို ဖော်ပြခဲ့ပါတယ်။ဒီမဲဆန္ဒရှင်စာရင်းမှာ ပထမတစ်ကြိမ်ထုတ်ပြန်တုန်းကလိုဘဲ မှတ်ပုံတင်အမှတ်၊ အမည်၊ အသက်၊ မိဘအမည်အားလုံး တူညီနေခြင်း၊ တစ်စိတ်တစ်ပိုင်း တူညီနေခြင်း၊ မှတ်ပုံတင်အမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် တစ်ကြိမ်ထက်ပို၍ ပါဝင်နေခြင်းတွေကို ဖော်ပြခဲ့တာကိုတွေ့ ရပြီး တပ်ဘက်က ထုတ်ပြန်ချက်မှာတော့ တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သော စာရင်းများဖြစ်တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။

ပထမတစ်ခါ မြို့နယ်လေးခုက စာရင်းတွေကွာနေတယ်ဆိုပြီး တပ်ဘက်က ထုတ်ပြန်ခဲ့စဉ်က အဆိုပါမြို့ နယ်တွေမှာ တာဝန်ယူထားတဲ့ ရွေးကော်တာဝန်ရှိသူတွေက ဘယ်ကစာရင်းတွေယူပြီး ထုတ်ပြန်လဲဆိုတာမသိသလို ရွေးကောက်ပွဲနေ့မှာ အသုံးပြုတဲ့ နောက်ဆုံးမဲစာရင်း ဟုတ်/မဟုတ် မသိရကြောင်း၊ မဲစာရင်းများပြင်ဆင်ရန် ပထမအကြိမ်ကပ်ထား ကြေညာစဉ်က မဲစာရင်းများထပ်နေသော်လည်း ယင်းကိုပြင်ဆင်ပြီး ဒုတိယအကြိမ်ကပ်ထားချိန်မှစ၍ ထိုသို့  မဲစာရင်းထပ်ခြင်းများမဖြစ်နိုင်အောင် ပြင်ဆင်ထားခဲ့ကြောင်း၊ ရွေးကောက်ပွဲ၌ အသုံးပြုခြင်းမရှိသည့် မဲစာရင်းမှာ အတည်မပြုသေးသည့် မဲစာရင်းဖြစ်၍ ထိုသို့သောမဲစာရင်းကိုစစ်ဆေးပါက မမှန်နိုင်ဘဲ လိုအပ်ချက်များရှိနေမည်ဖြစ်ကြောင်း  ပြောခဲ့တာကိုတွေ့ရပါတယ်။ဒါ့အပြင် တပ်ဘက်က ထုတ်ပြန်ခဲ့တဲ့ မဲစာရင်း PDF ဖိုင်တွေကို Excel ဖိုင်အဖြစ် ပြောင်းလဲပြီး စိစစ်ခဲ့တယ်ဆိုရာမှာလည်း ယင်းအချက်ကလည်း မှားယွင်းနိုင်တယ်ဆိုပြီး ပြောခဲ့တာလည်းရှိပါတယ်။အောင်မြေသာစံ ရွေး/ကော်ဆိုရင် မဲလိမ်မှုနှင့် တစ်ဦးတည်းက အကြိမ်ကြိမ်မဲပေးမှု ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ တပ်မတော်ရဲ့စွပ်စွဲချက်တွေကို ပယ်ချခဲ့သလို ထိုမဲစာရင်းများကို မည်သည့်နေရာကရသလဲဆိုတာကို တပ်မတော်ဘက်ကို မေးခွန်းပြန်ထုတ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

တပ်ဘက်ကနေ ဒီလိုစာရင်းတွေထုတ်ပြန်နေမှုနဲ့ပတ်သက်ပြီး အာဏာရပါတီဘက်ကတော့ “ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများ၊ လွဲချော်မှုများ တွေ့ရှိပါက အချက်အလက် တိတိကျကျဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြား” ဖို့ ရှင်းရှင်းလင်းလင်း တိုက်တွန်းခဲ့တာကို တွေ့ရပါတယ်။ပြည်တွင်းသတင်းစာဖြစ်တဲ့ 7 day သတင်းစာက ရွေးကောက်ပွဲအနိုင်ရပါတီလည်းဖြစ် လက်ရှိအာဏာရပါတီလည်းဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မေးခဲ့ရာမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် က “ဥပမာ - မဲလက်မှတ်တွေ အတုလုပ်တာတို့၊ မဲတံဆိပ်တုံးတွေ အတုလုပ်တာတို့၊ မဲစာရင်းတွေကို တမင်လိမ်လည်ပြုလုပ်တာတို့ ဒီလိုအချက်တွေ ထင်ထင်ရှားရှားတွေ့ရတယ်ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကို အကြောင်းကြားရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သူတာဝန်ရှိတဲ့အလျောက် လိုအပ်တဲ့ စိစစ်အရေးယူမှုတွေ လုပ်သွားမှာဖြစ်ပါတယ်” ဆိုပြီး ရွေး ကောက်ပွဲကာလအတွင်း ထင်ထင်ရှားရှားဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိ တရားစွဲထားတဲ့ တံဆိပ်တုံးအတုကိစ္စကိုပါ ထည့်ထောက်ပြပြီးပြောခဲ့ကာ “ရွေးကောက်ပွဲမျှတမှု ရှိ၊ မရှိက ပြည်သူအားလုံးရဲ့ မျက်စိရှေ့မှာ ဆောင်ရွက်သွားတာဖြစ်တော့ ပြည်သူတွေအသိဆုံးပါလို့” ပြောခဲ့ပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲမှာ ဆိုးဆိုးဝါးဝါးရှုံးနိမ့်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြမှုတွေကို တချို့ပြည် နယ်/တိုင်းဒေသတွေမှာ ကြိုကြားကြိုကြားလုပ်နေဆဲပါ။အထူးသဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားရမယ့် နောက်ဆုံးရက်ကပ်လာနေတဲ့အတွက် ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲတွေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တိုင်ကြားဖို့ ရာနဲ့ချီပြီးရှိတယ်လို့ ပြောခဲ့လို့ ဘယ်လောက်ထိ ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းမလဲဆိုတာကို စိတ်ဝင်စားသူများနေခဲ့ပါတယ်။ဒါပေမယ့် သိရသလောက် မီဒီယာတွေမှာထွက်လာတဲ့ သတင်းတွေအရ ၃၀ ကျော်လောက်ဘဲ တင်သွင်းထားသေးပြီး နောက်ဆုံးရက်က ဒီဇင်ဘာ ၂၈ ရက် (ယနေ့) အထိဖြစ်လို့ နဂိုခန့်မှန်းထားတဲ့အတိုင်း နောက်ရက်တွေမှာ ဆက်တင်ခဲ့ရင် ၂၀၁၅ ခုနှစ်ကရှိတဲ့ ၄၅ ခုထက် ပိုပြီးများနိုင်ဖွယ်ရှိနေပါတယ်။

ကန့်ကွက်လွှာတင်ရာမှာ ထူးထူးခြားခြား နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာ အနိုင်ရရှိခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်က ကန့်ကွက်လွှာတင်ခဲ့တာကိုလည်း တွေ့ရပါတယ်။တင်ရာမှာ အဓိကအကြောင်းအရာအဖြစ် “ဘာသာရေး၊ လူမျိုးရေး အကြောင်းပြ” မဲဆွယ်ခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာတင်ခဲ့တာပါ။ဒါဟာ ပြည်ခိုင်ဖြိုးပါတီအတွက် ရှုံးနှိမ့်ခဲ့ရင် အတော်လေးဂယက်ရိုက်နိုင်တဲ့ ကိစ္စပါဘဲ။ထိုစဉ်က ဦးသန်းဌေးပြောခဲ့တဲ့ “ကျွန်တော့် သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့သူတွေလား၊ ဒီအထဲမှာ ဘယ်လိုသွေးမျိုးပါနေသလဲ၊ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား” စကားက အဲဒီတုန်းက အတော်လေး မီဒီယာတွေမှာ ပေါက်ခဲ့တဲ့စကားဖြစ်လို့ ကော်မရှင်က “ဘာသာရေး၊ လူမျိုးရေး အကြောင်းပြ” မဲဆွယ်ခြင်း မြောက်/မမြောက် ဆုံးဖြတ်ရမှာပါ။တစ်ကယ်လို့ သာ ဘာသာရေး၊ လူမျိုးရေး အကြောင်းပြ မဲဆွယ်ခြင်းသာမြောက်ခဲ့ရင် အနိုင်ရတာပယ်ဖျက်ခံရမှာဖြစ်လို့  ပြည်ခိုင်ဖြိုးအတွက် “ဖွတ်မရ ဓားမဆုံး” ဆိုသလို ဖြစ်သွားနိုင်တဲ့ အနေအထားပါ။

အစောပိုင်းက အကြောင်းအရာဖြစ်တဲ့ တပ်ဘက်က ရွေးကော်ကို မဲဆန္ဒရှင်တွေစာရင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်တာတွေနဲ့ပတ်သက်ပြီး လှုမှုကွန်ရက်မှာ ထင်မြင်ယူဆချက်တွေ အမျိုးမျိုးထွက်နေ ပေမယ့် အခြေခံအဓိကကျတဲ့ ပြည်သူတွေဘက်ကတော့ တုပ်တုပ်မှမလှုပ်သလို စိတ်ဝင်စားမှုရှိတာကိုလည်း မတွေ့ရပါဘူး။ဒါဟာ သူတို့ကြိုက်တဲ့ပါတီကို မဲပေးရွေးချယ်ပြီးဖြစ်လို့ အရွေးမခံရတဲ့ ပါတီတွေဘက်က ဆန္ဒပြတာ၊ မဲစာရင်းမမှန်ကန်တာတွေ၊ မဲထပ်တာတွေကို စိတ်မဝင်စားတာလား၊ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံအရ ဂရုစိုက်စရာမလိုလို့ ဂရုမစိုက်တာလား၊   လက်တလောအရေးကြီးတဲ့ ကိုဗစ်ကပ်ဘေးကြောင့်လားဆိုတာ ကာယကံရှင်တွေသာ သိမယ့်အခြေအနေပါ။
သေချာတာကတော့ အများစုက စတေးဟုမ်း ဘယ်နေ့ဖြည်မလဲဆိုတာသာ စိတ်ဝင်စားနေကြတာမို့ နိုင်ငံရေးဂယက်ဆိုတာကိုလဲ ဂရုစိုက်ဖွယ်မမြင်ပါဘူး။ဂယက်ရိုက်နိုင်ဖွယ်မမြင်ရပါဘူး။

ဘာပဲဖြစ်ဖြစ် နိုင်ငံရေးက နိုင်ငံသားတွေနဲ့သက်ဆိုင်တာမို့လို့ ရှေ့ရက်တွေမှာ ရွေးကော်ကိုတင်ထားတဲ့ ကန့်ကွက်လွှာတွေ ဖြစ်စေချင်သလို မဖြစ်လာခဲ့ရင် အကျိုးစီးပွားပဋိပက္ခရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ ပါတီတွေ၊ အဖွဲ့အစည်းတွေက ဘယ်လိုဖြစ်ကြဦးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းလို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ခက်ထန်စိုး
ဒီဇင်ဘာ - ၂၈

( Zawgyi )

ယခုရက္သတၱပတ္အတြင္း သတင္းေတြထဲမွာ သတိထားဖြယ္ သတင္းေတြအမ်ားအျပားရွိခဲ့ပါတယ္။ေက်ာက္မဲမွာျဖစ္ခဲ့တဲ့ သက္ငယ္မုဒိမ္းမႈမွာ ရွမ္းလက္နက္ကိုင္အဖြဲ႕က က်ဴးလြန္သူကို ေသဒဏ္ခ်ခဲ့တာကေန ရန္ကုန္ ဓရာ၀တီေရတပ္စခန္းမွာ ေရခ်ခဲ့တဲ့ ျမန္မာႏိုင္ငံရဲ႕ ပထမဆုံးေရငုပ္သေဘၤာ တပ္ေတာ္ဝင္တဲ့ အခမ္းအနားသတင္းေတြ၊ တပ္မေတာ္သားေတြ တပ္ျပင္ပ မဲေပးခြင့္ရတဲ့ ၿမိဳ႕နယ္ေတြထဲက ၿမိဳ႕နယ္အခ်ိဳ႕မွာ သံသယျဖစ္ဖြယ္ မဲေပးသူစာရင္းေတြနဲ႔ပတ္သက္ၿပီး တပ္ဘက္က ဒုတိယအႀကိမ္ထုတ္ျပန္တာေတြ၊ ေ႐ြး/ေကာ္ဘက္က တုံ႔ျပန္တာေတြနဲ႔ အာဏာရပါတီဘက္က တပ္ဘက္ကို တိုက္တြန္းအႀကံျပဳတာေတြ၊ ကိုဗစ္ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး ျမန္မာက အိႏၵိယကေန ေဆးသြားဝယ္ေနတာေတြ၊ ျမန္မာႏိုင္ငံကို မၾကာခင္လာေရာက္စရာရွိေနတဲ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ခရီးစဥ္နဲ႔ပတ္သက္ၿပီး ေပၚထြက္ေနတဲ့ ခန႔္မွန္းမႈသတင္းေတြ စသျဖင့္ သတင္းမ်ားစြာရွိခဲ့ပါတယ္။

ဒီထဲမွာ အစိုးရက တားျမစ္ပိတ္ပင္ထားတဲ့ၾကားက ခိုးဖြင့္တဲ့ ေကတီဗြီကိုသြားလို႔ နာမည္ေက်ာ္ လူမႈေရးသမားတစ္ဦး အဖမ္းခံရတာေတြ၊ ရန္ကုန္နဲ႔ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးအခ်ိဳ႕က ၿမိဳ႕နယ္အခ်ိဳ႕ကို စေတးဟုမ္းလႊတ္ခဲ့တာေတြ၊ ရန္ကုန္ လွည္းကူးနဲ႔ ေလးေထာင့္ကန္မွာ ေတာင္ကိုရီးယားနဲ႔ ထိုင္းက စက္မႈဇုန္နဲ႔ စမတ္စီးတီး စီမံကိန္းေတြ၊ ထိုင္းမွာ ျမန္မာလုပ္သားေတြၾကား ကိုဗစ္ကူးစက္မႈျမင့္တက္ေနလို႔ ထိန္းခ်ဳပ္ခံထားရတဲ့ သတင္းေတြလည္းရွိခဲ့ပါတယ္။ဒီထဲကမွ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ကိုဗစ္ကူးစက္မႈ မျပတ္ေသးခင္မွာ ဗိုင္းရပ္စ္နဲ႔အတူယွဥ္တြဲေနထိုင္ၿပီး စီးပြားေရးလုပ္ငန္းေတြ ျပန္လည္စတင္လည္ပတ္ဖို႔လုပ္ေနတဲ့ အစီအမံေတြ၊ အမ်ားျပည္သူ စိတ္မဝင္စားတဲ့ မဲရႈံးပါတီအခ်ိဳ႕ ဆႏၵျပပြဲနဲ႔ တပ္နဲ႔ ေ႐ြးေကာ္ အျပန္အလွန္စာထုတ္မႈေတြကေနတစ္ဆင့္ ျဖစ္လာႏိုင္တဲ့ ႏိုင္ငံေရးအခင္းအက်င္းေတြ၊ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ျမန္မာႏိုင္ငံကို လာႏိုင္တဲ့အေပၚ သက္ေရာက္လာႏိုင္တဲ့ ျမန္မာ့ႏိုင္ငံေရးအေျခအေန အေကာင္းအဆိုးခန႔္မွန္းေနၾကတဲ့ သတင္းေတြက ဒီတစ္ပတ္မွာ ခ်ည္းကပ္သုံးသပ္လို႔ေကာင္းမယ့္ သတင္းေတြပါဘဲ။ဒီထဲက ပထမဆုံးအေနနဲ႔ ဗိုင္းရပ္စ္သတင္းေတြနဲ႔ အာဏာပိုင္ေတြလုပ္ေဆာင္မႈ၊ ကာကြယ္ေဆးရႏိုင္မႈအေျခအေနကို ယွဥ္တြဲကာ ဘာေတြျဖစ္လာႏိုင္သလဲဆိုတာ အရင္ေဖာ္ျပခ်င္ပါတယ္။

ကိုဗစ္ကို ထိန္းႏိုင္တာလား၊ လ်စ္လ်ဴလိုက္တာလား

လက္ရွိမွာ ျမန္မာႏိုင္ငံအတြင္း ကိုဗစ္ကူးစက္ခံထားရတဲ့သူ အေရအတြက္က တစ္သိန္းေက်ာ္သြားခဲ့ပါၿပီ။ဒီအေရအတြက္က လြန္ခဲ့တဲ့ ၆ လေလာက္က ႏွစ္ကုန္မွာ ကူးစက္သူအေရအတြက္ တစ္သိန္းေက်ာ္ထိျဖစ္လာမယ္ ေျပာခဲ့မယ္ဆိုရင္ အားလုံးက ဒါသက္သက္ေျခာက္လွန႔္တာလို႔ ေျပာၾကမွာအမွန္ပါဘဲ။ေျခာက္လအတြင္း ကူးစက္သူ တစ္သိန္းေက်ာ္၊ ေသဆုံးသူ ႏွစ္ေထာင္ေက်ာ္နဲ႔ ေန႔စဥ္ ဗိုင္းရပ္စ္ေၾကာင့္ေသဆုံးသူ ႏွစ္ဆယ္ေက်ာ္ရွိေနခ်ိန္မွာ အားလုံးက ဗိုင္းရပ္စ္ကို ေၾကာက္ေနလို႔မရေတာ့ဘဲ ဘယ္လိုအတူယွဥ္တြဲေနထိုင္လို႔ရမလဲဆိုတာကို က်န္းမာေရးတာဝန္ရွိတဲ့သူေတြ အာဏာပိုင္ေတြ ေျပာစရာ တိုက္တြန္းစရာမလိုဘဲ စဥ္းစားလာရၿပီျဖစ္ပါတယ္။

အထူးသျဖင့္ ရန္ကုန္ထက္ ေနာက္က်ၿပီး ကူးစက္မႈျပန႔္ပြားခဲ့တဲ့ မႏၲေလးမွာ ကိုဗစ္ကူးစက္မႈကိုထိန္းခ်ဳပ္ဖို႔ ၿမိဳ႕ရဲ႕အခ်ိဳ႕အစိတ္အပိုင္းကို ထိန္းခ်ဳပ္ကန႔္သတ္ခဲ့တဲ့အခါ  အေစာပိုင္းသုံးေလးရက္မွာ လိုက္နာမႈရွိခဲ့ေပမယ့္ ေနာက္ရက္ေတြမွာေတာ့ ရန္ကုန္မွာ ႏွစ္ပတ္ၾကာ ပထမလႈိင္းထိန္းခ်ဳပ္တုန္းက ရက္အေတာ္ၾကာမွျဖစ္ခဲ့တဲ့ ေစာဒကတက္မႈေတြကို ေစာေစာစီးစီးျမင္ေတြ႕ခဲ့ရပါတယ္။ဒါဟာ ထိန္းခ်ဳပ္မႈမွာ ေနာက္ကြယ္ကေန ေထာက္ပံ့မႈမရွိရင္ အလုပ္မျဖစ္ဘူးဆိုတာနဲ႔ ဒီလိုေျဖရွင္းတာက အေျဖမဟုတ္ဘူးဆိုတာကို ထပ္ၿပီး အာဏာပိုင္ေတြကို ျပလိုက္တာဘဲျဖစ္ပါတယ္။ေန႔စဥ္ စားဝတ္ေနေရးေျဖရွင္းေနရတဲ့ လက္လုပ္လက္စားအေရအတြက္က ရန္ကုန္ၿပီးရင္ ဒုတိယအမ်ားဆုံးျဖစ္တဲ့အတြက္ လူအမ်ားႀကီးကို ရက္သတၱပတ္ တစ္ပတ္ ႏွစ္ပတ္ၾကာ အိမ္ထဲမွာဘဲေနေစမယ္ဆိုရင္ အာဏာပိုင္ေတြဘက္က ေထာက္ပံ့မႈမရွိရင္ ဘာမွလုပ္လို႔မရႏိုင္ဘူးဆိုတာကို ျပလိုက္တာပဲျဖစ္ပါတယ္။ဒီအေျခအေနေၾကာင့္ မႏၲေလးရဲ႕ တင္းက်ပ္တဲ့ စေတးဟုမ္းကာလဟာ ေစာေစာစီးစီးျဖည္ခ်ခဲ့ရတာပါဘဲျဖစ္ပါတယ္။

အထူးသျဖင့္ ကူးစက္ကပ္ေရာဂါအေပၚ ရန္ကုန္မွာေနထိုင္တဲ့ ေအာက္ေျခလူတန္းစားေတြ ျမင္တဲ့အျမင္က တျခားကအျမင္ေတြထက္ ကြဲထြက္ေနလို႔ ေဝဖန္မႈေတြရွိေပမယ့္ ဒီအျမင္က ကမာၻ႔သမိုင္းတစ္ေလွ်ာက္ ကပ္ေရာဂါႀကဳံတိုင္းမွာျဖစ္ေလ့ရွိတဲ့ ေအာက္ေျခလူတန္းစားေတြရဲ႕ ဘုံအျမင္ပါဘဲ။ကပ္ေရာဂါကသပ္သပ္၊ စားဝတ္ေနေရးကသပ္သပ္၊ စားဝတ္ေနေရးအတြက္ ေရာဂါျဖစ္ကာမွျဖစ္ေရာ အလုပ္ထြက္လုပ္မွရမယ္ဆိုတဲ့ မလာေသးတာကို ေတြးမေၾကာက္အားဘဲ လက္ေတြ႕ႀကဳံေနရတဲ့ စားဝတ္ေနေရးကိုဦးစားေပးတဲ့ လက္ေတြ႕က်တဲ့အေတြးပါဘဲ။ဒီလိုအေတြးနဲ႔ စဥ္းစားပုံယူဆခ်က္ေၾကာင့္ ရန္ကုန္မွာ စေတးဟုမ္းရွိေပမယ့္ စားဝတ္ေနေရးအရ အိမ္ထဲမေနႏိုင္ဘဲ လူအေတာ္မ်ားမ်ားက လမ္းေပၚျပန္ထြက္လာရသလို သတ္မွတ္ထားတဲ့ က်န္းမာေရးအရ အကာအကြယ္ျဖစ္တဲ့ mask နဲ႔ လက္သန႔္ေဆးရည္ကို တြင္တြင္သုံးၿပီး လုပ္ငန္းခြင္ျပန္ဝင္ခဲ့ၾကရပါတယ္။ဒီလိုအေျခအေနေတြေၾကာင့္ လူမႈကြန္ရက္မွာ ေစတနာနဲ႔သတိေပးမႈေတြ၊ တင္းတင္းက်ပ္က်ပ္တားျမစ္ေစလိုသူေတြ တိုက္တြန္းမႈေတြရွိခဲ့ေပမယ္ လႈိင္သာယာလို၊ ဒဂုံေတာင္ပိုင္းလို ေနရာေတြမွာ  ေန႔စဥ္ စားဝတ္ေနေရးအတြက္ ခက္ခက္ခဲခဲျဖတ္သန္းေနရတဲ့ အေျခအေနကိုသိၾကရင္ ဒီလိုေျပာထြက္ၾကမွာမဟုတ္ပါဘူး။

အထူးသျဖင့္ ကူးစက္မႈဗဟိုခ်က္ခ်ာျဖစ္ေနတဲ့ ရန္ကုန္မွာ လူဦးေရ ခန႔္မွန္း ၇ သန္း ၈ သန္းနီးပါးကို အိမ္ထဲကေန အိမ္ျပင္မထြက္ဖို႔ အာဏာပိုင္ေတြက ပထမလႈိင္းတုန္းက ႀကိဳးစားခဲ့ပါတယ္။ဒါေပမယ့္ ထိုစဥ္က ကူးစက္မႈမွာ ျပည္တြင္းကူးစက္မႈမရွိခဲ့တာရယ္ေၾကာင့္ ထိန္းထားႏိုင္ခဲ့ေပမယ့္ ယိုင္နဲ႔နဲ႔စီးပြားေရးကေတာ့ ေဇာက္ထိုးဆင္းခဲ့ၿပီး စေတးဟုမ္းသတ္မွတ္ခ်က္ေတြ ဆင့္ကဲဆင့္ကဲရွိလာတဲ့အခါမွာေတာ့ အေျခခံစီးပြားေရးျဖစ္တဲ့ အေသးစား အိမ္တြင္းစီးပြားေရးလုပ္ငန္းေတြ အားလုံးနီးပါးၿပိဳလဲသြားခဲ့ပါတယ္။ဒီၿပိဳလဲမႈေၾကာင့္ လုပ္သားအင္အားအမ်ားအျပား အလုပ္လက္မဲ့ထဲေရာက္ခဲ့ကာ လဘက္ရည္ဆိုင္ေတြ၊ စားေသာက္ဆိုင္ေတြနဲ႔ ေဖ်ာ္ေျဖေရးလုပ္ငန္းေတြ အားလုံးျပန္လည္ဖြင့္ခြင့္ေပးခဲ့ရင္ေတာင္ ဖြင့္ႏိုင္ဖို႔မေသခ်ာေတာ့တဲ့အထိ ျဖစ္ခဲ့ေနပါတယ္။  

ဗိုင္းရပ္စ္က တစ္လႈိင္းၿပီး တစ္လႈိင္းနဲ႔ ၿပီးေတာ့မွာမဟုတ္ဘဲ ဆက္ရွိေနမွာ ေသခ်ာေနခဲ့တဲ့ ဒီလိုအေျခအေနေၾကာင့္ အာဏာပိုင္ေတြအဖို႔ ၾကာေလခက္လာေလျဖစ္ၿပီး လုပ္ငန္းေတြကိုျပန္လည္ပတ္ဖို႔ ဒီလိုျပင္းထန္တဲ့ကူးစက္မႈကေန အမ်ားစုခံႏိုင္ရည္ရွိေအာင္လုပ္ၿပီး ေရွ႕တိုးမလားဆိုတဲ့ တခ်ိဳ႕ေသာႏိုင္ငံေတြ လမ္းစဥ္အတိုင္း ေ႐ြးခ်ယ္ရမယ့္အေျခအေန ေရာက္လာခဲ့ပါတယ္။ဒါဘာေၾကာင့္ေျပာရသလဲဆိုရင္ အာဏာပိုင္ေတြ လူစည္ကားတဲ့ေနရာေတြ၊ ေန႔ရက္ေတြကို ထိန္းခ်ဳပ္ပုံကိုၾကည့္ၿပီး မွတ္ခ်က္ျပဳခဲ့တာပါ။ရန္ကုန္မွာ စေတးဟုမ္းရွိေနဆဲဆိုေပမယ့္ အာဏာပိုင္ေတြက တင္းက်ပ္စြာသိပ္မလုပ္ဘဲ လူမႈကြန္ရက္ကေနေျပာမွ ခဏထတားလိုက္၊ ေနာက္ျပန္ေလွ်ာ့လိုက္လို ပုံစံမ်ိဳးျဖစ္ေနတာကို သတိထားမိၾကလို႔ပါ။

အထူးသျဖင့္ ေ႐ြးေကာက္ပြဲေနာက္ပိုင္းမွာ ကူးစက္ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး ကူးစက္ခံရၿပီးတဲ့သူေတြ အေတာ္မ်ားမ်ားရွိေနၿပီဆိုတာကို အားလုံးကရိပ္မိခဲ့သလို တစ္ကိုယ္ရည္ဂ႐ုစိုက္မႈက အဓိကဆိုတာ သိလာတဲ့အတြက္ ေနာက္ပိုင္းမွာ ကူးစက္ခံရမႈက ရန္ကုန္အတြက္ ထမင္းစားေရေသာက္ သိပ္မထူးဆန္းတဲ့ကိစၥျဖစ္လာခဲ့ပါတယ္။
ကူးစက္ခံရရင္ အိမ္မွာႀကိတ္ကု၊ အေျခအေနမေကာင္းရင္ ေဆး႐ုံေျပး၊ တခ်ိဳ႕ဆိုရင္လည္း ကူးစက္လို႔ ကူးစက္ခံရမွန္းမသိဘဲ ျပန္ေကာင္းလာတဲ့အထိျဖစ္ခဲ့လို႔ ကူးစက္ကပ္ေရာဂါအေပၚ ပိုၿပီးအတင့္ရဲလာသလို တစ္ဖက္ကလည္း ကူးစက္ေတြ႕ရွိမႈအေရအတြက္ ထိုးက်လာခဲ့လို႔ ရန္ကုန္ဟာ ဆိုင္ေတြနဲ႔ ညဘက္ထြက္မရတာကလြဲရင္ အရင္တိုင္းနီးပါး ပုံမွန္ျဖစ္လာခဲ့ပါတယ္။တစ္ေန႔ ကူးစက္သူ ႏွစ္ေထာင္ေက်ာ္ကေန ခုႏွစ္ရာအထိ က်လာခဲ့တဲ့အခါ ကန႔္သတ္ခ်က္ေတြေျဖေလွ်ာ့ဖို႔ လိုလာေနၿပီလားဆိုတာ က်န္းမာေရးအာဏာပိုင္ေတြကို စီးပြားေရးလုပ္ငန္းရွင္ေတြဘက္က ေမးစရာျဖစ္လာခဲ့ပါတယ္။ဒါ့အျပင္ မၾကာခင္မွာ ကန႔္သတ္ခ်က္ေတြကိုေလွ်ာ့ခ်ဖို႔ လိုေနၿပီဆိုတာကိုလည္း ေတြ႕လာခဲ့ရပါတယ္။ဒီလိုေကာက္ခ်က္ခ်ရတာ အထူးသျဖင့္ လွည္းကူးမွာ လုပ္သားအင္အား တစ္သိန္းထိ အလုပ္ေပးႏိုင္မယ့္‌ ေတာင္ကိုရီးယားစက္မႈဇုန္နဲ႔ သဃၤန္းကြၽန္း ေလးေထာင့္ကန္မွာလုပ္မယ့္ ထိုင္းရဲ႕ စမတ္စီးတီးေတြကို ယခုရက္ပိုင္းမွာ ပႏၷက္ခ် စတင္ခဲ့လို႔ပါဘဲ။

တစ္ျခားတစ္ဘက္မွာ လက္ေတြ႕က်တဲ့ လုပ္ေဆာင္မႈအျဖစ္ ေအာက္စဖိုဒ့္နဲ႔ AstraZeneca တို႔ ပူးတြဲထုတ္တဲ့ ကိုဗစ္ကာကြယ္ေဆးကို မူပိုင္ခြင့္ယူၿပီး အိႏၵိယကေနထုတ္မယ့္ ကာကြယ္ေဆးကိုဝယ္ဖို႔ ျမန္မာဘက္က သြားညႇိႏိူင္းေနတဲ့ ကိစၥပါဘဲ။ဒီေဆးကို အိႏၵိယေဆးကုမၸဏီျဖစ္တဲ့ Serum Institute ကေန လူဦးေရ ၁၅ သန္းအတြက္ သေဘာတူညီခ်က္ရခဲ့ပါတယ္။ဒါ့အျပင္ ေနာက္ထပ္ေကာင္းတဲ့အခ်က္ က ဒီကုမၸဏီကေန မူပိုင္ယူထုတ္မယ့္ AstraZeneca ေဆးက ယခုရက္ပိုင္းစိုးရိမ္ေနရတဲ့ မူကြဲဗိုင္းရပ္စ္အပါအဝင္ ကို႐ိုနာဗိုင္းရပ္စ္ကို ႏွစ္ေၾကာ့ထိုး႐ုံနဲ႔ ကာကြယ္ႏိုင္တယ္ဆိုတဲ့ သတင္းေကာင္းတစ္ခု ဒီဇင္ဘာ ၂၇ ရက္က ထြက္လာခဲ့တာပဲျဖစ္ပါတယ္။

ဒီရက္ပိုင္းမွာ က်န္းမာေရးဘက္ကေတာ့  ထုံးစံအတိုင္း အဓိပၸါယ္ယူရခက္တဲ့ ထုတ္ျပန္ခ်က္နဲ႔ ရန္ကုန္နဲ႔ တျခားျပည္နယ္/တိုင္းေဒသေတြက ၿမိဳ႕နယ္အခ်ိဳ႕ကို စေတးဟုမ္း စလႊတ္ခဲ့သလို တခ်ိဳ႕ေနရာေတြမွာ ဟိုတယ္ေတြျပန္ဖြင့္ခြင့္၊ ရန္ကုန္မွာဆိုလည္း အဓိကက်တဲ့ ယုဇနပလာဇာလို လူစည္ကားတဲ့ေစ်းကို ဒီဇင္ဘာ ၆ ရက္မွာ ျပန္ဖြင့္ခြင့္ေပးတာေတြ၊ ဇန္နဝါရီလ ၁ ရက္မွာ ထိုင္း၊ စင္ကာပူ၊ တ႐ုတ္နဲ႔ ကိုရီးယား ေလေၾကာင္းျပန္လည္ေျပးဆြဲႏိုင္ဖို႔ လုပ္ေနတာေတြ ဆက္တိုက္ျဖစ္လာခဲ့ပါတယ္။

စေတးဟုမ္းသတ္မွတ္ထားတဲ့ ရန္ကုန္ရဲ႕ ကူးစက္မႈနည္းတဲ့ တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ လဘက္ရည္ဆိုင္ေတြ၊ စားေသာက္ဆိုင္ေတြ ျပန္ဖြင့္ေနတာကို တင္းတင္းက်ပ္က်ပ္ မကိုင္တြယ္တာကိုၾကည့္ရင္ ကိုဗစ္နဲ႔အတူယွဥ္တြဲေနထိုင္ေရးကို မျဖစ္မေနက်င့္သုံးေတာ့မယ္ အေျခအေနပါဘဲ။ဒီအတြက္ ဒီရက္သတၱပတ္ထဲမွာ ရန္ကုန္ဝန္ႀကီးခ်ဳပ္နဲ႔အဖြဲ႕က mask ကမ္းပိမ္းေတြလုပ္ခဲ့သလို လူထုကလဲ ကန႔္သတ္ခ်က္ေတြကိုလႊတ္ဖို႔ ေတာင္းဆိုေနတာလဲ ပိုျပင္းထန္လာေနတဲ့အတြက္ လူစည္ကားမႈမ်ားလြန္းတဲ့ ႏွစ္သစ္ကူးပိတ္ရက္ေတြၿပီးရင္ ကန႔္သတ္ခ်က္ေတြ လႊတ္လိုက္မလားဆိုတာ ေမွ်ာ္လင့္စရာပါ။

က်န္းမာေရးအတြက္ စေတးဟုမ္းက လိုေနဆဲဆိုတာ ျငင္းလို႔ရတဲ့ကိစၥမဟုတ္ပါဘူး။ဒါေပမယ့္ ကန႔္သတ္ခ်က္ေတြ ေစာေစာလႊတ္မွ ႏိုင္ငံ့စီးပြားေရးက ဆယ္မရတဲ့အထိ အထိနာႏိုင္တဲ့အေျခအေနကေန လြတ္မွာမို႔လို႔ ကာကြယ္ေဆးရတဲ့အထိ စေတးဟုမ္းနဲ႔ ေတာင့္ခံထားမလားဆိုတာ အာဏာပိုင္ေတြ ဆုံးျဖတ္ရေတာ့မယ့္အခ်ိန္ပါ။ဒီဆုံးျဖတ္ခ်က္ဟာ အေရးႀကီးပါတယ္။တာဝန္ရွိသူေတြ ဘယ္လိုဆုံးျဖတ္မလဲဆိုတာ မၾကာခင္ရက္ပိုင္းအတြင္း သိရမွာျဖစ္ပါတယ္။

ႏိုင္ငံေရးပြတ္တိုက္မႈေတြနဲ႔ ျဖစ္လာႏိုင္တဲ့ အခင္းအက်င္း

ယခုရက္ပိုင္း သတင္းအေတာ္မ်ားမ်ားမွာ ေ႐ြးေကာက္ပြဲကာလအတြင္း ထုတ္ျပန္ခဲ့တဲ့ မဲစာရင္းေတြနဲ႔ပတ္သက္ၿပီး တပ္ဘက္က ထုတ္ျပန္ခ်က္ေတြနဲ႔ ေကာ္မရွင္ဘက္က တုံ႔ျပန္မႈေတြ၊ အာဏာရပါတီဘက္က အႀကံျပဳခ်က္ေတြက ျပည္တြင္းႏိုင္ငံေရးစိတ္ဝင္စားသူေတြနဲ႔ ေလ့လာသူေတြၾကားမွာ စိတ္ဝင္စားစရာေကာင္းေနခဲ့ပါတယ္။ဒီဇင္ဘာ ၂၆ ရက္က တပ္မေတာ္ဘက္ကေန မဲဆႏၵရွင္စာရင္းေတြကြာေနတယ္ဆိုၿပီး ဒုတိယအႀကိမ္ ၿမိဳ႕နယ္ ၃ ၿမိဳ႕နယ္ျဖစ္တဲ့ ျမစ္ႀကီးနား၊ လယ္ေဝး၊ ေစတုတၳရာၿမိဳ႕နယ္ေတြက မဲစာရင္းေတြကို ေဖာ္ျပခဲ့ပါတယ္။ဒီမဲဆႏၵရွင္စာရင္းမွာ ပထမတစ္ႀကိမ္ထုတ္ျပန္တုန္းကလိုဘဲ မွတ္ပုံတင္အမွတ္၊ အမည္၊ အသက္၊ မိဘအမည္အားလုံး တူညီေနျခင္း၊ တစ္စိတ္တစ္ပိုင္း တူညီေနျခင္း၊ မွတ္ပုံတင္အမွတ္တစ္ခုတည္းျဖင့္ မဲစာရင္းတြင္ တစ္ႀကိမ္ထက္ပို၍ ပါဝင္ေနျခင္းေတြကို ေဖာ္ျပခဲ့တာကိုေတြ႕ ရၿပီး တပ္ဘက္က ထုတ္ျပန္ခ်က္မွာေတာ့ တစ္ႀကိမ္ထက္ပို၍ မဲေပးခြင့္ရေစႏိုင္ေသာ စာရင္းမ်ားျဖစ္တယ္ဆိုၿပီး ေဖာ္ျပခဲ့ပါတယ္။

ပထမတစ္ခါ ၿမိဳ႕နယ္ေလးခုက စာရင္းေတြကြာေနတယ္ဆိုၿပီး တပ္ဘက္က ထုတ္ျပန္ခဲ့စဥ္က အဆိုပါၿမိဳ႕ နယ္ေတြမွာ တာဝန္ယူထားတဲ့ ေ႐ြးေကာ္တာဝန္ရွိသူေတြက ဘယ္ကစာရင္းေတြယူၿပီး ထုတ္ျပန္လဲဆိုတာမသိသလို ေ႐ြးေကာက္ပြဲေန႔မွာ အသုံးျပဳတဲ့ ေနာက္ဆုံးမဲစာရင္း ဟုတ္/မဟုတ္ မသိရေၾကာင္း၊ မဲစာရင္းမ်ားျပင္ဆင္ရန္ ပထမအႀကိမ္ကပ္ထား ေၾကညာစဥ္က မဲစာရင္းမ်ားထပ္ေနေသာ္လည္း ယင္းကိုျပင္ဆင္ၿပီး ဒုတိယအႀကိမ္ကပ္ထားခ်ိန္မွစ၍ ထိုသို႔  မဲစာရင္းထပ္ျခင္းမ်ားမျဖစ္ႏိုင္ေအာင္ ျပင္ဆင္ထားခဲ့ေၾကာင္း၊ ေ႐ြးေကာက္ပြဲ၌ အသုံးျပဳျခင္းမရွိသည့္ မဲစာရင္းမွာ အတည္မျပဳေသးသည့္ မဲစာရင္းျဖစ္၍ ထိုသို႔ေသာမဲစာရင္းကိုစစ္ေဆးပါက မမွန္ႏိုင္ဘဲ လိုအပ္ခ်က္မ်ားရွိေနမည္ျဖစ္ေၾကာင္း  ေျပာခဲ့တာကိုေတြ႕ရပါတယ္။ဒါ့အျပင္ တပ္ဘက္က ထုတ္ျပန္ခဲ့တဲ့ မဲစာရင္း PDF ဖိုင္ေတြကို Excel ဖိုင္အျဖစ္ ေျပာင္းလဲၿပီး စိစစ္ခဲ့တယ္ဆိုရာမွာလည္း ယင္းအခ်က္ကလည္း မွားယြင္းႏိုင္တယ္ဆိုၿပီး ေျပာခဲ့တာလည္းရွိပါတယ္။ေအာင္ေျမသာစံ ေ႐ြး/ေကာ္ဆိုရင္ မဲလိမ္မႈႏွင့္ တစ္ဦးတည္းက အႀကိမ္ႀကိမ္မဲေပးမႈ ျဖစ္ႏိုင္ေျခရွိတယ္ဆိုတဲ့ တပ္မေတာ္ရဲ႕စြပ္စြဲခ်က္ေတြကို ပယ္ခ်ခဲ့သလို ထိုမဲစာရင္းမ်ားကို မည္သည့္ေနရာကရသလဲဆိုတာကို တပ္မေတာ္ဘက္ကို ေမးခြန္းျပန္ထုတ္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

တပ္ဘက္ကေန ဒီလိုစာရင္းေတြထုတ္ျပန္ေနမႈနဲ႔ပတ္သက္ၿပီး အာဏာရပါတီဘက္ကေတာ့ “ေ႐ြးေကာက္ပြဲဆိုင္ရာ မသမာမႈမ်ား၊ လြဲေခ်ာ္မႈမ်ား ေတြ႕ရွိပါက အခ်က္အလက္ တိတိက်က်ျဖင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ အေၾကာင္းၾကား” ဖို႔ ရွင္းရွင္းလင္းလင္း တိုက္တြန္းခဲ့တာကို ေတြ႕ရပါတယ္။ျပည္တြင္းသတင္းစာျဖစ္တဲ့ 7 day သတင္းစာက ေ႐ြးေကာက္ပြဲအႏိုင္ရပါတီလည္းျဖစ္ လက္ရွိအာဏာရပါတီလည္းျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ကို ေမးခဲ့ရာမွာ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ေဒါက္တာမ်ိဳးၫြန႔္ က “ဥပမာ - မဲလက္မွတ္ေတြ အတုလုပ္တာတို႔၊ မဲတံဆိပ္တုံးေတြ အတုလုပ္တာတို႔၊ မဲစာရင္းေတြကို တမင္လိမ္လည္ျပဳလုပ္တာတို႔ ဒီလိုအခ်က္ေတြ ထင္ထင္ရွားရွားေတြ႕ရတယ္ဆိုရင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲကို အေၾကာင္းၾကားရင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က သူတာဝန္ရွိတဲ့အေလ်ာက္ လိုအပ္တဲ့ စိစစ္အေရးယူမႈေတြ လုပ္သြားမွာျဖစ္ပါတယ္” ဆိုၿပီး ေ႐ြး ေကာက္ပြဲကာလအတြင္း ထင္ထင္ရွားရွားျဖစ္ခဲ့ၿပီး လက္ရွိအခ်ိန္ထိ တရားစြဲထားတဲ့ တံဆိပ္တုံးအတုကိစၥကိုပါ ထည့္ေထာက္ျပၿပီးေျပာခဲ့ကာ “ေ႐ြးေကာက္ပြဲမွ်တမႈ ရွိ၊ မရွိက ျပည္သူအားလုံးရဲ႕ မ်က္စိေရွ႕မွာ ေဆာင္႐ြက္သြားတာျဖစ္ေတာ့ ျပည္သူေတြအသိဆုံးပါလို႔” ေျပာခဲ့ပါတယ္။

လက္ရွိမွာ ေ႐ြးေကာက္ပြဲမွာ ဆိုးဆိုးဝါးဝါးရႈံးနိမ့္ထားတဲ့ ျပည္ခိုင္ၿဖိဳးပါတီဘက္က ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဆႏၵျပမႈေတြကို တခ်ိဳ႕ျပည္ နယ္/တိုင္းေဒသေတြမွာ ႀကိဳၾကားႀကိဳၾကားလုပ္ေနဆဲပါ။အထူးသျဖင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္ထံ တိုင္ၾကားရမယ့္ ေနာက္ဆုံးရက္ကပ္လာေနတဲ့အတြက္ ၿပီးခဲ့တဲ့သတင္းစာရွင္းလင္းပြဲေတြမွာ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး တိုင္ၾကားဖို႔ ရာနဲ႔ခ်ီၿပီးရွိတယ္လို႔ ေျပာခဲ့လို႔ ဘယ္ေလာက္ထိ ေ႐ြးေကာက္ပြဲကန႔္ကြက္လႊာ တင္သြင္းမလဲဆိုတာကို စိတ္ဝင္စားသူမ်ားေနခဲ့ပါတယ္။ဒါေပမယ့္ သိရသေလာက္ မီဒီယာေတြမွာထြက္လာတဲ့ သတင္းေတြအရ ၃၀ ေက်ာ္ေလာက္ဘဲ တင္သြင္းထားေသးၿပီး ေနာက္ဆုံးရက္က ဒီဇင္ဘာ ၂၈ ရက္ (ယေန႔) အထိျဖစ္လို႔ နဂိုခန႔္မွန္းထားတဲ့အတိုင္း ေနာက္ရက္ေတြမွာ ဆက္တင္ခဲ့ရင္ ၂၀၁၅ ခုႏွစ္ကရွိတဲ့ ၄၅ ခုထက္ ပိုၿပီးမ်ားႏိုင္ဖြယ္ရွိေနပါတယ္။

ကန႔္ကြက္လႊာတင္ရာမွာ ထူးထူးျခားျခား ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳ႕နယ္မွာ  ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ေနရာ အႏိုင္ရရွိခဲ့တဲ့ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးသန္းေဌး ကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဘက္က ကန႔္ကြက္လႊာတင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။တင္ရာမွာ အဓိကအေၾကာင္းအရာအျဖစ္ “ဘာသာေရး၊ လူမ်ိဳးေရး အေၾကာင္းျပ” မဲဆြယ္ခဲ့တယ္ဆိုၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္ထံ ကန႔္ကြက္စာတင္ခဲ့တာပါ။ဒါဟာ ျပည္ခိုင္ၿဖိဳးပါတီအတြက္ ရႈံးႏွိမ့္ခဲ့ရင္ အေတာ္ေလးဂယက္႐ိုက္ႏိုင္တဲ့ ကိစၥပါဘဲ။ထိုစဥ္က ဦးသန္းေဌးေျပာခဲ့တဲ့ “ကြၽန္ေတာ့္ သား၊ သမီးေတြ ဒီလိုလူေတြဟာ စီးပြားေရးေသာင္းက်န္းေနတဲ့သူေတြလား၊ ဒီအထဲမွာ ဘယ္လိုေသြးမ်ိဳးပါေနသလဲ၊ ကုလားေတြပါေနသလား၊ တ႐ုတ္ေတြပါေနသလား” စကားက အဲဒီတုန္းက အေတာ္ေလး မီဒီယာေတြမွာ ေပါက္ခဲ့တဲ့စကားျဖစ္လို႔ ေကာ္မရွင္က “ဘာသာေရး၊ လူမ်ိဳးေရး အေၾကာင္းျပ” မဲဆြယ္ျခင္း ေျမာက္/မေျမာက္ ဆုံးျဖတ္ရမွာပါ။တစ္ကယ္လို႔ သာ ဘာသာေရး၊ လူမ်ိဳးေရး အေၾကာင္းျပ မဲဆြယ္ျခင္းသာေျမာက္ခဲ့ရင္ အႏိုင္ရတာပယ္ဖ်က္ခံရမွာျဖစ္လို႔  ျပည္ခိုင္ၿဖိဳးအတြက္ “ဖြတ္မရ ဓားမဆုံး” ဆိုသလို ျဖစ္သြားႏိုင္တဲ့ အေနအထားပါ။

အေစာပိုင္းက အေၾကာင္းအရာျဖစ္တဲ့ တပ္ဘက္က ေ႐ြးေကာ္ကို မဲဆႏၵရွင္ေတြစာရင္းနဲ႔ပတ္သက္ၿပီး ထုတ္ျပန္တာေတြနဲ႔ပတ္သက္ၿပီး လႈမႈကြန္ရက္မွာ ထင္ျမင္ယူဆခ်က္ေတြ အမ်ိဳးမ်ိဳးထြက္ေန ေပမယ့္ အေျခခံအဓိကက်တဲ့ ျပည္သူေတြဘက္ကေတာ့ တုပ္တုပ္မွမလႈပ္သလို စိတ္ဝင္စားမႈရွိတာကိုလည္း မေတြ႕ရပါဘူး။ဒါဟာ သူတို႔ႀကိဳက္တဲ့ပါတီကို မဲေပးေ႐ြးခ်ယ္ၿပီးျဖစ္လို႔ အေ႐ြးမခံရတဲ့ ပါတီေတြဘက္က ဆႏၵျပတာ၊ မဲစာရင္းမမွန္ကန္တာေတြ၊ မဲထပ္တာေတြကို စိတ္မဝင္စားတာလား၊ ျဖတ္သန္းလာခဲ့တဲ့ အေတြ႕အႀကဳံအရ ဂ႐ုစိုက္စရာမလိုလို႔ ဂ႐ုမစိုက္တာလား၊   လက္တေလာအေရးႀကီးတဲ့ ကိုဗစ္ကပ္ေဘးေၾကာင့္လားဆိုတာ ကာယကံရွင္ေတြသာ သိမယ့္အေျခအေနပါ။
ေသခ်ာတာကေတာ့ အမ်ားစုက စေတးဟုမ္း ဘယ္ေန႔ျဖည္မလဲဆိုတာသာ စိတ္ဝင္စားေနၾကတာမို႔ ႏိုင္ငံေရးဂယက္ဆိုတာကိုလဲ ဂ႐ုစိုက္ဖြယ္မျမင္ပါဘူး။ဂယက္႐ိုက္ႏိုင္ဖြယ္မျမင္ရပါဘူး။

ဘာပဲျဖစ္ျဖစ္ ႏိုင္ငံေရးက ႏိုင္ငံသားေတြနဲ႔သက္ဆိုင္တာမို႔လို႔ ေရွ႕ရက္ေတြမွာ ေ႐ြးေကာ္ကိုတင္ထားတဲ့ ကန႔္ကြက္လႊာေတြ ျဖစ္ေစခ်င္သလို မျဖစ္လာခဲ့ရင္ အက်ိဳးစီးပြားပဋိပကၡရွိတဲ့ လူပုဂၢိဳလ္ေတြ၊ ပါတီေတြ၊ အဖြဲ႕အစည္းေတြက ဘယ္လိုျဖစ္ၾကဦးမလဲဆိုတာ စိတ္ဝင္စားစရာေကာင္းလို႔ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ခက္ထန္စိုး
ဒီဇင္ဘာ - ၂၈