【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏ အရေးပါသော အစည်းအဝေးနှစ်ခုအလားအလာ

【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏ အရေးပါသော အစည်းအဝေးနှစ်ခုအလားအလာ

တရုတ်ထိပ်တန်းခေါင်းဆောင်များသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ၂ လတာ ဆိုင်းငံ့ ထားပြီးနောက် နှစ်ပတ်လည်ကျင်းပနေသည့် အရေးပါသော အစည်းအဝေး ၂ ခုကို ကြာသပတေးနေ့က ကျင်းပခဲ့သည်။

ထိုအရေးပါသော အစည်းအဝေး ၂ ခုဆိုသည်မှာ အကြံပေးအဖွဲ့ဝင် ၂၀၀၀ ကျော်ပါသော တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) နှင့် တရုတ်နိုင်ငံ၏ ဥပဒေပြု လွှတ်တော် ဖြစ်သော တရုတ်ပြည်သူ့ကွန်ဂရက် တို့ကို ဆိုလိုသည်။  ၎င်းတို့သည် တရုတ်နိုင်ငံ၏ အရေးပါ သော နိုင်ငံရေး အစည်းအဝေးများဖြစ်ပြီး ဝန်ကြီးချုပ် Li Keqiang က အစီရင်ခံစာတင်သွင်းကာ ထိုအစီရင်ခံစာတွင်  လာမည့်နှစ်အတွင်း အစိုးရကဆောင်ရွက်မည့် အစီအစဉ်နှင့် မူဝါဒ ဦးစား ပေးများ ကို ဖေါ်ပြထားသည်။

 
ပုံမှန်အားဖြင့် ထိုအစည်းအဝေးနှစ်ခုကို မတ်လတွင် ကျင်းပသော်လည်း ယခုနှစ်တွင်မူ ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် နှောင့်နှေးခဲ့ရသည်။ သို့သော် ထိုဗိုင်းရပ်စ်ကို ထိန်းချုပ်ပြီးနောက်ကိုယ်စားလှယ် အားလုံးသာမက နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်များအပါအဝင် တရုတ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင် များသည် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် နှာခေါင်းစည်းများ ဝတ်ဆင်ပြီး ထိုအစည်းအဝေး များကို ကျင်းပခဲ့ကြသည်။

အစိုးရသည် နှစ်စဉ် စုစုပေါင်း အမျိုးသား ထုတ်ကုန် ရည်မှန်းချက် ကဲ့သို့သော အဓိက စီးပွားရေး မူဝါဒများကို ထိုအစည်းအဝေးတွင် ကြေညာလေ့ရှိသောကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ လည်း ထိုအစည်းအဝေးများကို စိတ်ဝင်စားကြသည်။ ယခုနှစ်တွင်မူ ထိုအစည်းအဝေး နှစ်ခုသည် ပိုမိုအရေးပါပြီး  ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော စီးပွားရေး အကျပ်အတည်းကို တရုတ် နိုင်ငံက မည်သို့ ပြန်လည်အသက်သွင်းမည်ကို  ရင်းနှီး မြှုပ်နှံသူများက သိလိုကြသည်။ထိုအစည်းအဝေးနှစ်ခုတွင် တရုတ်ခေါင်းဆောင်များကြေညာသည့် အချက်များကို အောက်တွင် တွေ့နိုင်သည်။

စီးပွားရေးတိုးတက်မှုနှုန်း ရည်မှန်းချက်။

၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံး အဖြစ် အစိုးရသည် စီးပွားရေးတိုးတက်မှုနှုန်းရည်မှန်း ချက် သတ်မှတ်ခြင်းမရှိကြောင်း လုပ်ငန်းအစီရင်ခံစာတွင် Li ဖေါ်ပြသည်။ကိုဗစ်-၁၉ ကြောင့်ဖြစ် ပေါ် သည့် မရေရာမှုများနှင့် ကမ္ဘာ့စီးပွားရေးအပေါ် ၎င်း၏ သက်ရောက်မှုများကြောင့် စီးပွားရေး တိုးတက်မှုနှုန်းကို မသတ်မှတ်ခြင်းဖြစ်ကြောင် Li ပြောသည်။ ကိုဗစ်-၁၉ မတိုင်မီက တရုတ်စီးပွား ရေးသည် ၆ ရာခိုင်နှုန်းဝန်းကျင်တိုးတက်မည်ဟု သုတေသီများ ခန့်မှန်းထားသည်။

လွန်ခဲ့သော နှစ်က တရုတ်နိုင်ငံသည် ဖွံ့ဖြိုးမှုနှုန်း ၆ မှ ၆.၅ ရာခိုင်နှုန်းအထိရည်မှန်းထားပြီး လက်တွေ့တွင် ၆.၁ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ သို့သော် ယခုနှစ် ပထမသုံးလပတ်တွင် တရုတ် စီးပွားရေးသည် ၆.၈ ရာခိုင်နှုန်း ကျုံ့ သွားပြီး ဒုတိယ သုံးလပါတ်တွင် ထပ်မံကျုံ့သွားမည်ဟု အချို့ သုတေသီများ ခန့်မှန်းထားသည်။စီးပွားရေးတိုးတက်မှုနှုန်း နှစ်စဉ် ရည်မှန်းချက်သည် အထက်ပါအစည်းအဝေးနှစ်ခုတွင် အများမျှော်လင့်နေသည့် ကြေညာချက်များဖြစ်သည်။

 Li  သည် ပုံမှန်ထက်လျှော့နည်းသော သို့မဟုတ် ၂၀၂၀ နှင့် ၂၀၂၁ အတွက် တိုးတက်မှုနှုန်းနှစ်ခု ကို ပူးတွဲကြေညာမည်ဟု သုသေတီများက ထိုကြေညာချက်မတိုင်မီက  ယူဆခဲ့ကြသည်။ ထိုကြေညာချက်ကို အာရုံစိုက်နေကြသော်လည်း တရုတ်ခေါင်းဆောင်များအနေဖြင့် ဖွံ့ဖြိုး တိုးတက်မှုနှုန်း ကြေညာသည့် အစဉ်အလာကို  စွန့်လွှတ်သင့်ကြောင်း စီးပွားရေး ပညာရှင် အများအပြားက ပြောဆိုခဲ့သည်မှာ အတန်ကြာပြီဖြစ်သည်။ ၎င်းတို့၏ အဆိုအရ ဖွံ့ဖြိုးမှုနှုန်း တစုံတရာ သတ်မှတ်ခြင်းသည် ထိရောက်မှုမရှိသည့်  အစိုးရ အသုံးစရိတ်အတွက် စေ့ဆော်မှု များနှင့် စီးပွားရေးနှင့်ပြည်သူလူထုလိုအပ်ချက်များကို ထိခိုက်စေသည့် ပိုမိုနက်ရှိုင်းသည့် စနစ်ဆိုင်ရာ ပြဿနာများကို လျှစ်လျှူရှုသည့် ကာလတို အတွေးအခေါ်များကို ဖြစ်စေမည်ဟု သိရသည်။

မည်သို့ပင်ဆိုစေကာမူ စုစုပေါင်းအမျိုးသားထုတ်ကုန်သည်စာရင်းအရ အပြစ်အနာအဆာ များ ရှိနေသော်လည်း တရုတ်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ပိုမိုအရေးပါသည်။ အစိုးရသည် စီးပွားရေးတွင် အရေးပါသော အခန်းမှ ပါဝင်နေပြီး အများပြည်သူကို ထုတ်ပြန်ကြေညာ ထား သည့် ရည်မှန်းချက်များနှင့် ပတ်သက်သည့် နိုင်ငံရေးဖိအားကို ရင်ဆိုင်နေရသောကြောင့် တရုတ်နိုင်ငံ၏ စုစုပေါင်းအမျိုသားထုတ်ကုန် တိုးတက်မှု ရည်မှန်းချက်သည် တိုးတက်မှုနှုန်းကို ခန့်မှန်းချက်သာမက ရှေ့လာမည့် အစိုးရ ချေးငွေနှင့်အသုံးစရိတ်ကိုလည်း အချက်ပြနေသော အရာဖြစ်သည်။

အစိုးရသည် ထို့ကြောင့် အလုပ်အကိုင်ရရှိရေးကို အထောက်အကူပြုသည့် အစီအမံများကို ဆောင်ရွက်မည်ဟု Li ပြောပြီး ထိုအစီအမံများသည် စီးပွားရေး တိုးတက်မှုကိုမည်မျှ အထောက် အကူ ပြုမည်နှင့်ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရသေးပေ။ အစိုးရသည် ၂၀၂၀ ခုနှစ် အတွက် နိမ့်ကျသော ဖွံ့ဖြိုးမှု အဆင့်ကို လက်ခံထားသည့် လက္ခဏာဖြစ်နေသည်။

ဘဏ္ဍာရေး အကူအညီ။

ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုနောက်ပိုင်း စီးပွားရေးနာလန်ထရေးအတွက် အမေရိကန်ဒေါ်လာ ၅၀၆ ဘီလျံရှိသည့် ဘဏ္ဍာရေး အကူအညီကို Li ကြေညာခဲ့သည်။ ထို့ကြောင့်အစိုးရသည် ရသုံးမှန်ခြေ ငွေစာရင်း လိုငွေ အမြင့်ဆုံး ဖြစ်သည့် စုစုပေါင်း အမျိုးသား ထုတ်ကုန်၏ ၃.၆ ရာခိုင်နှုန်း သို့ရောက်နေမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်က ၂.၈ ရာခိုင် နှုန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ပေသည်။ထိုအကူအညီ၏ အစိတ်အပိုင်းအဖြစ် အစိုးရသည် ဒေါ်လာ ၁၄၀ ဘီလျံတန်သည့် ငွေတိုက် စာချုပ် များကို ထုတ်ဝေမည်ဖြစ်ပြီး ဒေသဆိုင်ရာ အစိုးရများ၏ အထူးငွေချေးစာချုပ်များ ဝေစု သတ်မှတ်ချက်ကို  ဒေါ်လာ ၅၂၇ ဘီလျံအထိ မြှင့်တင်မည်ဖြစ်သည်။

ထိုပမာဏသည်ယခင်နှစ်ကထက် ဒေါ်လာ ၂၂၅ ဘီလျံပိုမိုများပြား လာခြင်းဖြစ်သည်။အထူး သဖြင့် ထိုငွေချေးစာချုပ်များသည် တရုတ်အစိုးရအနေဖြင့် ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘာဏ္ဍာရေး အကျပ်အတည်း အတွင်း တိုးတက်မှုနှုန်းဖြစ်ပေါ်စေရန် မကြာခဏ အသုံးပြုသည့် အခြေခံ အဆောက်အအုံငွေကြေး စိုက်ထုတ်ခြင်း အတွက် အဓိက ရင်းမြစ်ဖြစ်သည်။ သို့သော် အစဉ် အလာအရ အခြေခံအဆောက်အအုံများဖြစ်သည့် တံတားများ နှင့် မြန်နှုန်းမြင့်ရထားများထက် အစိုးရသည် ထိုငွေကို ၅G ကွန်ရက်များနှင့် စွမ်းအင်သစ်ယာဉ်များအတွင် အားသွင်းစခန်း များ တွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

စီးပွားရေးတိုးတက်မှု နှုန်းကိုအားပေးခြင်းအပြင် အစိုးရစီမံကိန်း ရေးဆွဲသူများက ထိုအကူအညီ များသည် အလုပ် အကိုင်ကိုအားပေးပြီး လူမှုတည်ငြိမ်မှု ဖြစ်စေမည်ဟု မျှော်လင့်ကြသည်။ အစိုးရသည် ၂၀၂၀ တွင် မြို့ပြအလုပ် အကိုင် ၉ သန်း ဖန်တီးရန် ရည်မှန်းထားကြောင်း Li ပြောသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးအကူအညီများသည် ၂၀၀၈ ခုနှစ်က ကဲ့သို့ပင် များပြာလှသည်။ ထိုစဉ်က တရုတ်နိုင်ငံ သည် ဒေါ်လာ ၅၇၂ ဘီလျံခန်အထိ အကူအညီများ ထုတ်ပေးခဲ့သည်။ သို့သော် တရုတ်စီးပွားရေးသည် ၂၀၀၈ ခုနှစ်ကထက် များစွာပိုမိုကြီးမားနေပြီး ထိုအကူအညီ သည် စုစုပေါင်းအမျိုးသားထုတ်ကုန်၏ ပိုမိုသေးငယ်သော ရာခိုင်နှုန်းကိုသာ ဖြစ်နေသည်။ အမေရိကန်ပြည်ထောင်စုကမူ ၎င်း၏ စီးပွားရေး အတွင်း ဒေါ်လာ ၃ ထရီလီယံ ထည့်သွင်းပြီး ဖြစ်သည်။

ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်သည့်ကမ္ဘာ့စီးပွားရေးအကျပ်အတည်းသည် ၂၀၀၈ ခုနှစ်ကထက် ပိုမိုကြီးမားသော် လည်း တရုတ်နိုင်ငံသည် ထိုအကျပ်အတည်းအတွင်း လမ်းကြောင်းရှာရန် စုဆောင်းခဲ့သည့် ကြွေးမြီ၏ မြင့်မား သော ပမာဏကြောင့် အကန့်အသတ်ဖြစ်နေသည်။ ထိုပြဿနာအရ ဆိုပါက ဗဟိုအစိုးစရသည် နှစ်ပေါင်းများ စွာကြာမြင့်သည့် ကြွေးမြီ အကျပ် အတည်းကို လျှော့ချနေရပြီး စီးပွားတိုးတက်ရေးအတွက် အစိုးရ အသုံး စရိတ်မြှင့် တင်ခြင်းကို အားထားမှု လျှော့ချနေရသည်။

အခြားမူဝါဒ ဆိုင်ရာကြေညာချက်များ။

ဖွံဖြိုးတိုးတက်မှု ရည်မှန်းချက်နှင့် စီးပွားရေး အကူအညီဆိုင်ရာကြေညာချက်များအပြင်  အစိုးရ အရာရှိများသည် အရေးပါသော ထိုအစည်းအဝေး နှစ်ခုအတွင် အခြားအရေးပါသော ကြေညာ ချက် များကိုလည်း ထုတ်ပြန်ခဲ့သည်။အရေးပါသော အချက်တခုမှာဘေကျင်းတွင် အတည် ပြုမည့်  ဟောင်ကောင်အတွက် အရေးပါသည့် အမျိုးသား လုံခြုံရေး ဥပဒေကို အစိုးရက ရုတ်တရက်ကြေညာလိုက်ခြင်းဖြစ်သည်။ ထိုဥပဒေသည် ၂၀၁၉ ခုနှစ်က ဆန္ဒပြပွဲများ ရင်ဆိုင် နေရ သော ဟောင်ကောင်ကို ပိုမိုတည်ငြိမ်စေမည်ဟု အစိုးရအရာရှိများက မျှော်လင့်နေသည်။ သို့သော် ထိုဥပဒေသည် အောက်ခြေအုပ်စုများ၏ တွန်းကန်မှုကိုလည်း ရင်ဆိုင်ရနိုင်သည်။

ထို့အပြင် အစိုးရ အရာရှိများက လက်ရှိ ဦးစားပေးမူဝါဒများကို ပိုမို ဖိအားပေးရန်တောင်းဆိုကြ သည်။ ထိုမူဝါဒများအနက် အချို့သည် ကိုဗစ်-၁၉ ကြောင့် မရေမရာဖြစ်နေသည်။ ဥပမာဆိုရပါ က တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လမ်းညွှန်သည့် အနုတ်လက္ခဏာ ဆောင်သည့်  စာရင်းတွင် လျှော့ချရန်၊ အခွန်ဖြတ်တောက်ရန်နှင့် ပြည်ပမှ ရပ်ဝန်းနှင့် လမ်းအစီအစဉ်များကို ဆက်လက်တွန်းအားပေးရန်အတွက် ဗဟိုနှင့် အနောက်ပိုင်း ဒေသများတွင် လွတ်လပ်သော စီးပွားရေးဇုန်များ ထူထောင်မည်ဖြစ်သည်။

ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှု ရှိသော်လည်း Li၏ အစီရင်ခံစာတွင် ၂၀၂၀ ခုနှစ်တွင် ကျေးလက် ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေးကို ဖေါ်ပြထားသည်။ ၂၀၂၀ ခုနှစ်တွင် ၂၀၁၀ ခုနှစ်က တဦးချင်းဝင်ငွေကို နှစ်ဆတိုး စေမည်ဟု ပါတီက လွန်ခဲ့သော ဆယ်စုနှစ်က ကြေညာခဲ့သည်။ သမ္မတရှီကလည်း ယခုနှစ်တွင် ကျေးလက် ဆင်းရဲနွမ်းပါးမှု ပပျောက်စေရန် ဦးစားပေး လုပ်ဆောင် နေသည်။

ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ထို အစည်းအဝေးနှစ်ခုကို တက်ရောက်သော အစိုးရ အရာရှိများ သည် တရုတ်နိုင်ငံ၏ ဆေးဝါး ဝန်ဆောင်မှုများ တိုးတက်ရေးကိုလည်း အလေးထားခဲ့ကြသည်။ တရုတ်နိုင်ငံ၏ ရောဂါတားဆီး ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစနစ်များသည် အစိုးရအနေဖြင့် ယခုနှစ်အတွင် အောင်မြင်အောင်ဆောင်ရွက်ရမည့် ကိစ္စများဖြစ်ကြောင်း ဖေါ်ပြထားသည်။အများပြည်သူ ကျန်းမာရေး မြှင့်တင်ခြင်းသည် အမျိုးသာလုံခြုံရေး ပြဿနာနှင့် သက်ဆိုင် နေကြောင်း ရှီက ရောဂါ စတင်ဖြစ်ပွားရာ ဟူဘေးပြည်နယ်မှ ကိုယ်စားလှယ်များကို ပြောသဖြင့် အရေးပါသော ကိစ္စဖြစ်နေသည်။

ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့်ယခုနှစ်အတွင်း တရုတ်နိုင်ငံကျန်းမာရေး စနစ် တွင် ပြုပြင် ပြောင်းလဲမှုများကို ကြုံတွေ့ရနိုင်ပြီး ပိုမိုကြီးမားသော ရင်နှီးမြှုပ်နှံမှုကို မျှော်လင့် နိုင်သည်။အထက်ပါ ၂၀၂၀ ခုနှစ် အစည်းအဝေးနှစ်ခုသည် အစဉ်အလာကို ချိုးဖျက် လိုက်သော ကြောင့်လည်း မှတ်သား စရာဖြစ်သည်။ ထိုအစဉ်အလာချိုးဖျက်မှုများတွင် နှစ်လတာနောက်ကျ ကျင်းပခြင်းနှင့် ဖွံဖြိုးတိုးတက်မှုနှုန်းကို ပြန်လည်ရုတ်သိမ်းခြင်းတို့ပါဝင်သည်။ သို့သော် ၂၀၂၀ သည် လက်ရှိ ၅ နှစ်စီမံကိန်း၏ နောက်ဆုံးနှစ်ဖြစ် သောကြောင့် ၎င်း၏ ရိုက်ခတ်မှုများသည် လက်ရှိအကျပ်အတည်းထက်ပင်ကျော်လွန်နိုင်ပေသည်။

 ထို့ကြောင့် ယခုနှစ်ကျန်အချိန်များအတွင်း ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မည်သို့ ဆက်လက် ဖြစ်ပေါ် သည်များ သည်လာမည့် ၂၀၂၅ ခုနှစ်အထိ နောက်ထပ် ၅ နှစ်စီမံကိန်း ရေးဆွဲရာတွင် သြဇာသက်ရောက်နေမည်ဖြစ်သည်။

Ref:china-briefing.com/news/chinas-two-sessions-2020-learnt-far

(  Zawgyi  )

 တ႐ုတ္ထိပ္တန္းေခါင္းေဆာင္မ်ားသည္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ ၂ လတာ ဆိုင္းငံ့ ထားၿပီးေနာက္ ႏွစ္ပတ္လည္က်င္းပေနသည့္ အေရးပါေသာ အစည္းအေဝး ၂ ခုကို ၾကာသပေတးေန႔က က်င္းပခဲ့သည္။

ထိုအေရးပါေသာ အစည္းအေဝး ၂ ခုဆိုသည္မွာ အႀကံေပးအဖြဲ႕ဝင္ ၂၀၀၀ ေက်ာ္ပါေသာ တ႐ုတ္ျပည္သူ႔ႏိုင္ငံေရးအတိုင္ပင္ခံကြန္ဖရင့္ (CPPCC) ႏွင့္ တ႐ုတ္ႏိုင္ငံ၏ ဥပေဒျပဳ လႊတ္ေတာ္ ျဖစ္ေသာ တ႐ုတ္ျပည္သူ႔ကြန္ဂရက္ တို႔ကို ဆိုလိုသည္။  ၎တို႔သည္ တ႐ုတ္ႏိုင္ငံ၏ အေရးပါ ေသာ ႏိုင္ငံေရး အစည္းအေဝးမ်ားျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္ Li Keqiang က အစီရင္ခံစာတင္သြင္းကာ ထိုအစီရင္ခံစာတြင္  လာမည့္ႏွစ္အတြင္း အစိုးရကေဆာင္႐ြက္မည့္ အစီအစဥ္ႏွင့္ မူဝါဒ ဦးစား ေပးမ်ား ကို ေဖၚျပထားသည္။

 
ပုံမွန္အားျဖင့္ ထိုအစည္းအေဝးႏွစ္ခုကို မတ္လတြင္ က်င္းပေသာ္လည္း ယခုႏွစ္တြင္မူ ကိုဗစ္-၁၉ ျဖစ္ပြားမႈေၾကာင့္ ေႏွာင့္ေႏွးခဲ့ရသည္။ သို႔ေသာ္ ထိုဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ၿပီးေနာက္ကိုယ္စားလွယ္ အားလုံးသာမက ႏိုင္ငံေရးဦးေဆာင္အဖြဲ႕ဝင္မ်ားအပါအဝင္ တ႐ုတ္ႏိုင္ငံ ထိပ္တန္း ေခါင္းေဆာင္ မ်ားသည္ ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ရန္ ႏွာေခါင္းစည္းမ်ား ဝတ္ဆင္ၿပီး ထိုအစည္းအေဝး မ်ားကို က်င္းပခဲ့ၾကသည္။

အစိုးရသည္ ႏွစ္စဥ္ စုစုေပါင္း အမ်ိဳးသား ထုတ္ကုန္ ရည္မွန္းခ်က္ ကဲ့သို႔ေသာ အဓိက စီးပြားေရး မူဝါဒမ်ားကို ထိုအစည္းအေဝးတြင္ ေၾကညာေလ့ရွိေသာေၾကာင့္ ႏိုင္ငံျခားရင္းႏွီး ျမႇဳပ္ႏွံသူမ်ား လည္း ထိုအစည္းအေဝးမ်ားကို စိတ္ဝင္စားၾကသည္။ ယခုႏွစ္တြင္မူ ထိုအစည္းအေဝး ႏွစ္ခုသည္ ပိုမိုအေရးပါၿပီး  ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ပြားေသာ စီးပြားေရး အက်ပ္အတည္းကို တ႐ုတ္ ႏိုင္ငံက မည္သို႔ ျပန္လည္အသက္သြင္းမည္ကို  ရင္းႏွီး ျမႇဳပ္ႏွံသူမ်ားက သိလိုၾကသည္။ထိုအစည္းအေဝးႏွစ္ခုတြင္ တ႐ုတ္ေခါင္းေဆာင္မ်ားေၾကညာသည့္ အခ်က္မ်ားကို ေအာက္တြင္ ေတြ႕ႏိုင္သည္။

စီးပြားေရးတိုးတက္မႈႏႈန္း ရည္မွန္းခ်က္။

၁၉၉၀ ခုႏွစ္ေနာက္ပိုင္းတြင္ ပထမဆုံး အျဖစ္ အစိုးရသည္ စီးပြားေရးတိုးတက္မႈႏႈန္းရည္မွန္း ခ်က္ သတ္မွတ္ျခင္းမရွိေၾကာင္း လုပ္ငန္းအစီရင္ခံစာတြင္ Li ေဖၚျပသည္။ကိုဗစ္-၁၉ ေၾကာင့္ျဖစ္ ေပၚ သည့္ မေရရာမႈမ်ားႏွင့္ ကမာၻ႔စီးပြားေရးအေပၚ ၎၏ သက္ေရာက္မႈမ်ားေၾကာင့္ စီးပြားေရး တိုးတက္မႈႏႈန္းကို မသတ္မွတ္ျခင္းျဖစ္ေၾကာင္ Li ေျပာသည္။ ကိုဗစ္-၁၉ မတိုင္မီက တ႐ုတ္စီးပြား ေရးသည္ ၆ ရာခိုင္ႏႈန္းဝန္းက်င္တိုးတက္မည္ဟု သုေတသီမ်ား ခန႔္မွန္းထားသည္။

လြန္ခဲ့ေသာ ႏွစ္က တ႐ုတ္ႏိုင္ငံသည္ ဖြံ႕ၿဖိဳးမႈႏႈန္း ၆ မွ ၆.၅ ရာခိုင္ႏႈန္းအထိရည္မွန္းထားၿပီး လက္ေတြ႕တြင္ ၆.၁ ရာခိုင္ႏႈန္းတိုးတက္ခဲ့သည္။ သို႔ေသာ္ ယခုႏွစ္ ပထမသုံးလပတ္တြင္ တ႐ုတ္ စီးပြားေရးသည္ ၆.၈ ရာခိုင္ႏႈန္း က်ဳံ႕ သြားၿပီး ဒုတိယ သုံးလပါတ္တြင္ ထပ္မံက်ဳံ႕သြားမည္ဟု အခ်ိဳ႕ သုေတသီမ်ား ခန႔္မွန္းထားသည္။စီးပြားေရးတိုးတက္မႈႏႈန္း ႏွစ္စဥ္ ရည္မွန္းခ်က္သည္ အထက္ပါအစည္းအေဝးႏွစ္ခုတြင္ အမ်ားေမွ်ာ္လင့္ေနသည့္ ေၾကညာခ်က္မ်ားျဖစ္သည္။

 Li  သည္ ပုံမွန္ထက္ေလွ်ာ့နည္းေသာ သို႔မဟုတ္ ၂၀၂၀ ႏွင့္ ၂၀၂၁ အတြက္ တိုးတက္မႈႏႈန္းႏွစ္ခု ကို ပူးတြဲေၾကညာမည္ဟု သုေသတီမ်ားက ထိုေၾကညာခ်က္မတိုင္မီက  ယူဆခဲ့ၾကသည္။ ထိုေၾကညာခ်က္ကို အာ႐ုံစိုက္ေနၾကေသာ္လည္း တ႐ုတ္ေခါင္းေဆာင္မ်ားအေနျဖင့္ ဖြံ႕ၿဖိဳး တိုးတက္မႈႏႈန္း ေၾကညာသည့္ အစဥ္အလာကို  စြန႔္လႊတ္သင့္ေၾကာင္း စီးပြားေရး ပညာရွင္ အမ်ားအျပားက ေျပာဆိုခဲ့သည္မွာ အတန္ၾကာၿပီျဖစ္သည္။ ၎တို႔၏ အဆိုအရ ဖြံ႕ၿဖိဳးမႈႏႈန္း တစုံတရာ သတ္မွတ္ျခင္းသည္ ထိေရာက္မႈမရွိသည့္  အစိုးရ အသုံးစရိတ္အတြက္ ေစ့ေဆာ္မႈ မ်ားႏွင့္ စီးပြားေရးႏွင့္ျပည္သူလူထုလိုအပ္ခ်က္မ်ားကို ထိခိုက္ေစသည့္ ပိုမိုနက္ရႈိင္းသည့္ စနစ္ဆိုင္ရာ ျပႆနာမ်ားကို လွ်စ္လွ်ဴရႈသည့္ ကာလတို အေတြးအေခၚမ်ားကို ျဖစ္ေစမည္ဟု သိရသည္။

မည္သို႔ပင္ဆိုေစကာမူ စုစုေပါင္းအမ်ိဳးသားထုတ္ကုန္သည္စာရင္းအရ အျပစ္အနာအဆာ မ်ား ရွိေနေသာ္လည္း တ႐ုတ္ႏိုင္ငံတြင္ ဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္းသည္ ပိုမိုအေရးပါသည္။ အစိုးရသည္ စီးပြားေရးတြင္ အေရးပါေသာ အခန္းမွ ပါဝင္ေနၿပီး အမ်ားျပည္သူကို ထုတ္ျပန္ေၾကညာ ထား သည့္ ရည္မွန္းခ်က္မ်ားႏွင့္ ပတ္သက္သည့္ ႏိုင္ငံေရးဖိအားကို ရင္ဆိုင္ေနရေသာေၾကာင့္ တ႐ုတ္ႏိုင္ငံ၏ စုစုေပါင္းအမ်ိဳသားထုတ္ကုန္ တိုးတက္မႈ ရည္မွန္းခ်က္သည္ တိုးတက္မႈႏႈန္းကို ခန႔္မွန္းခ်က္သာမက ေရွ႕လာမည့္ အစိုးရ ေခ်းေငြႏွင့္အသုံးစရိတ္ကိုလည္း အခ်က္ျပေနေသာ အရာျဖစ္သည္။

အစိုးရသည္ ထို႔ေၾကာင့္ အလုပ္အကိုင္ရရွိေရးကို အေထာက္အကူျပဳသည့္ အစီအမံမ်ားကို ေဆာင္႐ြက္မည္ဟု Li ေျပာၿပီး ထိုအစီအမံမ်ားသည္ စီးပြားေရး တိုးတက္မႈကိုမည္မွ် အေထာက္ အကူ ျပဳမည္ႏွင့္ပတ္သက္ၿပီး ရွင္းရွင္း လင္းလင္း မသိရေသးေပ။ အစိုးရသည္ ၂၀၂၀ ခုႏွစ္ အတြက္ နိမ့္က်ေသာ ဖြံ႕ၿဖိဳးမႈ အဆင့္ကို လက္ခံထားသည့္ လကၡဏာျဖစ္ေနသည္။

ဘ႑ာေရး အကူအညီ။

ကိုဗစ္-၁၉ ေၾကာင့္ ထိခိုက္မႈေနာက္ပိုင္း စီးပြားေရးနာလန္ထေရးအတြက္ အေမရိကန္ေဒၚလာ ၅၀၆ ဘီလ်ံရွိသည့္ ဘ႑ာေရး အကူအညီကို Li ေၾကညာခဲ့သည္။ ထို႔ေၾကာင့္အစိုးရသည္ ရသုံးမွန္ေျခ ေငြစာရင္း လိုေငြ အျမင့္ဆုံး ျဖစ္သည့္ စုစုေပါင္း အမ်ိဳးသား ထုတ္ကုန္၏ ၃.၆ ရာခိုင္ႏႈန္း သို႔ေရာက္ေနမည္ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္က ၂.၈ ရာခိုင္ ႏႈန္းႏွင့္ ႏႈိင္းယွဥ္ၾကည့္ႏိုင္ေပသည္။ထိုအကူအညီ၏ အစိတ္အပိုင္းအျဖစ္ အစိုးရသည္ ေဒၚလာ ၁၄၀ ဘီလ်ံတန္သည့္ ေငြတိုက္ စာခ်ဳပ္ မ်ားကို ထုတ္ေဝမည္ျဖစ္ၿပီး ေဒသဆိုင္ရာ အစိုးရမ်ား၏ အထူးေငြေခ်းစာခ်ဳပ္မ်ား ေဝစု သတ္မွတ္ခ်က္ကို  ေဒၚလာ ၅၂၇ ဘီလ်ံအထိ ျမႇင့္တင္မည္ျဖစ္သည္။

ထိုပမာဏသည္ယခင္ႏွစ္ကထက္ ေဒၚလာ ၂၂၅ ဘီလ်ံပိုမိုမ်ားျပား လာျခင္းျဖစ္သည္။အထူး သျဖင့္ ထိုေငြေခ်းစာခ်ဳပ္မ်ားသည္ တ႐ုတ္အစိုးရအေနျဖင့္ ၂၀၀၈ ခုႏွစ္ ကမာၻ႔ဘာ႑ာေရး အက်ပ္အတည္း အတြင္း တိုးတက္မႈႏႈန္းျဖစ္ေပၚေစရန္ မၾကာခဏ အသုံးျပဳသည့္ အေျခခံ အေဆာက္အအုံေငြေၾကး စိုက္ထုတ္ျခင္း အတြက္ အဓိက ရင္းျမစ္ျဖစ္သည္။ သို႔ေသာ္ အစဥ္ အလာအရ အေျခခံအေဆာက္အအုံမ်ားျဖစ္သည့္ တံတားမ်ား ႏွင့္ ျမန္ႏႈန္းျမင့္ရထားမ်ားထက္ အစိုးရသည္ ထိုေငြကို ၅G ကြန္ရက္မ်ားႏွင့္ စြမ္းအင္သစ္ယာဥ္မ်ားအတြင္ အားသြင္းစခန္း မ်ား တြင္ ရင္းႏွီးျမႇဳပ္ႏွံမည္ျဖစ္သည္။

စီးပြားေရးတိုးတက္မႈ ႏႈန္းကိုအားေပးျခင္းအျပင္ အစိုးရစီမံကိန္း ေရးဆြဲသူမ်ားက ထိုအကူအညီ မ်ားသည္ အလုပ္ အကိုင္ကိုအားေပးၿပီး လူမႈတည္ၿငိမ္မႈ ျဖစ္ေစမည္ဟု ေမွ်ာ္လင့္ၾကသည္။ အစိုးရသည္ ၂၀၂၀ တြင္ ၿမိဳ႕ျပအလုပ္ အကိုင္ ၉ သန္း ဖန္တီးရန္ ရည္မွန္းထားေၾကာင္း Li ေျပာသည္။

တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးအကူအညီမ်ားသည္ ၂၀၀၈ ခုႏွစ္က ကဲ့သို႔ပင္ မ်ားျပာလွသည္။ ထိုစဥ္က တ႐ုတ္ႏိုင္ငံ သည္ ေဒၚလာ ၅၇၂ ဘီလ်ံခန္အထိ အကူအညီမ်ား ထုတ္ေပးခဲ့သည္။ သို႔ေသာ္ တ႐ုတ္စီးပြားေရးသည္ ၂၀၀၈ ခုႏွစ္ကထက္ မ်ားစြာပိုမိုႀကီးမားေနၿပီး ထိုအကူအညီ သည္ စုစုေပါင္းအမ်ိဳးသားထုတ္ကုန္၏ ပိုမိုေသးငယ္ေသာ ရာခိုင္ႏႈန္းကိုသာ ျဖစ္ေနသည္။ အေမရိကန္ျပည္ေထာင္စုကမူ ၎၏ စီးပြားေရး အတြင္း ေဒၚလာ ၃ ထရီလီယံ ထည့္သြင္းၿပီး ျဖစ္သည္။

ကိုဗစ္-၁၉ ေၾကာင့္ျဖစ္ေပၚသည့္ကမာၻ႔စီးပြားေရးအက်ပ္အတည္းသည္ ၂၀၀၈ ခုႏွစ္ကထက္ ပိုမိုႀကီးမားေသာ္ လည္း တ႐ုတ္ႏိုင္ငံသည္ ထိုအက်ပ္အတည္းအတြင္း လမ္းေၾကာင္းရွာရန္ စုေဆာင္းခဲ့သည့္ ေႂကြးၿမီ၏ ျမင့္မား ေသာ ပမာဏေၾကာင့္ အကန႔္အသတ္ျဖစ္ေနသည္။ ထိုျပႆနာအရ ဆိုပါက ဗဟိုအစိုးစရသည္ ႏွစ္ေပါင္းမ်ား စြာၾကာျမင့္သည့္ ေႂကြးၿမီ အက်ပ္ အတည္းကို ေလွ်ာ့ခ်ေနရၿပီး စီးပြားတိုးတက္ေရးအတြက္ အစိုးရ အသုံး စရိတ္ျမႇင့္ တင္ျခင္းကို အားထားမႈ ေလွ်ာ့ခ်ေနရသည္။

အျခားမူဝါဒ ဆိုင္ရာေၾကညာခ်က္မ်ား။

ဖြံၿဖိဳးတိုးတက္မႈ ရည္မွန္းခ်က္ႏွင့္ စီးပြားေရး အကူအညီဆိုင္ရာေၾကညာခ်က္မ်ားအျပင္  အစိုးရ အရာရွိမ်ားသည္ အေရးပါေသာ ထိုအစည္းအေဝး ႏွစ္ခုအတြင္ အျခားအေရးပါေသာ ေၾကညာ ခ်က္ မ်ားကိုလည္း ထုတ္ျပန္ခဲ့သည္။အေရးပါေသာ အခ်က္တခုမွာေဘက်င္းတြင္ အတည္ ျပဳမည့္  ေဟာင္ေကာင္အတြက္ အေရးပါသည့္ အမ်ိဳးသား လုံၿခဳံေရး ဥပေဒကို အစိုးရက ႐ုတ္တရက္ေၾကညာလိုက္ျခင္းျဖစ္သည္။ ထိုဥပေဒသည္ ၂၀၁၉ ခုႏွစ္က ဆႏၵျပပြဲမ်ား ရင္ဆိုင္ ေနရ ေသာ ေဟာင္ေကာင္ကို ပိုမိုတည္ၿငိမ္ေစမည္ဟု အစိုးရအရာရွိမ်ားက ေမွ်ာ္လင့္ေနသည္။ သို႔ေသာ္ ထိုဥပေဒသည္ ေအာက္ေျခအုပ္စုမ်ား၏ တြန္းကန္မႈကိုလည္း ရင္ဆိုင္ရႏိုင္သည္။

ထို႔အျပင္ အစိုးရ အရာရွိမ်ားက လက္ရွိ ဦးစားေပးမူဝါဒမ်ားကို ပိုမို ဖိအားေပးရန္ေတာင္းဆိုၾက သည္။ ထိုမူဝါဒမ်ားအနက္ အခ်ိဳ႕သည္ ကိုဗစ္-၁၉ ေၾကာင့္ မေရမရာျဖစ္ေနသည္။ ဥပမာဆိုရပါ က တ႐ုတ္ႏိုင္ငံသည္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈကို လမ္းၫႊန္သည့္ အႏုတ္လကၡဏာ ေဆာင္သည့္  စာရင္းတြင္ ေလွ်ာ့ခ်ရန္၊ အခြန္ျဖတ္ေတာက္ရန္ႏွင့္ ျပည္ပမွ ရပ္ဝန္းႏွင့္ လမ္းအစီအစဥ္မ်ားကို ဆက္လက္တြန္းအားေပးရန္အတြက္ ဗဟိုႏွင့္ အေနာက္ပိုင္း ေဒသမ်ားတြင္ လြတ္လပ္ေသာ စီးပြားေရးဇုန္မ်ား ထူေထာင္မည္ျဖစ္သည္။

ကိုဗစ္-၁၉ ေၾကာင့္ စီးပြားေရးထိခိုက္မႈ ရွိေသာ္လည္း Li၏ အစီရင္ခံစာတြင္ ၂၀၂၀ ခုႏွစ္တြင္ ေက်းလက္ ဆင္းရဲ ႏြမ္းပါးမႈ ပေပ်ာက္ေရးကို ေဖၚျပထားသည္။ ၂၀၂၀ ခုႏွစ္တြင္ ၂၀၁၀ ခုႏွစ္က တဦးခ်င္းဝင္ေငြကို ႏွစ္ဆတိုး ေစမည္ဟု ပါတီက လြန္ခဲ့ေသာ ဆယ္စုႏွစ္က ေၾကညာခဲ့သည္။ သမၼတရွီကလည္း ယခုႏွစ္တြင္ ေက်းလက္ ဆင္းရဲႏြမ္းပါးမႈ ပေပ်ာက္ေစရန္ ဦးစားေပး လုပ္ေဆာင္ ေနသည္။

ကိုဗစ္-၁၉ ျဖစ္ပြားမႈေၾကာင့္ ထို အစည္းအေဝးႏွစ္ခုကို တက္ေရာက္ေသာ အစိုးရ အရာရွိမ်ား သည္ တ႐ုတ္ႏိုင္ငံ၏ ေဆးဝါး ဝန္ေဆာင္မႈမ်ား တိုးတက္ေရးကိုလည္း အေလးထားခဲ့ၾကသည္။ တ႐ုတ္ႏိုင္ငံ၏ ေရာဂါတားဆီး ကာကြယ္ေရးႏွင့္ ထိန္းခ်ဳပ္ေရးစနစ္မ်ားသည္ အစိုးရအေနျဖင့္ ယခုႏွစ္အတြင္ ေအာင္ျမင္ေအာင္ေဆာင္႐ြက္ရမည့္ ကိစၥမ်ားျဖစ္ေၾကာင္း ေဖၚျပထားသည္။အမ်ားျပည္သူ က်န္းမာေရး ျမႇင့္တင္ျခင္းသည္ အမ်ိဳးသာလုံၿခဳံေရး ျပႆနာႏွင့္ သက္ဆိုင္ ေနေၾကာင္း ရွီက ေရာဂါ စတင္ျဖစ္ပြားရာ ဟူေဘးျပည္နယ္မွ ကိုယ္စားလွယ္မ်ားကို ေျပာသျဖင့္ အေရးပါေသာ ကိစၥျဖစ္ေနသည္။

ထို႔ေၾကာင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနျဖင့္ယခုႏွစ္အတြင္း တ႐ုတ္ႏိုင္ငံက်န္းမာေရး စနစ္ တြင္ ျပဳျပင္ ေျပာင္းလဲမႈမ်ားကို ႀကဳံေတြ႕ရႏိုင္ၿပီး ပိုမိုႀကီးမားေသာ ရင္ႏွီးျမႇဳပ္ႏွံမႈကို ေမွ်ာ္လင့္ ႏိုင္သည္။အထက္ပါ ၂၀၂၀ ခုႏွစ္ အစည္းအေဝးႏွစ္ခုသည္ အစဥ္အလာကို ခ်ိဳးဖ်က္ လိုက္ေသာ ေၾကာင့္လည္း မွတ္သား စရာျဖစ္သည္။ ထိုအစဥ္အလာခ်ိဳးဖ်က္မႈမ်ားတြင္ ႏွစ္လတာေနာက္က် က်င္းပျခင္းႏွင့္ ဖြံၿဖိဳးတိုးတက္မႈႏႈန္းကို ျပန္လည္႐ုတ္သိမ္းျခင္းတို႔ပါဝင္သည္။ သို႔ေသာ္ ၂၀၂၀ သည္ လက္ရွိ ၅ ႏွစ္စီမံကိန္း၏ ေနာက္ဆုံးႏွစ္ျဖစ္ ေသာေၾကာင့္ ၎၏ ႐ိုက္ခတ္မႈမ်ားသည္ လက္ရွိအက်ပ္အတည္းထက္ပင္ေက်ာ္လြန္ႏိုင္ေပသည္။

 ထို႔ေၾကာင့္ ယခုႏွစ္က်န္အခ်ိန္မ်ားအတြင္း ေကာင္းသည္ျဖစ္ေစ ဆိုးသည္ျဖစ္ေစ မည္သို႔ ဆက္လက္ ျဖစ္ေပၚ သည္မ်ား သည္လာမည့္ ၂၀၂၅ ခုႏွစ္အထိ ေနာက္ထပ္ ၅ ႏွစ္စီမံကိန္း ေရးဆြဲရာတြင္ ၾသဇာသက္ေရာက္ေနမည္ျဖစ္သည္။

Ref:china-briefing.com/news/chinas-two-sessions-2020-learnt-far