【 နိုင်ငံတကာဆောင်းပါး 】" ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရန်ပုံငွေဆိုင်းငံ့မှုကြောင့် မဟာမိတ်ကို လမ်းကြောင်းလွဲသွားစေခဲ့"

【  နိုင်ငံတကာဆောင်းပါး 】" ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရန်ပုံငွေဆိုင်းငံ့မှုကြောင့် မဟာမိတ်ကို လမ်းကြောင်းလွဲသွားစေခဲ့"

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ ရန်ပုံငွေထောက်ပံ့ခြင်းကို ဆိုင်းငံ့ရန် ဝါရှင်တန်၏ တာဝန်မဲ့ သော ဆုံးဖြတ်ချက်သည် ကိုဗစ်နိုင်တင်း ကမ္ဘာ့ကူးစက်ရောဂါတိုက်ဖျက်ရေး ကမ္ဘာ့အားထုတ်မှု သည် အရေးပါသောအဆင့်သို့ ရောက်လာချိန်တွင် သမားရိုးကျ မဟာမိတ်များနှင့်ဆက်ဆံရေးမှ ဒဏ်ရာကို ဆားနှင့်မွှန်းလိုက်သကဲ့သို့ဖြစ်ပုံရသည်။

ကြာသပတေးနေ့က စက်မှုထိပ်သီး ၇ နိုင်ငံ အဝေးရောက်ကွန်ဖရင့်သည် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ပြီးဆုံးသွားသည်။ ဥရောပနိုင်ငံများအုပ်စုက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ထောက်ခံကြပြီး ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ပိုမိုခိုင်မာသည့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု ကို တောင်းဆိုကြသည်။

ယခုအကျပ်အတည်းကို ခိုင်မာသော ညှိနှိုင်းဆောင်ရွက်သည့် နိုင်ငံတကာ တုံ့ပြန်မှုဖြစ်သာ ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာမာကယ်က ထိုဗီဒီယို ကွန်ဖရင့်တွင် ပြောပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အပြည့်အ၀ ထောက်ခံကြောင်း ဖေါ်ပြသည်။

အတ္တလန်တိတ်ကမ်းခြေနိုင်ငံများမဟာမိတ်အဖွဲ့မှာ ကမ္ဘာ့ကူးစက်ရောဂါစတင်မဖြစ်ပေါ်မီကပင် ပုံပျက်ပန်းပျက်ဖြစ်နေသည်။ လက်ရှိအမေရိကန် အစိုးရ အာဏာရလာချိန်မှ စတင်ပြီး အမေရိကန်-ဥရောပ ဆက်ဆံရေးသည် မြောက်အမေရိက သဘောတူစာချုပ်အဖွဲ့ (NATO) ၏ ကာကွယ်ရေး အသုံးစရိတ်၊ ကုန်သွယ်ရေး ပဋိပက္ခများ၊ အီရန် ညူကလီးယား သဘောတူညီ ချက်၊ ဒုက္ခသည် အကျပ်အတည်းနှင့်  အခြားပြဿနာအများအပြားကြောင့် ပြင်းထန်သော ထိုးနှက်ချက်များကို ခံစားနေရပြီးဖြစ်သည်။

ဝါရှင်တန်မှ ဆုံးဖြတ်ချက်ချမှတ်သူအချို့၏ အမြင်တွင် ဥရောပမှ ၎င်းတို့၏ မဟာမိတ်များကို ခွန်အားတရပ်အဖြစ်ထက် ဝန်ထုပ်ဝန်ပိုးဟု မြင်နေကြသည်။ ဥရောပနိုင်ငံများအတွက်မူ အပြောင်းအလဲမြန်သော အိမ်ဖြူတော်နှင့် စိတ်အနှောက်အယှက်ဖြစ်စရာ တခုပြီးတခုကို ကိုင်တွယ်ဖြေရှင်းနေရသည်။

ယခင်ဥရောပကောင်စီ ဥက္ကဌ ဒေါ်နယ် တပ်စ်က “ဒီလိုမိတ်ဆွေမျိုးနဲ့ဆိုရင် ရန်သူလိုတဲ့သူ ရှိပါဦးမလား” ဟု တခါက စိတ်ပျက်လက်ပျက် မှတ်ချက်ချခဲ့သည်။ ဥရောပ၏ အသေအပျောက် များလှသော ကမ္ဘာ့ကူးစက်ရောဂါနှင့် တိုက်ပွဲအတွင်းကလည်း ဝါရှင်တန်သည် အကူအညီ မပေးသလောက်ပင်ဖြစ်သည်။ အစောပိုင်း သတင်းများတွင် အမေရိကန်သည် နှာခေါင်းစည်းနှင့် အသက်ရှူစက်များ ကဲ့သို့သော အရေးပေါ်လိုအပ်သည့် ဆေးဝါးများကို ပြန်ပေးဆွဲခဲ့ကြောင်း ဂျာမဏီက စွပ်စွဲသည်ဟု မီဒီယာများက ဖေါ်ပြကြသည်။

ဘာလင်ပြည်နယ် ပြည်ထဲရေးဝန်ကြီး အန်ဒရီးယပ်စ် ဂိုင်ဆယ်က ဝါရှင်တန်ကို ခေတ်သစ်ဓါးပြဟု ခေါ်သည်။ အမေရိကန်နိုင်ငံ၏ ရန်ပုံငွေ ဆိုင်းငံ့သော လုပ်ရပ်သည် ကမ္ဘာ့ကူးစက်ရောဂါ ထိန်းချုပ်ရေးအားထုတ်မှုများ ညှိနှိုင်းရေးအတွက် ကျောရိုးအဖြစ် တာဝန်ထမ်းဆောင်နေသော အရေးပါသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အင်အားချိနဲ့စေမည်ဖြစ်သည်ကို သံသယရှိရန်မလိုပေ။
 
အပြည့်အ၀ လုပ်ငန်းလည်ပတ်သော ကမ္ဘာ့ကျန်းမာရေး အဖွဲ့မရှိလျှင် ရောဂါကူးစက်မှု တားဆီးရေး အတွက် ဥရောပ၏ အားထုတ်မှုသည် များစွာ ပိုမိုခက်ခဲမည်ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ဥရောပဒေသဆိုင်ရာ ဒါရိုက်တာ ဟန်းစ် ကလုဂျ်က ကြာသပတေးနေ့က သတိပေးသည်။ “ဒီကမ္ဘာ့ကူးစက်ရောဂါရဲ့ မုန်တိုင်းတိမ်တိုက်တွေဟာ ဥရောပဒေသမှာ အကြီးအကျယ် ရစ်ဝဲနေဆဲဖြစ်ပါတယ်” ဟု သူပြောသည်။

“ဒီဆုံးဖြတ်ချက်ဟာ ကမ္ဘာလုံးကူးစက်ရောဂါဖြစ်ပွားနေချိန်မှာ လုံးဝလက်မခံနိုင်တဲ့ ဆုံးဖြတ်ချက် ပဲဖြစ်ပါတယ်။ ထိခိုက်လွယ် လူဦးရေအများအပြားဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပေါ်မှာ မှီခို နေကြရတယ်။ အခု ဒီအဖွဲ့ကို ငွေကြေးထောက်ပံ့မှုနဲ့ ယုံကြည်မှုကို ထိခိုက်စေခြင်းဟာ တုန်လှုပ် စရာကောင်းတယ်။ အခုအချိန်ဟာ အသက်တွေကို ကယ်ဖို့ ကမ္ဘာ့ခေါင်းဆောင်မှုနဲ့ ညီညွတ်မှုကို ပြသရမယ့်အချိန်ဖြစ်တယ်။ သွေးကွဲပြီး အပြစ်တင်နေဖို့ အချိန်မဟုတ်ဘူး” ဟု အိုင်းရစ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး  ဝန်ကြီး ဆိုင်မွန် ကိုဗန်နီက တွစ်တာတွင် ရေးသားသည်။

ကိုဗစ်နိုင်တင်းရောဂါ အတည်ပြုကူးစက်မှု ၂ သန်းကျော်သွားပြီး သေဆုံးမှုနှုန်း ၁,၄၄၀,၀၀၀ ကျော်လာချိန်တွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် အတတ်နိုင်ဆုံး နီးနီးကပ်ကပ် အတူတကွ အလုပ်လုပ် ရန် အရေးကြီးလာသည်။ သေချာသည်မှာ ကမ္ဘာ့တခုတည်းသော မဟာအင်အားကြီးနိုင်ငံသည် ကမ္ဘာ့ပြည်သူ့ ကျန်းမာရေး အကျပ်အတည်းတွင် မိမိအတ္တမိမိ ဗဟိုပြုလုပ်ကိုင်ခြင်းဖြင့် ဆိုးရွား သော ဥပမာကို ပြသလိုက်ခြင်းပင်ဖြစ်သည်။

ဥရောပနိုင်ငံများ အတွက်မူ ယခုကမ္ဘာတဝှမ်း ကူးစက်ရောဂါသည် အတ္တလန်တိတ် ကမ်းခြေ တဖက်မှ ၎င်းတို့၏ မဟာမိတ်၏ ပင်ကိုယ်စရိုက်ကို ထပ်မံအတည်ပြုနိုင်ရန် အခွင့်အလမ်း ရလိုက်ခြင်းပင်ဖြစ်ကောင်းဖြစ်နိုင်သည်။

(  Zawgyi  )

 ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) သို႔ ရန္ပုံေငြေထာက္ပံ့ျခင္းကို ဆိုင္းငံ့ရန္ ဝါရွင္တန္၏ တာဝန္မဲ့ ေသာ ဆုံးျဖတ္ခ်က္သည္ ကိုဗစ္ႏိုင္တင္း ကမာၻ႔ကူးစက္ေရာဂါတိုက္ဖ်က္ေရး ကမာၻ႔အားထုတ္မႈ သည္ အေရးပါေသာအဆင့္သို႔ ေရာက္လာခ်ိန္တြင္ သမား႐ိုးက် မဟာမိတ္မ်ားႏွင့္ဆက္ဆံေရးမွ ဒဏ္ရာကို ဆားႏွင့္မႊန္းလိုက္သကဲ့သို႔ျဖစ္ပုံရသည္။

ၾကာသပေတးေန႔က စက္မႈထိပ္သီး ၇ ႏိုင္ငံ အေဝးေရာက္ကြန္ဖရင့္သည္ ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ႏိုင္ျခင္းမရွိဘဲ ၿပီးဆုံးသြားသည္။ ဥေရာပႏိုင္ငံမ်ားအုပ္စုက ကမာၻ႔က်န္းမာေရးအဖြဲ႕ကို ေထာက္ခံၾကၿပီး ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ရန္ ပိုမိုခိုင္မာသည့္ ႏိုင္ငံတကာ ပူးေပါင္း ေဆာင္႐ြက္မႈ ကို ေတာင္းဆိုၾကသည္။

ယခုအက်ပ္အတည္းကို ခိုင္မာေသာ ညႇိႏႈိင္းေဆာင္႐ြက္သည့္ ႏိုင္ငံတကာ တုံ႔ျပန္မႈျဖစ္သာ ကိုင္တြယ္ႏိုင္မည္ျဖစ္ေၾကာင္း ဂ်ာမန္ဝန္ႀကီးခ်ဳပ္ အန္ဂ်လာမာကယ္က ထိုဗီဒီယို ကြန္ဖရင့္တြင္ ေျပာၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕ကို အျပည့္အ၀ ေထာက္ခံေၾကာင္း ေဖၚျပသည္။

အတၱလန္တိတ္ကမ္းေျခႏိုင္ငံမ်ားမဟာမိတ္အဖြဲ႕မွာ ကမာၻ႔ကူးစက္ေရာဂါစတင္မျဖစ္ေပၚမီကပင္ ပုံပ်က္ပန္းပ်က္ျဖစ္ေနသည္။ လက္ရွိအေမရိကန္ အစိုးရ အာဏာရလာခ်ိန္မွ စတင္ၿပီး အေမရိကန္-ဥေရာပ ဆက္ဆံေရးသည္ ေျမာက္အေမရိက သေဘာတူစာခ်ဳပ္အဖြဲ႕ (NATO) ၏ ကာကြယ္ေရး အသုံးစရိတ္၊ ကုန္သြယ္ေရး ပဋိပကၡမ်ား၊ အီရန္ ညဴကလီးယား သေဘာတူညီ ခ်က္၊ ဒုကၡသည္ အက်ပ္အတည္းႏွင့္  အျခားျပႆနာအမ်ားအျပားေၾကာင့္ ျပင္းထန္ေသာ ထိုးႏွက္ခ်က္မ်ားကို ခံစားေနရၿပီးျဖစ္သည္။

ဝါရွင္တန္မွ ဆုံးျဖတ္ခ်က္ခ်မွတ္သူအခ်ိဳ႕၏ အျမင္တြင္ ဥေရာပမွ ၎တို႔၏ မဟာမိတ္မ်ားကို ခြန္အားတရပ္အျဖစ္ထက္ ဝန္ထုပ္ဝန္ပိုးဟု ျမင္ေနၾကသည္။ ဥေရာပႏိုင္ငံမ်ားအတြက္မူ အေျပာင္းအလဲျမန္ေသာ အိမ္ျဖဴေတာ္ႏွင့္ စိတ္အေႏွာက္အယွက္ျဖစ္စရာ တခုၿပီးတခုကို ကိုင္တြယ္ေျဖရွင္းေနရသည္။

ယခင္ဥေရာပေကာင္စီ ဥကၠဌ ေဒၚနယ္ တပ္စ္က “ဒီလိုမိတ္ေဆြမ်ိဳးနဲ႔ဆိုရင္ ရန္သူလိုတဲ့သူ ရွိပါဦးမလား” ဟု တခါက စိတ္ပ်က္လက္ပ်က္ မွတ္ခ်က္ခ်ခဲ့သည္။ ဥေရာပ၏ အေသအေပ်ာက္ မ်ားလွေသာ ကမာၻ႔ကူးစက္ေရာဂါႏွင့္ တိုက္ပြဲအတြင္းကလည္း ဝါရွင္တန္သည္ အကူအညီ မေပးသေလာက္ပင္ျဖစ္သည္။ အေစာပိုင္း သတင္းမ်ားတြင္ အေမရိကန္သည္ ႏွာေခါင္းစည္းႏွင့္ အသက္ရႉစက္မ်ား ကဲ့သို႔ေသာ အေရးေပၚလိုအပ္သည့္ ေဆးဝါးမ်ားကို ျပန္ေပးဆြဲခဲ့ေၾကာင္း ဂ်ာမဏီက စြပ္စြဲသည္ဟု မီဒီယာမ်ားက ေဖၚျပၾကသည္။

ဘာလင္ျပည္နယ္ ျပည္ထဲေရးဝန္ႀကီး အန္ဒရီးယပ္စ္ ဂိုင္ဆယ္က ဝါရွင္တန္ကို ေခတ္သစ္ဓါးျပဟု ေခၚသည္။ အေမရိကန္ႏိုင္ငံ၏ ရန္ပုံေငြ ဆိုင္းငံ့ေသာ လုပ္ရပ္သည္ ကမာၻ႔ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးအားထုတ္မႈမ်ား ညႇိႏႈိင္းေရးအတြက္ ေက်ာ႐ိုးအျဖစ္ တာဝန္ထမ္းေဆာင္ေနေသာ အေရးပါသည့္ ကမာၻ႔က်န္းမာေရးအဖြဲ႕ကို အင္အားခ်ိနဲ႔ေစမည္ျဖစ္သည္ကို သံသယရွိရန္မလိုေပ။
 
အျပည့္အ၀ လုပ္ငန္းလည္ပတ္ေသာ ကမာၻ႔က်န္းမာေရး အဖြဲ႕မရွိလွ်င္ ေရာဂါကူးစက္မႈ တားဆီးေရး အတြက္ ဥေရာပ၏ အားထုတ္မႈသည္ မ်ားစြာ ပိုမိုခက္ခဲမည္ျဖစ္ေၾကာင္း ကမာၻ႔ က်န္းမာေရးအဖြဲ႕၏ ဥေရာပေဒသဆိုင္ရာ ဒါ႐ိုက္တာ ဟန္းစ္ ကလုဂ်္က ၾကာသပေတးေန႔က သတိေပးသည္။ “ဒီကမာၻ႔ကူးစက္ေရာဂါရဲ႕ မုန္တိုင္းတိမ္တိုက္ေတြဟာ ဥေရာပေဒသမွာ အႀကီးအက်ယ္ ရစ္ဝဲေနဆဲျဖစ္ပါတယ္” ဟု သူေျပာသည္။

“ဒီဆုံးျဖတ္ခ်က္ဟာ ကမာၻလုံးကူးစက္ေရာဂါျဖစ္ပြားေနခ်ိန္မွာ လုံးဝလက္မခံႏိုင္တဲ့ ဆုံးျဖတ္ခ်က္ ပဲျဖစ္ပါတယ္။ ထိခိုက္လြယ္ လူဦးေရအမ်ားအျပားဟာ ကမာၻ႔က်န္းမာေရးအဖြဲ႕အေပၚမွာ မွီခို ေနၾကရတယ္။ အခု ဒီအဖြဲ႕ကို ေငြေၾကးေထာက္ပံ့မႈနဲ႔ ယုံၾကည္မႈကို ထိခိုက္ေစျခင္းဟာ တုန္လႈပ္ စရာေကာင္းတယ္။ အခုအခ်ိန္ဟာ အသက္ေတြကို ကယ္ဖို႔ ကမာၻ႔ေခါင္းေဆာင္မႈနဲ႔ ညီၫြတ္မႈကို ျပသရမယ့္အခ်ိန္ျဖစ္တယ္။ ေသြးကြဲၿပီး အျပစ္တင္ေနဖို႔ အခ်ိန္မဟုတ္ဘူး” ဟု အိုင္းရစ္ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရးႏွင့္ ကုန္သြယ္ေရး  ဝန္ႀကီး ဆိုင္မြန္ ကိုဗန္နီက တြစ္တာတြင္ ေရးသားသည္။

ကိုဗစ္ႏိုင္တင္းေရာဂါ အတည္ျပဳကူးစက္မႈ ၂ သန္းေက်ာ္သြားၿပီး ေသဆုံးမႈႏႈန္း ၁,၄၄၀,၀၀၀ ေက်ာ္လာခ်ိန္တြင္ ကမာၻ႔ႏိုင္ငံမ်ားအေနျဖင့္ အတတ္ႏိုင္ဆုံး နီးနီးကပ္ကပ္ အတူတကြ အလုပ္လုပ္ ရန္ အေရးႀကီးလာသည္။ ေသခ်ာသည္မွာ ကမာၻ႔တခုတည္းေသာ မဟာအင္အားႀကီးႏိုင္ငံသည္ ကမာၻ႔ျပည္သူ႔ က်န္းမာေရး အက်ပ္အတည္းတြင္ မိမိအတၱမိမိ ဗဟိုျပဳလုပ္ကိုင္ျခင္းျဖင့္ ဆိုး႐ြား ေသာ ဥပမာကို ျပသလိုက္ျခင္းပင္ျဖစ္သည္။

ဥေရာပႏိုင္ငံမ်ား အတြက္မူ ယခုကမာၻတဝွမ္း ကူးစက္ေရာဂါသည္ အတၱလန္တိတ္ ကမ္းေျခ တဖက္မွ ၎တို႔၏ မဟာမိတ္၏ ပင္ကိုယ္စ႐ိုက္ကို ထပ္မံအတည္ျပဳႏိုင္ရန္ အခြင့္အလမ္း ရလိုက္ျခင္းပင္ျဖစ္ေကာင္းျဖစ္ႏိုင္သည္။