【 သတင်းဆောင်းပါး 】 “ကိုဗစ် ၁၉ လှိုင်းတံပိုးနှင့် စားဝတ်နေရေးဂယက်”

【 သတင်းဆောင်းပါး 】 “ကိုဗစ် ၁၉ လှိုင်းတံပိုးနှင့် စားဝတ်နေရေးဂယက်”

ပြည်တွင်းမှာ ကူးစက်ဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ကြောင့် တတ်နိုင်သမျှ အိမ်ထဲမှာနေကြဖို့ အကြောင်းကိစ္စမရှိရင် အပြင်မထွက်ကြဖို့ အစိုးရက ဧပြီ ၁၀ ရက်ကနေ ဧပြီ ၃၀ အထိ သတ်မှတ်ချက်ထုတ်ပြန်ပြီးခဲ့ပြီဖြစ်သလို ထပ်တိုးကာလအဖြစ် ယခုမေလ ၁၅ ရက်နေ့အထိ သတ်မှတ်ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ မေ ၅ ရက် နံနက်ပိုင်းအချိန်အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ နိုင်ငံတစ်ဝန်းမှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု အခြေအနေက စုစုပေါင်း ၁၆၁ ဦးရှိပြီဖြစ်ပြီး ရောဂါဖြစ်ပွားရာဒေသကတော့ (၁၀) ခုအထိ ရှိခဲ့တာပါ။အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာ ၁၆၁ ဦးအနက် ယနေ့အထိ ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်သူ ၄၉ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၂၉ ဦးနှင့် စောင့်ကြည့်လူနာ ၃၂၉၉ ဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ကိုဗစ် ၁၉ ရောဂါဟာ လုံးဝစိတ်ချရတဲ့အခြေအနေနဲ့ ကင်းဝေးနေသေးတာမို့ ပြည်သူလူထုအနေနဲ့ မပေါ့ဆကြဖို့ကိုလည်း သတိပေး တိုက်တွန်းပြောကြားမှုတွေ ရှိခဲ့ပါတယ်။

“ဒီတစ်ရက်၊ နှစ်ရက်အတွင်း covid ငြိမ်နေလို့ မပေါ့ပါနဲ့။လုံးဝစိတ်ချရတဲ့အခြေအနေက ဝေးပါသေးတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည် က ၎င်း၏ ဖေ့ဘုတ်စာမျက်နှာကနေတဆင့် သတိပေးရေးသားခဲ့တာပါ။

ထို့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်နှံ့မှုကို Quarantine လုပ်ငန်းစဉ်ဖြင့် ထိန်းချုပ်နိုင်ရန် တစ်ဦးချင်းမှာတာဝန်ရှိပြီး တစ်ဦးချင်းတာဝန်ကျေသလို တစ်ဦးနှင့်တစ်ဦး ပံ့ပိုးကူညီရန်လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

“Quarantine လုပ်ငန်းစဉ်များတွင် ပရဟိတသမားများ၊ စေတနာ့ဝန်ထမ်းများ၏ ကူညီပါဝင်မှု လိုအပ်ပါတယ်။ထိုသို့ကူညီရာမှာ ပိုမိုထိရောက်စေဖို့အတွက် အစိုးရက ပူးပေါင်းပံ့ပိုးမှာဖြစ်ပါတယ်” လို့ ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

သို့သော်လည်း တစ်ဖက်ကပြန်ကြည့်ရင် ယခု ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ အခြေခံလူတန်းစားတွေနဲ့ လက်လုပ်လက်စားတွေရဲ့ စားဝတ်နေရေးက လက်ရှိအနေအထားမှာ အရေးကြီးတဲ့ကဏ္ဍတစ်ရပ်လို ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်လည်း Home Stay ကာလအလွန် ယခုမေလဆန်းမှာ ပြန်လည်ဖွင့်လှစ်လာတဲ့ ကုမ္ပဏီလုပ်ငန်းတွေရှိလာပြီး ရောဂါအတွက် ဂရုပြုရင်းသွားလာနေရသူတွေလည်းရှိလာကာ မဖြစ်မနေသွားလာရသူတွေလည်း အရင်ကထက် အနည်းငယ်ပြန်လည်များပြားလာတာကို တွေ့ရပါတယ်။

ဒီလိုအခြေအနေတွေကြောင့်လည်း ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ ကိုဗစ် ၁၉ ရောဂါ ကျရောက်နေတဲ့ကာလအတွင်းမှာ ဆက်လက်ဖွင့်လှစ်ထားရှိမယ့် မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းတွေကို အစိုးရက မေလ ၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပြီး အဲ့ဒီလုပ်ငန်းတွေထဲမှာ နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံတွေနဲ့ လုပ်ငန်းတွေ၊ ရေပေးဝေရေးလုပ်ငန်း၊ လျှပ်စစ်ဓါတ်အားနဲ့ လောင်စာစွမ်းအင် ထုတ်လုပ်ဖြန့်ဖြူးတဲ့လုပ်ငန်း၊ မီးသတ်လုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ဆိုင်ရာ လုပ်ငန်းတွေပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ သယ်ယူပို့ဆောင်ရေး၊ ဆိပ်ကမ်းလုပ်ငန်းတွေ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ၊ စည်ပင်သာယာရေးဆိုင်ရာလုပ်ငန်းတွေ၊ ဘဏ်နဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းတွေ၊ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းတွေနဲ့ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းတွေကို ဖွင့်လှစ်ခွင့်ပြုထားပါတယ်။ဒါပေမယ့်လည်း ဖွင့်လှစ်မယ့်လုပ်ငန်းတွေအနေနဲ့ ကိုဗစ် ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက်ထားရှိရမယ့် အရာတွေကိုဆောင်ရွက်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“အခုကာလမှာအပြင်ထွက်ရင် Mask အုပ်တယ်၊ လက်သန့်ဆေးတို့ဘာတို့ဆောင်ပြီး ကြောက်ကြောက်နဲ့သွားကြတာပဲ။အိမ်မှာလည်းအဲ့လိုပဲ အမေတို့တွေရော အိမ်ကကလေးတွေရော လက်ဆေးဖို့တွေဘာတွေ လုပ်ခိုင်းရတာပဲ၊ ခဏခဏပြောရတယ်၊ ကျန်းမာရေးအတွက် ဂရုစိုက်ဖို့တွေ လုပ်ပေးနေရတာပေါ့၊ တော်ရုံတန်ရုံအရေးကြီးကိစ္စမရှိရင် အပြင်တွေဘာတွေ မထွက်ခိုင်းဘူး၊ အဲ့လိုမျိုးတော့လုပ်ပါတယ်၊ မြန်မြန်ဆန်ဆန်နဲ့ ဒီရောဂါကပ်ဘေးကြီးက ကင်းလွတ်ပါစေလို့ ဆုတောင်းချင်ပါတယ်၊ ကြားလည်းမကြားချင် မြင်လည်းမမြင်ချင်တော့ဘူး၊ မြန်မြန်ပျောက်စေချင်တာပဲသိတယ်” လို့ ဒလမြို့နယ်မှာနေထိုင်တဲ့ ခရီးသွားတစ်ဦးဖြစ်သူ မခင်မိုး က ၎င်းရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိကိုဗစ်ကာလမှာ အခြေခံလူတန်းစားတင်မဟုတ်ပဲ အလယ်အလတ် လူတန်းစားတွေမှာပါ စားဝတ်နေရေးလိုအပ်မှုတွေ ရှိလာတဲ့အတွက် အခြေခံစားသောက်ကုန်တွေကို တတ်နိုင်သလောက်လှူဒါန်းမှုတွေကိုလည်း ဆောင်ရွက်ပေးနေရတယ်လို့ တောင်ဒဂုံမြို့နယ်ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးညီညီ က ဆိုပါတယ်။

“သွားလှူကြပြီဆို ကျနော်တို့ကမှစ၍ အခြေခံပြည်သူဆိုတာကိုပဲ လှူကြတာများပါတယ်။အဲ့ဒီမှာ ညီအကိုတစ်ယောက်က Facebook Comment မှတဆင့် အခြေခံတွေကြီးပဲ မလုပ်ကြပါနဲ့ ကျနော်တို့ဘက်တွေကိုလည်း မျှပေးကြပါဦး၊ တိုက်ထဲမှာနေပြီး အိမ်ကြီးအိမ်ကောင်းနဲ့နေပြီး အဆင်မပြေမှုတွေလည်း ရှိနေကြပါတယ်ဆိုပြီး အကြံပြုလာကြလို့ အခုဆိုရင် ကျနော်တို့တွေဟာ အလယ်လတ်သမားတွေအနေနဲ့လည်း အလယ်ကနေပြီး မလစ်လတ်ရအောင် အလယ်မလတ်ရအောင် အကူညီတောင်းလာသူ ညီအစ်ကိုမောင်နှများကို စားနပ်ရိက္ခာ ဆန်ဆီစသည်များကို မျှဝေပေးသွားမှာဖြစ်ပါတယ်။” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ က ပြောပြခဲ့ပါတယ်။  

ထို့အတူ ယခုလိုကာလအတွင်းမှာ လူထုတွေရဲ့လက်ထဲကို အခြေခံစားသောက်ကုန်တွေကို စျေးအသက်သာဆုံးနဲ့ ရောက်ရှိနိုင်အောင် အဓိကရည်ရွယ်ထားပြီး လုပ်ဆောင်ပေးနေတယ်လို့လည်း စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ်  ကူညီဆောင်ရွက်ပေးနေသူ ကိုလှိုင် က ပြောပါတယ်။

“ဗော်လန်ဒီယာတွေကတော့ လူထုလက်ထဲကို စျေးအသက်သာဆုံးနဲ့ ရောက်ရှိနိုင်အောင် အဓိကရည်ရွယ်ထားသလို ပထမဦးဆုံးရည်ရွယ်ချက်ကို ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုနှုန်း ကျဆင်းရေးအတွက် လူထုကို အပြင်မရောက်နိုင်အောင် လုပ်ပေးချင်ဆုံးပါပဲ။” လို့ ကိုလှိုင် က ပြောပြခဲ့ပါတယ်။

သို့သော်လည်း ပြင်ဦးလွင်မြို့မှ  ဒေသခံတစ်ဦးဖြစ်သူ ဦးရာဂျုးကတော့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ထားတဲ့ ယခုလိုကိုဗစ်ကာလမှာ အခြေခံလူတန်းစားတွေ ကြုံတွေ့နေရတဲ့ စားဝတ်နေရေး အခက်အခဲတွေကိုလည်း ယခုလိုပြောပြခဲ့ပါတယ်။

"မြင်းလှည်းတို့ သုံးဘီးဆိုင်ကယ်တို့ဆိုတာက ခရီးသည်တွေလာမှ အလုပ်ဖြစ်ကြရတာဆိုတော့ အခုလိုအခြေအနေမှာ သူတို့တအားအခက်အခဲဖြစ်ကြတာပါ၊ ရက်ကလည်းကြာနေပြီလေ ခရီးသွားလာခွင့်ကန့်သတ်ထားတာ တစ်လလောက်ရှိပြီဆိုတော့ မနည်းတောင့်ခံနေကြရတယ်လို့လည်း သိရတယ်၊ အကုန်ပါပဲ၊ စျေးသည်တွေရော ဘာတွေရောအားလုံးက ခရီးသည်တွေနဲ့ လုပ်ကိုင်စားရသူများတော့ အဆင်မပြေတာ အားလုံးလိုလိုပါပဲ" လို့ ဦးရာဂျုး က ပြောပြခဲ့ပါတယ်။

ဒါကြောင့်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် က stay at home သတ်မှတ်ရတဲ့ အစီအစဉ်ရဲ့ အကျိုးသက်ရောက်မှုတွေကို သုံးသပ်ပြီး ရှေ့ဘယ်လိုဆက်လုပ်သင့်တယ်ကို ဆုံးဖြတ်ရမှာဖြစ်တယ်လို့လည်း ပြောကြားမှုတွေရှိခဲ့ပါတယ်။

"Covid ဟာ အားလုံးအတွက် မကြုံဖူးတဲ့ကိစ္စလို့ ပြောနိုင်ပေမဲ့ ပြဿနာဆိုတာကတော့ ကျွန်မတို့အားလုံး ကြုံခဲ့ဘူးတဲ့အရာပါ။ပြဿနာဖြေရှင်းနိုင်ရေးအတွက် အဓိကလိုအပ်ချက်ကတော့ အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ခြင်းပါပဲ။” လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။

ထို့အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မေလလယ်အထိ လက်ရှိအခြေအနေကို ထိန်းထားနိုင်ရင် ကြီးကြီးမားမား ပြဿနာမဖြစ်နိုင်တော့ဘူးလို့ ခန့်မှန်းပါတယ်။

“ကိုဗစ် ၁၉ က လှိုင်းသဘောပါပဲ၊ သူက မမြင်ရတဲ့ရန်သူနဲ့တိုက်နေရတာလေ မြင်ရတဲ့ရန်သူဆိုရင်တော့ ပြဿနာမရှိပါဘူး အဲ့ဒီအတွက်ကြောင့်မို့ ဒီလှိုင်းဟာ ပထမလှိုင်းပြီးသွားရင် ဒုတိယလှိုင်း လာမယ်၊ မလာဘူးဆိုတာကတော့ မသိနိုင်ဘူးလေ။အားလုံးကလက်တွဲညီညီပေါ့ လက်တွဲမဖြုတ်စတမ်းပေါ့လေ ကိုယ့်ကြောင့်လည်း သူတပါးမနစ်နာစေချင်ဘူး။အပြန်အလှန်အကာအကွယ်ပေးခြင်းဖြင့် မိမိကိုယ်ကိုယ် မိမိကာကွယ်ပေးခြင်းကလည်း အများကိုကာကွယ်ပြီး လူ့အဖွဲ့အစည်းကို ကာကွယ်ရာရောက်ပါတယ်။” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည် က သုံးသပ်ပြောကြားခဲ့ပါသေးတယ်။

ဒါကြောင့်လည်း ကိုဗစ် ၁၉ ဆိုတဲ့ လှိုင်းတံပိုးကို ကျော်လွှားနိုင်ဖို့ဆိုပါက ရှေ့တန်း၊ နောက်တန်း ကြံ့ကြံ့ခံကြိုးစားဖို့လိုသလို တစ်ဦးချင်းတစ်ယောက်ချင်းစီမှာ တာဝန်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနတွေရဲ့ ထုတ်ပြန်ထားတဲ့ အမိန့်တွေ ညွှန်ကြားချက်တွေ နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်း ဥပဒေကိုလည်း လေးစားလိုက်နာကြဖို့ လိုတယ်ဆိုတာကတော့ မလွဲဧကန်ပါပဲ။

ပြေသိမ်း
မေ - ၅
( Zawgyi )
ျပည္တြင္းမွာ ကူးစက္ျဖစ္ပြားေနတဲ့ ကိုဗစ္ ၁၉ ေၾကာင့္ တတ္ႏိုင္သမွ် အိမ္ထဲမွာေနၾကဖို႔ အေၾကာင္းကိစၥမရွိရင္ အျပင္မထြက္ၾကဖို႔ အစိုးရက ဧၿပီ ၁၀ ရက္ကေန ဧၿပီ ၃၀ အထိ သတ္မွတ္ခ်က္ထုတ္ျပန္ၿပီးခဲ့ၿပီျဖစ္သလို ထပ္တိုးကာလအျဖစ္ ယခုေမလ ၁၅ ရက္ေန႔အထိ သတ္မွတ္ထုတ္ျပန္ထားပါတယ္။

ဒီကေန႔ ေမ ၅ ရက္ နံနက္ပိုင္းအခ်ိန္အထိ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ထားတဲ့ အခ်က္အလက္ေတြအရ ႏိုင္ငံတစ္ဝန္းမွာ ကိုဗစ္ ၁၉ ေရာဂါျဖစ္ပြားမႈ အေျခအေနက စုစုေပါင္း ၁၆၁ ဦးရွိၿပီျဖစ္ၿပီး ေရာဂါျဖစ္ပြားရာေဒသကေတာ့ (၁၀) ခုအထိ ရွိခဲ့တာပါ။အဆိုပါ ဓါတ္ခြဲအတည္ျပဳလူနာ ၁၆၁ ဦးအနက္ ယေန႔အထိ ကိုဗစ္ ၁၉ ေရာဂါေၾကာင့္ ေသဆုံးသူ ၆ ဦး၊ ေရာဂါပိုးကင္းစင္သူ ၄၉ ဦး၊ ေဆး႐ုံမွဆင္းခြင့္ရသူ ၂၉ ဦးႏွင့္ ေစာင့္ၾကည့္လူနာ ၃၂၉၉ ဦးရွိၿပီျဖစ္တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္လည္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ကိုဗစ္ ၁၉ ေရာဂါဟာ လုံးဝစိတ္ခ်ရတဲ့အေျခအေနနဲ႔ ကင္းေဝးေနေသးတာမို႔ ျပည္သူလူထုအေနနဲ႔ မေပါ့ဆၾကဖို႔ကိုလည္း သတိေပး တိုက္တြန္းေျပာၾကားမႈေတြ ရွိခဲ့ပါတယ္။

“ဒီတစ္ရက္၊ ႏွစ္ရက္အတြင္း covid ၿငိမ္ေနလို႔ မေပါ့ပါနဲ႔။လုံးဝစိတ္ခ်ရတဲ့အေျခအေနက ေဝးပါေသးတယ္။" လို႔ ေဒၚေအာင္ဆန္းစုၾကည္ က ၎၏ ေဖ့ဘုတ္စာမ်က္ႏွာကေနတဆင့္ သတိေပးေရးသားခဲ့တာပါ။

ထို႔အတူ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးကလည္း ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ ေရာဂါကူးစက္ျပန႔္ႏွံ႔မႈကို Quarantine လုပ္ငန္းစဥ္ျဖင့္ ထိန္းခ်ဳပ္ႏိုင္ရန္ တစ္ဦးခ်င္းမွာတာဝန္ရွိၿပီး တစ္ဦးခ်င္းတာဝန္ေက်သလို တစ္ဦးႏွင့္တစ္ဦး ပံ့ပိုးကူညီရန္လည္း လိုအပ္တယ္လို႔ ဆိုပါတယ္။

“Quarantine လုပ္ငန္းစဥ္မ်ားတြင္ ပရဟိတသမားမ်ား၊ ေစတနာ့ဝန္ထမ္းမ်ား၏ ကူညီပါဝင္မႈ လိုအပ္ပါတယ္။ထိုသို႔ကူညီရာမွာ ပိုမိုထိေရာက္ေစဖို႔အတြက္ အစိုးရက ပူးေပါင္းပံ့ပိုးမွာျဖစ္ပါတယ္” လို႔ ေဒါက္တာဝင္းျမတ္ေအး က ေျပာပါတယ္။

သို႔ေသာ္လည္း တစ္ဖက္ကျပန္ၾကည့္ရင္ ယခု ကိုဗစ္ ၁၉ ေရာဂါ ျဖစ္ပြားေနတဲ့ကာလမွာ အေျခခံလူတန္းစားေတြနဲ႔ လက္လုပ္လက္စားေတြရဲ႕ စားဝတ္ေနေရးက လက္ရွိအေနအထားမွာ အေရးႀကီးတဲ့က႑တစ္ရပ္လို ျဖစ္လာခဲ့ပါတယ္။ဒါေၾကာင့္လည္း Home Stay ကာလအလြန္ ယခုေမလဆန္းမွာ ျပန္လည္ဖြင့္လွစ္လာတဲ့ ကုမၸဏီလုပ္ငန္းေတြရွိလာၿပီး ေရာဂါအတြက္ ဂ႐ုျပဳရင္းသြားလာေနရသူေတြလည္းရွိလာကာ မျဖစ္မေနသြားလာရသူေတြလည္း အရင္ကထက္ အနည္းငယ္ျပန္လည္မ်ားျပားလာတာကို ေတြ႕ရပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္လည္း ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါအျဖစ္ ေၾကညာထားတဲ့ ကိုဗစ္ ၁၉ ေရာဂါ က်ေရာက္ေနတဲ့ကာလအတြင္းမွာ ဆက္လက္ဖြင့္လွစ္ထားရွိမယ့္ မရွိမျဖစ္လိုအပ္တဲ့ လုပ္ငန္းေတြကို အစိုးရက ေမလ ၃ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ေၾကညာလိုက္ၿပီး အဲ့ဒီလုပ္ငန္းေတြထဲမွာ ႏိုင္ငံေတာ္ပိုင္ စက္႐ုံ၊ အလုပ္႐ုံေတြနဲ႔ လုပ္ငန္းေတြ၊ ေရေပးေဝေရးလုပ္ငန္း၊ လွ်ပ္စစ္ဓါတ္အားနဲ႔ ေလာင္စာစြမ္းအင္ ထုတ္လုပ္ျဖန႔္ျဖဴးတဲ့လုပ္ငန္း၊ မီးသတ္လုပ္ငန္း၊ က်န္းမာေရးဝန္ေဆာင္မႈလုပ္ငန္းေတြ၊ ဆက္သြယ္ေရးနဲ႔ သတင္းအခ်က္အလက္ဆိုင္ရာ လုပ္ငန္းေတြပါဝင္ခဲ့ပါတယ္။

ဒါ့အျပင္ အမ်ားျပည္သူဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္းေတြျဖစ္တဲ့ သယ္ယူပို႔ေဆာင္ေရး၊ ဆိပ္ကမ္းလုပ္ငန္းေတြ၊ ပို႔ကုန္သြင္းကုန္လုပ္ငန္းေတြ၊ စည္ပင္သာယာေရးဆိုင္ရာလုပ္ငန္းေတြ၊ ဘဏ္နဲ႔ ေငြေၾကးဆိုင္ရာလုပ္ငန္းေတြ၊ အလုပ္အကိုင္ရွာေဖြေရးလုပ္ငန္းေတြနဲ႔ ဟိုတယ္၊ မိုတယ္နဲ႔ တည္းခိုခန္းလုပ္ငန္းေတြကို ဖြင့္လွစ္ခြင့္ျပဳထားပါတယ္။ဒါေပမယ့္လည္း ဖြင့္လွစ္မယ့္လုပ္ငန္းေတြအေနနဲ႔ ကိုဗစ္ ၁၉ ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္ၿပီး ျပင္ဆင္ေဆာင္႐ြက္ထားရွိရမယ့္ အရာေတြကိုေဆာင္႐ြက္ထားရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

“အခုကာလမွာအျပင္ထြက္ရင္ Mask အုပ္တယ္၊ လက္သန႔္ေဆးတို႔ဘာတို႔ေဆာင္ၿပီး ေၾကာက္ေၾကာက္နဲ႔သြားၾကတာပဲ။အိမ္မွာလည္းအဲ့လိုပဲ အေမတို႔ေတြေရာ အိမ္ကကေလးေတြေရာ လက္ေဆးဖို႔ေတြဘာေတြ လုပ္ခိုင္းရတာပဲ၊ ခဏခဏေျပာရတယ္၊ က်န္းမာေရးအတြက္ ဂ႐ုစိုက္ဖို႔ေတြ လုပ္ေပးေနရတာေပါ့၊ ေတာ္႐ုံတန္႐ုံအေရးႀကီးကိစၥမရွိရင္ အျပင္ေတြဘာေတြ မထြက္ခိုင္းဘူး၊ အဲ့လိုမ်ိဳးေတာ့လုပ္ပါတယ္၊ ျမန္ျမန္ဆန္ဆန္နဲ႔ ဒီေရာဂါကပ္ေဘးႀကီးက ကင္းလြတ္ပါေစလို႔ ဆုေတာင္းခ်င္ပါတယ္၊ ၾကားလည္းမၾကားခ်င္ ျမင္လည္းမျမင္ခ်င္ေတာ့ဘူး၊ ျမန္ျမန္ေပ်ာက္ေစခ်င္တာပဲသိတယ္” လို႔ ဒလၿမိဳ႕နယ္မွာေနထိုင္တဲ့ ခရီးသြားတစ္ဦးျဖစ္သူ မခင္မိုး က ၎ရဲ႕အျမင္ကို ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ လက္ရွိကိုဗစ္ကာလမွာ အေျခခံလူတန္းစားတင္မဟုတ္ပဲ အလယ္အလတ္ လူတန္းစားေတြမွာပါ စားဝတ္ေနေရးလိုအပ္မႈေတြ ရွိလာတဲ့အတြက္ အေျခခံစားေသာက္ကုန္ေတြကို တတ္ႏိုင္သေလာက္လႉဒါန္းမႈေတြကိုလည္း ေဆာင္႐ြက္ေပးေနရတယ္လို႔ ေတာင္ဒဂုံၿမိဳ႕နယ္ရဲ႕ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္  ဦးညီညီ က ဆိုပါတယ္။

“သြားလႉၾကၿပီဆို က်ေနာ္တို႔ကမွစ၍ အေျခခံျပည္သူဆိုတာကိုပဲ လႉၾကတာမ်ားပါတယ္။အဲ့ဒီမွာ ညီအကိုတစ္ေယာက္က Facebook Comment မွတဆင့္ အေျခခံေတြႀကီးပဲ မလုပ္ၾကပါနဲ႔ က်ေနာ္တို႔ဘက္ေတြကိုလည္း မွ်ေပးၾကပါဦး၊ တိုက္ထဲမွာေနၿပီး အိမ္ႀကီးအိမ္ေကာင္းနဲ႔ေနၿပီး အဆင္မေျပမႈေတြလည္း ရွိေနၾကပါတယ္ဆိုၿပီး အႀကံျပဳလာၾကလို႔ အခုဆိုရင္ က်ေနာ္တို႔ေတြဟာ အလယ္လတ္သမားေတြအေနနဲ႔လည္း အလယ္ကေနၿပီး မလစ္လတ္ရေအာင္ အလယ္မလတ္ရေအာင္ အကူညီေတာင္းလာသူ ညီအစ္ကိုေမာင္ႏွမ်ားကို စားနပ္ရိကၡာ ဆန္ဆီစသည္မ်ားကို မွ်ေဝေပးသြားမွာျဖစ္ပါတယ္။” လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီ က ေျပာျပခဲ့ပါတယ္။  

ထို႔အတူ ယခုလိုကာလအတြင္းမွာ လူထုေတြရဲ႕လက္ထဲကို အေျခခံစားေသာက္ကုန္ေတြကို ေစ်းအသက္သာဆုံးနဲ႔ ေရာက္ရွိႏိုင္ေအာင္ အဓိကရည္႐ြယ္ထားၿပီး လုပ္ေဆာင္ေပးေနတယ္လို႔လည္း ေစတနာ့ဝန္ထမ္းတစ္ဦးအျဖစ္  ကူညီေဆာင္႐ြက္ေပးေနသူ ကိုလႈိင္ က ေျပာပါတယ္။

“ေဗာ္လန္ဒီယာေတြကေတာ့ လူထုလက္ထဲကို ေစ်းအသက္သာဆုံးနဲ႔ ေရာက္ရွိႏိုင္ေအာင္ အဓိကရည္႐ြယ္ထားသလို ပထမဦးဆုံးရည္႐ြယ္ခ်က္ကို ဗိုင္းရပ္စ္ကူးစက္ျပန႔္ပြားမႈႏႈန္း က်ဆင္းေရးအတြက္ လူထုကို အျပင္မေရာက္ႏိုင္ေအာင္ လုပ္ေပးခ်င္ဆုံးပါပဲ။” လို႔ ကိုလႈိင္ က ေျပာျပခဲ့ပါတယ္။

သို႔ေသာ္လည္း ျပင္ဦးလြင္ၿမိဳ႕မွ  ေဒသခံတစ္ဦးျဖစ္သူ ဦးရာဂ်ဳးကေတာ့ ေဒသႏၲရအမိန္႔ေတြ ထုတ္ျပန္ထားတဲ့ ယခုလိုကိုဗစ္ကာလမွာ အေျခခံလူတန္းစားေတြ ႀကဳံေတြ႕ေနရတဲ့ စားဝတ္ေနေရး အခက္အခဲေတြကိုလည္း ယခုလိုေျပာျပခဲ့ပါတယ္။

"ျမင္းလွည္းတို႔ သုံးဘီးဆိုင္ကယ္တို႔ဆိုတာက ခရီးသည္ေတြလာမွ အလုပ္ျဖစ္ၾကရတာဆိုေတာ့ အခုလိုအေျခအေနမွာ သူတို႔တအားအခက္အခဲျဖစ္ၾကတာပါ၊ ရက္ကလည္းၾကာေနၿပီေလ ခရီးသြားလာခြင့္ကန္႔သတ္ထားတာ တစ္လေလာက္ရွိၿပီဆိုေတာ့ မနည္းေတာင့္ခံေနၾကရတယ္လို႔လည္း သိရတယ္၊ အကုန္ပါပဲ၊ ေစ်းသည္ေတြေရာ ဘာေတြေရာအားလုံးက ခရီးသည္ေတြနဲ႔ လုပ္ကိုင္စားရသူမ်ားေတာ့ အဆင္မေျပတာ အားလုံးလိုလိုပါပဲ" လို႔ ဦးရာဂ်ဳး က ေျပာျပခဲ့ပါတယ္။

ဒါေၾကာင့္လည္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္ က stay at home သတ္မွတ္ရတဲ့ အစီအစဥ္ရဲ႕ အက်ိဳးသက္ေရာက္မႈေတြကို သုံးသပ္ၿပီး ေရွ႕ဘယ္လိုဆက္လုပ္သင့္တယ္ကို ဆုံးျဖတ္ရမွာျဖစ္တယ္လို႔လည္း ေျပာၾကားမႈေတြရွိခဲ့ပါတယ္။

"Covid ဟာ အားလုံးအတြက္ မႀကဳံဖူးတဲ့ကိစၥလို႔ ေျပာႏိုင္ေပမဲ့ ျပႆနာဆိုတာကေတာ့ ကြၽန္မတို႔အားလုံး ႀကဳံခဲ့ဘူးတဲ့အရာပါ။ျပႆနာေျဖရွင္းႏိုင္ေရးအတြက္ အဓိကလိုအပ္ခ်က္ကေတာ့ အေျခအေနကို မွန္မွန္ကန္ကန္ သုံးသပ္ႏိုင္ျခင္းပါပဲ။” လို႔ ေဒၚေအာင္ဆန္းစုၾကည္ က ဆိုပါတယ္။

ထို႔အတူ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က ေမလလယ္အထိ လက္ရွိအေျခအေနကို ထိန္းထားႏိုင္ရင္ ႀကီးႀကီးမားမား ျပႆနာမျဖစ္ႏိုင္ေတာ့ဘူးလို႔ ခန႔္မွန္းပါတယ္။

“ကိုဗစ္ ၁၉ က လႈိင္းသေဘာပါပဲ၊ သူက မျမင္ရတဲ့ရန္သူနဲ႔တိုက္ေနရတာေလ ျမင္ရတဲ့ရန္သူဆိုရင္ေတာ့ ျပႆနာမရွိပါဘူး အဲ့ဒီအတြက္ေၾကာင့္မို႔ ဒီလႈိင္းဟာ ပထမလႈိင္းၿပီးသြားရင္ ဒုတိယလႈိင္း လာမယ္၊ မလာဘူးဆိုတာကေတာ့ မသိႏိုင္ဘူးေလ။အားလုံးကလက္တြဲညီညီေပါ့ လက္တြဲမျဖဳတ္စတမ္းေပါ့ေလ ကိုယ့္ေၾကာင့္လည္း သူတပါးမနစ္နာေစခ်င္ဘူး။အျပန္အလွန္အကာအကြယ္ေပးျခင္းျဖင့္ မိမိကိုယ္ကိုယ္ မိမိကာကြယ္ေပးျခင္းကလည္း အမ်ားကိုကာကြယ္ၿပီး လူ႔အဖြဲ႕အစည္းကို ကာကြယ္ရာေရာက္ပါတယ္။” လို႔ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕က ဦးထြန္းၾကည္ က သုံးသပ္ေျပာၾကားခဲ့ပါေသးတယ္။

ဒါေၾကာင့္လည္း ကိုဗစ္ ၁၉ ဆိုတဲ့ လႈိင္းတံပိုးကို ေက်ာ္လႊားႏိုင္ဖို႔ဆိုပါက ေရွ႕တန္း၊ ေနာက္တန္း ႀကံ့ႀကံ့ခံႀကိဳးစားဖို႔လိုသလို တစ္ဦးခ်င္းတစ္ေယာက္ခ်င္းစီမွာ တာဝန္ရွိၿပီး က်န္းမာေရးဝန္ႀကီးဌာနေတြရဲ႕ ထုတ္ျပန္ထားတဲ့ အမိန႔္ေတြ ၫႊန္ၾကားခ်က္ေတြ ႏိုင္ငံေတာ္အစိုးရက ထုတ္ျပန္ထားတဲ့ အမိန႔္၊ ၫႊန္ၾကားခ်က္၊ စည္းမ်ဥ္းစည္းကမ္း ဥပေဒကိုလည္း ေလးစားလိုက္နာၾကဖို႔ လိုတယ္ဆိုတာကေတာ့ မလြဲဧကန္ပါပဲ။

ေျပသိမ္း
ေမ - ၅