【 သရော်စာ 】 နတ်ကြီးလေးပါး နယူးနော်မယ်အရေး ဆွေးနွေးခန်း

【 သရော်စာ 】 နတ်ကြီးလေးပါး နယူးနော်မယ်အရေး ဆွေးနွေးခန်း

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆုတ် ၉ ရက်၊ နံနက် ၈ နာရီ ၃၀ အခါသမယတွင် ရန်ကုန်မြို့စောင့် နတ်ကြီးလေးပါးဖြစ်သော ဆူးလေဘိုးဘိုးကြီး၊ ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး၊ မှော်ဘီဘိုးဘိုးကြီး၊ ဥက္ကလာပဘိုးဘိုးကြီးတို့သည် ရန်ကုန်မြို့၊ ကွာရန်တင်းစင်တာတစ်ခုရှေ့တွင် နှာခေါင်းစည်းမေးချိတ်လျက် တစ်ယောက် ခြောက်ပေအကွာမှ အောက်ပါအတိုင်း စည်းဝေးပြောဆိုကြသည်ဟူ၏။

ဆူးလေဘိုးဘိုးကြီး - အဟမ်း..အဟမ်း…မုဉ္စလိန်ရှေ့တောင်စောင်းတွင်ပ..ညောင်ပြုဗ္ဗာရပ်မှာ စွဲမှတ်ဧကန်..အနောက်မြောက်မှာတော့..နတ်ဆောက်တည် ရွှေအိမ်ထဲ....စတေးအပ်နတ်နန်းလုပ်နေရတာ သုံးလေးလကြာလှတော့ ဟော့ဒီက နတ်အိုကြီးဖင်တောင် အသားမာတက်နေပြီကော..ဘိုးဘိုးတို့ရေ..ဘိုးဘိုးတို့ရဲ့

ဥက္ကလာပဘိုးဘိုးကြီး - နတ်သံနှောမယ်ဆိုလည်း ကျယ်ကျယ်ပြောပါ..ကိုဆူးလေရဲ့..အသက်တွေကကြီးပြီဆိုတော့ နားတွေကထိုင်း၊ ဒီကြားထဲ နှာခေါင်းစည်ကြီးတပ်ထားပြီ ခြောက်ပေအကွာနေရတော့ သိပ်မကြားရဘူးဗျ..

မှော်ဘီဘိုးဘိုးကြီး - ကိုဥက္ကလာရယ်..ဒါ အခုခေတ်စားနေတယ် နယူးနော်မယ်ပေါ့ဗျ..သိုးဆောင်းလို နယူးနော်မယ်..မြန်မာလိုဆို အသစ်သော ပုံမှန်နေထိုင်ပုံစံလို့ ဆိုရမယ်ထင်ရဲ့…နယူးနော်မယ်သာ ပြောတာပါဗျာ..ကျုပ်ဖြင့် အခု မြို့ပြင်ကနေ မြို့ထဲလာတာ လူတွေမှစည်လိုကားလို့..အဲ နှာခေါင်းစည်းလေးတွေ မေးစေ့အောက်ချိတ်ထားတာကလွဲလို့ ကျန်တာအရင်အတိုင်းပါပဲ…အောင်မယ် အဲ့ဒီထဲမှာမှ....ဝိုင်ဘီအက်စ်ကားတွေကတော့ အရင်လိုမဟုတ်တော့ဘူးဗျိုး

ဆူးလေဘိုးဘိုးကြီး - အရင်လို မဟုတ်တော့ဘူးဆိုတော့ နယူးနော်မယ်ခေတ်မှာ ဘာတွေများပြောင်းလဲသွားလို့လဲ ကိုမှော်ဘီရဲ့..လုပ်စမ်းပါဦး..ကျုပ်တို့ဖြင့် မြို့ထဲကနေ မြို့ပြင်မထွက်တာ ကြာပြီမို့လေ.အပြောင်းအလဲလေးကြားချင်စမ်းပါရဲ့

မှော်ဘီဘိုးဘိုးကြီး - အပြောင်းအလဲကတော့ဖြင့် စတေးဟုမ်းကြော်ငြာပြီးခါမှ ရွှေမြို့တော်အနှံ့ ရပ်ထဲရွာထဲလူတွေစုပြီး အပူချိန်စစ်ပေးနေသတဲ့ဗျာ။လူမစုရပေမယ့် အပူတော့ စုစစ်ရမယ်ဆိုတဲ့သဘော၊ ပိုးကလေးတွေအချင်းချင်း အာဝါဝိဝါဟရအောင် လူကြီးများရဲ့အစီအမံဖြစ်မယ်ဗျ

ဆူးလေဘိုးဘိုးကြီး - ခင်ဗျားနှယ့်..အကောင်းမှတ်လို့နားထောင်မိတာဗျာ..ဘယ့်နှယ့်ခင်ဗျား နယူးနော်မယ်ကလည်း အရူးကို မော်ဒယ်တက်လုပ်ခိုင်းသလို..သောက်တလွဲပါလားဗျ…ဒါနဲ့..ဟိုဗိုလ်တစ်ထောင်က ဘောစိဘိုးဘိုးကြီး ငြိမ်လှချည်လားဗျ..ဘယ့်နှယ့် တစ်လောကသတင်းတွေထဲ ခင်ဗျားနေရာတဝိုက်က တယ်လည်းသတင်းကြီးပါလား..ဘယ့်နှယ့်တုန်း..

ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး - မပြောချင်တော့ပါဘူး..ဘိုးဆူးလေရာ..ကျုပ်ဖြင့် ထိုင်းတွေ၊ ဗမာတွေ ခဏခဏ နဖူးနဲ့လာထောက်လို့ လက်ညိုးထိပ်တွေကြိမ်းနေတာလေး အခုကာလမှ အနားရမလားမှတ်တယ်…တလောကလည်း ကျုပ်ပိုင်နက်ထဲ အစိုးရက စည်စည်ကားကားပွဲတွေ လာလုပ်ကြ တာကိုးဗျ..ရှင်ဥပဂုတ်ဖောင် ရေမျှောတယ်။နှမတော် မြနန်းနွယ်ကလေးကို အိမ်ပြောင်းပေးတယ်နဲ့ တယ်ရှုပ်သကိုးဗျ

ဥက္ကလာဘိုးဘိုးကြီး - ဗိုလ်တစ်ထောင်ရယ်…ဒါက ကျုပ်တို့ရဲ့ ၂၁ ရာစု ဥက္ကလာပမင်းကြီးက သာသနာပြုမင်းကြီးပီပီ နိုင်ငံတကာကို သာသနာပြုဖို့လုပ်တာပါဗျ..အခု နိုင်ငံတကာမှာ ကုန်သွယ်သင်္ဘောတွေ ဆိပ်ကမ်းကပ်မရလို့ ရေလည်ခေါင်ရပ်ထားရတဲ့ သတင်းကြားတယ်မဟုတ်လား.. ရေကြောင်းကုန်သွယ်ရေးတွေ ရှိသမျှအကုန်ဒုက္ခများနေတာ..ဒီအချိန် ကျုပ်တို့ရဲ့ ၂၁ ရာစု ဥက္ကလာပမင်းကြီးက ရှင်ဥပဂုတ္တကိုယ်တော်ကြီးကို ဖောင်တော်နဲ့ နိုင်ငံတကာရေပိုင်နက်ထဲစေလွှတ်ပြီး ပင်လယ်ကြီးအလယ်မှာ ပူပင်သောကများနေရတဲ့ သင်္ဘောသားအပေါင်းကို တရားဒေသနာ ဟောကြားသာသနာပြုစေမယ့် အကြံအစည်ပါဗျ..ဘာတဲ့ဗျာ..
ဟိုသီချင်းတောင်ရှိသေးတယ်..မဟုတ်လား…လက်ကိုခဏခဏဆေးပါ..လူစုလူဝေးရှောင်ရှားပါ..ရှင်ဥပဂုတ်ဖောင် ရေမျှောပါ..မက်စ်ကိုအမြဲတပ်ထားပါ….မမမြအဆောင်ရွှေ့ပါ..နှာစီးချောင်းဆိုးရင် သတိထားပါ

ဆူးလေဘိုးဘိုးကြီး - အိမ်း…သိကြားမင်းတို့မည်သည် စံမြန်းရာ မြကျောက်ဖျာတင်းလာရင် အငြိမ်မနေရစကောင်းမို့..ကျုပ်တို့ ဥက္ကလာမင်းကြီးလည်း..ကိုဗစ်မကြောက်..ဘာမကြောက် သာသနာပြုရတာပေပဲ…ဘုရားဖြစ်မယ့် အာပြဲခြောက် ကိုဗစ်သူမကြောက်ဆိုတဲ့ တဘောင်တောင် ပေါ်လာတော့မယ်ထင်ရဲ့..သာဓုပါဗျာ..သာဓု

မှော်ဘီဘိုးဘိုးကြီး - ကဲ…ကဲ..အလ္လာသ ပလ္လာသတွေ ပြောလို့ဝပြီဆိုရင်လည်း စီးပွားရေးကိစ္စလေး ပြောလိုက်ကြဦးစို့

ဥက္ကလာပဘိုးဘိုကြီး - မှော်ဘီ..မှော်ဘီ..ခင်ဗျားက မင်္ဂလာဒုံနဲ့နီးသွားတော့ စီးပွားရေးဆို တယ်အကွက်မြင်တာကိုးဗျ…ဘာလဲ..မြန်မာ့နတ်ပိုင်ကုမ္ပဏီလီမိတက်ဆိုပြီး ထောင်မှာလား.. ဒါမှမဟုတ်…နတ်သစ္စာမင်းကုမ္ပဏီဆိုပြီး သိကြားမင်းနဲ့ပေါင်း နတ်တွေကို နတ်သက်ကြွေအာမခံ မလုပ်မနေရ လုပ်ခိုင်းဦးမလို့လား

မှော်ဘီဘိုးဘိုးကြီး - အောင်မယ်လေး..ဥက္ကလာရယ်..မှော်ဘီက အညတရနတ်မင်းလေးပါ..ဝရဇိန်လက်နက်ပိုင်ရှင် ဘိုးသိကြားတို့ကသာ ဝရိဇိန်အစွမ်းနဲ့ စီးပွားရေးအကွက်တွေဆန်းနိုင်တာ..ကျုပ်တို့ကတော့ စီးပွားရေးဆိုလို အခုခေတ်စားနေတဲ့ အွန်လိုင်းရှော့ပင်လေးပဲ လုပ်ချင်တာပါဗျာ

ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး - ကဲ..ဘာလုပ်မလဲသာပြောပါ..ကျုပ်လည်း တစ်နေ့တစ်နေ့ လက်ညိုးကို နဖူးပေါင်းစုံနဲ့လာလာတေ့နေတဲ့ ဒဏ်မခံနိုင်လို့…ဗိုလ်တစ်ထောင်ကို နှမတော် မြနန်းနွယ်လက်အပ်ပြီး..အမေရိကန်ကိုသွား ကုန်တိုက်တွေဝင်လုရင်ကောင်းမလား စဉ်းစားနေတာ

မှော်ဘီဘိုးဘိုးကြီး - အောင်မယ်လေး..နတ်အိုကြီးအကြံက ကြီးပ… သွားလုတာတောင် အမေရိကန်အထိသွားလုမှာ.....ကျုပ်လုပ်မယ့် စီးပွားရေးက အဲ့ဒီလိုခပ်ဝေးဝေးသွားပြီး လုတာယက်တာတွေထက် ပိုကိုက်တယ်…နယူးနော်မယ်အိုင်ဒီယာနော်.ဘာလဲဆိုတော့…လွှတ်တော်အမတ်တွေကို မိုက်ခရိုဖုန်းသွားရောင်းမလို့

ဆူးလေဘိုးဘိုးကြီး - ဘယ်လို..ဘယ်လို…အမတ်တွေကို ဘာရောင်းမှာ

မှော်ဘီဘိုးဘိုးကြီး - မိုက်ခရိုဖုန်းလေဗျာ..ခင်ဗျားတို့ နတ်အိုကြီးတွေနှယ့် လွှတ်တော်ချန်နယ်လေး ဘာလေး ကြည့်ကြဗျ..လွှတ်တော်မှာ အမတ်တွေ ခဏခဏမိုက်ထတောင်းတာ မတွေ့ဘူးလား…လွှတ်တော်ဥက္ကဋ္ဌတောင် တားယူရတယ်လေဗျာ…ဒါကြောင့် ဒီလောက်မိုက်ခဲချင်နေတဲ့…အမတ်တွေကို မိုက်တွေသွားရောင်းရင် ထောပြီပေါ့ဗျာ

ဥက္ကလာပဘိုးဘိုးကြီး -  အိမ်း..အမတ်ဆိုတာ တော်ရုံနဲ့ အမတ်ဖြစ်တာမဟုတ်ဘူး..
ပြည်သူလူထုရွေးချယ်တင်မြှောက်မှ အမတ်ဖြစ်တာကိုးဗျ..အဲ တော်တော်ကိုပါဝါကြီးတဲ့ အမတ်တွေသာ ပြည်သူကမရွေးချယ်ပဲ အော်တိုအမတ်ဖြစ်တာ…ဒီတော့ ပါဝါကြီးတဲ့ အမတ်တွေအတွက်ဆို မိုက်လုံးကြီးကြီးလိုတယ်ဗျ…ဒါမှ ပါဝါလည်းကြီး မိုက်လုံးလည်းကြီးတဲ့ အမတ်ကြီးတွေဖြစ်ပြီး မိုက်ဂုဏ်ရှိတော့မကိုးဗျား..မိုက်လုံးကြီးကြီးတွေသာ ရောင်းပေးပါဗျိုး

ဆူးလေဘိုးဘိုးကြီး - တွေ့ကြပြီပေါ့ကွယ်..မိုက်လုံးကြီးအမတ်တွေက မိုက်လုံးကြီးကြီးနဲ့ ဟိုလူဒီလူကို အယုံအကြည်မရှိကြောင်း အဆိုတင်၊ မိုက်လုံးကြီးကြီးနဲ့ ဟိုအဆိုဒီအဆို ကန့်ကွက်၊ မိုက်လုံးကြီးကြီးနဲ့ ဘတ်ဂျက်တောင်း၊ မိုက်လုံးကြီးကြီးနဲ့ မတ်တပ်စုပြုံရပ်ကြဆိုတော့ မိုက်လုံးကြီးအမတ်များနဲ့ မိုက်လုံးကြီးလွှတ်တော်ကြီးကိုဖြစ်နေမှာ မြင်ယောင်မိသဗျာ..အားရတယ်သဟေ့

ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး - ဒါဆို ကျုပ်ပိုင်တဲ့ နယ်မြေအတွက်လည်း မိုက်လုံးကြီးကြီးတွေဝယ်ရမယ်..ဒါမှ ကျုပ်ဆီလာတဲ့ ဝန်ကြီး၊ ဝန်ကလေးတွေ လူစုလူဝေးနဲ့ ဖောင်မျှောကြ၊ အဆောင်‌ရွှေ့ကြလုပ်ပြီးရင် ကျွန်တော်တို့ ဆိုရှယ်ဒစ်စတန်းရှင်းနဲ့အညီ လူစုတာပါဆိုပြီး မိုက်လုံးကြီးကြီးနဲ့ ပြည်သူကိုရှင်းပြလိုက်ရင် ဝေဖန်နေကြတဲ့သူတွေလည်း သဘောပေါက်သွားလောက်တယ်

မှော်ဘီဘိုးဘိုးကြီး - ကဲ..ကဲ..ဒါဆိုလည်း ရန်ကုန်မှာ အချိန်ကုန်နေမယ့်အစား..အပြောလေးတွေလျှော့..အလုပ်နဲ့သက်သေပြတဲ့အနေနဲ့..မိုက်လုံးကြီးကြီးတွေရောင်းဖို့ မိုက်လုံးကြီးနတ်ကြီးများ နေပြည်တော်ဆီ ယွန်းကြပါစို့ရဲ့ဗျာ..ဘိုးဘိုးတို့။

အားလုံးပြိုင်တူ - ကဲ..အားလုံး…နယူးနော်မယ်မှာ မိုက်လုံးကြီးကြပါစို့လေး….။

ဤတွင် မိုက်လုံးကြီးကြီး နတ်ကြီးများ၏ နယူးနော်မယ်အရေး ဆွေးနွေးခန်း တစ်ခန်းရပ်ဟူ၏။

ဗြိတိသျှကိုကိုမောင်
စက်တင်ဘာ - ၁၃

( Zawgyi )

ျမန္မာသကၠရာဇ္ ၁၃၈၂ ခုႏွစ္၊ ဝါေခါင္လဆုတ္ ၉ ရက္၊ နံနက္ ၈ နာရီ ၃၀ အခါသမယတြင္ ရန္ကုန္ၿမိဳ႕ေစာင့္ နတ္ႀကီးေလးပါးျဖစ္ေသာ ဆူးေလဘိုးဘိုးႀကီး၊ ဗိုလ္တစ္ေထာင္ဘိုးဘိုးႀကီး၊ ေမွာ္ဘီဘိုးဘိုးႀကီး၊ ဥကၠလာပဘိုးဘိုးႀကီးတို႔သည္ ရန္ကုန္ၿမိဳ႕၊ ကြာရန္တင္းစင္တာတစ္ခုေရွ႕တြင္ ႏွာေခါင္းစည္းေမးခ်ိတ္လ်က္ တစ္ေယာက္ ေျခာက္ေပအကြာမွ ေအာက္ပါအတိုင္း စည္းေဝးေျပာဆိုၾကသည္ဟူ၏။

ဆူးေလဘိုးဘိုးႀကီး - အဟမ္း..အဟမ္း…မုၪၥလိန္ေရွ႕ေတာင္ေစာင္းတြင္ပ..ေညာင္ျပဳဗၺာရပ္မွာ စြဲမွတ္ဧကန္..အေနာက္ေျမာက္မွာေတာ့..နတ္ေဆာက္တည္ ေ႐ႊအိမ္ထဲ....စေတးအပ္နတ္နန္းလုပ္ေနရတာ သုံးေလးလၾကာလွေတာ့ ေဟာ့ဒီက နတ္အိုႀကီးဖင္ေတာင္ အသားမာတက္ေနၿပီေကာ..ဘိုးဘိုးတို႔ေရ..ဘိုးဘိုးတို႔ရဲ႕

ဥကၠလာပဘိုးဘိုးႀကီး - နတ္သံေႏွာမယ္ဆိုလည္း က်ယ္က်ယ္ေျပာပါ..ကိုဆူးေလရဲ႕..အသက္ေတြကႀကီးၿပီဆိုေတာ့ နားေတြကထိုင္း၊ ဒီၾကားထဲ ႏွာေခါင္းစည္ႀကီးတပ္ထားၿပီ ေျခာက္ေပအကြာေနရေတာ့ သိပ္မၾကားရဘူးဗ်..

ေမွာ္ဘီဘိုးဘိုးႀကီး - ကိုဥကၠလာရယ္..ဒါ အခုေခတ္စားေနတယ္ နယူးေနာ္မယ္ေပါ့ဗ်..သိုးေဆာင္းလို နယူးေနာ္မယ္..ျမန္မာလိုဆို အသစ္ေသာ ပုံမွန္ေနထိုင္ပုံစံလို႔ ဆိုရမယ္ထင္ရဲ႕…နယူးေနာ္မယ္သာ ေျပာတာပါဗ်ာ..က်ဳပ္ျဖင့္ အခု ၿမိဳ႕ျပင္ကေန ၿမိဳ႕ထဲလာတာ လူေတြမွစည္လိုကားလို႔..အဲ ႏွာေခါင္းစည္းေလးေတြ ေမးေစ့ေအာက္ခ်ိတ္ထားတာကလြဲလို႔ က်န္တာအရင္အတိုင္းပါပဲ…ေအာင္မယ္ အဲ့ဒီထဲမွာမွ....ဝိုင္ဘီအက္စ္ကားေတြကေတာ့ အရင္လိုမဟုတ္ေတာ့ဘူးဗ်ိဳး

ဆူးေလဘိုးဘိုးႀကီး - အရင္လို မဟုတ္ေတာ့ဘူးဆိုေတာ့ နယူးေနာ္မယ္ေခတ္မွာ ဘာေတြမ်ားေျပာင္းလဲသြားလို႔လဲ ကိုေမွာ္ဘီရဲ႕..လုပ္စမ္းပါဦး..က်ဳပ္တို႔ျဖင့္ ၿမိဳ႕ထဲကေန ၿမိဳ႕ျပင္မထြက္တာ ၾကာၿပီမို႔ေလ.အေျပာင္းအလဲေလးၾကားခ်င္စမ္းပါရဲ႕

ေမွာ္ဘီဘိုးဘိုးႀကီး - အေျပာင္းအလဲကေတာ့ျဖင့္ စေတးဟုမ္းေၾကာ္ျငာၿပီးခါမွ ေ႐ႊၿမိဳ႕ေတာ္အႏွံ႔ ရပ္ထဲ႐ြာထဲလူေတြစုၿပီး အပူခ်ိန္စစ္ေပးေနသတဲ့ဗ်ာ။လူမစုရေပမယ့္ အပူေတာ့ စုစစ္ရမယ္ဆိုတဲ့သေဘာ၊ ပိုးကေလးေတြအခ်င္းခ်င္း အာဝါဝိဝါဟရေအာင္ လူႀကီးမ်ားရဲ႕အစီအမံျဖစ္မယ္ဗ်

ဆူးေလဘိုးဘိုးႀကီး - ခင္ဗ်ားႏွယ့္..အေကာင္းမွတ္လို႔နားေထာင္မိတာဗ်ာ..ဘယ့္ႏွယ့္ခင္ဗ်ား နယူးေနာ္မယ္ကလည္း အ႐ူးကို ေမာ္ဒယ္တက္လုပ္ခိုင္းသလို..ေသာက္တလြဲပါလားဗ်…ဒါနဲ႔..ဟိုဗိုလ္တစ္ေထာင္က ေဘာစိဘိုးဘိုးႀကီး ၿငိမ္လွခ်ည္လားဗ်..ဘယ့္ႏွယ့္ တစ္ေလာကသတင္းေတြထဲ ခင္ဗ်ားေနရာတဝိုက္က တယ္လည္းသတင္းႀကီးပါလား..ဘယ့္ႏွယ့္တုန္း..

ဗိုလ္တစ္ေထာင္ဘိုးဘိုးႀကီး - မေျပာခ်င္ေတာ့ပါဘူး..ဘိုးဆူးေလရာ..က်ဳပ္ျဖင့္ ထိုင္းေတြ၊ ဗမာေတြ ခဏခဏ နဖူးနဲ႔လာေထာက္လို႔ လက္ညိဳးထိပ္ေတြႀကိမ္းေနတာေလး အခုကာလမွ အနားရမလားမွတ္တယ္…တေလာကလည္း က်ဳပ္ပိုင္နက္ထဲ အစိုးရက စည္စည္ကားကားပြဲေတြ လာလုပ္ၾက တာကိုးဗ်..ရွင္ဥပဂုတ္ေဖာင္ ေရေမွ်ာတယ္။ႏွမေတာ္ ျမနန္းႏြယ္ကေလးကို အိမ္ေျပာင္းေပးတယ္နဲ႔ တယ္ရႈပ္သကိုးဗ်

ဥကၠလာဘိုးဘိုးႀကီး - ဗိုလ္တစ္ေထာင္ရယ္…ဒါက က်ဳပ္တို႔ရဲ႕ ၂၁ ရာစု ဥကၠလာပမင္းႀကီးက သာသနာျပဳမင္းႀကီးပီပီ ႏိုင္ငံတကာကို သာသနာျပဳဖို႔လုပ္တာပါဗ်..အခု ႏိုင္ငံတကာမွာ ကုန္သြယ္သေဘၤာေတြ ဆိပ္ကမ္းကပ္မရလို႔ ေရလည္ေခါင္ရပ္ထားရတဲ့ သတင္းၾကားတယ္မဟုတ္လား.. ေရေၾကာင္းကုန္သြယ္ေရးေတြ ရွိသမွ်အကုန္ဒုကၡမ်ားေနတာ..ဒီအခ်ိန္ က်ဳပ္တို႔ရဲ႕ ၂၁ ရာစု ဥကၠလာပမင္းႀကီးက ရွင္ဥပဂုတၱကိုယ္ေတာ္ႀကီးကို ေဖာင္ေတာ္နဲ႔ ႏိုင္ငံတကာေရပိုင္နက္ထဲေစလႊတ္ၿပီး ပင္လယ္ႀကီးအလယ္မွာ ပူပင္ေသာကမ်ားေနရတဲ့ သေဘၤာသားအေပါင္းကို တရားေဒသနာ ေဟာၾကားသာသနာျပဳေစမယ့္ အႀကံအစည္ပါဗ်..ဘာတဲ့ဗ်ာ..
ဟိုသီခ်င္းေတာင္ရွိေသးတယ္..မဟုတ္လား…လက္ကိုခဏခဏေဆးပါ..လူစုလူေဝးေရွာင္ရွားပါ..ရွင္ဥပဂုတ္ေဖာင္ ေရေမွ်ာပါ..မက္စ္ကိုအၿမဲတပ္ထားပါ….မမျမအေဆာင္ေ႐ႊ႕ပါ..ႏွာစီးေခ်ာင္းဆိုးရင္ သတိထားပါ

ဆူးေလဘိုးဘိုးႀကီး - အိမ္း…သိၾကားမင္းတို႔မည္သည္ စံျမန္းရာ ျမေက်ာက္ဖ်ာတင္းလာရင္ အၿငိမ္မေနရစေကာင္းမို႔..က်ဳပ္တို႔ ဥကၠလာမင္းႀကီးလည္း..ကိုဗစ္မေၾကာက္..ဘာမေၾကာက္ သာသနာျပဳရတာေပပဲ…ဘုရားျဖစ္မယ့္ အာၿပဲေျခာက္ ကိုဗစ္သူမေၾကာက္ဆိုတဲ့ တေဘာင္ေတာင္ ေပၚလာေတာ့မယ္ထင္ရဲ႕..သာဓုပါဗ်ာ..သာဓု

ေမွာ္ဘီဘိုးဘိုးႀကီး - ကဲ…ကဲ..အလႅာသ ပလႅာသေတြ ေျပာလို႔ဝၿပီဆိုရင္လည္း စီးပြားေရးကိစၥေလး ေျပာလိုက္ၾကဦးစို႔

ဥကၠလာပဘိုးဘိုႀကီး - ေမွာ္ဘီ..ေမွာ္ဘီ..ခင္ဗ်ားက မဂၤလာဒုံနဲ႔နီးသြားေတာ့ စီးပြားေရးဆို တယ္အကြက္ျမင္တာကိုးဗ်…ဘာလဲ..ျမန္မာ့နတ္ပိုင္ကုမၸဏီလီမိတက္ဆိုၿပီး ေထာင္မွာလား.. ဒါမွမဟုတ္…နတ္သစၥာမင္းကုမၸဏီဆိုၿပီး သိၾကားမင္းနဲ႔ေပါင္း နတ္ေတြကို နတ္သက္ေႂကြအာမခံ မလုပ္မေနရ လုပ္ခိုင္းဦးမလို႔လား

ေမွာ္ဘီဘိုးဘိုးႀကီး - ေအာင္မယ္ေလး..ဥကၠလာရယ္..ေမွာ္ဘီက အညတရနတ္မင္းေလးပါ..ဝရဇိန္လက္နက္ပိုင္ရွင္ ဘိုးသိၾကားတို႔ကသာ ဝရိဇိန္အစြမ္းနဲ႔ စီးပြားေရးအကြက္ေတြဆန္းႏိုင္တာ..က်ဳပ္တို႔ကေတာ့ စီးပြားေရးဆိုလို အခုေခတ္စားေနတဲ့ အြန္လိုင္းေရွာ့ပင္ေလးပဲ လုပ္ခ်င္တာပါဗ်ာ

ဗိုလ္တစ္ေထာင္ဘိုးဘိုးႀကီး - ကဲ..ဘာလုပ္မလဲသာေျပာပါ..က်ဳပ္လည္း တစ္ေန႔တစ္ေန႔ လက္ညိဳးကို နဖူးေပါင္းစုံနဲ႔လာလာေတ့ေနတဲ့ ဒဏ္မခံႏိုင္လို႔…ဗိုလ္တစ္ေထာင္ကို ႏွမေတာ္ ျမနန္းႏြယ္လက္အပ္ၿပီး..အေမရိကန္ကိုသြား ကုန္တိုက္ေတြဝင္လုရင္ေကာင္းမလား စဥ္းစားေနတာ

ေမွာ္ဘီဘိုးဘိုးႀကီး - ေအာင္မယ္ေလး..နတ္အိုႀကီးအႀကံက ႀကီးပ… သြားလုတာေတာင္ အေမရိကန္အထိသြားလုမွာ.....က်ဳပ္လုပ္မယ့္ စီးပြားေရးက အဲ့ဒီလိုခပ္ေဝးေဝးသြားၿပီး လုတာယက္တာေတြထက္ ပိုကိုက္တယ္…နယူးေနာ္မယ္အိုင္ဒီယာေနာ္.ဘာလဲဆိုေတာ့…လႊတ္ေတာ္အမတ္ေတြကို မိုက္ခ႐ိုဖုန္းသြားေရာင္းမလို႔

ဆူးေလဘိုးဘိုးႀကီး - ဘယ္လို..ဘယ္လို…အမတ္ေတြကို ဘာေရာင္းမွာ

ေမွာ္ဘီဘိုးဘိုးႀကီး - မိုက္ခ႐ိုဖုန္းေလဗ်ာ..ခင္ဗ်ားတို႔ နတ္အိုႀကီးေတြႏွယ့္ လႊတ္ေတာ္ခ်န္နယ္ေလး ဘာေလး ၾကည့္ၾကဗ်..လႊတ္ေတာ္မွာ အမတ္ေတြ ခဏခဏမိုက္ထေတာင္းတာ မေတြ႕ဘူးလား…လႊတ္ေတာ္ဥကၠ႒ေတာင္ တားယူရတယ္ေလဗ်ာ…ဒါေၾကာင့္ ဒီေလာက္မိုက္ခဲခ်င္ေနတဲ့…အမတ္ေတြကို မိုက္ေတြသြားေရာင္းရင္ ေထာၿပီေပါ့ဗ်ာ

ဥကၠလာပဘိုးဘိုးႀကီး -  အိမ္း..အမတ္ဆိုတာ ေတာ္႐ုံနဲ႔ အမတ္ျဖစ္တာမဟုတ္ဘူး..
ျပည္သူလူထုေ႐ြးခ်ယ္တင္ေျမႇာက္မွ အမတ္ျဖစ္တာကိုးဗ်..အဲ ေတာ္ေတာ္ကိုပါဝါႀကီးတဲ့ အမတ္ေတြသာ ျပည္သူကမေ႐ြးခ်ယ္ပဲ ေအာ္တိုအမတ္ျဖစ္တာ…ဒီေတာ့ ပါဝါႀကီးတဲ့ အမတ္ေတြအတြက္ဆို မိုက္လုံးႀကီးႀကီးလိုတယ္ဗ်…ဒါမွ ပါဝါလည္းႀကီး မိုက္လုံးလည္းႀကီးတဲ့ အမတ္ႀကီးေတြျဖစ္ၿပီး မိုက္ဂုဏ္ရွိေတာ့မကိုးဗ်ား..မိုက္လုံးႀကီးႀကီးေတြသာ ေရာင္းေပးပါဗ်ိဳး

ဆူးေလဘိုးဘိုးႀကီး - ေတြ႕ၾကၿပီေပါ့ကြယ္..မိုက္လုံးႀကီးအမတ္ေတြက မိုက္လုံးႀကီးႀကီးနဲ႔ ဟိုလူဒီလူကို အယုံအၾကည္မရွိေၾကာင္း အဆိုတင္၊ မိုက္လုံးႀကီးႀကီးနဲ႔ ဟိုအဆိုဒီအဆို ကန႔္ကြက္၊ မိုက္လုံးႀကီးႀကီးနဲ႔ ဘတ္ဂ်က္ေတာင္း၊ မိုက္လုံးႀကီးႀကီးနဲ႔ မတ္တပ္စုၿပဳံရပ္ၾကဆိုေတာ့ မိုက္လုံးႀကီးအမတ္မ်ားနဲ႔ မိုက္လုံးႀကီးလႊတ္ေတာ္ႀကီးကိုျဖစ္ေနမွာ ျမင္ေယာင္မိသဗ်ာ..အားရတယ္သေဟ့

ဗိုလ္တစ္ေထာင္ဘိုးဘိုးႀကီး - ဒါဆို က်ဳပ္ပိုင္တဲ့ နယ္ေျမအတြက္လည္း မိုက္လုံးႀကီးႀကီးေတြဝယ္ရမယ္..ဒါမွ က်ဳပ္ဆီလာတဲ့ ဝန္ႀကီး၊ ဝန္ကေလးေတြ လူစုလူေဝးနဲ႔ ေဖာင္ေမွ်ာၾက၊ အေဆာင္‌ေ႐ႊ႕ၾကလုပ္ၿပီးရင္ ကြၽန္ေတာ္တို႔ ဆိုရွယ္ဒစ္စတန္းရွင္းနဲ႔အညီ လူစုတာပါဆိုၿပီး မိုက္လုံးႀကီးႀကီးနဲ႔ ျပည္သူကိုရွင္းျပလိုက္ရင္ ေဝဖန္ေနၾကတဲ့သူေတြလည္း သေဘာေပါက္သြားေလာက္တယ္

ေမွာ္ဘီဘိုးဘိုးႀကီး - ကဲ..ကဲ..ဒါဆိုလည္း ရန္ကုန္မွာ အခ်ိန္ကုန္ေနမယ့္အစား..အေျပာေလးေတြေလွ်ာ့..အလုပ္နဲ႔သက္ေသျပတဲ့အေနနဲ႔..မိုက္လုံးႀကီးႀကီးေတြေရာင္းဖို႔ မိုက္လုံးႀကီးနတ္ႀကီးမ်ား ေနျပည္ေတာ္ဆီ ယြန္းၾကပါစို႔ရဲ႕ဗ်ာ..ဘိုးဘိုးတို႔။

အားလုံးၿပိဳင္တူ - ကဲ..အားလုံး…နယူးေနာ္မယ္မွာ မိုက္လုံးႀကီးၾကပါစို႔ေလး….။

ဤတြင္ မိုက္လုံးႀကီးႀကီး နတ္ႀကီးမ်ား၏ နယူးေနာ္မယ္အေရး ေဆြးေႏြးခန္း တစ္ခန္းရပ္ဟူ၏။

ၿဗိတိသွ်ကိုကိုေမာင္
စက္တင္ဘာ - ၁၃