【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် သောကြာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း စိတ်တိုင်းမကျစရာတွေ များနေသလို စိတ်က ဟိုဟာလုပ်ရမလိုလို ဒီဟာလုပ်ရမလိုလိုနဲ့ ဗျာများနေတတ်ပါတယ်။ဘာလုပ်လုပ် အလွဲလေးတွေ ဖြစ်တတ်ပေမယ့် ခရီးကောင်းတွေ ထွက်ရတတ်ပါတယ်။ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေအတွက် လုပ်ငန်းကောင်း၊ အချိန်ကောင်း ကြုံရမယ့် အချိန်ပါ။ဒီရက်တွေမှာ အဝေးက မိတ်ဆွေကောင်းတွေ နိုင်ငံရပ်ခြားက အကူအညီတွေ ရတတ်ပါတယ်။ယခင်အလုပ်ဟောင်း နေရာဟောင်းက သူငယ်ချင်းတွေနဲ့ ပြန်ဆုံကိန်းရှိသလို ဆုံးရှုံးသွားပြီထင်တဲ့ အခွင့်အရေးနဲ့ ငွေကြေး၊ ပစ္စည်းတွေ ပြန်ရတတ်တဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ဆိုင်သစ်၊ လုပ်ငန်းသစ် ကိစ္စတွေ အောင်မြင်တတ်သလို နိုင်ငံခြားကအကူအညီ ရတတ်တဲ့ အချိန်ကာလပါ။ဒီအချိန်မှာ စပ်တူကိစ္စတွေ၊ စာချုပ်နဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ၊ လူမျိုးခြားနဲ့ တွဲလုပ်တဲ့ အလုပ်တွေ ကောင်းပါတယ်။ကျန်းမာရေးကတော့ ခါး၊ ဝမ်း၊ အစာအိမ် ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာရေးကတော့ ကံကောင်းနေသလို နဂိုက ရည်ရွယ်ထားတဲ့ ပညာသင်ခွင့်တွေ ရတတ်ပါတယ်။အိမ်ထောင်ရှင်များ အဆင်မပြေတာတွေ ပြန်ပြေလည်ပြီး ချစ်သူတွေကတော့ ကြားလူတွေကြောင့် အဆင်မပြေဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး နံနက်စောစောထကာ ရှင်သီဝလိဂါထာ ၉ ခေါက်ကို ဘုရားရှိခိုးတိုင်း အာရုံပြု၍ ယုံယုံကြည်ကြည် ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားလိုသော အရပ်ထောင့်ရှိ နေထိုင်သူ သက်ကြီးရွယ်အိုကို နေရာထိုင်ခင်းတစ်ခုခု လှူဒါန်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ လျှောက်ထားသည့် အလုပ်နာမည်အား ခေါင်းအုံးအောက်တွင် ထားအိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အချစ်ရေး အဆင်မပြေပါက ရေသတ္တဝါ အရုပ်ပါသည့် အဆောင်၊ ရင်ထိုးကို ဆောင်ထားပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ စေတီရင်ပြင်ရှိ ပန်းခြောက်များ၊ သစ်ရွက်ခြောက်များ ကောက်ကာ ရှင်းလင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ငါး၊ လိပ် စသည့် ရေသတ္တဝါများကို အစာကျွေးကာ ဆုတောင်းပါ။

ထီကံကောင်းလိုသူများ ။     ။ သောကြာနံ ထီဆိုင်တွင် ၃/၆ ဂဏန်းများများပါသော ထီကို ထိုးပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ေသာၾကာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း စိတ္တိုင္းမက်စရာေတြ မ်ားေနသလို စိတ္က ဟိုဟာလုပ္ရမလိုလို ဒီဟာလုပ္ရမလိုလိုနဲ႔ ဗ်ာမ်ားေနတတ္ပါတယ္။ဘာလုပ္လုပ္ အလြဲေလးေတြ ျဖစ္တတ္ေပမယ့္ ခရီးေကာင္းေတြ ထြက္ရတတ္ပါတယ္။ခရီးသြားလုပ္ငန္း လုပ္ကိုင္သူေတြအတြက္ လုပ္ငန္းေကာင္း၊ အခ်ိန္ေကာင္း ႀကဳံရမယ့္ အခ်ိန္ပါ။ဒီရက္ေတြမွာ အေဝးက မိတ္ေဆြေကာင္းေတြ ႏိုင္ငံရပ္ျခားက အကူအညီေတြ ရတတ္ပါတယ္။ယခင္အလုပ္ေဟာင္း ေနရာေဟာင္းက သူငယ္ခ်င္းေတြနဲ႔ ျပန္ဆုံကိန္းရွိသလို ဆုံးရႈံးသြားၿပီထင္တဲ့ အခြင့္အေရးနဲ႔ ေငြေၾကး၊ ပစၥည္းေတြ ျပန္ရတတ္တဲ့ အခ်ိန္အခါလည္း ျဖစ္ပါတယ္။ဆိုင္သစ္၊ လုပ္ငန္းသစ္ ကိစၥေတြ ေအာင္ျမင္တတ္သလို ႏိုင္ငံျခားကအကူအညီ ရတတ္တဲ့ အခ်ိန္ကာလပါ။ဒီအခ်ိန္မွာ စပ္တူကိစၥေတြ၊ စာခ်ဳပ္နဲ႔ လုပ္ရတဲ့ လုပ္ငန္းေတြ၊ လူမ်ိဳးျခားနဲ႔ တြဲလုပ္တဲ့ အလုပ္ေတြ ေကာင္းပါတယ္။က်န္းမာေရးကေတာ့ ခါး၊ ဝမ္း၊ အစာအိမ္ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာေရးကေတာ့ ကံေကာင္းေနသလို နဂိုက ရည္႐ြယ္ထားတဲ့ ပညာသင္ခြင့္ေတြ ရတတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား အဆင္မေျပတာေတြ ျပန္ေျပလည္ၿပီး ခ်စ္သူေတြကေတာ့ ၾကားလူေတြေၾကာင့္ အဆင္မေျပျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး နံနက္ေစာေစာထကာ ရွင္သီဝလိဂါထာ ၉ ေခါက္ကို ဘုရားရွိခိုးတိုင္း အာ႐ုံျပဳ၍ ယုံယုံၾကည္ၾကည္ ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မိမိသြားလိုေသာ အရပ္ေထာင့္ရွိ ေနထိုင္သူ သက္ႀကီး႐ြယ္အိုကို ေနရာထိုင္ခင္းတစ္ခုခု လႉဒါန္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေလွ်ာက္ထားသည့္ အလုပ္နာမည္အား ေခါင္းအုံးေအာက္တြင္ ထားအိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အခ်စ္ေရး အဆင္မေျပပါက ေရသတၱဝါ အ႐ုပ္ပါသည့္ အေဆာင္၊ ရင္ထိုးကို ေဆာင္ထားေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေစတီရင္ျပင္ရွိ ပန္းေျခာက္မ်ား၊ သစ္႐ြက္ေျခာက္မ်ား ေကာက္ကာ ရွင္းလင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ငါး၊ လိပ္ စသည့္ ေရသတၱဝါမ်ားကို အစာေကြၽးကာ ဆုေတာင္းပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေသာၾကာနံ ထီဆိုင္တြင္ ၃/၆ ဂဏန္းမ်ားမ်ားပါေသာ ထီကို ထိုးပါ။