ကိုအင်ဇိုင်းကျူ -၁၀ အကြောင်း သိကောင်းစရာများ

ကိုအင်ဇိုင်း ကျူ -၁၀ (Coenzyme Q10) ဆိုတဲ့ ဝေါဟာရမှာ (၂) ပိုင်း ပါဝင်ပါတယ်။ ပထမပိုင်းအနေနဲ့ ကိုအင်ဇိုင်းဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်ဇိုင်းတွေကို အထောက်အကူပြုတဲ့ ဓာတ်ပစ္စည်း (Proenzyme) ကို ခေါ်တာပါ။
ဒုတိယပိုင်း ကျူ ၀၁၀ (Q10) ဆိုတာမှာ Q ဆိုတာ Quinone ကိုရည်ရွယ်တာဖြစ်ပြီး ဒီမော်လီကျူူ း ၁၀ခုကို ပေါင်းစပ်ထားလို့ Q10 လို့ခေါ်တာပါ။အတိုကောက်အနေနဲ့ Co-Q10 လို့ခေါ်လေ့ရှိပါတယ်။
အဲ့ဒီ Co-Q10 တွေ ခန္ဓာကိုယ်တွင်းမှာ နေ့စဉ် ထုတ်လုပ်ပြီးအသုံးပြုလျက်ရှိပါတယ်။ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသူတွေအနေနဲ့ Co-Q10 ဟာ ပုံမှန် ထုတ်လုပ်ပေးနိုင်တဲ့အတွက်
သူရဲ့လုပ်ငန်းဆောင်တာတွေကို ပုံမှန်ထမ်းဆောင်ပေးနိုင်ပါတယ်။ Co-Q10 ဟာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးမှာ အဓိကလုပ်ငန်း (၂) ခု လုပ်ဆောင်ပါတယ်။(၁) အဓိကအနေနဲ့ 
ခန္ဓာကိုယ် အနှံ့ အပြားမှာရှိတဲ့ဆဲလ်လေးတွေမှာ စွမ်းအင် (Energy) အဖြစ် ATP ဆိုတဲ့ ဓာတ်ပစ္စည်းထုတ်လုပ်ရာမှာ အဓိကကူညီဆောင်ရွက်ပေးပါတယ်။ ဒါ့ကြောင့် 
စွမ်းအင်များများလိုတဲ့နေရာတွေမှာ Co-Q10 တွေများများရှိနေပါတယ် (ဥပမာ-နှလုံး၊ ကြွက်သား၊ အသည်း)။ Co-Q10 ချို့တဲ့ရင် ဆဲလ်တွေဟာ စွမ်းအင်ကောင်းစွာမရလို့
သူတို့ရဲ့လုပ်ငန်းဆောင် တာ တွေချို့တဲ့လာပါတယ်။ ဥပမာ-နှလုံးမှာရှိတဲ့ကြွက်သားတွေ ကောင်းကောင်းညှစ်ဖို့ စွမ်းအင် (ATP)လို အပ်ပါတယ်။အဲ့ဒီ ATP ထုတ်ဖို့ Co-Q10 ဆိုတာလိုအပ်ပါတယ်။
ဒါ့ကြောင့် Co-Q10 ချို့တဲ့နေရင် နှလုံးရဲ့ညှစ် အားကျဆင်းသွားပါတယ်။ အလားတူပဲ ကျန်တဲ့ကြွက်သားတွေ အားနည်းတာ၊ မလှုပ်ရှားချင်တာဖြစ်တတ်ပါတယ်။ဒါ့ကြောင့် Co-Q10 ဟာ ခန္ဓာကိုယ်တစ်ခုလုံးသန်စွမ်းဖို့ အထူးလိုအပ်ပါတယ်။ 
(၂) ဒုတိယအနေနဲ့ အင်တီအောက်ဆီဒင့်(an antioxidant)တာဝန်ကို ထမ်းဆောင်ပါတယ်။ ဖရီးရယ်ဒီကယ်(Free radical)ဆိုတာ အီလက်ထရွန် (electron)တစ်လုံးလိုအပ်နေလို့ ကျန်တဲ့
တစ် သျှူးတွေကိုဖျက်ဆီးပြီး အီလက်ထရွန်လိုက်လုနေတဲ့အတွက် တစ်သျှူ းတွေပျက်စီးစေတဲ့ ဓာတ်ပစ္စည်းဖြစ်ပါ တယ်။ အဲဒီဖရီးရယ်ဒီကယ်တွေကို Co-Q10 က အီလက်ထရွန်ပေးလိုက်တဲ့အတွက်
ဖရီးရယ်ဒီကယ်တွေဟာ ပုံမှန်မော်လီကျူးတွေပြန်ဖြစ်သွားလို့ ခန္ဓာကိုယ်တိုက်ခိုက်ခံရခြင်းကနေ လွတ်ထွက်သွားပါတယ်။
ဒါ့ကြောင့် ခန္ဓာကိုယ်မပျက်စီးဖို့၊ အသက်ရှည်ဖို့၊ နုပျိုဖို့ကနေစလို့ ကင်ဆာမဖြစ်အောင်ကာကွယ်ရေး အထိလုပ်ဆောင်ပေးတဲ့ တန်ဖိုးကြီးဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုလို့ဆိုချင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့နေ့စဉ်စားနေတဲ့အစားအစာတွေထဲမှာ Co-Q10 ပါဝင်တဲ့အစားအစာ (ဒါမှမ ဟုတ်)ခန္ဓာကိုယ်ထဲမှာ Co-Q10 တွေထုတ်လုပ်ပေးနိုင်မယ့်ကုန်ကြမ်းတွေပါဝင်နေဖို့ အလွန်အရေးကြီး ပါတယ်။ 
အဓိကအနေနဲ့အစာအုပ်စုကြီး (၂) ခုဖြစ်တဲ့ 
၁။တိရစ္ဆာန်ကနေရတဲ့ အစားအစာအုပ်စု -
အဆီပါတဲ့ ငါးတွေနဲ့ အမဲသား၊ ဝက်သား၊ကြက်သားတွေ (Animal-based source) 
၂။အပင်ကနေရတဲ့အစားအစာအုပ်စု -
ဂေါ်ဖီပန်းပွင့်စိမ်း (Broccoli)၊ ပန်းဂေါ်ဖီရိုးရိုး (Cauliflower)၊လိမ္မော်သီးနဲ့စတော်ဘယ်ရီသီး၊မြေပဲ၊နှမ်း၊ ပဲပိစပ် (Plant-based source) နှစ်ခုလုံးကနေရနိုင်ပါတယ်။ 
ခန္ဓာကိုယ်မှာ Co-Q10 ချို့တဲ့မှုဆိုတာဖြစ်လာပါမယ်ဆိုရင် အဓိကအနေနဲ့ကျန်းမာရေးဆိုးကျိုး (၅) ခု ဖြစ်နိုင်ပါတယ်။ 
အဲ့ဒါတွေကတော့ - 
(၁) ဦးနှောက်၊ အာရုံကြောနဲ့ ကြွက်သားတွေဆိုင်ရာချိုု့ယွင်းမှုတွေ (Encephalomyopathy)
(၂) နှလုံးကြွက်သား(Isolated myopathy)၊ အရိုးကြွက်သားတွေ ထိခိုက်ပါတယ် 
(၃) ကလေးတွေမှာချို့တဲ့ရင် တစ်ကိုယ်လုံးထိခိုက်စေပါတယ် (Severe infantile multisystem disease) 
(၄) ဦးနှောက်ငယ်ချို့ယွင်း၍ လမ်းလျှောက်ရာမှာထိခိုက်ခြင်း (Cerebellar ataxia) 
(၅) ကျောက်ကပ်ပျက်စီးခြင်း (Steroid resistant Nephrotic syndrome) တွေဖြစ်ပါတယ်။ 
Co-Q10 ချို့တဲ့မှုကို Co-Q10 ကို ခန္ဓာကိုယ်ထဲမှာထုတ်လုပ်တဲ့အခါမှာ ပါဝင်လုပ်ဆောင်ပေးတဲ့မျိုးဗီဇ (Gene) ပျက်စီးလို့ချို့တဲခြင်း (Primary deficiency)နဲ့ မျိုးဗီဇနဲ့မပတ်သက(Secondary deficiency) ဆိုပြီး (၂) ခုခွဲထားပါတယ်။
Co-Q10 ရဲ့တစ်နေ့တာလိုအပ်ချက်က ၃-၅ မီလီဂရမ်လောက်သာရှိတာမို့ ကုလို့လည်း လွယ်ကူပါတယ်။ 
Statin drug ( အဆီကျဆေး)တွေသောက်သုံးတဲ့သူတွေအနေနဲ့ သူရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် Co-Q10 တွေချို့တဲ့နေတတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Statin drug တွေဟာ ကိုလက်စထရော ကိုချတဲ့ အခါမှ
ာ HMG-Co.A reductase အင်ဇိုင်းကိုဟန့်တားရင်းနဲ့ Co-Q10 ထုတ်လုပ်မှုကိုပါ တစ်ပြိုင်တည်း ဟန့် တားပါတယ်။ 
ဒါ့ကြောင့် Statin သုံးသူတွေကကြာရင် Co-Q10 ချို့တဲ့လာပါတယ်။ အဲ့ဒီလူတွေအနေနဲ့ Co-Q10 ဖြည့်စွက်ဆေးဝါးတွေမှီဝဲပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နှလုံးနဲ့သွေးတိုးရောဂါမှာသုံးတဲ့ b blocker အုပ်စု ဝင်တွေဖြစ်တဲ့
Propranolol တို့ Metoprolol တို့ဆိုရင်လည်း CoQ10-dependent enzyme တွေကို ဟန့်တား တဲ့အတွက် အဲ့ဒီဆေးတွေသောက်သုံးနေသူတွေအနေနဲ့ Co-Q10 ဖြည့်စွက်ဆေးဝါးတွေလိုအပ်ပါတယ်။ 
အဓိကအနေနဲ့သုံးသင့်သူတွေကတော့ - 
(၁) နှလုံးရောဂါရှိသူတွေ၊ နှလုံးကြွက်သားကြီးသူတွေ (Cardiomyopathy) ၊ နှလုံးအားနည်းသူတွေ (Congestive heart failure)။ 
(၂) သွေးတိုးရောဂါရှိသူတွေ (Hypertension)။ 
(၃) ဆီးချိုသွေးချိုရောဂါရှိသူတွေ (Diabetes mellitus)။ 
(၄) ပါကင်ဆန်ရောဂါရှိသူတွေ (Parkinson’s disease)။
(၅) ကြွက်သားတွေအားနည်းသူ (Muscular dystrophy)။ 
(၆) လမ်းလျှောက်ရင် ယိုင်ထိုးယိုင်ထိုးဖြစ်သူ (Friedreich’s ataxia)။
(၇) အသက်အရွယ်ကြီးသူ (Old age)။
(၈) ကလေးမရတဲ့အမျိုးသားတွေ (Male infertility)။
(၉) ကင်ဆာရောဂါဖြစ်နေသူ (Cancer)။
(၁၀) ခုခံအားစနစ်နည်းသူတွေမှာ အသုံးပြုသင့်ပါတယ်။
(zawgyi)
ကိုအင္ဇိုင္းက်ဴ -၁၀ အေၾကာင္း သိေကာင္းစရာမ်ား 
ကိုအင္ဇိုင္း က်ဴ -၁၀ (Coenzyme Q10) ဆိုတဲ့ ေဝါဟာရမွာ (၂) ပိုင္း ပါဝင္ပါတယ္။ ပထမပိုင္းအေနနဲ႔ ကိုအင္ဇိုင္းဆိုတာ ခႏၶာကိုယ္ထဲမွာ႐ွိတဲ့ အင္ဇိုင္းေတြကို အေထာက္အကူျပဳတဲ့ ဓာတ္ပစၥည္း (Proenzyme) ကို ေခၚတာပါ။ဒုတိယပိုင္း က်ဴ ၀၁၀ (Q10) ဆိုတာမွာ Q ဆိုတာ Quinone ကိုရည္႐ြယ္တာျဖစ္ၿပီး ဒီေမာ္လီက်ဴဴ း ၁၀ခုကို ေပါင္းစပ္ထားလို႔ Q10 လို႔ေခၚတာပါ။
အတိုေကာက္အေနနဲ႔ Co-Q10 လို႔ေခၚေလ့႐ွိပါတယ္။ အဲ့ဒီ Co-Q10 ေတြ ခႏၶာကိုယ္တြင္းမွာ ေန႔စဥ္ ထုတ္လုပ္ၿပီးအသံုးျပဳလ်က္႐ွိပါတယ္။က်န္းမာသန္စြမ္းၿပီး အာဟာရျပည့္ဝသူေတြအေနနဲ႔ Co-Q10 ဟာ ပံုမွန္ ထုတ္လုပ္ေပးႏိုင္တဲ့အတြက္ သူရဲ႕လုပ္ငန္းေဆာင္တာေတြကို ပံုမွန္ထမ္းေဆာင္ေပးႏိုင္ပါတယ္။ Co-Q10 ဟာ ကြ်န္ေတာ္တို႔ရဲ႕ခႏၶာကိုယ္ႀကီးမွာ အဓိကလုပ္ငန္း (၂) ခု လုပ္ေဆာင္ပါတယ္။
 (၁) အဓိကအေနနဲ႔ ခႏၶာကိုယ္ အႏွံ႔ အျပားမွာ႐ွိတဲ့ဆဲလ္ေလးေတြမွာ စြမ္းအင္ (Energy) အျဖစ္ ATP ဆိုတဲ့ ဓာတ္ပစၥည္းထုတ္လုပ္ရာမွာ အဓိကကူညီေဆာင္႐ြက္ေပးပါတယ္။ 
ဒါ့ေၾကာင့္ စြမ္းအင္မ်ားမ်ားလိုတဲ့ေနရာေတြမွာ Co-Q10 ေတြမ်ားမ်ား႐ွိေနပါတယ္ (ဥပမာ-ႏွလံုး၊ ၾကြက္သား၊ အသည္း)။ Co-Q10 ခ်ိဳ႕တဲ့ရင္ ဆဲလ္ေတြဟာ စြမ္းအင္ေကာင္းစြာမရလို႔ သူတို႔ရဲ႕လုပ္ငန္းေဆာင္ တာ ေတြခ်ိဳ႕တဲ့လာပါတယ္။ ဥပမာ-ႏွလံုးမွာ႐ွိတဲ့ၾကြက္သားေတြ ေကာင္းေကာင္းညႇစ္ဖို႔ စြမ္းအင္ (ATP)လို အပ္ပါတယ္။အဲ့ဒီ ATP ထုတ္ဖို႔ Co-Q10 ဆိုတာလိုအပ္ပါတယ္။ ဒါ့ေၾကာင့္ Co-Q10 ခ်ိဳ႕တဲ့ေနရင္ ႏွလံုးရဲ႕ညႇစ္ အားက်ဆင္းသြားပါတယ္။ 
အလားတူပဲ က်န္တဲ့ၾကြက္သားေတြ အားနည္းတာ၊ မလႈပ္႐ွားခ်င္တာျဖစ္တတ္ပါတယ္။ဒါ့ေၾကာင့္ Co-Q10 ဟာ ခႏၶာကိုယ္တစ္ခုလံုးသန္စြမ္းဖို႔ အထူးလိုအပ္ပါတယ္။ 
(၂) ဒုတိယအေနနဲ႔ အင္တီေအာက္ဆီဒင့္(an antioxidant)တာဝန္ကို ထမ္းေဆာင္ပါတယ္။ 
ဖရီးရယ္ဒီကယ္(Free radical)ဆိုတာ အီလက္ထ႐ြန္ (electron)တစ္လံုးလိုအပ္ေနလို႔ က်န္တဲ့တစ္ သွ်ဴးေတြကိုဖ်က္ဆီးၿပီး အီလက္ထ႐ြန္လိုက္လုေနတဲ့အတြက္ တစ္သွ်ဴ းေတြပ်က္စီးေစတဲ့ ဓာတ္ပစၥည္းျဖစ္ပါ တယ္။ အဲဒီဖရီးရယ္ဒီကယ္ေတြကို Co-Q10 က အီလက္ထ႐ြန္ေပးလိုက္တဲ့အတြက္ ဖရီးရယ္ဒီကယ္ေတြဟာ ပံုမွန္ေမာ္လီက်ဴးေတြျပန္ျဖစ္သြားလို႔ ခႏၶာကိုယ္တိုက္ခိုက္ခံရျခင္းကေန လြတ္ထြက္သြားပါတယ္။
ဒါ့ေၾကာင့္ ခႏၶာကိုယ္မပ်က္စီးဖို႔၊ အသက္႐ွည္ဖို႔၊ ႏုပ်ိဳဖို႔ကေနစလို႔ ကင္ဆာမျဖစ္ေအာင္ကာကြယ္ေရး အထိလုပ္ေဆာင္ေပးတဲ့ တန္ဖိုးႀကီးဓာတ္တိုးဆန္႔က်င္ပစၥည္းတစ္ခုလို႔ဆိုခ်င္ပါတယ္။
ဒါေၾကာင့္ ကြ်န္ေတာ္တို႔ေန႔စဥ္စားေနတဲ့အစားအစာေတြထဲမွာ Co-Q10 ပါဝင္တဲ့အစားအစာ (ဒါမွမ ဟုတ္)ခႏၶာကိုယ္ထဲမွာ Co-Q10 ေတြထုတ္လုပ္ေပးႏိုင္မယ့္ကုန္ၾကမ္းေတြပါဝင္ေနဖို႔ အလြန္အေရးႀကီး ပါတယ္။ 
အဓိကအေနနဲ႔အစာအုပ္စုႀကီး (၂) ခုျဖစ္တဲ့ 
၁။တိရစာၦန္ကေနရတဲ့ အစားအစာအုပ္စု -
အဆီပါတဲ့ ငါးေတြနဲ႔ အမဲသား၊ ဝက္သား၊ၾကက္သားေတြ (Animal-based source) 
၂။အပင္ကေနရတဲ့အစားအစာအုပ္စု -
ေဂၚဖီပန္းပြင့္စိမ္း (Broccoli)၊ ပန္းေဂၚဖီ႐ိုး႐ိုး (Cauliflower)၊လိေမၼာ္သီးနဲ႔စေတာ္ဘယ္ရီသီး၊ေျမပဲ၊ႏွမ္း၊ ပဲပိစပ္ (Plant-based source) ႏွစ္ခုလံုးကေနရႏိုင္ပါတယ္။ 
ခႏၶာကိုယ္မွာ Co-Q10 ခ်ိဳ႕တဲ့မႈဆိုတာျဖစ္လာပါမယ္ဆိုရင္ အဓိကအေနနဲ႔က်န္းမာေရးဆိုးက်ိဳး (၅) ခု ျဖစ္ႏိုင္ပါတယ္။ 
အဲ့ဒါေတြကေတာ့ - 
(၁) ဦးေႏွာက္၊ အာ႐ံုေၾကာနဲ႔ ၾကြက္သားေတြဆိုင္ရာခ်ိဳဳ႕ယြင္းမႈေတြ (Encephalomyopathy)
(၂) ႏွလံုးၾကြက္သား(Isolated myopathy)၊ အ႐ိုးၾကြက္သားေတြ ထိခိုက္ပါတယ္ 
(၃) ကေလးေတြမွာခ်ိဳ႕တဲ့ရင္ တစ္ကိုယ္လံုးထိခိုက္ေစပါတယ္ (Severe infantile multisystem disease) 
(၄) ဦးေႏွာက္ငယ္ခ်ိဳ႕ယြင္း၍ လမ္းေလွ်ာက္ရာမွာထိခိုက္ျခင္း (Cerebellar ataxia) 
(၅) ေက်ာက္ကပ္ပ်က္စီးျခင္း (Steroid resistant Nephrotic syndrome) ေတြျဖစ္ပါတယ္။ 
Co-Q10 ခ်ိဳ႕တဲ့မႈကို Co-Q10 ကို ခႏၶာကိုယ္ထဲမွာထုတ္လုပ္တဲ့အခါမွာ ပါဝင္လုပ္ေဆာင္ေပးတဲ့မ်ိဳးဗီဇ (Gene) ပ်က္စီးလို႔ခ်ိဳ႕တဲျခင္း (Primary deficiency)နဲ႔ မ်ိဳးဗီဇနဲ႔မပတ္သက(Secondary deficiency) ဆိုၿပီး (၂) ခုခြဲထားပါတယ္။ Co-Q10 ရဲ႕တစ္ေန႔တာလိုအပ္ခ်က္က ၃-၅ မီလီဂရမ္ေလာက္သာ႐ွိတာမို႔ ကုလို႕လည္း လြယ္ကူပါတယ္။ 
Statin drug ( အဆီက်ေဆး)ေတြေသာက္သံုးတဲ့သူေတြအေနနဲ႔ သူရဲ႕ေဘးထြက္ဆိုးက်ိဳးအျဖစ္ Co-Q10 ေတြခ်ိဳ႕တဲ့ေနတတ္ပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ Statin drug ေတြဟာ ကိုလက္စထေရာ ကိုခ်တဲ့ အခါမွာ HMG-Co.A reductase အင္ဇိုင္းကိုဟန္႔တားရင္းနဲ႕ Co-Q10 ထုတ္လုပ္မႈကိုပါ တစ္ၿပိဳင္တည္း ဟန္႔ တားပါတယ္။ 
ဒါ့ေၾကာင့္ Statin သံုးသူေတြကၾကာရင္ Co-Q10 ခ်ိဳ႕တဲ့လာပါတယ္။ အဲ့ဒီလူေတြအေနနဲ႔ Co-Q10 ျဖည့္စြက္ေဆးဝါးေတြမွီဝဲေပးဖို႔ လိုအပ္ပါတယ္။ ဒါ့အျပင္ ႏွလံုးနဲ႔ေသြးတိုးေရာဂါမွာသံုးတဲ့ b blocker အုပ္စု ဝင္ေတြျဖစ္တဲ့ Propranolol တို႔ Metoprolol တို႔ဆိုရင္လည္း CoQ10-dependent enzyme ေတြကို ဟန္႔တား တဲ့အတြက္ အဲ့ဒီေဆးေတြေသာက္သံုးေနသူေတြအေနနဲ႔ Co-Q10 ျဖည့္စြက္ေဆးဝါးေတြလိုအပ္ပါတယ္။ 
အဓိကအေနနဲ႕သံုးသင့္သူေတြကေတာ့ - 
(၁) ႏွလံုးေရာဂါ႐ွိသူေတြ၊ ႏွလံုးၾကြက္သားႀကီးသူေတြ (Cardiomyopathy) ၊ ႏွလံုးအားနည္းသူေတြ (Congestive heart failure)။ 
(၂) ေသြးတိုးေရာဂါ႐ွိသူေတြ (Hypertension)။ 
(၃) ဆီးခ်ိဳေသြးခ်ိဳေရာဂါ႐ွိသူေတြ (Diabetes mellitus)။ 
(၄) ပါကင္ဆန္ေရာဂါ႐ွိသူေတြ (Parkinson’s disease)။
(၅) ၾကြက္သားေတြအားနည္းသူ (Muscular dystrophy)။ 
(၆) လမ္းေလွ်ာက္ရင္ ယိုင္ထိုးယိုင္ထိုးျဖစ္သူ (Friedreich’s ataxia)။
(၇) အသက္အ႐ြယ္ႀကီးသူ (Old age)။
(၈) ကေလးမရတဲ့အမ်ိဳးသားေတြ (Male infertility)။
(၉) ကင္ဆာေရာဂါျဖစ္ေနသူ (Cancer)။
(၁၀) ခုခံအားစနစ္နည္းသူေတြမွာ အသံုးျပဳသင့္ပါတယ္။