ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် နေ့တိုင်းကြိုးစားနေတယ်ဆိုတဲ့ တက္ကသိုလ် ဂွမ်းပုံ

ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် နေ့တိုင်းကြိုးစားနေတယ်ဆိုတဲ့ တက္ကသိုလ် ဂွမ်းပုံ

ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင်အဖြစ် လုပ်ကိုင်ရင်း ပရိသတ်ရဲ့ အားပေးမှုကိုရနေတဲ့ တက္ကသိုလ် ဂွမ်းပုံဟာ သူမအနေနဲ့ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် နေ့တိုင်းကြိုးစား နေတယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။ "မဂွမ်းတို့က အနုပညာသမားလေ၊ ပရိသတ်အတွက်ပဲ အလုပ်လုပ်ရတာပေါ့၊ ဒါကြောင့်လည်း နေ့တိုင်း ကြိုးစားနေ ပါတယ်၊ မဂွမ်းတို့က ကာရိုက်တာမျိုးစုံကို ပီပြင်အောင် သရုပ်ဆောင်ရမှာက ကိုယ့်အလုပ်ပဲလေ၊ ပရိသတ်က အကဲ ဖြတ်ပေးမှာပေါ့နော်၊ ပရိသတ်ရဲ့ အားပေး မှုကြောင့်လည်း မဂွမ်းတို့ ဒီအခြေအနေအထိ ရပ်တည်နိုင်တာပါ၊ အခုလည်း ကြိုးစားဆဲပါ"လို့ တက္ကသိုလ် ဂွမ်းပုံ က ရှင်းပြပါတယ်။

သရုပ်ဆောင်အလုပ်ကို လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်ဖြစ်တဲ့ ၁၉၈၆ ခုနှစ်လောက်ကတည်းက လုပ်ကိုင်လာခဲ့သူ ဖြစ်သလို အနုပညာ မျိုးဆက် သစ်တွေ ကိုလည်း ဖေးမရင်းလက်တွဲ ခေါ်ယူသူလည်း ဖြစ်ပါတယ်။

ကာရိုက်မျိုးစုံရိုက်ကူးနိုင်အောင် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင် ထားသလို ဝတ်စား ဆင်ယင်မှု ဒီဇိုင်းတွေကိုလည်း ဒီဇိုင်နာနဲ့ သီးသန့် တိုင်ပင်ကာ ဖက်ရှင်ကျကျဝတ်ဆင်လေ့ရှိတယ်လို့ သိရပါတယ်။

"ခန္ဓာကိုယ်ထိန်းသိမ်းတာတော့ လုပ်ပါတယ်၊ အဝတ်အစား ဆိုလည်း မဂွမ်းမှာက ဒီဇိုင်နာ သုံးယောက်လောက်ရှိတယ်၊ အဲ့ဒါ တိုင်ပင်ပြီးတော့ ဝတ်တာပေါ့၊ ဒီနှစ်ထဲ ဟာသကားတွေ များတယ်၊ ကိုခင်လှိုင်နဲ့ သရုပ်ဆောင်ထားတဲ့ ကားတွေရှိသလို နောက်ထပ်ပြီး အတူသရုပ်ဆောင်ရမယ့် ကားတွေလည်း ရှိတယ်၊ ပရိသတ်တွေအနေနဲ့ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ၊ မဂွမ်းတို့လည်း အသစ်သစ်တွေကို ဖန်တီးဖို့ ကြိုးစားသွားမယ်" လို့ တက္ကသိုလ် ဂွမ်းပုံက ပြောပါတယ်။

လတ်တလောမှာ "ဖြတ်စ"လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားပြီး ပြည်ပမှာ သွားရောက် ရိုက်ကူးခဲ့ရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

 

မင်းခေတ်လင်း

ရန်ကုန်၊ ဇန်နဝါရီ ၄

(  Zawgyi  )

ဇာတ္ပို႔ဇာတ္ရန္ သ႐ုပ္ေဆာင္အျဖစ္ လုပ္ကိုင္ရင္း ပရိသတ္ရဲ႕ အားေပးမႈကိုရေနတဲ့ တကၠသိုလ္ ဂြမ္းပုံဟာ သူမအေနနဲ႔ ကိုယ့္ကိုယ္ကို အေကာင္းဆုံးျဖစ္ေအာင္ ေန႔တိုင္းႀကိဳးစား ေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားပါတယ္။ "မဂြမ္းတို႔က အႏုပညာသမားေလ၊ ပရိသတ္အတြက္ပဲ အလုပ္လုပ္ရတာေပါ့၊ ဒါေၾကာင့္လည္း ေန႔တိုင္း ႀကိဳးစားေန ပါတယ္၊ မဂြမ္းတို႔က ကာ႐ိုက္တာမ်ိဳးစုံကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ရမွာက ကိုယ့္အလုပ္ပဲေလ၊ ပရိသတ္က အကဲ ျဖတ္ေပးမွာေပါ့ေနာ္၊ ပရိသတ္ရဲ႕ အားေပး မႈေၾကာင့္လည္း မဂြမ္းတို႔ ဒီအေျခအေနအထိ ရပ္တည္ႏိုင္တာပါ၊ အခုလည္း ႀကိဳးစားဆဲပါ"လို႔ တကၠသိုလ္ ဂြမ္းပုံ က ရွင္းျပပါတယ္။

သ႐ုပ္ေဆာင္အလုပ္ကို လြန္ခဲ့တဲ့ အႏွစ္ ၃၀ ေက်ာ္ျဖစ္တဲ့ ၁၉၈၆ ခုႏွစ္ေလာက္ကတည္းက လုပ္ကိုင္လာခဲ့သူ ျဖစ္သလို အႏုပညာ မ်ိဳးဆက္ သစ္ေတြ ကိုလည္း ေဖးမရင္းလက္တြဲ ေခၚယူသူလည္း ျဖစ္ပါတယ္။

ကာ႐ိုက္မ်ိဳးစုံ႐ိုက္ကူးႏိုင္ေအာင္ လိုအပ္တဲ့ ျပင္ဆင္မႈေတြ လုပ္ေဆာင္ ထားသလို ဝတ္စား ဆင္ယင္မႈ ဒီဇိုင္းေတြကိုလည္း ဒီဇိုင္နာနဲ႔ သီးသန႔္ တိုင္ပင္ကာ ဖက္ရွင္က်က်ဝတ္ဆင္ေလ့ရွိတယ္လို႔ သိရပါတယ္။

"ခႏၶာကိုယ္ထိန္းသိမ္းတာေတာ့ လုပ္ပါတယ္၊ အဝတ္အစား ဆိုလည္း မဂြမ္းမွာက ဒီဇိုင္နာ သုံးေယာက္ေလာက္ရွိတယ္၊ အဲ့ဒါ တိုင္ပင္ၿပီးေတာ့ ဝတ္တာေပါ့၊ ဒီႏွစ္ထဲ ဟာသကားေတြ မ်ားတယ္၊ ကိုခင္လႈိင္နဲ႔ သ႐ုပ္ေဆာင္ထားတဲ့ ကားေတြရွိသလို ေနာက္ထပ္ၿပီး အတူသ႐ုပ္ေဆာင္ရမယ့္ ကားေတြလည္း ရွိတယ္၊ ပရိသတ္ေတြအေနနဲ႔ ႏွစ္သစ္မွာ ေပ်ာ္႐ႊင္ၾကပါေစ၊ မဂြမ္းတို႔လည္း အသစ္သစ္ေတြကို ဖန္တီးဖို႔ ႀကိဳးစားသြားမယ္" လို႔ တကၠသိုလ္ ဂြမ္းပုံက ေျပာပါတယ္။

လတ္တေလာမွာ "ျဖတ္စ"လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားကို ႐ိုက္ကူးထားၿပီး ျပည္ပမွာ သြားေရာက္ ႐ိုက္ကူးခဲ့ရတာေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း

ရန္ကုန္၊ ဇန္နဝါရီ ၄