ကျန်းမာရေးလည်း အရေးကြီးတဲယ်ဆိုတဲ့ သရုပ်ဆောင် အောင်မင်းခန့်

ကျန်းမာရေးလည်း အရေးကြီးတဲယ်ဆိုတဲ့ သရုပ်ဆောင် အောင်မင်းခန့်

ရုပ်သံဇာတ်လမ်းတွဲတစ်ခုကို ရိုက်ကူးနေရာကနေ ကျန်းမာရေးကြောင့် ဆက်မရိုက်ဖြစ်ဘဲ နှုတ်ထွက် ခဲ့ရဖူးတဲ့ သရုပ်ဆောင် အောင်မင်းခန့်ဟာ ကျန်းမာရေးက အရေးကြီးတာကြောင့် ပရိသတ်တွေအနေနဲ့ သတိမူအလေးထားနိုင်ဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။“ဟုတ်ပါတယ်၊ ကျွန်တော် က ကျန်းမာရေးကြောင့် ဆက်ရိုက်လို့မရတော့လို့ နှုတ်ထွက်ခဲ့ရတာပါ၊ ဒါမျိုးက ရိုက်တော့ ရိုက်ချင်တာပေါ့၊ ကျွန်တော်တို့အနုပညာကို ဖော်ထုတ်ပြ ဖို့ အခွင့်အရေးတစ်ခုလေ ကျန်းမာရေးက ရှေ့ဆက်ပြီး ဘာဖြစ်မယ်မှန်းလည်း မသိတော့ နားလိုက်ရတယ်လေ၊ အကုန်လုံးပြင်ဆင် ဖန်တီးပြီး ကြိုးစားထားတာ ကျန်းမာရေးကြောင့် သဲထဲရေသွန်သလိုဖြစ်ခဲ့တာပေါ့၊ ကျွန်တော်လည်း နှမြောတယ်၊ ဒါကြောင့်လည်း ပရိသတ်တွေ အနေနဲ့ ကျန်းမာရေးကိုဂရုစိုက်ပါ၊ ကျန်းမာရေးမကောင်းရင် ဘာမှကို မလုပ်နိုင်တာ ကျွန်တော်ကိုယ်တွေ့ပါပဲ၊ ကျန်းမာခြင်းဟာ လာဘ်တစ်ပါး ဆိုတာ တကယ့်ကို နားလည်ခဲ့ရ တာပါ”လို့ သရုပ်ဆောင် အောင်မင်းခန့်က ပြောပါတယ်။

ထိုသို့ ရပ်နားကာ လက်ရှိအချိန်မှာ ကျန်းမာရေးကောင်းမွန်အောင် ကြိုးစားကာ အနားယူနေပြီး နောက်ပိုင်းမှာ ဆက်လက်လုပ်ဆောင်သွားမယ့် အနုပညာအလုပ်တွေအတွက်ကိုလည်း အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ သိရပါတယ်။ သူဟာ မျက်နှာသစ်သရုပ်ဆောင်တစ်ဦးဖြစ်ပေမယ့် အသက် ၂၈ နှစ်ကျော်ရှိတဲ့ အပြင် ပြောပုံဆိုပုံတွေက ပရိသတ်တွေကို စွဲဆောင်မှုပိုစေခဲ့ပြီး နှစ်သက်သူတွေလည်း များပြားလာခဲ့ပါတယ်။

မကျန်းမာခဲ့တာဟာ အစစအရာရာ ထိခိုက်မှုဖြစ်စေခဲ့တာကိုလည်း သူကိုယ်တိုင်သိနားလည်ခဲ့ရပါတယ်။ “ပရိသတ်ကြီးအနေနဲ့လည်း ကျန်းမာရေးကို ဂရုစိုက်ပါလို့ ထပ်ပြီးပြောချင်ပါတယ်၊ အခုက မိုးရာသီလည်း ဖြစ်တယ်၊ မိုးတွေလည်း ရွာနေတဲ့အခါကျတော့ တုပ်ကွေးတွေ၊ သွေးလွန်တုပ်ကွေးရောဂါတွေက ဖြစ်ရင် မလွယ်ဘူး၊ ပျောက်သွားရင်တောင်မှ ဝေဒနာကို တော်တော်လေး ခံစားရတယ်”လို့ သူက ဆက်ပြောခဲ့ပါတယ်။

သူဟာ ကြော်ငြာအစီအစဉ်တွေ ဓာတ်ပုံတွေကိုလည်း ရိုက်ကူးဖို့ရှိနေသလို ယခုလကုန်ပိုင်းလောက်မှာ ဇာတ်လမ်းထဲ ပါဝင်ရိုက်ကူးခွင့်ရဖို့ ဆွေးနွေးနေတာလေးတွေလည်း ရှိပြီး လက်ရှိမှာ အနာယူရင်း လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း

(  Zawgyi  )

 ႐ုပ္သံဇာတ္လမ္းတြဲတစ္ခုကို ႐ိုက္ကူးေနရာကေန က်န္းမာေရးေၾကာင့္ ဆက္မ႐ိုက္ျဖစ္ဘဲ ႏႈတ္ထြက္ ခဲ့ရဖူးတဲ့ သ႐ုပ္ေဆာင္ ေအာင္မင္းခန႔္ဟာ က်န္းမာေရးက အေရးႀကီးတာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ သတိမူအေလးထားႏိုင္ဖို႔ တိုက္တြန္းေျပာၾကားခဲ့ပါတယ္။“ဟုတ္ပါတယ္၊ ကြၽန္ေတာ္ က က်န္းမာေရးေၾကာင့္ ဆက္႐ိုက္လို႔မရေတာ့လို႔ ႏႈတ္ထြက္ခဲ့ရတာပါ၊ ဒါမ်ိဳးက ႐ိုက္ေတာ့ ႐ိုက္ခ်င္တာေပါ့၊ ကြၽန္ေတာ္တို႔အႏုပညာကို ေဖာ္ထုတ္ျပ ဖို႔ အခြင့္အေရးတစ္ခုေလ က်န္းမာေရးက ေရွ႕ဆက္ၿပီး ဘာျဖစ္မယ္မွန္းလည္း မသိေတာ့ နားလိုက္ရတယ္ေလ၊ အကုန္လုံးျပင္ဆင္ ဖန္တီးၿပီး ႀကိဳးစားထားတာ က်န္းမာေရးေၾကာင့္ သဲထဲေရသြန္သလိုျဖစ္ခဲ့တာေပါ့၊ ကြၽန္ေတာ္လည္း ႏွေျမာတယ္၊ ဒါေၾကာင့္လည္း ပရိသတ္ေတြ အေနနဲ႔ က်န္းမာေရးကိုဂ႐ုစိုက္ပါ၊ က်န္းမာေရးမေကာင္းရင္ ဘာမွကို မလုပ္ႏိုင္တာ ကြၽန္ေတာ္ကိုယ္ေတြ႕ပါပဲ၊ က်န္းမာျခင္းဟာ လာဘ္တစ္ပါး ဆိုတာ တကယ့္ကို နားလည္ခဲ့ရ တာပါ”လို႔ သ႐ုပ္ေဆာင္ ေအာင္မင္းခန႔္က ေျပာပါတယ္။

ထိုသို႔ ရပ္နားကာ လက္ရွိအခ်ိန္မွာ က်န္းမာေရးေကာင္းမြန္ေအာင္ ႀကိဳးစားကာ အနားယူေနၿပီး ေနာက္ပိုင္းမွာ ဆက္လက္လုပ္ေဆာင္သြားမယ့္ အႏုပညာအလုပ္ေတြအတြက္ကိုလည္း အစီအစဥ္ေတြ ေရးဆြဲေနတယ္လို႔ သိရပါတယ္။ သူဟာ မ်က္ႏွာသစ္သ႐ုပ္ေဆာင္တစ္ဦးျဖစ္ေပမယ့္ အသက္ ၂၈ ႏွစ္ေက်ာ္ရွိတဲ့ အျပင္ ေျပာပုံဆိုပုံေတြက ပရိသတ္ေတြကို စြဲေဆာင္မႈပိုေစခဲ့ၿပီး ႏွစ္သက္သူေတြလည္း မ်ားျပားလာခဲ့ပါတယ္။

မက်န္းမာခဲ့တာဟာ အစစအရာရာ ထိခိုက္မႈျဖစ္ေစခဲ့တာကိုလည္း သူကိုယ္တိုင္သိနားလည္ခဲ့ရပါတယ္။ “ပရိသတ္ႀကီးအေနနဲ႔လည္း က်န္းမာေရးကို ဂ႐ုစိုက္ပါလို႔ ထပ္ၿပီးေျပာခ်င္ပါတယ္၊ အခုက မိုးရာသီလည္း ျဖစ္တယ္၊ မိုးေတြလည္း ႐ြာေနတဲ့အခါက်ေတာ့ တုပ္ေကြးေတြ၊ ေသြးလြန္တုပ္ေကြးေရာဂါေတြက ျဖစ္ရင္ မလြယ္ဘူး၊ ေပ်ာက္သြားရင္ေတာင္မွ ေဝဒနာကို ေတာ္ေတာ္ေလး ခံစားရတယ္”လို႔ သူက ဆက္ေျပာခဲ့ပါတယ္။

သူဟာ ေၾကာ္ျငာအစီအစဥ္ေတြ ဓာတ္ပုံေတြကိုလည္း ႐ိုက္ကူးဖို႔ရွိေနသလို ယခုလကုန္ပိုင္းေလာက္မွာ ဇာတ္လမ္းထဲ ပါဝင္႐ိုက္ကူးခြင့္ရဖို႔ ေဆြးေႏြးေနတာေလးေတြလည္း ရွိၿပီး လက္ရွိမွာ အနာယူရင္း လိုအပ္တဲ့ ႀကိဳတင္ျပင္ဆင္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း