"ခေါ်သံ" ရုပ်ရှင်ကား မိတ်ဆက်ပွဲ ကျင်းပ

"ခေါ်သံ" ရုပ်ရှင်ကား မိတ်ဆက်ပွဲ ကျင်းပ

"ခေါ်သံ"လို့ နာမည်ရသော ရုပ်ရှင်ကားအတွက် ကန်တော့ပွဲ အခမ်းအနားနဲ့ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့(ဇူလိုင် ၉ရက်) မနက်က ကျင်းပခဲ့ပါတယ်။

အဆိုပါ ဇာတ်ကားအတွက် ရွှေတိဂုံ စေတီတော် အောင်မြေမှာ အရင်ဆုံး ကန်တော့ပွဲ အခမ်းအနား ကျင်းပပြီးနောက် M3 Food Center မှာ မီဒီယာတွေနဲ့ မိတ်ဆက်ပေးခဲ့ကြ ပါတယ်။ "ဒီဇာတ်ကားက ပရိသတ်ကြိုက်မယ့် ဇာတ်ကား တစ်ကား ဖြစ်လာဖို့ မျှော်လင့်ပါတယ်၊ သရုပ်ဆောင်တွေ လည်း အများကြီး ထည့်သုံးထားတယ်၊ Horror Comedy ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်"လို့ ဒါရိုက်တာ မေဘရဏီ က ပြောပါတယ်။

ထိုဇာတ်ကားမှာ သရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ ကျော်ကျော်ဗိုလ်၊ ရဲတိုက်၊ ရဲရင့်အောင်၊ အောင်မြင့်မြတ်၊ အိချောပို၊ မေမြင့်မိုရ်၊ ရွှေအိမ်စည်၊ ခင်လှိုင်၊ ဂျိုကာ၊ ဆင်မနဲ့ အခြား သရုပ်ဆောင်များစွာ ပါဝင်မှာဖြစ်ပြီး ဒါရိုက်တာ မေဘရဏီနဲ့ စိုးမိုးမင်းတို့ ပူးပေါင်း ရိုက်ကူးကာ Bo Bo Film Production က ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ထိုဇာတ်ကားတွင် ဇာတ်ညွှန်း အပိုင်းကို သေချာ အားထည့် ထားပြီး Producer လုပ်ဖူးသမျှ ဇာတ်ကားများအနက်တွင် အကြိမ်ပေါင်းမြောက်များ စွာ ပြင်ဆင်ထားတဲ့ ကားတစ်ကား ဖြုစ်သလို တော်တော်လေးအားရကြောင်း၊ မင်းသားမင်းသမီး များပြားသည့် အတွက် ရက်ညှိုနှိုင်းမှု အတော် ခက်ခဲခဲ့ပြီး စိတ်ရှည်ရှည်ညှိုနှိုင်း ခဲ့ရကြောင်း ထုတ်လုပ်သူ ကိုဘိုဆန်းက ပြောပြခဲ့ပါတယ်။ VFX အပိုင်းကို ထိုင်းနိုင်ငံ 5 Stars Group မှ တာဝန်ယူလုပ်ဆောင်ပေးမှာဖြစ်သလို အနုပညာ လောကမှာ ပရိသတ်တွေကြိုက်ကြတဲ့ နာမည်ကြီး သရုပ်ဆောင် များစွာ ပါဝင်ကြတာကြောင့် လည်း သရုပ်ဆောင်တွေရဲ့ အနုပညာအားပြိုင်မှုတွေကို ရှုစားရမယ့် ဇာတ်ကားတစ်ကားလည်း ဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် ၉

(  Zawgyi  )

 "ေခၚသံ"လို႔ နာမည္ရေသာ ႐ုပ္ရွင္ကားအတြက္ ကန္ေတာ့ပြဲ အခမ္းအနားနဲ႔ မိတ္ဆက္ပြဲအခမ္းအနားကို ယေန႔(ဇူလိုင္ ၉ရက္) မနက္က က်င္းပခဲ့ပါတယ္။

အဆိုပါ ဇာတ္ကားအတြက္ ေ႐ႊတိဂုံ ေစတီေတာ္ ေအာင္ေျမမွာ အရင္ဆုံး ကန္ေတာ့ပြဲ အခမ္းအနား က်င္းပၿပီးေနာက္ M3 Food Center မွာ မီဒီယာေတြနဲ႔ မိတ္ဆက္ေပးခဲ့ၾက ပါတယ္။ "ဒီဇာတ္ကားက ပရိသတ္ႀကိဳက္မယ့္ ဇာတ္ကား တစ္ကား ျဖစ္လာဖို႔ ေမွ်ာ္လင့္ပါတယ္၊ သ႐ုပ္ေဆာင္ေတြ လည္း အမ်ားႀကီး ထည့္သုံးထားတယ္၊ Horror Comedy ဇာတ္ကားတစ္ကားလည္း ျဖစ္ပါတယ္"လို႔ ဒါ႐ိုက္တာ ေမဘရဏီ က ေျပာပါတယ္။

ထိုဇာတ္ကားမွာ သ႐ုပ္ေဆာင္ေတြအျဖစ္ အကယ္ဒမီ ထြန္းထြန္း၊ အကယ္ဒမီ ေက်ာ္ေက်ာ္ဗိုလ္၊ ရဲတိုက္၊ ရဲရင့္ေအာင္၊ ေအာင္ျမင့္ျမတ္၊ အိေခ်ာပို၊ ေမျမင့္မိုရ္၊ ေ႐ႊအိမ္စည္၊ ခင္လႈိင္၊ ဂ်ိဳကာ၊ ဆင္မနဲ႔ အျခား သ႐ုပ္ေဆာင္မ်ားစြာ ပါဝင္မွာျဖစ္ၿပီး ဒါ႐ိုက္တာ ေမဘရဏီနဲ႔ စိုးမိုးမင္းတို႔ ပူးေပါင္း ႐ိုက္ကူးကာ Bo Bo Film Production က ထုတ္လုပ္မွာ ျဖစ္ပါတယ္။

ထိုဇာတ္ကားတြင္ ဇာတ္ၫႊန္း အပိုင္းကို ေသခ်ာ အားထည့္ ထားၿပီး Producer လုပ္ဖူးသမွ် ဇာတ္ကားမ်ားအနက္တြင္ အႀကိမ္ေပါင္းေျမာက္မ်ား စြာ ျပင္ဆင္ထားတဲ့ ကားတစ္ကား ျဖဳစ္သလို ေတာ္ေတာ္ေလးအားရေၾကာင္း၊ မင္းသားမင္းသမီး မ်ားျပားသည့္ အတြက္ ရက္ညႇိဳႏႈိင္းမႈ အေတာ္ ခက္ခဲခဲ့ၿပီး စိတ္ရွည္ရွည္ညႇိဳႏႈိင္း ခဲ့ရေၾကာင္း ထုတ္လုပ္သူ ကိုဘိုဆန္းက ေျပာျပခဲ့ပါတယ္။ VFX အပိုင္းကို ထိုင္းႏိုင္ငံ 5 Stars Group မွ တာဝန္ယူလုပ္ေဆာင္ေပးမွာျဖစ္သလို အႏုပညာ ေလာကမွာ ပရိသတ္ေတြႀကိဳက္ၾကတဲ့ နာမည္ႀကီး သ႐ုပ္ေဆာင္ မ်ားစြာ ပါဝင္ၾကတာေၾကာင့္ လည္း သ႐ုပ္ေဆာင္ေတြရဲ႕ အႏုပညာအားၿပိဳင္မႈေတြကို ရႈစားရမယ့္ ဇာတ္ကားတစ္ကားလည္း ျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ ၉