ချစ်သူဟောင်းနဲ့သားလေးရတော့မဲ့ ခရစ္စဘရောင်း

 ချစ်သူဟောင်းနဲ့သားလေးရတော့မဲ့ ခရစ္စဘရောင်း

 ယခုတလောမှာ ခရစ္စဘရောင်းဟာ သားလေးထပ်ရတော့မယ်လို့ သတင်းတွေမှာဖော်ပြ ခံနေရပါတယ်။ သားလေးကို လူ့လောကထဲ ကိုခေါ်ဆောင် လာမည့်သူကတော့ သူရဲ့ရည်းစားဟောင်းဖြစ်သူ အမီကာဟဲရစ် ပဲဖြစ်ပါတယ်။လအနည်းငယ်အစောပိုင်းက ခရစ်ဘရောင်းက သူရဲ့ ရည်းစားဟောင်း အမီကာဟဲရစ် ရဲ့ဓာတ်ပုံအောက်မှာ BM (ကလေးရဲ့မေမေ) ဆိုပြီးရေးထားတာကိုတွေ့ရပါတယ်။

ဒီသတင်းကိုဖော်ပြတဲ့ The shade room ကတော့ သူတို့နှစ်ဦးအချစ်ရေးဟာ ရှေ့မဆက်နိုင်တော့ပေမဲ့ သူတို့တွေက အဆင်ပြေတဲ့ ဆက်ဆံရေး ကိုပိုင်ဆိုင်ထားပါတယ်။ကျန်းကျန်းမာမာနဲ့မွေးဖွားနိုင်ပါစေ။ဂုဏ်ယူပါတယ်လို့ဖော်ပြထားပါတယ်။

(  Zawgyi  )

