စမတ်ဖုန်းဘီလူးကြီး ဆမ်ဆောင်း ခေါက်ဖုန်းအပြင် ခေါက် တက်ဘလက်ကိုပါ ကြံဆလျှက်ရှိဟု ဆို

စမတ်ဖုန်းဘီလူးကြီး ဆမ်ဆောင်း ခေါက်ဖုန်းအပြင် ခေါက် တက်ဘလက်ကိုပါ ကြံဆလျှက်ရှိဟု ဆို

အခုအချိန်မှာတော့ စမတ်ဖုန်းဘီလူးကြီး ဆမ်ဆောင်းဟာ အရာရာတိုင်းကို ခေါက်ချင်နေပုံ ရပါတယ်။

တောင်ကိုရီးယား အခြေစိုက် နည်းပညာဘီလူးကြီးဟာ မိုဘိုင်းကိရိယာတွေကို ခေါက်နိုင် ဖြန့်နိုင်တဲ့ စွမ်းရည် ဆောင်ကျဉ်းလာခြင်းမှာ အလားအလာတွေကို မြင်ထားတော့ ဒီလမ်းကြောင်းပေါ်မှာ တစ်ကြိမ်မက ကြိုးစားလာနေခဲ့တာပဲ ဖြစ်ပါတယ်။တကယ်လည်း Galaxy F ဟာ ဒီလမ်းကြောင်းပေါ်မှာ လူပြောသူပြောများတဲ့ ပထမဆုံး ခေါက်ဖုန်းပဲဖြစ်ပြီး အခုလည်း မူပိုင်ခွင့် အသစ်တစ်ခုမှာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီးဟာ တက်ဘလက် (tablets) တွေကိုလည်း အလားတူစွာပဲ ခေါက်လို ဖြန့်လိုနေပုံ ရတယ်လို့ ဆိုပါတယ်။

Phone Arena ရဲ့ ပို့စ်မှာတော့ ဒီ ခေါက် တက်ဘလက်မှာ ကြီးမားတဲ့ ရုပ်ပြဖန်ပြင် ပါရှိမှာဖြစ်ပြီး ရှေ့မျက်နှာပြင်ကို သုံးပိုင်းပိုင်းထားတဲ့ အဆက်နှစ်ခုအပေါ်မှာ အခြေခံထားတဲ့ ဒီဇိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ဖြန့်လိုက်တဲ့အခါမှာ ပုံမှန်တက်ဘလက်လိုပဲ ထင်ရပေမယ့်လည်း ရုပ်ပြဖန်ပြင်ကို သေးချင်တယ်ဆိုရင်တော့ ဝဲဘက်ခြမ်းကို နောက်မှာ ခေါက်သိမ်းထားလို့ ရတယ်လို့ ဆိုပါတယ်။ခေါက်ထားတဲ့ အပိုင်းက သေနေမှာဖြစ်ပြီး ကျန်အပိုင်းတွေကတော့ အလုပ်လုပ်နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း သုံးစွဲသူတွေက အခြေအနေအရ စမတ်ဖုန်းအရွယ်အစား ပုံစံကို ရှာဖွေနေတယ်ဆိုရင်လည်း နောက်ကင်မရာပါတဲ့ ရုပ်ပြဖန်ပြင်ရဲ့ လကျ်ာဖက်အခြမ်းကိုပါ ခေါက်ထားလို့ ရတယ်လို့ ဆိုပါတယ်။သုံးစွဲသူတွေအနေနဲ့ တက်ဘလက်ကို ခေါက်ထားပြီး မြင်နေရတဲ့ ရုပ်ပြဧရိယာကို သုံးရုံပဲလို့ ဆိုပါတယ်။

အသေချာကြီး မဟုတ်ပေမယ့်လည်း ဆမ်ဆောင်းဟာ ခေါက် တက်ဘလက်ကို ခေါင်းစားနေမှာတော့ အမှန်ပါပဲ။ခေါက် တက်ဘလက်ကို ချမပြမီမှာ သူ့ရဲ့ ထွက်အံ့ဆဲဆဲ ခေါက်ဖုန်းတွေကို ဈေးကွက်က ဘယ်လိုတုန့်ပြန်သလဲ ဆိုတာကိုလည်း စောင့်ကြည့်နေတဲ့ သဘောဖြစ်ပုံရပါတယ်။

ခေါက်ဖုန်းနဲ့ ပတ်သက်လို့တော့ ဒီရက်သတ္တပတ်အစက သတင်းထွက်ခဲ့သလိုပဲ ဆမ်ဆောင်းက ကနဦးအနေနဲ့ အလံုံးရေ တစ်သန်းလောက် ထုတ်လုပ်ဖြန့်ချီသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကာစတမ်မာတွေရဲ့ တုန့်ပြန်မှုရေချိန်ကို ကြည့်ပြီးတော့မှ ခေါက် တက်ဘလက်ကို ဆက် လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Smart Tablet Tech
Ref : BGR
နိုဝင်ဘာ - ၁၄

( Zawgyi )

အခုအခ်ိန္မွာေတာ့ စမတ္ဖုန္းဘီလူးႀကီး ဆမ္ေဆာင္းဟာ အရာရာတိုင္းကို ေခါက္ခ်င္ေနပုံ ရပါတယ္။

ေတာင္ကိုရီးယား အေျခစိုက္ နည္းပညာဘီလူးႀကီးဟာ မိုဘိုင္းကိရိယာေတြကို ေခါက္ႏိုင္ ျဖန႔္ႏိုင္တဲ့ စြမ္းရည္ ေဆာင္က်ဥ္းလာျခင္းမွာ အလားအလာေတြကို ျမင္ထားေတာ့ ဒီလမ္းေၾကာင္းေပၚမွာ တစ္ႀကိမ္မက ႀကိဳးစားလာေနခဲ့တာပဲ ျဖစ္ပါတယ္။တကယ္လည္း Galaxy F ဟာ ဒီလမ္းေၾကာင္းေပၚမွာ လူေျပာသူေျပာမ်ားတဲ့ ပထမဆုံး ေခါက္ဖုန္းပဲျဖစ္ၿပီး အခုလည္း မူပိုင္ခြင့္ အသစ္တစ္ခုမွာ ကမာၻ႔အႀကီးဆုံး စမတ္ဖုန္းကုမၸဏီႀကီးဟာ တက္ဘလက္ (tablets) ေတြကိုလည္း အလားတူစြာပဲ ေခါက္လို ျဖန႔္လိုေနပုံ ရတယ္လို႔ ဆိုပါတယ္။

Phone Arena ရဲ႕ ပို႔စ္မွာေတာ့ ဒီ ေခါက္ တက္ဘလက္မွာ ႀကီးမားတဲ့ ႐ုပ္ျပဖန္ျပင္ ပါရွိမွာျဖစ္ၿပီး ေရွ႕မ်က္ႏွာျပင္ကို သုံးပိုင္းပိုင္းထားတဲ့ အဆက္ႏွစ္ခုအေပၚမွာ အေျခခံထားတဲ့ ဒီဇိုင္းျဖစ္တယ္လို႔ ဆိုပါတယ္။ျဖန႔္လိုက္တဲ့အခါမွာ ပုံမွန္တက္ဘလက္လိုပဲ ထင္ရေပမယ့္လည္း ႐ုပ္ျပဖန္ျပင္ကို ေသးခ်င္တယ္ဆိုရင္ေတာ့ ဝဲဘက္ျခမ္းကို ေနာက္မွာ ေခါက္သိမ္းထားလို႔ ရတယ္လို႔ ဆိုပါတယ္။ေခါက္ထားတဲ့ အပိုင္းက ေသေနမွာျဖစ္ၿပီး က်န္အပိုင္းေတြကေတာ့ အလုပ္လုပ္ေနမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္လည္း သုံးစြဲသူေတြက အေျခအေနအရ စမတ္ဖုန္းအ႐ြယ္အစား ပုံစံကို ရွာေဖြေနတယ္ဆိုရင္လည္း ေနာက္ကင္မရာပါတဲ့ ႐ုပ္ျပဖန္ျပင္ရဲ႕ လက်္ာဖက္အျခမ္းကိုပါ ေခါက္ထားလို႔ ရတယ္လို႔ ဆိုပါတယ္။သုံးစြဲသူေတြအေနနဲ႔ တက္ဘလက္ကို ေခါက္ထားၿပီး ျမင္ေနရတဲ့ ႐ုပ္ျပဧရိယာကို သုံး႐ုံပဲလို႔ ဆိုပါတယ္။

အေသခ်ာႀကီး မဟုတ္ေပမယ့္လည္း ဆမ္ေဆာင္းဟာ ေခါက္ တက္ဘလက္ကို ေခါင္းစားေနမွာေတာ့ အမွန္ပါပဲ။ေခါက္ တက္ဘလက္ကို ခ်မျပမီမွာ သူ႔ရဲ႕ ထြက္အံ့ဆဲဆဲ ေခါက္ဖုန္းေတြကို ေဈးကြက္က ဘယ္လိုတုန႔္ျပန္သလဲ ဆိုတာကိုလည္း ေစာင့္ၾကည့္ေနတဲ့ သေဘာျဖစ္ပုံရပါတယ္။

ေခါက္ဖုန္းနဲ႔ ပတ္သက္လို႔ေတာ့ ဒီရက္သတၱပတ္အစက သတင္းထြက္ခဲ့သလိုပဲ ဆမ္ေဆာင္းက ကနဦးအေနနဲ႔ အလံုံးေရ တစ္သန္းေလာက္ ထုတ္လုပ္ျဖန႔္ခ်ီသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ကာစတမ္မာေတြရဲ႕ တုန႔္ျပန္မႈေရခ်ိန္ကို ၾကည့္ၿပီးေတာ့မွ ေခါက္ တက္ဘလက္ကို ဆက္ လုပ္သင့္၊ မလုပ္သင့္ ဆုံးျဖတ္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

Smart Tablet Tech
Ref : BGR
ႏိုဝင္ဘာ - ၁၄