ဇနီးဖြစ်သူရဲ့ မွေးနေ့အတွက် surprise လုပ်ဖို့ စီစဉ်ထားတဲ့ တေးသံရှင် လင်းလင်း

 
ဇနီးဖြစ်သူရဲ့ မွေးနေ့အတွက် surprise လုပ်ဖို့ စီစဉ်ထားတဲ့ တေးသံရှင် လင်းလင်း

တေးသံရှင် လင်းလင်း ဟာ သူ့ရဲ့ ဇနီးဖြစ်သူရဲ့ မွေးနေ့မှာ surprise လုပ်ဖို့ အတွက် တေးသီချင်းကို စီစဉ်ထားပြီး သြဂုတ် ၁၀ ရက်နေ့မှာတော့ “တေးသံသာ”လို့နာမည်ရတဲ့ Application ကနေ ထုတ်လွှင့် ပေးသွားဖို့ စီစဉ်ထားပါတယ်။အဆိုပါ သီချင်းဟာ “မင်းလွှတ်တဲ့ စွန်”လို့ နာမည်ရတဲ့ တေးသီချင်းလည်းဖြစ်သလို Burma Revolution Band က တီးခတ်ကာ ဂစ်တာအဖြစ် David March , Bass တီးခတ်သူအဖြစ် Doe D , ဒရမ်အဖြစ် အောင်သူ တို့က တီးခတ် အားဖြည့်ပေးထားကြသလို တေးသံရှင် လင်းလင်း က သီဆိုထားပါတယ်။

“၁၀ ရက်နေ့မှာ တေးသံသာ ကနေ ဝဲလာမယ့် စွန်ကလေးပါပဲ၊ ထရီဇာ့ ရဲ့ မွေးနေ့ဖြတ်သန်းခဲ့သမျှ ဒီနှစ်ဟာ ကျွန်တော့် အကျေနပ်ဆုံး နဲ့ အပျော်ဆုံးပဲ၊ ကိုယ်တွေနှစ်ယောက်ထဲအတွက်သာမက တစ်နိုင်ငံလုံးက ချစ်ခြင်းမေတ္တာတွေ အားလုံးအတွက် အချစ်သီချင်းလေးတစ်ပုဒ်ပါ”လို့ တေးသံရှင် လင်းလင်းက ပြောပါတယ်။ ထိုသီချင်းအတွက် တေးသံရှင် လင်းလင်း က ဇနီးဖြစ်သူ အံ့သြအောင် surprise လုပ်ဖို့ ကြိတ်စီစဉ်ထား ခဲ့တာ ဖြစ်ပါတယ်။

သူဟာ လက်ရှိမှာလည်း တေးသီချင်းရေးတာတွေ လုပ်ဆောင်နေသလို ဂီတနယ်ပယ်ထဲက မိတ်ဆွေ အပေါင်း အသင်းတွေရဲ့ တေးသီချင်းခွေ ထုတ်လုပ်မှုတွေအတွက်လိုအပ်တဲ့ ပံ့ပိုးကူညီတာတွေလုပ်ဆောင်နေပြီး လတ်တလောမှာ အများစိတ်ဝင်စားနေတဲ့ နေပြည်တော်က သမီးငယ်လေး ဗစ်တိုးရီးယား အမှုမှာလည်း နစ်နာသူဘက်မှ လိုအပ်တဲ့ကူညီမှုတွေ၊ အားပေးဝန်းရံမှုတွေနဲ့ လုပ်ဆောင်ခဲ့သလို ပရဟိတ အလုပ်တွေ လုပ်ကိုင်ဖို့အတွက် မိသားစုဖောင်ဒေးရှင်းလေး တစ်ခုကိုလည်း တည်ထောင်ထားပါတယ်။ ဆက်လက်ပြီးတော့လည်း တေးသီချင်းရေးသားတာတွေကို လုပ်ဆောင်နေသလို မကြာသေးခင် ရက်ပိုင်းအတွင်းက စင်ကာပူနိုင်ငံကို မိသားစုအလည်အပတ်ခရီးအဖြစ် သွားရောက်ခဲ့ပါတယ်။ တေးသံသာ ကနေ ထုတ်လွှင့်မယ့် “မင်းလွှတ်တဲ့ စွန်” ဆိုတဲ့ တေးသီချင်းလေးကို ပရိသတ်တွေကလည်း အားပေးနား ဆင်ပေးဖို့ သူကဆိုပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် ၉

(  Zawgyi  )

 ေတးသံရွင္ လင္းလင္း ဟာ သူ႔ရဲ႕ ဇနီးျဖစ္သူရဲ႕ ေမြးေန႔မွာ surprise လုပ္ဖို႔ အတြက္ ေတးသီခ်င္းကို စီစဥ္ထားၿပီး ၾသဂုတ္ ၁၀ ရက္ေန႔မွာေတာ့ “ေတးသံသာ”လို႔နာမည္ရတဲ့ Application ကေန ထုတ္လႊင့္ ေပးသြားဖို႔ စီစဥ္ထားပါတယ္။အဆိုပါ သီခ်င္းဟာ “မင္းလႊတ္တဲ့ စြန္”လို႔ နာမည္ရတဲ့ ေတးသီခ်င္းလည္းျဖစ္သလို Burma Revolution Band က တီးခတ္ကာ ဂစ္တာအျဖစ္ David March , Bass တီးခတ္သူအျဖစ္ Doe D , ဒရမ္အျဖစ္ ေအာင္သူ တို႔က တီးခတ္ အားျဖည့္ေပးထားၾကသလို ေတးသံရွင္ လင္းလင္း က သီဆိုထားပါတယ္။

“၁၀ ရက္ေန႔မွာ ေတးသံသာ ကေန ဝဲလာမယ့္ စြန္ကေလးပါပဲ၊ ထရီဇာ့ ရဲ႕ ေမြးေန႔ျဖတ္သန္းခဲ့သမွ် ဒီႏွစ္ဟာ ကြၽန္ေတာ့္ အေက်နပ္ဆုံး နဲ႔ အေပ်ာ္ဆုံးပဲ၊ ကိုယ္ေတြႏွစ္ေယာက္ထဲအတြက္သာမက တစ္ႏိုင္ငံလုံးက ခ်စ္ျခင္းေမတၱာေတြ အားလုံးအတြက္ အခ်စ္သီခ်င္းေလးတစ္ပုဒ္ပါ”လို႔ ေတးသံရွင္ လင္းလင္းက ေျပာပါတယ္။ ထိုသီခ်င္းအတြက္ ေတးသံရွင္ လင္းလင္း က ဇနီးျဖစ္သူ အံ့ၾသေအာင္ surprise လုပ္ဖို႔ ႀကိတ္စီစဥ္ထား ခဲ့တာ ျဖစ္ပါတယ္။

သူဟာ လက္ရွိမွာလည္း ေတးသီခ်င္းေရးတာေတြ လုပ္ေဆာင္ေနသလို ဂီတနယ္ပယ္ထဲက မိတ္ေဆြ အေပါင္း အသင္းေတြရဲ႕ ေတးသီခ်င္းေခြ ထုတ္လုပ္မႈေတြအတြက္လိုအပ္တဲ့ ပံ့ပိုးကူညီတာေတြလုပ္ေဆာင္ေနၿပီး လတ္တေလာမွာ အမ်ားစိတ္ဝင္စားေနတဲ့ ေနျပည္ေတာ္က သမီးငယ္ေလး ဗစ္တိုးရီးယား အမႈမွာလည္း နစ္နာသူဘက္မွ လိုအပ္တဲ့ကူညီမႈေတြ၊ အားေပးဝန္းရံမႈေတြနဲ႔ လုပ္ေဆာင္ခဲ့သလို ပရဟိတ အလုပ္ေတြ လုပ္ကိုင္ဖို႔အတြက္ မိသားစုေဖာင္ေဒးရွင္းေလး တစ္ခုကိုလည္း တည္ေထာင္ထားပါတယ္။ ဆက္လက္ၿပီးေတာ့လည္း ေတးသီခ်င္းေရးသားတာေတြကို လုပ္ေဆာင္ေနသလို မၾကာေသးခင္ ရက္ပိုင္းအတြင္းက စင္ကာပူႏိုင္ငံကို မိသားစုအလည္အပတ္ခရီးအျဖစ္ သြားေရာက္ခဲ့ပါတယ္။ ေတးသံသာ ကေန ထုတ္လႊင့္မယ့္ “မင္းလႊတ္တဲ့ စြန္” ဆိုတဲ့ ေတးသီခ်င္းေလးကို ပရိသတ္ေတြကလည္း အားေပးနား ဆင္ေပးဖို႔ သူကဆိုပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ ၉