ဇာတ်ကားကောင်းတွေ အနာဂတ် ထွက်ပေါ်လာနိုင် တယ်လို့ ဖြိုးငွေစိုး ဆို

ဇာတ်ကားကောင်းတွေ အနာဂတ် ထွက်ပေါ်လာနိုင် တယ်လို့ ဖြိုးငွေစိုး ဆို

ပြည်တွင်းက ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဆန်းသစ်တဲ့ အတွေးအခေါ်အပြင်အဆင် ဖန်တီးမှုတွေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတွေ အနာဂတ်ကာလမှာ ပေါ်ထွက်လာနိုင်တဲ့အခြေအနေမျိုးရှိတယ်လို့ သရုပ်ဆောင် ဖြိုးငွေစိုးက ပြောပါတယ်။“ပရိသတ်တွေကလည်း ဒီလိုဆန်းသစ် တဲ့ ဟာမျိုးကို ကြိုဆိုလက်ခံလာကြပါတယ်၊ အခုရုံတင်တဲ့ အနန္တလို ဇာတ်ကားမျိုးပေါ့၊ နောက်ပိုင်းမှာ ဆန်းသစ်တဲ့အထူးပြုလုပ်ချက်တွေနဲ့ အများကြီးပေါ်လာဖို့ ရှိနိုင်တယ်လု့ိ ကျွန်တော်ကတော့ အဲ့ဒီလိုယုံတယ်၊ တစ်ခါလာလည်း ဒီလိုပဲဆိုတဲ့ သမားရိုးကျအခြေအနေမျိုးကို ပရိသတ်တွေ က ငြီးငွေ့နေလောက်ပြီ၊ အခု ဒီဇာတ်ကားဟာလည်း အားပေးကြည့်ရှုသူတွေ တော်တော် များမှာပါ”လို့ သရုပ်ဆောင် ဖြိုးငွေစိုးက ရှင်းပြ ပါ တယ်။ သူ့အနေနဲ့ လတ်တလောမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကားတွေအများအပြားရှိနေသလို ဆက်လက်ပြီး ဆွေးနွေးနေတာတွေ လည်း ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ ဖွံ့ဖြိုးတိုးတက်မှုရှိလာအောင် အပြောင်းအလဲတွေနဲ့ လုပ်ဆောင်နေသလို သာမန်တွေးခေါ်မှုတွေနဲ့ မတူတဲ့ အခြေအနေဇာတ်ကားတွေကို ပရိသတ်တွေကမျှော်လင့်လာကြကြောင်း၊ သာမန်နဲ့မတူတဲ့ ဖန်တီးပုံတွေ၊ ရိုက်ကူးမှုတွေကို ပရိသတ်က ပိုသဘောကျလာပြီး ယခုနောက်ပိုင်းမှာ တုန့်ပြန်မှု တွေလည်း ရှိလာတယ်လို့ သိရပါတယ်။ “အခုဆိုရင် ဇာတ်ကားတစ်ကား ကောင်းတယ်၊ မကောင်းဘူးဆိုတာကို အရင်လိုတော့ မဟုတ်တော့ဘူး၊ ပရိသတ်အနေနဲ့ တုန့်ပြန်တာမြန်တယ်၊ ဒါဟာလည်း ကောင်းတဲ့အချက်ပါ၊ ကျွန်တော် တို့ အနုပညာရှင်တွေဘက်က ကြိုးစားဖို့အရေးကြီးတာပေါ့”လို့လည်း သူက ဆက်လက် ပြောကြား ပါတယ်။

လက်ရှိလုပ်ကိုင်နေတဲ့ ရုံတင်မှုစနစ်တွေအရ ရိုက်ပြီးသားဇာတ်ကားတွေဟာ သုံး၊ လေး နှစ်လောက်ကြာမှ ရုံတင်ခွင့်ရတဲ့ အခြေအနေမျိုးတွေ ကလည်း ရှိတာကြောင့် အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးကာ ရိုက်ကူးထားတဲ့ ဇာတ်ကားတွေဆိုရင် ခေတ်ကာလနဲ့လျော်ညီနိုင်သော အခြေအနေ မျိုးဖြစ်မလာမှာကိုလည်း စိုးရိမ်မိကြောင်း၊ အနာဂတ်ကာလပြောင်းလဲမှုတွေနဲ့အတူ အရည်အသွေးမြင့်တဲ့ ဇာတ်ကားကောင်းတွေပေါ်ထွက်ဖို့ဟာ ရုပ်ရှင် လောကသားတွေသာမကဘဲ ဆက်စပ်တဲ့နယ်ပယ်တစ်ဝန်းလုံး လုပ်ကိုင်သူတွေရဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေလည်း အရေးကြီး တယ်လို့ သိရပါတယ်။      
    
 မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် ၄

(  Zawgyi  )

 ျပည္တြင္းက ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ ဆန္းသစ္တဲ့ အေတြးအေခၚအျပင္အဆင္ ဖန္တီးမႈေတြနဲ႔ ႐ိုက္ကူးထားတဲ့ ဇာတ္ကားေကာင္းေတြ အနာဂတ္ကာလမွာ ေပၚထြက္လာႏိုင္တဲ့အေျခအေနမ်ိဳးရွိတယ္လို႔ သ႐ုပ္ေဆာင္ ၿဖိဳးေငြစိုးက ေျပာပါတယ္။“ပရိသတ္ေတြကလည္း ဒီလိုဆန္းသစ္ တဲ့ ဟာမ်ိဳးကို ႀကိဳဆိုလက္ခံလာၾကပါတယ္၊ အခု႐ုံတင္တဲ့ အနႏၲလို ဇာတ္ကားမ်ိဳးေပါ့၊ ေနာက္ပိုင္းမွာ ဆန္းသစ္တဲ့အထူးျပဳလုပ္ခ်က္ေတြနဲ႔ အမ်ားႀကီးေပၚလာဖို႔ ရွိႏိုင္တယ္လု႔ိ ကြၽန္ေတာ္ကေတာ့ အဲ့ဒီလိုယုံတယ္၊ တစ္ခါလာလည္း ဒီလိုပဲဆိုတဲ့ သမား႐ိုးက်အေျခအေနမ်ိဳးကို ပရိသတ္ေတြ က ၿငီးေငြ႕ေနေလာက္ၿပီ၊ အခု ဒီဇာတ္ကားဟာလည္း အားေပးၾကည့္ရႈသူေတြ ေတာ္ေတာ္ မ်ားမွာပါ”လို႔ သ႐ုပ္ေဆာင္ ၿဖိဳးေငြစိုးက ရွင္းျပ ပါ တယ္။ သူ႔အေနနဲ႔ လတ္တေလာမွာ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ ဇာတ္ကားေတြအမ်ားအျပားရွိေနသလို ဆက္လက္ၿပီး ေဆြးေႏြးေနတာေတြ လည္း ရွိတယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ႐ုပ္ရွင္ေလာကမွာ ဖြံ႕ၿဖိဳးတိုးတက္မႈရွိလာေအာင္ အေျပာင္းအလဲေတြနဲ႔ လုပ္ေဆာင္ေနသလို သာမန္ေတြးေခၚမႈေတြနဲ႔ မတူတဲ့ အေျခအေနဇာတ္ကားေတြကို ပရိသတ္ေတြကေမွ်ာ္လင့္လာၾကေၾကာင္း၊ သာမန္နဲ႔မတူတဲ့ ဖန္တီးပုံေတြ၊ ႐ိုက္ကူးမႈေတြကို ပရိသတ္က ပိုသေဘာက်လာၿပီး ယခုေနာက္ပိုင္းမွာ တုန႔္ျပန္မႈ ေတြလည္း ရွိလာတယ္လို႔ သိရပါတယ္။ “အခုဆိုရင္ ဇာတ္ကားတစ္ကား ေကာင္းတယ္၊ မေကာင္းဘူးဆိုတာကို အရင္လိုေတာ့ မဟုတ္ေတာ့ဘူး၊ ပရိသတ္အေနနဲ႔ တုန႔္ျပန္တာျမန္တယ္၊ ဒါဟာလည္း ေကာင္းတဲ့အခ်က္ပါ၊ ကြၽန္ေတာ္ တို႔ အႏုပညာရွင္ေတြဘက္က ႀကိဳးစားဖို႔အေရးႀကီးတာေပါ့”လို႔လည္း သူက ဆက္လက္ ေျပာၾကား ပါတယ္။

လက္ရွိလုပ္ကိုင္ေနတဲ့ ႐ုံတင္မႈစနစ္ေတြအရ ႐ိုက္ၿပီးသားဇာတ္ကားေတြဟာ သုံး၊ ေလး ႏွစ္ေလာက္ၾကာမွ ႐ုံတင္ခြင့္ရတဲ့ အေျခအေနမ်ိဳးေတြ ကလည္း ရွိတာေၾကာင့္ အထူးျပဳလုပ္ခ်က္ေတြနဲ႔ ဖန္တီးကာ ႐ိုက္ကူးထားတဲ့ ဇာတ္ကားေတြဆိုရင္ ေခတ္ကာလနဲ႔ေလ်ာ္ညီႏိုင္ေသာ အေျခအေန မ်ိဳးျဖစ္မလာမွာကိုလည္း စိုးရိမ္မိေၾကာင္း၊ အနာဂတ္ကာလေျပာင္းလဲမႈေတြနဲ႔အတူ အရည္အေသြးျမင့္တဲ့ ဇာတ္ကားေကာင္းေတြေပၚထြက္ဖို႔ဟာ ႐ုပ္ရွင္ ေလာကသားေတြသာမကဘဲ ဆက္စပ္တဲ့နယ္ပယ္တစ္ဝန္းလုံး လုပ္ကိုင္သူေတြရဲ႕ ဆန္းသစ္တဲ့ အေတြးအေခၚေတြလည္း အေရးႀကီး တယ္လို႔ သိရပါတယ္။      
    
 မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ ၄