ဒစ္စနေးလ်အတွက် နောက်ထပ်သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့ Lion King လိုက်ဖ်အက်ရှင်

ဒစ္စနေးလ်အတွက် နောက်ထပ်သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့ Lion King လိုက်ဖ်အက်ရှင်

Lion King လိုက်ဖ်အက်ရှင် ဇာတ်ကားဟာ ဒစ္စနေးလ်ရဲ့ နောက်ထပ်သမိုင်းမှတ်တိုင် တစ်ခုအဖြစ် အောင်မြင်မှု စိုက်ထူနိုင်ခဲ့ပါတယ်။

ဒါရိုက်တာ Jon Favreau ဖန်တီးပုံဖော်ခဲ့တဲ့ လိုက်ဖ်အက်ရှင်က ၁၉၉၄ ခုနှစ် မူရင်းကာတွန်းရုပ်ရှင်ထက် အမြတ်အစွန်း ပိုရခဲ့ပါတယ်။

ဒီနှစ်ထဲမှာ တစ်ကမ္ဘာလုံးကနေ ဝင်ငွေ ၁ ဘီလျံကျော်ဝင်တဲ့ ဒစ်စနေဇာတ်ကား ၄ ကားမြောက်လည်း ဖြစ်ပါတယ်။

မူရင်းကာတွန်းကားမှာတုန်းက အမေရိကန်မှာ ဒေါ်လာ ၄၂၂ သန်းနဲ့ ကမ္ဘာတစ်ဝန်း ဒေါ်လာ ၅၄၅ သန်း၊ စုစုပေါင်း ဒေါ်လာ ၉၆၅.၅ သန်း ဝင်ငွေရခဲ့ပါတယ်။၂၀၁၉ ခုနှစ် လိုက်ဖ်အက်ရှင်အဖြစ် ပြန်လည်အသက်သွင်းတဲ့ ဇာတ်ကားမှာ ဇူလိုင် ၃၀ ရက်နေ့အထိ တစ်ကမ္ဘာလုံးက ရတဲ့ဝင်ငွေ ဒေါ်လာတစ်ဘီလျံ ကျော်သွားပြီလို့ ဆိုပါတယ်။ဒါပေမဲ့လည်း အမေရိကန် Box Office ဝင်ငွေမှာတော့ ဒေါ်လာ ၃၆၁ သန်းသာ ဝင်ငွေရှိသေးလို့ သူ့အရင်မူရင်းဇာတ်ကားကိုမီဖို့ လိုပါသေးတယ်။နောက်ပြီး ရုံတင်တာ ရက်ပိုင်းပဲရှိသေးလို့ စောင့်ကြည့်ဖို့တော့ လိုပါတယ်။

ဒစ္စနေးလ် ထုတ်လုပ်ရေးကတော့ Lion King လိုက်ဖ်အက်ရှင်က တစ်နှစ်အတွင်း Box Officeမှာ သူ့ရဲ့တခြားဇာတ်ကားတွေထက် အကောင်းဆုံးစံချိန်ချိုးခဲ့လို့ ဒီတစ်ပတ် အောင်ပွဲခံခဲ့ပါတယ်။

 

အခုနောက်ဆုံး ဝင်ငွေ ၁ ဘီလီယံကျော်နဲ့ တစ်ခဲနက်အောင်မြင်မှုရတဲ့ ဇာတ်ကားတွေကတော့ Captain Marvel ၊ Avengers: Endgame ၊ Aladdin ၊ Toy Story နဲ့ Lion King တို့ပဲ ဖြစ်ပါတယ်။

Frozen 2 ၊ Star Wars: The Rise of Skywalker ၊ Maleficent: Mistress of Evil စတဲ့ ဇာတ်ကားကောင်းတွေကို ဒစ္စနေးလ် ဒီနှစ်မကုန်ခင် ရုံတင်ပြသဖို့ ရှိနေပါတယ်။

ရည်မွန်
Ref : digitalspy
ကယ်လီဖိုးနီးယား၊ ဇူလိုင် - ၃၁

( Zawgyi )

Lion King လိုက္ဖ္အက္ရွင္ ဇာတ္ကားဟာ ဒစၥေနးလ္ရဲ႕ ေနာက္ထပ္သမိုင္းမွတ္တိုင္ တစ္ခုအျဖစ္ ေအာင္ျမင္မႈ စိုက္ထူႏိုင္ခဲ့ပါတယ္။

ဒါ႐ိုက္တာ Jon Favreau ဖန္တီးပုံေဖာ္ခဲ့တဲ့ လိုက္ဖ္အက္ရွင္က ၁၉၉၄ ခုႏွစ္ မူရင္းကာတြန္း႐ုပ္ရွင္ထက္ အျမတ္အစြန္း ပိုရခဲ့ပါတယ္။

ဒီႏွစ္ထဲမွာ တစ္ကမာၻလုံးကေန ဝင္ေငြ ၁ ဘီလ်ံေက်ာ္ဝင္တဲ့ ဒစ္စေနဇာတ္ကား ၄ ကားေျမာက္လည္း ျဖစ္ပါတယ္။

မူရင္းကာတြန္းကားမွာတုန္းက အေမရိကန္မွာ ေဒၚလာ ၄၂၂ သန္းနဲ႔ ကမာၻတစ္ဝန္း ေဒၚလာ ၅၄၅ သန္း၊ စုစုေပါင္း ေဒၚလာ ၉၆၅.၅ သန္း ဝင္ေငြရခဲ့ပါတယ္။၂၀၁၉ ခုႏွစ္ လိုက္ဖ္အက္ရွင္အျဖစ္ ျပန္လည္အသက္သြင္းတဲ့ ဇာတ္ကားမွာ ဇူလိုင္ ၃၀ ရက္ေန႔အထိ တစ္ကမာၻလုံးက ရတဲ့ဝင္ေငြ ေဒၚလာတစ္ဘီလ်ံ ေက်ာ္သြားၿပီလို႔ ဆိုပါတယ္။ဒါေပမဲ့လည္း အေမရိကန္ Box Office ဝင္ေငြမွာေတာ့ ေဒၚလာ ၃၆၁ သန္းသာ ဝင္ေငြရွိေသးလို႔ သူ႔အရင္မူရင္းဇာတ္ကားကိုမီဖို႔ လိုပါေသးတယ္။ေနာက္ၿပီး ႐ုံတင္တာ ရက္ပိုင္းပဲရွိေသးလို႔ ေစာင့္ၾကည့္ဖို႔ေတာ့ လိုပါတယ္။

ဒစၥေနးလ္ ထုတ္လုပ္ေရးကေတာ့ Lion King လိုက္ဖ္အက္ရွင္က တစ္ႏွစ္အတြင္း Box Officeမွာ သူ႔ရဲ႕တျခားဇာတ္ကားေတြထက္ အေကာင္းဆုံးစံခ်ိန္ခ်ိဳးခဲ့လို႔ ဒီတစ္ပတ္ ေအာင္ပြဲခံခဲ့ပါတယ္။

အခုေနာက္ဆုံး ဝင္ေငြ ၁ ဘီလီယံေက်ာ္နဲ႔ တစ္ခဲနက္ေအာင္ျမင္မႈရတဲ့ ဇာတ္ကားေတြကေတာ့ Captain Marvel ၊ Avengers: Endgame ၊ Aladdin ၊ Toy Story နဲ႔ Lion King တို႔ပဲ ျဖစ္ပါတယ္။

Frozen 2 ၊ Star Wars: The Rise of Skywalker ၊ Maleficent: Mistress of Evil စတဲ့ ဇာတ္ကားေကာင္းေတြကို ဒစၥေနးလ္ ဒီႏွစ္မကုန္ခင္ ႐ုံတင္ျပသဖို႔ ရွိေနပါတယ္။

ရည္မြန္
Ref : digitalspy
ကယ္လီဖိုးနီးယား၊ ဇူလိုင္ - ၃၁