နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်ရန်ရည်ရွယ်ထားတဲ့ ကောင်းကင်မရှိတဲ့ကြယ် ရုပ်ရှင်ဇာတ်ကား

နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်ရန်ရည်ရွယ်ထားတဲ့ ကောင်းကင်မရှိတဲ့ကြယ် ရုပ်ရှင်ဇာတ်ကား

မြန်မာ့ရုပ်ရှင်လောကကို မြှင့်တင်ရန်ရည်ရွယ်ကာ နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်ဖို့ရည်ရွယ်ထားတဲ့ “ကောင်းကင်မရှိတဲ့ ကြယ်”လို့ နာမည်ရသော ရုပ်ရှင်ဇာတ်ကားကို မကြာခင်ရိုက်ကူးဖို့စီစဉ်ထားတယ်လို့ ယင်းဇာတ်ကားနဲ့ပတ်သက်တဲ့ အခမ်းအနားမှာ Myanmar Media 7 က သိရတာဖြစ်ပါတယ်။

ထိုဇာတ်ကားထဲမှာ မြန်မာနိုင်ငံဘက်မှ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊ ထွန်းထွန်း (Examplez)၊ မိုးစက်ဝိုင် တို့အပါအဝင် သရုပ်ဆောင်များစွာ၊ ထိုင်းနိုင်ငံမှ အသက် ၂၀ ကျော် အရွယ်တွေဖြစ်တဲ့ မင်းသား Ken Phupoom Pongpanu နဲ့ Korn Kang တို့ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ “ပြည်ပနိုင်ငံက သူတွေနဲ့ ပူးပေါင်းရိုက်ကူးရတာဟာ အတွေ့အကြုံကောင်းတွေရစေပါတယ်၊ ကျွန်တော်တို့အတွက်လည်း အများကြီး တိုးတက်မှုရှိမယ်လို့ မျှော်လင့်ပါတယ်၊ အတူတူပါဝင်ရမယ့် သရုပ်ဆောင်တွေက နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တာကြောင့် ဒါဟာဘာပဲပြောပြော ကောင်းတဲ့အလားလာတစ်ခုဖြစ်လာလိမ့်မယ်လို့မြင်တယ်”လို့လည်း သရုပ်ဆောင် ထွန်းထွန်း (Examplez)က ပြောပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားအတွက် ကန်တော့ပွဲပေးတာကို ယနေ့(အောက်တိုဘာ ၁၀ ရက်) မနက် ၈နာရီက ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ရင်ပြင်က အောင်မြေမှာ ကျင်းပခဲ့ပြီး စာနယ်ဇင်းရှင်းလင်းပွဲနဲ့အတူ ပါဝင်ကြမယ့် ထိုင်း သရုပ်ဆောင်တွေရဲ့ သဘောတူလက်မှတ်ထိုးတာတွေ၊ Myanmar Media 7 နဲ့ 7 th Sense Creation ရုပ်ရှင်ထုတ်လုပ်ရေးတို့ရဲ့ စာချုပ်ချုပ်ဆိုတာတွေကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

ထိုဇာတ်ကားရဲ့ ဇာတ်လမ်းအများစုကို ပြည်တွင်းက ချောက်မြို့မှာ ရိုက်ကူးသွားဖို့လည်း လျာထားပြီး မြန်မာနိုင်ငံ မြေလတ်ဒေသရဲ့ လူနေမှုစနစ်တွေအပါအဝင် ချောက်ရေနံမြေရဲ့ ရှုခင်းတွေကိုလည်း ထည့်သွင်း ပြသသွားဖို့စီစဉ်ထားကြောင်း၊ ဇာတ်ကားရိုက်ကူးမှုအတွက် လိုအပ်တဲ့ မြေပြင်အခြေအနေ ကွင်းဆင်းကြည့်ရှုတာတွေကို စက်တင်ဘာကုန်ပိုင်းမှာ ကြိုတင်လုပ်ဆောင်ခဲ့ကြပြီး ယခုလကုန်ပိုင်းမှာ စတင်ရိုက်ကူးဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးပြီးစီးတဲ့အခါ မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ ဂျပန် အစရှိတဲ့ နိုင်ငံတွေမှာလည်း ပြသဖို့ စီစဉ် ထားပြီး ဒါရိုက်တာပိုင်းမှာလည်း ပြည်ပဒါရိုက်တာတွေနဲ့ ပူးပေါင်းရိုက်ကူးသွားရန် ဆွေးနွေးနေတာလည်း ရှိပါတယ်။

 မင်းခေတ်လင်း
(ဓာတ်ပုံ -ကိုနိုင် NG)
ရန်ကုန်၊ အောက်တိုဘာ ၁၀

(  Zawgyi  )

 ျမန္မာ့႐ုပ္ရွင္ေလာကကို ျမႇင့္တင္ရန္ရည္႐ြယ္ကာ ႏိုင္ငံတကာေဈးကြက္အထိ ထိုးေဖာက္ဖို႔ရည္႐ြယ္ထားတဲ့ “ေကာင္းကင္မရွိတဲ့ ၾကယ္”လို႔ နာမည္ရေသာ ႐ုပ္ရွင္ဇာတ္ကားကို မၾကာခင္႐ိုက္ကူးဖို႔စီစဥ္ထားတယ္လို႔ ယင္းဇာတ္ကားနဲ႔ပတ္သက္တဲ့ အခမ္းအနားမွာ Myanmar Media 7 က သိရတာျဖစ္ပါတယ္။

ထိုဇာတ္ကားထဲမွာ ျမန္မာႏိုင္ငံဘက္မွ နာမည္ႀကီး သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ ေနတိုး၊ ထြန္းထြန္း (Examplez)၊ မိုးစက္ဝိုင္ တို႔အပါအဝင္ သ႐ုပ္ေဆာင္မ်ားစြာ၊ ထိုင္းႏိုင္ငံမွ အသက္ ၂၀ ေက်ာ္ အ႐ြယ္ေတြျဖစ္တဲ့ မင္းသား Ken Phupoom Pongpanu နဲ႔ Korn Kang တို႔ ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။ “ျပည္ပႏိုင္ငံက သူေတြနဲ႔ ပူးေပါင္း႐ိုက္ကူးရတာဟာ အေတြ႕အႀကဳံေကာင္းေတြရေစပါတယ္၊ ကြၽန္ေတာ္တို႔အတြက္လည္း အမ်ားႀကီး တိုးတက္မႈရွိမယ္လို႔ ေမွ်ာ္လင့္ပါတယ္၊ အတူတူပါဝင္ရမယ့္ သ႐ုပ္ေဆာင္ေတြက နာမည္ႀကီး သ႐ုပ္ေဆာင္ေတြ ျဖစ္တာေၾကာင့္ ဒါဟာဘာပဲေျပာေျပာ ေကာင္းတဲ့အလားလာတစ္ခုျဖစ္လာလိမ့္မယ္လို႔ျမင္တယ္”လို႔လည္း သ႐ုပ္ေဆာင္ ထြန္းထြန္း (Examplez)က ေျပာပါတယ္။

ထို႐ုပ္ရွင္ဇာတ္ကားအတြက္ ကန္ေတာ့ပြဲေပးတာကို ယေန႔(ေအာက္တိုဘာ ၁၀ ရက္) မနက္ ၈နာရီက ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊတိဂုံေစတီေတာ္ရင္ျပင္က ေအာင္ေျမမွာ က်င္းပခဲ့ၿပီး စာနယ္ဇင္းရွင္းလင္းပြဲနဲ႔အတူ ပါဝင္ၾကမယ့္ ထိုင္း သ႐ုပ္ေဆာင္ေတြရဲ႕ သေဘာတူလက္မွတ္ထိုးတာေတြ၊ Myanmar Media 7 နဲ႔ 7 th Sense Creation ႐ုပ္ရွင္ထုတ္လုပ္ေရးတို႔ရဲ႕ စာခ်ဳပ္ခ်ဳပ္ဆိုတာေတြကိုလည္း လုပ္ေဆာင္ခဲ့ၾကပါတယ္။

ထိုဇာတ္ကားရဲ႕ ဇာတ္လမ္းအမ်ားစုကို ျပည္တြင္းက ေခ်ာက္ၿမိဳ႕မွာ ႐ိုက္ကူးသြားဖို႔လည္း လ်ာထားၿပီး ျမန္မာႏိုင္ငံ ေျမလတ္ေဒသရဲ႕ လူေနမႈစနစ္ေတြအပါအဝင္ ေခ်ာက္ေရနံေျမရဲ႕ ရႈခင္းေတြကိုလည္း ထည့္သြင္း ျပသသြားဖို႔စီစဥ္ထားေၾကာင္း၊ ဇာတ္ကား႐ိုက္ကူးမႈအတြက္ လိုအပ္တဲ့ ေျမျပင္အေျခအေန ကြင္းဆင္းၾကည့္ရႈတာေတြကို စက္တင္ဘာကုန္ပိုင္းမွာ ႀကိဳတင္လုပ္ေဆာင္ခဲ့ၾကၿပီး ယခုလကုန္ပိုင္းမွာ စတင္႐ိုက္ကူးဖို႔စီစဥ္ထားတယ္လို႔ သိရပါတယ္။ ဇာတ္ကား႐ိုက္ကူးၿပီးစီးတဲ့အခါ ျမန္မာႏိုင္ငံအပါအဝင္ ထိုင္း၊ ဂ်ပန္ အစရွိတဲ့ ႏိုင္ငံေတြမွာလည္း ျပသဖို႔ စီစဥ္ ထားၿပီး ဒါ႐ိုက္တာပိုင္းမွာလည္း ျပည္ပဒါ႐ိုက္တာေတြနဲ႔ ပူးေပါင္း႐ိုက္ကူးသြားရန္ ေဆြးေႏြးေနတာလည္း ရွိပါတယ္။

 မင္းေခတ္လင္း
(ဓာတ္ပုံ -ကိုႏိုင္ NG)
ရန္ကုန္၊ ေအာက္တိုဘာ ၁၀