ပရဟိတလုပ်သူတွေကိုအားကျနေတယ်ဆိုတဲ့ သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံ

ပရဟိတလုပ်သူတွေကိုအားကျနေတယ်ဆိုတဲ့ သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံ

ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင်တွေထဲက ဝါရင့်တဲ့သရုပ်ဆောင်တစ်ဦးလည်းဖြစ်သူ တက္ကသိုလ် ဂွမ်းပုံဟာ သူမကိုယ်တိုင် ပရဟိတအလုပ်တွေကိုအားတက်သရောမလုပ်နိုင်ပေမယ့် ပရဟိတ လုပ်နေသူတွေကို အားကျမိတယ်လို့ ဆိုပါတယ်။

သူ့ရဲ့မိခင်ဖြစ်တဲ့ အသက် ၇၉ နှစ်အရွယ် ဒေါ်ရင်သန်းဟာ မေလ ၂၄ ရက်နေ့က စံပြဆေးရုံမှာ ဆုံးပါးသွားခဲ့ပြီး ရေဝေးသုဿာန်ကို ပို့ဆောင်သင်္ဂြိုဟ်ရာမှာလည်း နာရေးကူညီမှုအသင်း အပါအဝင် ပရဟိတအဖွဲ့တွေရဲ့အကူအညီနဲ့ လုပ်ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

“တကယ့်ကိုလည်း လေးစားချီးကျူးမိပါတယ်၊ ကိုယ်တိုင်သူများ အခက်အခဲကို ကူညီတာတွေနဲ့ ပရဟိတအလုပ်တွေကို အဲ့လိုမလုပ်နိုင်သေးတော့ အဲ့လိုလုပ်တဲ့သူတွေကိုလည်း အရမ်းကို ဂုဏ်ယူမိတယ်၊ မဂွမ်းတို့လုပ်နိုင်တဲ့အပိုင်းကနေ နိုင်သလောက်လှူဒါန်းတာတွေနဲ့ လုပ်ဆောင် သွားမှာပါ၊ ဒီရက်တွေကလည်း အမေ့ရဲ့နာရေးနဲ့ဆိုတော့ အင်တာဗျူးတွေဘာတွေ သိပ်ပြီး မဖြေချင်ဘူး၊ အနုပညာအလုပ် တွေကတော့ ဒီလိုကာလမှာ နားထားပါတယ်၊ ရိုက်လက် စလေးတွေ ကတော့ လောလောဆယ်ဘယ်တော့ပြန်စမလဲလို့ မပြောနိုင်သေးဘူး၊ ပြန်စတဲ့အချိန် မဂွမ်းတို့က လုပ်ရမှာပဲလေ”လို့ ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင် တက္ကသိုလ် ဂွမ်းပုံက ဆိုပါတယ်။

သူမဟာ အနုပညာအလုပ်တွေကရရှိတဲ့ ငွေကြေးတွေနဲ့ မိဘတွေကို လုပ်ကျွေးနေသူလည်းဖြစ်ပြီး ၁၀ စုနှစ် တစ်စုကျော်လာတဲ့အထိ ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိနေသူလည်း ဖြစ်သလို အသက်အရွယ်နဲ့မလိုက်အောင် ချောမောလှပမှု ကိုပိုင်ဆိုင်ထားပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်က အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသလို ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင်လုပ်နိုင်ပြီး သရုပ်ဆောင်ကောင်းတာ တွေကြောင့်လည်း ပရိသတ်က အားပေးနေဆဲဖြစ်ပါတယ်။ အခုဆိုရင် သူဟာ သရုပ်ဆောင် အလုပ်တွေသာမကဘဲ အခမ်းအနားပွဲတွေမှာ အစီအစဉ်တင်ဆက်သူ အဖြစ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။   
                               
မင်းခေတ်လင်း
ရန်ကုန်၊ မေ ၂၆

(  Zawgyi  )

 ဇာတ္ပို႔ဇာတ္ရန္သ႐ုပ္ေဆာင္ေတြထဲက ဝါရင့္တဲ့သ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္သူ တကၠသိုလ္ ဂြမ္းပုံဟာ သူမကိုယ္တိုင္ ပရဟိတအလုပ္ေတြကိုအားတက္သေရာမလုပ္ႏိုင္ေပမယ့္ ပရဟိတ လုပ္ေနသူေတြကို အားက်မိတယ္လို႔ ဆိုပါတယ္။

သူ႔ရဲ႕မိခင္ျဖစ္တဲ့ အသက္ ၇၉ ႏွစ္အ႐ြယ္ ေဒၚရင္သန္းဟာ ေမလ ၂၄ ရက္ေန႔က စံျပေဆး႐ုံမွာ ဆုံးပါးသြားခဲ့ၿပီး ေရေဝးသုႆာန္ကို ပို႔ေဆာင္သၿဂႋဳဟ္ရာမွာလည္း နာေရးကူညီမႈအသင္း အပါအဝင္ ပရဟိတအဖြဲ႕ေတြရဲ႕အကူအညီနဲ႔ လုပ္ေဆာင္ေပးခဲ့ၾကတယ္လို႔ သိရပါတယ္။

“တကယ့္ကိုလည္း ေလးစားခ်ီးက်ဴးမိပါတယ္၊ ကိုယ္တိုင္သူမ်ား အခက္အခဲကို ကူညီတာေတြနဲ႔ ပရဟိတအလုပ္ေတြကို အဲ့လိုမလုပ္ႏိုင္ေသးေတာ့ အဲ့လိုလုပ္တဲ့သူေတြကိုလည္း အရမ္းကို ဂုဏ္ယူမိတယ္၊ မဂြမ္းတို႔လုပ္ႏိုင္တဲ့အပိုင္းကေန ႏိုင္သေလာက္လႉဒါန္းတာေတြနဲ႔ လုပ္ေဆာင္ သြားမွာပါ၊ ဒီရက္ေတြကလည္း အေမ့ရဲ႕နာေရးနဲ႔ဆိုေတာ့ အင္တာဗ်ဴးေတြဘာေတြ သိပ္ၿပီး မေျဖခ်င္ဘူး၊ အႏုပညာအလုပ္ ေတြကေတာ့ ဒီလိုကာလမွာ နားထားပါတယ္၊ ႐ိုက္လက္ စေလးေတြ ကေတာ့ ေလာေလာဆယ္ဘယ္ေတာ့ျပန္စမလဲလို႔ မေျပာႏိုင္ေသးဘူး၊ ျပန္စတဲ့အခ်ိန္ မဂြမ္းတို႔က လုပ္ရမွာပဲေလ”လို႔ ဇာတ္ပို႔ဇာတ္ရန္သ႐ုပ္ေဆာင္ တကၠသိုလ္ ဂြမ္းပုံက ဆိုပါတယ္။

သူမဟာ အႏုပညာအလုပ္ေတြကရရွိတဲ့ ေငြေၾကးေတြနဲ႔ မိဘေတြကို လုပ္ေကြၽးေနသူလည္းျဖစ္ၿပီး ၁၀ စုႏွစ္ တစ္စုေက်ာ္လာတဲ့အထိ ပရိသတ္ေတြရဲ႕အားေပးမႈကို အခိုင္အမာရရွိေနသူလည္း ျဖစ္သလို အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ ေခ်ာေမာလွပမႈ ကိုပိုင္ဆိုင္ထားပါတယ္။ သူမဟာ ၂၀၁၅ ခုႏွစ္က အမ်ိဳးသမီးဇာတ္ပို႔ဆုကို ရရွိထားသလို က်ရာဇာတ္႐ုပ္မွာ ပီပီျပင္ျပင္လုပ္ႏိုင္ၿပီး သ႐ုပ္ေဆာင္ေကာင္းတာ ေတြေၾကာင့္လည္း ပရိသတ္က အားေပးေနဆဲျဖစ္ပါတယ္။ အခုဆိုရင္ သူဟာ သ႐ုပ္ေဆာင္ အလုပ္ေတြသာမကဘဲ အခမ္းအနားပြဲေတြမွာ အစီအစဥ္တင္ဆက္သူ အျဖစ္လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။   
                               
မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၂၆