မကြာခင်ရိုက်မယ့်ဇာတ်ကားအတွက် ကာရိုက်တာပိုင်းခက်ခဲစွာပြင်ဆင်နေရတဲ့ နေခြည်ဦး

မကြာခင်ရိုက်မယ့်ဇာတ်ကားအတွက် ကာရိုက်တာပိုင်းခက်ခဲစွာပြင်ဆင်နေရတဲ့ နေခြည်ဦး

မကြာခင်ရိုက်ကူးမယ့် ဇာတ်ကားအတွက် ကိုယ်အလေးချိန် ထိန်းကာ ကြိုတင်ပြင်ဆင်မှုတွေကို ခက်ခက်ခဲခဲ လုပ်ဆောင်နေရတယ်လို့ သရုပ်ဆောင် နေခြည်ဦးက ပြောပါတယ်။

"ဦးမီးပွားရိုက်မယ့် ကိုဒေါင်းနဲ့ ရိုဆယ်လာကားအတွက် ဝိတ်ချ နေတာပါ၊ အခုလာမယ့် ကာရိုက်တာ အတွက် နေခြည် နှာခေါင်း ဖေါက်ဖို့စဉ်းစားထားတယ်၊ အဲ့ဒီကားအတွက်လည်း နေခြည်ဆေးလိပ် စသောက်နေ ရတယ်၊ အဲ့ဒီကားထဲမှာ စာရေးဆရာ မယ်လွင့်က ဆေးလိပ်ရဲ့ နာမည်တောင်ထည့်ရေး ထားတာဆိုတော့ သူ့ကိုလည်း အရမ်းလေးစားတဲ့ အတွက် နေခြည် ဆေးလိပ်အပြင်းတွေလည်း သောက်နေရတယ်ပေါ့၊ တော်တော်လေးတော့ အဆင်မပြေပါဘူး၊ ဒါပေမဲ့ရအောင် သောက်တယ် တစ်ကားလုံးမှာ လက်ထားတဲ့ အထားအသို ကအစ သေချာရေးထားတာကြောင့် အဲ့ထဲက ကောင်မလေး ရဲ့ mode ကိုလည်း အရမ်းရနေတယ်ဆိုတော့ အဲ့ဒီအတွက် အများကြီးကြိုးစား ထားပါ တယ်၊ ရင်ခုန်မိတယ် ဒီကားထဲ မှာဆိုရင် နေခြည်မလုပ်ရဲဘူးထင်တဲ့ ကာရိုက်တာတွေ တော်တော်
လေး များတယ် Romance ဖြစ်တဲ့အတွက် တော်တော်လေးကြမ်းတယ်၊ စိမ်ခေါ်မှုအားလုံးကို နေခြည် လက်ခံထားတယ်"လို့ သရုပ်ဆောင် နေခြည်ဦးက ရန်ကုန်မြို့၊ JCGV Junction City မှာ ဩဂုတ် ၁ ရက် ညက ပြုလုပ်တဲ့ “ပုရိသ”ရုပ်ရှင်ဇာတ်ကားရဲ့ Red Carpet Show ကို တက်ရောက်လာစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထို “ပုရိသ” ရုပ်ရှင်ဇာတ်ကားမှာ ကျော်ရဲအောင်၊ ရဲအောင်၊ ထက်အောင်ရှိုင်း၊ တိုင်ရွန်၊ ချမ်းမင်းရဲထွဋ်၊ အေးချမ်းမောင်၊ ခိုင်သင်းကြည် တို့နဲ့အတူ နေခြည်ဦးက ပါဝင်သရုပ်ဆောင် ထားပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ရိုက်ကူးပုံဖော် ထားတာ ဖြစ်ပါတယ်။

မကြာခင်မှာ ဒါရိုက်တာ မီးပွား ရိုက်ကူးမယ့်ကားအတွက် ယခုလိုပြင်ဆင်နေသလို "အိမ်မက်တွေ မိုးထားတဲ့အိမ်"လို့ နာမည်ရတဲ့ ဇာတ်လမ်းတွဲကိုလည်း သရုပ်ဆောင် မိုရီဆာကီဝင်းနဲ့အတူ ရိုက်ကူးဖို့ ရှိနေတယ်လို့ သိရပါတယ်။ "အဲ့ဒီဇာတ်လမ်းတွဲက ၁၀ လပိုင်းလောက်မှာ ရိုက်မှာပါ၊ အဲ့ဒီအတွက်
တော့ မပြင်ဆင်ရသေးဘူး၊ အခုလောလောဆယ် က ဦးမီးပွားရိုက်မယ့်ကားအတွက် ပြင်ဆင်နေတာ ပါ၊ အခု Boxing ထိုးနေတာကတော့ ဝိတ်ကျဖို့ပါ"လို့ သရုပ်ဆောင် နေခြည်ဦးက ဆက်ပြောပါတယ်။

သရုပ်ဆောင် နေခြည်ဦးဟာ ယခုဆိုရင် အနုပညာအလုပ်တွေ ဆက်တိုက်လုပ်လာရသလို ပရိသတ်နှစ်သက် မှုတွေကို အခိုင်အမာရရှိလာတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဩဂုတ် ၂

(  Zawgyi  )

 မၾကာခင္႐ိုက္ကူးမယ့္ ဇာတ္ကားအတြက္ ကိုယ္အေလးခ်ိန္ ထိန္းကာ ႀကိဳတင္ျပင္ဆင္မႈေတြကို ခက္ခက္ခဲခဲ လုပ္ေဆာင္ေနရတယ္လို႔ သ႐ုပ္ေဆာင္ ေနျခည္ဦးက ေျပာပါတယ္။

"ဦးမီးပြား႐ိုက္မယ့္ ကိုေဒါင္းနဲ႔ ႐ိုဆယ္လာကားအတြက္ ဝိတ္ခ် ေနတာပါ၊ အခုလာမယ့္ ကာ႐ိုက္တာ အတြက္ ေနျခည္ ႏွာေခါင္း ေဖါက္ဖို႔စဥ္းစားထားတယ္၊ အဲ့ဒီကားအတြက္လည္း ေနျခည္ေဆးလိပ္ စေသာက္ေန ရတယ္၊ အဲ့ဒီကားထဲမွာ စာေရးဆရာ မယ္လြင့္က ေဆးလိပ္ရဲ႕ နာမည္ေတာင္ထည့္ေရး ထားတာဆိုေတာ့ သူ႔ကိုလည္း အရမ္းေလးစားတဲ့ အတြက္ ေနျခည္ ေဆးလိပ္အျပင္းေတြလည္း ေသာက္ေနရတယ္ေပါ့၊ ေတာ္ေတာ္ေလးေတာ့ အဆင္မေျပပါဘူး၊ ဒါေပမဲ့ရေအာင္ ေသာက္တယ္ တစ္ကားလုံးမွာ လက္ထားတဲ့ အထားအသို ကအစ ေသခ်ာေရးထားတာေၾကာင့္ အဲ့ထဲက ေကာင္မေလး ရဲ႕ mode ကိုလည္း အရမ္းရေနတယ္ဆိုေတာ့ အဲ့ဒီအတြက္ အမ်ားႀကီးႀကိဳးစား ထားပါ တယ္၊ ရင္ခုန္မိတယ္ ဒီကားထဲ မွာဆိုရင္ ေနျခည္မလုပ္ရဲဘူးထင္တဲ့ ကာ႐ိုက္တာေတြ ေတာ္ေတာ္
ေလး မ်ားတယ္ Romance ျဖစ္တဲ့အတြက္ ေတာ္ေတာ္ေလးၾကမ္းတယ္၊ စိမ္ေခၚမႈအားလုံးကို ေနျခည္ လက္ခံထားတယ္"လို႔ သ႐ုပ္ေဆာင္ ေနျခည္ဦးက ရန္ကုန္ၿမိဳ႕၊ JCGV Junction City မွာ ဩဂုတ္ ၁ ရက္ ညက ျပဳလုပ္တဲ့ “ပုရိသ”႐ုပ္ရွင္ဇာတ္ကားရဲ႕ Red Carpet Show ကို တက္ေရာက္လာစဥ္ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ထို “ပုရိသ” ႐ုပ္ရွင္ဇာတ္ကားမွာ ေက်ာ္ရဲေအာင္၊ ရဲေအာင္၊ ထက္ေအာင္ရႈိင္း၊ တိုင္႐ြန္၊ ခ်မ္းမင္းရဲထြဋ္၊ ေအးခ်မ္းေမာင္၊ ခိုင္သင္းၾကည္ တို႔နဲ႔အတူ ေနျခည္ဦးက ပါဝင္သ႐ုပ္ေဆာင္ ထားၿပီး ဒါ႐ိုက္တာ ကိုေဇာ္ (အ႐ုဏ္ဦး) က ႐ိုက္ကူးပုံေဖာ္ ထားတာ ျဖစ္ပါတယ္။

မၾကာခင္မွာ ဒါ႐ိုက္တာ မီးပြား ႐ိုက္ကူးမယ့္ကားအတြက္ ယခုလိုျပင္ဆင္ေနသလို "အိမ္မက္ေတြ မိုးထားတဲ့အိမ္"လို႔ နာမည္ရတဲ့ ဇာတ္လမ္းတြဲကိုလည္း သ႐ုပ္ေဆာင္ မိုရီဆာကီဝင္းနဲ႔အတူ ႐ိုက္ကူးဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ "အဲ့ဒီဇာတ္လမ္းတြဲက ၁၀ လပိုင္းေလာက္မွာ ႐ိုက္မွာပါ၊ အဲ့ဒီအတြက္
ေတာ့ မျပင္ဆင္ရေသးဘူး၊ အခုေလာေလာဆယ္ က ဦးမီးပြား႐ိုက္မယ့္ကားအတြက္ ျပင္ဆင္ေနတာ ပါ၊ အခု Boxing ထိုးေနတာကေတာ့ ဝိတ္က်ဖို႔ပါ"လို႔ သ႐ုပ္ေဆာင္ ေနျခည္ဦးက ဆက္ေျပာပါတယ္။

သ႐ုပ္ေဆာင္ ေနျခည္ဦးဟာ ယခုဆိုရင္ အႏုပညာအလုပ္ေတြ ဆက္တိုက္လုပ္လာရသလို ပရိသတ္ႏွစ္သက္ မႈေတြကို အခိုင္အမာရရွိလာတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္လာပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဩဂုတ္ ၂