ယုံကြည်နားလည်မှုတွေနဲ့အတူ အနုပညာအလုပ်တွေကို လုပ်နေတဲ့ ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ စုံတွဲ

ယုံကြည်နားလည်မှုတွေနဲ့အတူ အနုပညာအလုပ်တွေကို လုပ်နေတဲ့ ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ စုံတွဲ

တေးသီချင်းတွေသီဆိုရင်း လူငယ်ပရိသတ်တွေရဲ့ အားပေးမှုတွေကိုရလာကာ ဂီတလောကမှာ နေရာတစ်ခုကိုရနေတဲ့ တေးသံရှင် ရဲရင့်အောင် နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေ လူသိများလာတဲ့ သရုပ်ဆောင် ဧငြိမ်းဖြူ တို့ဟာ ပရိသတ်တွေ လက်ခံအားပေးလာတဲ့ Idol Couple ဖြစ်လာသလို လက်ရှိမှာ မိဘတွေကလည်း နားလည်လက်ခံထားတာကြောင့် အနုပညာနဲ့ပတ်သက်တဲ့ အခမ်းအနားတွေမှာ နှစ်ယောက်အတူ တက်ရောက်လာခဲ့ကြပါတယ်။

“မိဘတွေသိတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ပွင့်ပွင့်လင်းလင်းနေလို့ရတယ်၊ ဘာလုပ်လုပ် စိတ်အေးရတယ်၊ ကျွန်တော် ကြိုးစားရဦးမှာပါ၊ အနာဂတ်အတွက် Plan တွေလုပ်ထားတယ်ပေါ့၊ Plan ဆိုကတည်းက ကြိုးစားပြီး တည်ဆောက်ရဦးမှာပါ၊ တတ်နိုင်သမျှ စိတ်ချမ်းသာတဲ့ဘဝကိုတည်ဆောက်ချင်တယ်၊ သူ့ဘက်ကလည်း နားလည်မှုအပြည့်ရှိတယ်လေ၊ ဒါကြောင့်လည်း သူနဲ့အတူ အနုပညာအလုပ်တွေကို အားစိုက်ပြီး ပိုလုပ်ဖြစ်လာတယ်”လို့ တေးသံရှင် ရဲရင့်အောင် ကပြောပါတယ်။

သူဟာ အခုဆိုရင် သရုပ်ဆောင်တဲ့ အလုပ်ကိုပါ လုပ်ကိုင်လာပြီး တေးသီချင်းအပိုင်းနဲ့ပတ်သက်လို့ တစ်ကိုယ်တော်အခွေအဖြစ် ထုတ်ဖို့ လုပ်ဆောင် နေတာတွေရှိသလို မကြာခင်ရောက်လာမယ့် ပွင့်လင်းရာသီမှာ ပွဲတွေသီဆိုဖို့အတွက် ပြင်ဆင် တာတွေနဲ့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ညီမတို့က အနုပညာရှင်တွေဖြစ်လို့ ပိုပြီးတိုက်ခိုက်တာခံရတယ်၊ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုထားပြီး အနုပညာ အလုပ်တွေကို လုပ်တယ်၊ သူကလည်း ညီမကို ဆုံးမတတ်တယ်၊ ဒီလိုဒီလိုမျိုးစိတ်ထဲ မထားနဲ့ ဘယ်လိုမျိုးထား ဆိုတာမျိုးပေါ့၊ သူလည်းညီမကိုယုံတယ်၊ ညီမလည်း သူ့ကိုယုံတယ် ယုံကြည်မှုနဲ့ ညီမတို့နှစ်ယောက်က လက်တွဲနေတာပါ၊ တကယ်တော့လေ တစ်ယောက်နဲ့တစ်ယောက်က နားလည်မှုက သိပ်ကိုအရေးကြီးတာပါ”လို့ သရုပ်ဆောင် ဧငြိမ်းဖြူက ပြောပါတယ်။

သူဟာ ဒါရိုက်တာ ကြည်စိုးထွန်း စီစဉ်တဲ့ ရှေးခေတ်က ကတ်ဆက်ခွေဇာတ်လမ်းတွေကို ရုပ်သံဇာတ်လမ်းတွေအဖြစ် ဖန်တီးတဲ့အခါ ပါဝင်သရုပ်ဆောင် ထားပြီး ဇာတ်ကောင်နေရာပေါင်းစုံမှာ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာတွေကြောင့်လည်း လူသိများလာတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဇာတ်လမ်းတွဲတွေအတွက် ရိုက်ကူးနေတာတွေ ရှိသလို ရုပ်ရှင်ကားကြီးတစ်ကားမှာ ပါဝင်ရိုက်ကူးဖို့အတွက် ကာရိုက်တာပိုင်းအရ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၁၃

( Zawgyi )

ေတးသီခ်င္းေတြသီဆိုရင္း လူငယ္ပရိသတ္ေတြရဲ႕ အားေပးမႈေတြကိုရလာကာ ဂီတေလာကမွာ ေနရာတစ္ခုကိုရေနတဲ့ ေတးသံရွင္ ရဲရင့္ေအာင္ နဲ႔ ႐ုပ္သံဇာတ္လမ္းတြဲေတြကေန လူသိမ်ားလာတဲ့ သ႐ုပ္ေဆာင္ ဧၿငိမ္းျဖဴ တို႔ဟာ ပရိသတ္ေတြ လက္ခံအားေပးလာတဲ့ Idol Couple ျဖစ္လာသလို လက္ရွိမွာ မိဘေတြကလည္း နားလည္လက္ခံထားတာေၾကာင့္ အႏုပညာနဲ႔ပတ္သက္တဲ့ အခမ္းအနားေတြမွာ ႏွစ္ေယာက္အတူ တက္ေရာက္လာခဲ့ၾကပါတယ္။

“မိဘေတြသိေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ပြင့္ပြင့္လင္းလင္းေနလို႔ရတယ္၊ ဘာလုပ္လုပ္ စိတ္ေအးရတယ္၊ ကြၽန္ေတာ္ ႀကိဳးစားရဦးမွာပါ၊ အနာဂတ္အတြက္ Plan ေတြလုပ္ထားတယ္ေပါ့၊ Plan ဆိုကတည္းက ႀကိဳးစားၿပီး တည္ေဆာက္ရဦးမွာပါ၊ တတ္ႏိုင္သမွ် စိတ္ခ်မ္းသာတဲ့ဘဝကိုတည္ေဆာက္ခ်င္တယ္၊ သူ႔ဘက္ကလည္း နားလည္မႈအျပည့္ရွိတယ္ေလ၊ ဒါေၾကာင့္လည္း သူနဲ႔အတူ အႏုပညာအလုပ္ေတြကို အားစိုက္ၿပီး ပိုလုပ္ျဖစ္လာတယ္”လို႔ ေတးသံရွင္ ရဲရင့္ေအာင္ ကေျပာပါတယ္။

သူဟာ အခုဆိုရင္ သ႐ုပ္ေဆာင္တဲ့ အလုပ္ကိုပါ လုပ္ကိုင္လာၿပီး ေတးသီခ်င္းအပိုင္းနဲ႔ပတ္သက္လို႔ တစ္ကိုယ္ေတာ္အေခြအျဖစ္ ထုတ္ဖို႔ လုပ္ေဆာင္ ေနတာေတြရွိသလို မၾကာခင္ေရာက္လာမယ့္ ပြင့္လင္းရာသီမွာ ပြဲေတြသီဆိုဖို႔အတြက္ ျပင္ဆင္ တာေတြနဲ႔လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“ညီမတို႔က အႏုပညာရွင္ေတြျဖစ္လို႔ ပိုၿပီးတိုက္ခိုက္တာခံရတယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈထားၿပီး အႏုပညာ အလုပ္ေတြကို လုပ္တယ္၊ သူကလည္း ညီမကို ဆုံးမတတ္တယ္၊ ဒီလိုဒီလိုမ်ိဳးစိတ္ထဲ မထားနဲ႔ ဘယ္လိုမ်ိဳးထား ဆိုတာမ်ိဳးေပါ့၊ သူလည္းညီမကိုယုံတယ္၊ ညီမလည္း သူ႔ကိုယုံတယ္ ယုံၾကည္မႈနဲ႔ ညီမတို႔ႏွစ္ေယာက္က လက္တြဲေနတာပါ၊ တကယ္ေတာ့ေလ တစ္ေယာက္နဲ႔တစ္ေယာက္က နားလည္မႈက သိပ္ကိုအေရးႀကီးတာပါ”လို႔ သ႐ုပ္ေဆာင္ ဧၿငိမ္းျဖဴက ေျပာပါတယ္။

သူဟာ ဒါ႐ိုက္တာ ၾကည္စိုးထြန္း စီစဥ္တဲ့ ေရွးေခတ္က ကတ္ဆက္ေခြဇာတ္လမ္းေတြကို ႐ုပ္သံဇာတ္လမ္းေတြအျဖစ္ ဖန္တီးတဲ့အခါ ပါဝင္သ႐ုပ္ေဆာင္ ထားၿပီး ဇာတ္ေကာင္ေနရာေပါင္းစုံမွာ ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္တာေတြေၾကာင့္လည္း လူသိမ်ားလာတဲ့ သ႐ုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဇာတ္လမ္းတြဲေတြအတြက္ ႐ိုက္ကူးေနတာေတြ ရွိသလို ႐ုပ္ရွင္ကားႀကီးတစ္ကားမွာ ပါဝင္႐ိုက္ကူးဖို႔အတြက္ ကာ႐ိုက္တာပိုင္းအရ လိုအပ္တဲ့ ျပင္ဆင္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ - ၁၃