ရသဆန်စွာရိုက်ကူးထားတဲ့ အထက်တန်းစား ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမည်

ရသဆန်စွာရိုက်ကူးထားတဲ့ အထက်တန်းစား ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမည်

တိုတောင်းလှတဲ့ လူ့ဘဝမှာ ဂုဏ်တွေ၊ ငွေကြေးတွေ၊ အောင်မြင်မှုတွေနောက် လိုက်ရင်း လူတွေဟာ မေ့လျော့ နေခဲ့ကြတဲ့ အရာလေးတွေ ရှိတယ်ဆိုတာကို ရသဆန်စွာရိုက်ကူးပြသထားတဲ့ “အထက်တန်းစား” လို့ နာမည်ရသော ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၂၂ ရက်မှာ စတင်ကာ ရုံတင်ပြသသွားဖို့စီစဉ်ထားကြောင်း သိရပါတယ်။

အဆိုပါ ဇာတ်ကားမှာ နေတိုး ၊ ညီထွဋ်ခေါင်၊ သူရိယ၊ ကောင်းဆက်ထူး၊ ဝေယံကျော်၊ မြတ်ကေသီအောင်၊ စိုးမိုးကြည်၊ ပိုးအိအိခန့်နဲ့ အနုပညာရှင် များစွာပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်လမ်း ရွှန်းရမီမိုး၊ ဇာတ်ညွှန်း မိုးနီလွင် တို့က ဖန်တီးရေးဖွဲ့ကာ ဒါရိုက်တာ နေပိုင် က ရိုက်ကူးပုံဖော် ထားတာဖြစ်သလို Lucky smile ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ဇာတ်ကားနဲ့ပတ်သက်တဲ့ Red Carpet Show ကိုတော့ သြဂုတ် ၁၅ ရက် ည ၇နာရီခွဲက ရန်ကုန်မြို့က Junction City JCGV မှာ ကျင်းပခဲ့ပါတယ်။

ထိုဇာတ်ကား ထဲမှာ ရိုးရာဓလေ့ထုံးတမ်းစဉ်လာ ယုံကြည်ကိုးကွယ်မှုများဖြစ်တဲ့ ဓာတ် ၊နတ် ၊ သိုက် ၊ ပယောဂ နဲ့ အကြားမြင် အစရှိတဲ့ လျှို့ဝှက်ဆန်းကျယ်မှုတွေ၊ အကယ်ဒမီ နေတိုးရဲ့ဘဝမှာ တစ်ကြိမ်တစ်ခါမှမလုပ်ခဲ့ဖူးသေးတဲ့ ကန္နားစီး နတ်ဆရာတစ်ယောက် ရဲ့ ကာရိုက် တာတွေ၊ သာမာန်ထင်ထားကြသလို အထက်တန်းစားဆိုတာ ဘဝမှာ အောင်မြင် ထွန်းပေါက်ချမ်းသာပြီး ဂုဏ်ရှိမှ အထက်တန်းစားလို့ ခေါ်ထိုက်တာမဟုတ်ဘဲ  လူလူချင်း လူလို့သတ်မှတ်၊ ကိုယ်ချင်းစာတရား ပြည့်ဝပြီး စိတ်ထားမြင့်မြတ်လှတဲ့ သူတွေကသာ အထက်တန်းစား တစ်ယောက်ဖြစ်တယ်ဆိုတဲ့ ရသမျိုးကို ဖော်ကြူးပညာပေးထားတဲ့ ဇာတ်ကားကောင်း တစ်ကားလည်း ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော် မလုပ်ဖူးသေးတဲ့ကာရိုက်တာမျိုးနဲ့ အကောင်းဆုံး လုပ်ဆောင်ထားပါတယ်၊ ဇာတ်ကားကို ကြည့်ပြီးရင် စိတ်ထဲမှာတစ်ခုခုစွဲကျန်နေမှာ ကျိန်းသေပါပဲ”လို့ သရုပ်ဆောင် အကယ်ဒမီ နေတိုးက ဆိုပါတယ်။ ထိုဇာတ်ကားဟာ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ရသလိုမျိုး ရသကောင်း
တွေ လည်း ရရှိစေမှာဖြစ်ပြီး မြန်မာ့ဓလေ့ ကိုးကွယ်ယုံကြည်မှုတွေကိုလည်း ရိုက်ကူးပြသထားသော ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။

 (မင်းခေတ်လင်း)
ရန်ကုန်၊ သြဂုတ် ၁၆

(  Zawgyi  )

 တိုေတာင္းလွတဲ့ လူ႔ဘဝမွာ ဂုဏ္ေတြ၊ ေငြေၾကးေတြ၊ ေအာင္ျမင္မႈေတြေနာက္ လိုက္ရင္း လူေတြဟာ ေမ့ေလ်ာ့ ေနခဲ့ၾကတဲ့ အရာေလးေတြ ရွိတယ္ဆိုတာကို ရသဆန္စြာ႐ိုက္ကူးျပသထားတဲ့ “အထက္တန္းစား” လို႔ နာမည္ရေသာ ႐ုပ္ရွင္ဇာတ္ကားကို ၾသဂုတ္ ၂၂ ရက္မွာ စတင္ကာ ႐ုံတင္ျပသသြားဖို႔စီစဥ္ထားေၾကာင္း သိရပါတယ္။

အဆိုပါ ဇာတ္ကားမွာ ေနတိုး ၊ ညီထြဋ္ေခါင္၊ သူရိယ၊ ေကာင္းဆက္ထူး၊ ေဝယံေက်ာ္၊ ျမတ္ေကသီေအာင္၊ စိုးမိုးၾကည္၊ ပိုးအိအိခန႔္နဲ႔ အႏုပညာရွင္ မ်ားစြာပါဝင္သ႐ုပ္ေဆာင္ထားၾကၿပီး ဇာတ္လမ္း ႐ႊန္းရမီမိုး၊ ဇာတ္ၫႊန္း မိုးနီလြင္ တို႔က ဖန္တီးေရးဖြဲ႕ကာ ဒါ႐ိုက္တာ ေနပိုင္ က ႐ိုက္ကူးပုံေဖာ္ ထားတာျဖစ္သလို Lucky smile ႐ုပ္ရွင္ထုတ္လုပ္ေရးက ျဖန႔္ခ်ိသြားမွာျဖစ္ပါတယ္။ ဇာတ္ကားနဲ႔ပတ္သက္တဲ့ Red Carpet Show ကိုေတာ့ ၾသဂုတ္ ၁၅ ရက္ ည ၇နာရီခြဲက ရန္ကုန္ၿမိဳ႕က Junction City JCGV မွာ က်င္းပခဲ့ပါတယ္။

ထိုဇာတ္ကား ထဲမွာ ႐ိုးရာဓေလ့ထုံးတမ္းစဥ္လာ ယုံၾကည္ကိုးကြယ္မႈမ်ားျဖစ္တဲ့ ဓာတ္ ၊နတ္ ၊ သိုက္ ၊ ပေယာဂ နဲ႔ အၾကားျမင္ အစရွိတဲ့ လွ်ိဳ႕ဝွက္ဆန္းက်ယ္မႈေတြ၊ အကယ္ဒမီ ေနတိုးရဲ႕ဘဝမွာ တစ္ႀကိမ္တစ္ခါမွမလုပ္ခဲ့ဖူးေသးတဲ့ ကႏၷားစီး နတ္ဆရာတစ္ေယာက္ ရဲ႕ ကာ႐ိုက္ တာေတြ၊ သာမာန္ထင္ထားၾကသလို အထက္တန္းစားဆိုတာ ဘဝမွာ ေအာင္ျမင္ ထြန္းေပါက္ခ်မ္းသာၿပီး ဂုဏ္ရွိမွ အထက္တန္းစားလို႔ ေခၚထိုက္တာမဟုတ္ဘဲ  လူလူခ်င္း လူလို႔သတ္မွတ္၊ ကိုယ္ခ်င္းစာတရား ျပည့္ဝၿပီး စိတ္ထားျမင့္ျမတ္လွတဲ့ သူေတြကသာ အထက္တန္းစား တစ္ေယာက္ျဖစ္တယ္ဆိုတဲ့ ရသမ်ိဳးကို ေဖာ္ၾကဴးပညာေပးထားတဲ့ ဇာတ္ကားေကာင္း တစ္ကားလည္း ျဖစ္တယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္ မလုပ္ဖူးေသးတဲ့ကာ႐ိုက္တာမ်ိဳးနဲ႔ အေကာင္းဆုံး လုပ္ေဆာင္ထားပါတယ္၊ ဇာတ္ကားကို ၾကည့္ၿပီးရင္ စိတ္ထဲမွာတစ္ခုခုစြဲက်န္ေနမွာ က်ိန္းေသပါပဲ”လို႔ သ႐ုပ္ေဆာင္ အကယ္ဒမီ ေနတိုးက ဆိုပါတယ္။ ထိုဇာတ္ကားဟာ စာအုပ္ေကာင္းတစ္အုပ္ကို ဖတ္ရသလိုမ်ိဳး ရသေကာင္း
ေတြ လည္း ရရွိေစမွာျဖစ္ၿပီး ျမန္မာ့ဓေလ့ ကိုးကြယ္ယုံၾကည္မႈေတြကိုလည္း ႐ိုက္ကူးျပသထားေသာ ဇာတ္ကားတစ္ကားလည္းျဖစ္ပါတယ္။

 (မင္းေခတ္လင္း)
ရန္ကုန္၊ ၾသဂုတ္ ၁၆