သမီးနဲ့ ခဏတောင် မခွဲနိုင်တဲ့ ဗြိတိန်မော်ဒယ် ဂမ်မာအမ်ကင်ဆန်

သမီးနဲ့ ခဏတောင် မခွဲနိုင်တဲ့ ဗြိတိန်မော်ဒယ် ဂမ်မာအမ်ကင်ဆန်

 ဗြိတိန်မော်ဒယ်သရုပ်ဆာင် ဂမ်မာအမ်ကင်ဆန် ဟာ သမီးလေးကိုမျက်စိအောက်က အပျောက်မခံနိုင်လောက် ဖြစ်နေပါတယ်။ သမီးလေး မီရာ ကိုမွေးပြီးနောက်ပိုင်း ချစ်သူ ဂေါ်ကာမားကွတ်ဇ် နဲ့ ပထမဆုံးလျှောက်လည်တဲ့ အချိန်မှာ ၈မိနစ်လောက်ပဲ အပြင်မှာနေခဲ့ရပြီး၊ ကလေးကိုအောက်မေ့လို့ အိမ်ပြန်ပြေး ခဲ့ရတယ်ဆိုတဲ့ အကြောင်း တွေကို အသက် ၃၄နှစ်အရွယ် ဂမ်မာက အင်စတာဂရမ်မှာ ပြောခဲ့ပါတယ်။

 ‘မီရာကိုအိမ်မှာထားခဲ့ပြီး ကျွန်မတို့ စတာဘတ်ခ် သွားတာပါ။ အပြင်ထွက်ပြီး ၈မိနစ်လောက်မှာပဲ သမီးလေးကို သတိတွေရပြီး ဆိုင်မှာ ထိုင်မသောက်နိုင်ဘဲ အိမ်ပြန်ချင်လာတာ’လို့ ပြောပါတယ်။ ဇူလိုင် ၄ ရက်မှာ သမီးလေး မီရာကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဂမ်မာ နဲ့ ဂေါ်ကာ တို့က ဒီသတင်းကို ကလေးမွေးပြီးနောက်ပိုင်းမှာမှ အသိ ပေးခဲ့တာဖြစ်ပါတယ်။ မီရာလေးရဲ့အဖေ ဂေါ်ကာမားကွတ်ဇ် ဟာ ပရော်ဖက်ရှင်နယ် Dancerတစ်ဦးဖြစ်ပြီး၊ BBC အကရှိုးပွဲအစီအစဉ်မှာ ဂမ်မာနဲ့ တွေ့ဆုံခဲ့တာပါ။

 “မီရာဟာ သူ့အတွက် အလွန်ထူးဆန်းအံ့သြဖွယ်ဖြစ်ပါတယ်။ ဆုတောင်းမေတ္တာပို့သပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်ဆို တဲ့အကြောင်း၊ တဖြည်းဖြည်း မိခင်ဘဝနဲ့အသားကျအောင် အများကြီးသင်ယူကြိုးစားနေပြီး၊ ချစ်သူရဲ့ရင်သွေးလေးနဲ့ ဘဝခရီးဆက်ရမှာဖြစ်လို့ သိပ်ကံကောင်းတယ်”လို့ ဂမ်မာက ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ရည်မွန်သော်
Ref: ok.co.uk
လန်ဒန်၊ဇူလိုင် ၁၈

(  Zawgyi  )

  ၿဗိတိန္ေမာ္ဒယ္သ႐ုပ္ဆာင္ ဂမ္မာအမ္ကင္ဆန္ ဟာ သမီးေလးကိုမ်က္စိေအာက္က အေပ်ာက္မခံႏိုင္ေလာက္ ျဖစ္ေနပါတယ္။ သမီးေလး မီရာ ကိုေမြးၿပီးေနာက္ပိုင္း ခ်စ္သူ ေဂၚကာမားကြတ္ဇ္ နဲ႔ ပထမဆုံးေလွ်ာက္လည္တဲ့ အခ်ိန္မွာ ၈မိနစ္ေလာက္ပဲ အျပင္မွာေနခဲ့ရၿပီး၊ ကေလးကိုေအာက္ေမ့လို႔ အိမ္ျပန္ေျပး ခဲ့ရတယ္ဆိုတဲ့ အေၾကာင္း ေတြကို အသက္ ၃၄ႏွစ္အ႐ြယ္ ဂမ္မာက အင္စတာဂရမ္မွာ ေျပာခဲ့ပါတယ္။

 ‘မီရာကိုအိမ္မွာထားခဲ့ၿပီး ကြၽန္မတို႔ စတာဘတ္ခ္ သြားတာပါ။ အျပင္ထြက္ၿပီး ၈မိနစ္ေလာက္မွာပဲ သမီးေလးကို သတိေတြရၿပီး ဆိုင္မွာ ထိုင္မေသာက္ႏိုင္ဘဲ အိမ္ျပန္ခ်င္လာတာ’လို႔ ေျပာပါတယ္။ ဇူလိုင္ ၄ ရက္မွာ သမီးေလး မီရာကို ေမြးဖြားခဲ့တာျဖစ္ပါတယ္။ ဂမ္မာ နဲ႔ ေဂၚကာ တို႔က ဒီသတင္းကို ကေလးေမြးၿပီးေနာက္ပိုင္းမွာမွ အသိ ေပးခဲ့တာျဖစ္ပါတယ္။ မီရာေလးရဲ႕အေဖ ေဂၚကာမားကြတ္ဇ္ ဟာ ပေရာ္ဖက္ရွင္နယ္ Dancerတစ္ဦးျဖစ္ၿပီး၊ BBC အကရႈိးပြဲအစီအစဥ္မွာ ဂမ္မာနဲ႔ ေတြ႕ဆုံခဲ့တာပါ။

 “မီရာဟာ သူ႔အတြက္ အလြန္ထူးဆန္းအံ့ၾသဖြယ္ျဖစ္ပါတယ္။ ဆုေတာင္းေမတၱာပို႔သေပးတဲ့သူေတြကိုလည္း ေက်းဇူးတင္ပါတယ္ဆို တဲ့အေၾကာင္း၊ တျဖည္းျဖည္း မိခင္ဘဝနဲ႔အသားက်ေအာင္ အမ်ားႀကီးသင္ယူႀကိဳးစားေနၿပီး၊ ခ်စ္သူရဲ႕ရင္ေသြးေလးနဲ႔ ဘဝခရီးဆက္ရမွာျဖစ္လို႔ သိပ္ကံေကာင္းတယ္”လို႔ ဂမ္မာက ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ရည္မြန္ေသာ္
Ref: ok.co.uk
လန္ဒန္၊ဇူလိုင္ ၁၈