သရဲဇာတ်ကား ကြိုက်သူတွေအကြိုက် Annabelle Comes Home

သရဲဇာတ်ကား ကြိုက်သူတွေအကြိုက် Annabelle Comes Home

Conjuring ဇာတ်လမ်းတွဲတွေထဲက ယခုနောက်ဆုံးထွက်ရှိတဲ့ Annabelle Comes Home ဇာတ်ကားကို ဒါရိုက်တာ ဂရေးလ်ဒူဘီမွန် (Gary Daubeman) က ရိုက်ကူးခဲ့ပါတယ်။

ဒီဇာတ်ကားမှာ Annabelle ဇာတ်ကားတွေမှာ မပါမဖြစ် ဇာတ်ကောင် ၂ ဦးဖြစ်တဲ့ အယ်ဒီ (Patrick Wilson) နဲ့ လော်ရိန်း (Vera Farmiga)၊ အမြဲမြင်ဖူးနေတဲ့ ဝါးရန်းအိမ်ကြီးကိုပါ တွေ့မြင်ရမှာဖြစ်ပါတယ်။

အရင် Annabelle ဇာတ်ကားတွေနဲ့ မတူအောင်လည်း ဖန်တီးပုံဖော်ပေးထားပါတယ်။အယ်ဒီ နဲ့ လော်ရိန်း ဟာ သမီးဖြစ်သူ ဂျူဒီ ကို ကလေးထိန်း မာရီအယ်လန် နဲ့ အိမ်မှာထားခဲ့ပြီး၊ မကောင်းဆိုးဝါးနှင်ဖို့ကိစ္စနဲ့ ခရီးထွက်သွားပါတယ်။အယ်ဒီ နဲ့ လော်ရိန်း  မရှိခိုက် ဂျူဒီလေးရဲ့၁၀ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပချိန်မှာ ကလေးထိန်း မာရီအယ်လန် ရဲ့ သူငယ်ချင်း ဒိုင်နီလာ ရောက်လာလို့ ပျော်ရွှင်နေတဲ့ အပျော်တွေအားလုံး ပျက်စီးသွားပါတယ်။မာရီအယ်လန် က သူငယ်ချင်း ဒိုင်နီလာ ကို  မကောင်းဆိုးဝါးနှင်ထားတဲ့ပစ္စည်း၊ ကျိန်စာသင့်ပစ္စည်းတွေ သိမ်းထားတဲ့အခန်းထဲ မသွားဖို့ အတန်တန်သတိပေးခဲ့ပေမဲ့ ဒိုင်နီလာ ကတော့ မကြာခင်က ဆုံးပါးသွားခဲ့တဲ့ ဖခင်နဲ့ ဆက်သွယ်မှုတစ်ခု ရလိုတဲ့စိတ်နဲ့ အဲဒီအခန်းထဲကို ဝင်သွားခဲ့ပါတယ်။သူဝင်သွားတဲ့ အချိန်ကစပြီး ကျိန်စာသင့်နေတဲ့ Annabelle အရုပ်က တဖန်ပြန်လည်အသက်ဝင်သွားပြီး၊ ကလေးငယ် ဂျူဒီ နဲ့ တစ်အိမ်လုံးကို ဒုက္ခပေးတော့တာပါဘဲ။

ရှေ့ဇာတ်လမ်းတွေမှာတော့ မကောင်းဆိုးဝါးဝိညဉ် ဘယ်လောက်ပဲဒုက္ခပေးပေး၊ အယ်ဒီ နဲ့ လော်ရိန်း တို့ရဲ့ ဘာသာရေးအင်အား၊ ဉာဏ်စွမ်းတို့နဲ့ ကယ်တင်နိုင်ခဲ့ပြီး၊ ဇာတ်လမ်းဆုံးမှာ ဝါရန်း (Warren) မိသားစုဝင်အားလုံး အသက်မသေဘဲ ကျန်ခဲ့တာချည်းဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ ဒါကနေ ခွဲထွက်ထားတယ် ဆိုပါတယ်။သူ့ရှေ့က ဇာတ်လမ်းတွေနဲ့ ဇာတ်လမ်းအပြင်အဆင်၊ ဇာတ်ညွန်း၊ တုန်လှုပ်ခြောက်ခြားမှု စတဲ့ ရသအစုံ ဘယ်လိုဘယ်ပုံကွာခြားမယ်၊ ပျော်ရွှင်ဖွယ်ဇာတ်သိမ်း ဖြစ်မယ်၊ မဖြစ်ဘူး စတာတွေကိုတော့ ပိတ်ကားပေါ်မှာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ရည်မွန်သော်
နယူးယောက်၊ ဇူလိုင် - ၁၂

( Zawgyi )

Conjuring ဇာတ္လမ္းတြဲေတြထဲက ယခုေနာက္ဆုံးထြက္ရွိတဲ့ Annabelle Comes Home ဇာတ္ကားကို ဒါ႐ိုက္တာ ဂေရးလ္ဒူဘီမြန္ (Gary Daubeman) က ႐ိုက္ကူးခဲ့ပါတယ္။

ဒီဇာတ္ကားမွာ Annabelle ဇာတ္ကားေတြမွာ မပါမျဖစ္ ဇာတ္ေကာင္ ၂ ဦးျဖစ္တဲ့ အယ္ဒီ (Patrick Wilson) နဲ႔ ေလာ္ရိန္း (Vera Farmiga)၊ အၿမဲျမင္ဖူးေနတဲ့ ဝါးရန္းအိမ္ႀကီးကိုပါ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

အရင္ Annabelle ဇာတ္ကားေတြနဲ႔ မတူေအာင္လည္း ဖန္တီးပုံေဖာ္ေပးထားပါတယ္။အယ္ဒီ နဲ႔ ေလာ္ရိန္း ဟာ သမီးျဖစ္သူ ဂ်ဴဒီ ကို ကေလးထိန္း မာရီအယ္လန္ နဲ႔ အိမ္မွာထားခဲ့ၿပီး၊ မေကာင္းဆိုးဝါးႏွင္ဖို႔ကိစၥနဲ႔ ခရီးထြက္သြားပါတယ္။အယ္ဒီ နဲ႔ ေလာ္ရိန္း  မရွိခိုက္ ဂ်ဴဒီေလးရဲ႕၁၀ ႏွစ္ျပည့္ေမြးေန႔ပြဲ က်င္းပခ်ိန္မွာ ကေလးထိန္း မာရီအယ္လန္ ရဲ႕ သူငယ္ခ်င္း ဒိုင္နီလာ ေရာက္လာလို႔ ေပ်ာ္႐ႊင္ေနတဲ့ အေပ်ာ္ေတြအားလုံး ပ်က္စီးသြားပါတယ္။မာရီအယ္လန္ က သူငယ္ခ်င္း ဒိုင္နီလာ ကို  မေကာင္းဆိုးဝါးႏွင္ထားတဲ့ပစၥည္း၊ က်ိန္စာသင့္ပစၥည္းေတြ သိမ္းထားတဲ့အခန္းထဲ မသြားဖို႔ အတန္တန္သတိေပးခဲ့ေပမဲ့ ဒိုင္နီလာ ကေတာ့ မၾကာခင္က ဆုံးပါးသြားခဲ့တဲ့ ဖခင္နဲ႔ ဆက္သြယ္မႈတစ္ခု ရလိုတဲ့စိတ္နဲ႔ အဲဒီအခန္းထဲကို ဝင္သြားခဲ့ပါတယ္။သူဝင္သြားတဲ့ အခ်ိန္ကစၿပီး က်ိန္စာသင့္ေနတဲ့ Annabelle အ႐ုပ္က တဖန္ျပန္လည္အသက္ဝင္သြားၿပီး၊ ကေလးငယ္ ဂ်ဴဒီ နဲ႔ တစ္အိမ္လုံးကို ဒုကၡေပးေတာ့တာပါဘဲ။

ေရွ႕ဇာတ္လမ္းေတြမွာေတာ့ မေကာင္းဆိုးဝါးဝိညဥ္ ဘယ္ေလာက္ပဲဒုကၡေပးေပး၊ အယ္ဒီ နဲ႔ ေလာ္ရိန္း တို႔ရဲ႕ ဘာသာေရးအင္အား၊ ဉာဏ္စြမ္းတို႔နဲ႔ ကယ္တင္ႏိုင္ခဲ့ၿပီး၊ ဇာတ္လမ္းဆုံးမွာ ဝါရန္း (Warren) မိသားစုဝင္အားလုံး အသက္မေသဘဲ က်န္ခဲ့တာခ်ည္းျဖစ္ပါတယ္။

ဒီဇာတ္ကားမွာေတာ့ ဒါကေန ခြဲထြက္ထားတယ္ ဆိုပါတယ္။သူ႔ေရွ႕က ဇာတ္လမ္းေတြနဲ႔ ဇာတ္လမ္းအျပင္အဆင္၊ ဇာတ္ၫြန္း၊ တုန္လႈပ္ေျခာက္ျခားမႈ စတဲ့ ရသအစုံ ဘယ္လိုဘယ္ပုံကြာျခားမယ္၊ ေပ်ာ္႐ႊင္ဖြယ္ဇာတ္သိမ္း ျဖစ္မယ္၊ မျဖစ္ဘူး စတာေတြကိုေတာ့ ပိတ္ကားေပၚမွာ ဆက္လက္ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

ရည္မြန္ေသာ္
နယူးေယာက္၊ ဇူလိုင္ - ၁၂