အချစ်ဟောင်းနဲ့ ကွဲပြီး အချစ်သစ်တွေ့လို့ ပျော်ရွှင်နေတဲ့ Adele

 အချစ်ဟောင်းနဲ့ ကွဲပြီး အချစ်သစ်တွေ့လို့ ပျော်ရွှင်နေတဲ့ Adele

မြန်မာပရိသတ်တွေကြားရေပန်းစားတဲ့ Helloတေးသီချင်းပိုင်ရှင် Adeleကတော့ လတ်တလောမှာ အချစ်သစ်တွေ့လို့ ပျော်ရွှင်ကြည်နူးနေတာကို တွေ့မြင်ရပါတယ်။ အခုလ ၅ ရက်နေ့ကျင်းပတဲ့ ဗြိတိန်နွေရာသီပွဲတော်မှာ ချစ်သူအသစ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်ရွှေလက်တွဲပြီး တက်ရောက်ခဲ့တာပါ။

ဒါဟာ ၃နှစ်ကြာလက်တွဲခဲ့တဲ့ Simon Koneckiနဲ့ ကွာရှင်းပြတ်စဲကြောင်း ကြေညာပြီးနောက်ပိုင်း Adele ကို အချစ်သစ်နဲ့အတူ စတင်တွေ့ရှိရတာပဲ ဖြစ်ပါတယ်။ အခု သူတွဲနေတဲ့သူ ဘယ်သူဘယ်ဝါ ဆိုတာတော့ သေချာမသိရသေးပါဘူး။

အသက် ၃၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ Adeleဟာ ကမ္ဘာသိဗြိတိန်အဆိုတော်တစ်ဦးဖြစ်ပြီး၊ Helloသီချင်းက သူ့ရဲ့အောင်မြင်ကျော်ကြားဆုံး တေးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလက Simon နဲ့ ကွာရှင်းပြတ်စဲ တဲ့သတင်း ရုတ်တရက်ထွက်လာပေမဲ့ အဲဒီမတိုင်ခင်နှစ်ပေါင်းများစွာကတည်းက သူတို့အိမ်ထောင်ခွဲနေကြတာလို့လည်း သတင်းတွေထွက်လာခဲ့ပါတယ်။

Adeleဟာ ပရဟိတစွန့်ဦးတီထွင်လုပ်ငန်းရှင် Simonနဲ့ ၂၀၁၁ခုနှစ်မှာ စတွေ့ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ သူတို့နှစ်ဦး တိတ်တဆိတ်လက်ထပ်ခဲ့ပြီး၊ သားဖြစ်သူ Angelo ကို ချစ်ခင်စွာနဲ့ပြုစုပျိုးထောင် ဖို့ ကတိတွေထားခဲ့ကြပါတယ်။

Simon နဲ့လမ်းခွဲတဲ့သတင်းထုတ်ပြန်ခဲ့တဲ့ ဧပြီလလောက်မှာပဲ Adeleက သူငယ်ချင်းတွေကို အချစ် သစ် ရှာခိုင်းတဲ့သတင်းတွေကိုလည်း ကြားရပါတယ်။ အခုအခါမှာတော့ အချစ်ကြောင့်အလွန်ကြည်နူးပျော်ရွှင်နေတဲ့ Adeleရဲ့ပုံရိပ်တွေကို ပရိသတ်တွေ ထပ်မံတွေ့မြင်ရပြီဖြစ်ပါတယ်။

Linko
Ref:Dailymail
နယူးယောက်၊ ဇူလိုင် ၆

(  Zawgyi  )

 ျမန္မာပရိသတ္ေတြၾကားေရပန္းစားတဲ့ Helloေတးသီခ်င္းပိုင္ရွင္ Adeleကေတာ့ လတ္တေလာမွာ အခ်စ္သစ္ေတြ႕လို႔ ေပ်ာ္႐ႊင္ၾကည္ႏူးေနတာကို ေတြ႕ျမင္ရပါတယ္။ အခုလ ၅ ရက္ေန႔က်င္းပတဲ့ ၿဗိတိန္ေႏြရာသီပြဲေတာ္မွာ ခ်စ္သူအသစ္နဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေ႐ႊလက္တြဲၿပီး တက္ေရာက္ခဲ့တာပါ။

ဒါဟာ ၃ႏွစ္ၾကာလက္တြဲခဲ့တဲ့ Simon Koneckiနဲ႔ ကြာရွင္းျပတ္စဲေၾကာင္း ေၾကညာၿပီးေနာက္ပိုင္း Adele ကို အခ်စ္သစ္နဲ႔အတူ စတင္ေတြ႕ရွိရတာပဲ ျဖစ္ပါတယ္။ အခု သူတြဲေနတဲ့သူ ဘယ္သူဘယ္ဝါ ဆိုတာေတာ့ ေသခ်ာမသိရေသးပါဘူး။

အသက္ ၃၁ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Adeleဟာ ကမာၻသိၿဗိတိန္အဆိုေတာ္တစ္ဦးျဖစ္ၿပီး၊ Helloသီခ်င္းက သူ႔ရဲ႕ေအာင္ျမင္ေက်ာ္ၾကားဆုံး ေတးသီခ်င္းတစ္ပုဒ္ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ဧၿပီလက Simon နဲ႔ ကြာရွင္းျပတ္စဲ တဲ့သတင္း ႐ုတ္တရက္ထြက္လာေပမဲ့ အဲဒီမတိုင္ခင္ႏွစ္ေပါင္းမ်ားစြာကတည္းက သူတို႔အိမ္ေထာင္ခြဲေနၾကတာလို႔လည္း သတင္းေတြထြက္လာခဲ့ပါတယ္။

Adeleဟာ ပရဟိတစြန႔္ဦးတီထြင္လုပ္ငန္းရွင္ Simonနဲ႔ ၂၀၁၁ခုႏွစ္မွာ စေတြ႕ခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ သူတို႔ႏွစ္ဦး တိတ္တဆိတ္လက္ထပ္ခဲ့ၿပီး၊ သားျဖစ္သူ Angelo ကို ခ်စ္ခင္စြာနဲ႔ျပဳစုပ်ိဳးေထာင္ ဖို႔ ကတိေတြထားခဲ့ၾကပါတယ္။

Simon နဲ႔လမ္းခြဲတဲ့သတင္းထုတ္ျပန္ခဲ့တဲ့ ဧၿပီလေလာက္မွာပဲ Adeleက သူငယ္ခ်င္းေတြကို အခ်စ္ သစ္ ရွာခိုင္းတဲ့သတင္းေတြကိုလည္း ၾကားရပါတယ္။ အခုအခါမွာေတာ့ အခ်စ္ေၾကာင့္အလြန္ၾကည္ႏူးေပ်ာ္႐ႊင္ေနတဲ့ Adeleရဲ႕ပုံရိပ္ေတြကို ပရိသတ္ေတြ ထပ္မံေတြ႕ျမင္ရၿပီျဖစ္ပါတယ္။

Linko
Ref:Dailymail
နယူးေယာက္၊ ဇူလိုင္ ၆