အင်္ဂါဂြိုဟ်သည် လူချမ်းသာများ ထွက်ပြေးခိုလှုံရာ နေရာမဟုတ်

အင်္ဂါဂြိုဟ်သည် လူချမ်းသာများ ထွက်ပြေးခိုလှုံရာ နေရာမဟုတ်

Space X တည်ထောင်သူ အီလွန် မက်စ် ကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ သေဆုံးနိုင်ခြေ မြင့်မားပေမယ့်လည်း သူ့ဘဝသက်တမ်းအတွင်းမှာ အင်္ဂါဂြိုဟ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖို့က ၇၀ ရာခိုင်နှုန်း သေချာတယ်လို့ ကြေညာလိုက်ပါတယ်။

၇ နှစ်လောက် အချိန်အတွင်းမှာ အင်္ဂါဂြိုဟ်ကို လက်မှတ်တစ်စောင်ကို ဒေါ်လာ သိန်းဂဏန်းလောက်နဲ့ သွားရောက်နိုင်ကောင်းတယ်လို့ Space X တည်ထောင်သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။အင်္ဂါဂြိုဟ်ပေါ် ပြောင်းနေဖို့တောင် စဉ်းစားနေတယ်လို့ ဆိုပါတယ်။

မစ္စတာမက်စ် ဟာ ဒီနှစ်မှာ မူးယစ်ဆေးသုံးစွဲမှုနဲ့ ပတ်သက်လို့ အရှုပ်တော်ပုံတွေနဲ့ လုံးထွေးနေခဲ့ပြီး သူ့ရဲ့ လျှပ်စစ်ကားကုမ္ပဏီ Tesla ဟာ ၂၀၀၁ ခုနှစ်ကတည်းက ဂြိုဟ်နီကြီးကို နယ်ချဲ့နိုင်ဖို့ ရည်ရွယ် အလုပ် လုပ်နေခဲ့ရာမှာ ကမ္ဘာဂြိုဟ်ကို ကပ်ဘေးကျရောက်လာခဲ့ရင် တခြားရွေးချယ်စရာတစ်ခုအဖြစ် ယုံကြည်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။

အမေရိကန် သတင်းဝဘ်ဆိုက် Axios က အင်္ဂါဂြိုလ် ကိုလိုနီနယ်မြေဟာ လူချမ်းသာတွေ ထွက်ပြေးခိုလှုံဖို့အတွက်ပဲလားလို့ မေးမြန်းတဲ့အခါမှာတော့ မစ္စတာမက်စ် က မဟုတ်ပါဘူး အင်္ဂါဂြိုဟ်ပေါ်မှာ သေဆုံးနိုင်ခြေဟာ ကမ္ဘာဂြိုဟ်ပေါ်မှာထက် ပိုမိုမြင့်မားပါတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“တကယ်တော့ အင်္ဂါဂြိုဟ်ကိုသွားဖို့ ကြော်ငြာက ရှက်ကယ်တန် ရဲ့ အန္တာတိကကိုသွားဖို့ ကြော်ငြာနဲ့ အတူတူပါပဲ။ခက်ခဲပါလိမ့်မယ်။သေဆုံးနိုင်ခြေလည်း မြင့်မားပါတယ်။ဝန်အနည်းဆံုးနဲ့မှ အာကာသကို ဖြတ်သန်းပြီး အင်္ဂါဂြိုဟ်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်မှာပါ” လို့လည်း မက်စ် က ပြောကြားခဲ့တယ်။

“အင်္ဂါဂြိုဟ်ပေါ် ခြေချချခြင်းပဲ စခန်းဆောက်ဖို့ မရပ်မနား အလုပ် လုပ်ရမှာပါ။ဆိုလိုတာက အားယားနေဖို့ အချိန်မရှိဘူး ဆိုတာပါ။ရောက်လည်းရောက်ပြီ၊ စခန်းလည်းဆောက်ပြီးပြီ ဆိုရင်တောင်မှ သဘာဝပတ်ဝန်းကျင်က ကြမ်းတမ်းလွန်းလို့ သေဆုံးနိုင်ခြေ များပါတယ်” လို့လည်း မက်စ် က ပြောပါတယ်။

“ပြန်လာကောင်း လာနိုင်ပေမယ့်လည်း မသေချာပါဘူး။အဲဒီလိုဆိုရင်ရော လူချမ်းသာတွေအတွက် ထွက်ပြေးခိုလှုံရာ တစ်ခုလို့ ထင်သေးလား” လို့ မက်စ် က ထပ်လောင်းပြောကြားပါတယ်။

Ref : Telegraph
Space Tech
နိုဝင်ဘာ - ၂၆

( Zawgyi )

Space X တည္ေထာင္သူ အီလြန္ မက္စ္ ကေတာ့ အဂၤါၿဂိဳဟ္ေပၚမွာ ေသဆုံးႏိုင္ေျခ ျမင့္မားေပမယ့္လည္း သူ႔ဘဝသက္တမ္းအတြင္းမွာ အဂၤါၿဂိဳဟ္ကို ကိုယ္တိုင္ကိုယ္က် သြားေရာက္ဖို႔က ၇၀ ရာခိုင္ႏႈန္း ေသခ်ာတယ္လို႔ ေၾကညာလိုက္ပါတယ္။

၇ ႏွစ္ေလာက္ အခ်ိန္အတြင္းမွာ အဂၤါၿဂိဳဟ္ကို လက္မွတ္တစ္ေစာင္ကို ေဒၚလာ သိန္းဂဏန္းေလာက္နဲ႔ သြားေရာက္ႏိုင္ေကာင္းတယ္လို႔ Space X တည္ေထာင္သူက သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။အဂၤါၿဂိဳဟ္ေပၚ ေျပာင္းေနဖို႔ေတာင္ စဥ္းစားေနတယ္လို႔ ဆိုပါတယ္။

မစၥတာမက္စ္ ဟာ ဒီႏွစ္မွာ မူးယစ္ေဆးသုံးစြဲမႈနဲ႔ ပတ္သက္လို႔ အရႈပ္ေတာ္ပုံေတြနဲ႔ လုံးေထြးေနခဲ့ၿပီး သူ႔ရဲ႕ လွ်ပ္စစ္ကားကုမၸဏီ Tesla ဟာ ၂၀၀၁ ခုႏွစ္ကတည္းက ၿဂိဳဟ္နီႀကီးကို နယ္ခ်ဲ႕ႏိုင္ဖို႔ ရည္႐ြယ္ အလုပ္ လုပ္ေနခဲ့ရာမွာ ကမာၻၿဂိဳဟ္ကို ကပ္ေဘးက်ေရာက္လာခဲ့ရင္ တျခားေ႐ြးခ်ယ္စရာတစ္ခုအျဖစ္ ယုံၾကည္ေနခဲ့ၾကတာပဲ ျဖစ္ပါတယ္။

အေမရိကန္ သတင္းဝဘ္ဆိုက္ Axios က အဂၤါၿဂိဳလ္ ကိုလိုနီနယ္ေျမဟာ လူခ်မ္းသာေတြ ထြက္ေျပးခိုလႈံဖို႔အတြက္ပဲလားလို႔ ေမးျမန္းတဲ့အခါမွာေတာ့ မစၥတာမက္စ္ က မဟုတ္ပါဘူး အဂၤါၿဂိဳဟ္ေပၚမွာ ေသဆုံးႏိုင္ေျခဟာ ကမာၻၿဂိဳဟ္ေပၚမွာထက္ ပိုမိုျမင့္မားပါတယ္လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

“တကယ္ေတာ့ အဂၤါၿဂိဳဟ္ကိုသြားဖို႔ ေၾကာ္ျငာက ရွက္ကယ္တန္ ရဲ႕ အႏၲာတိကကိုသြားဖို႔ ေၾကာ္ျငာနဲ႔ အတူတူပါပဲ။ခက္ခဲပါလိမ့္မယ္။ေသဆုံးႏိုင္ေျခလည္း ျမင့္မားပါတယ္။ဝန္အနည္းဆံုးနဲ႔မွ အာကာသကို ျဖတ္သန္းၿပီး အဂၤါၿဂိဳဟ္ေပၚကို ေအာင္ျမင္စြာ ဆင္းသက္ႏိုင္မွာပါ” လို႔လည္း မက္စ္ က ေျပာၾကားခဲ့တယ္။

“အဂၤါၿဂိဳဟ္ေပၚ ေျခခ်ခ်ျခင္းပဲ စခန္းေဆာက္ဖို႔ မရပ္မနား အလုပ္ လုပ္ရမွာပါ။ဆိုလိုတာက အားယားေနဖို႔ အခ်ိန္မရွိဘူး ဆိုတာပါ။ေရာက္လည္းေရာက္ၿပီ၊ စခန္းလည္းေဆာက္ၿပီးၿပီ ဆိုရင္ေတာင္မွ သဘာဝပတ္ဝန္းက်င္က ၾကမ္းတမ္းလြန္းလို႔ ေသဆုံးႏိုင္ေျခ မ်ားပါတယ္” လို႔လည္း မက္စ္ က ေျပာပါတယ္။

“ျပန္လာေကာင္း လာႏိုင္ေပမယ့္လည္း မေသခ်ာပါဘူး။အဲဒီလိုဆိုရင္ေရာ လူခ်မ္းသာေတြအတြက္ ထြက္ေျပးခိုလႈံရာ တစ္ခုလို႔ ထင္ေသးလား” လို႔ မက္စ္ က ထပ္ေလာင္းေျပာၾကားပါတယ္။

Ref : Telegraph
Space Tech
ႏိုဝင္ဘာ - ၂၆