အသက်အရွယ်ကို မေ့ထားပြီး အနုပညာအတွက်သာ ကြိုးစားနေတယ်လို့ သရုပ်ဆောင် နေတိုး က ပြောလာ

အသက်အရွယ်ကို မေ့ထားပြီး အနုပညာအတွက်သာ ကြိုးစားနေတယ်လို့ သရုပ်ဆောင် နေတိုး က ပြောလာ

ပြည်တွင်းက ရုပ်ရှင်နဲ့ ဗီဒီယိုဈေးကွက်မှာ ပရိသတ်တွေရဲ့ အားပေးမှုအများဆုံးနဲ့ ထိပ်ဆုံးက ရပ်တည်နေသော မင်းသားတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် နေတိုး ဟာ အခုဆိုရင် သူမလုပ်ဘူးသေးတဲ့ ကာရိုက်တာမျိုးမရှိအောင် သရုပ်ဆောင်ရင်း ကြိုးစားလုပ်ကိုင်နေတယ်လို့ ပြောပါတယ်။

လက်ရှိ ရုံတင်နေတဲ့ ရုပ်ရှင်ကားတွေထဲမှာလည်း သူပါဝင်ထားတဲ့ ဇာတ်ကားတွေရှိနေသလို သူပါဝင်သရုပ်ဆောင်ထားပြီး ရုံမတင်ရသေးတဲ့ ကားတွေလည်း ရှိနေကာ သူ့ရဲ့ အနုပညာလှုပ်ရှားမှုကိုလည်း ပရိသတ်တွေအနေနဲ့ ဆက်တိုက်မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

သူ့ကို အားပေးတဲ့ ပရိသတ်တွေများသလို မကြာသေးခင် ရက်ပိုင်းထဲကလည်း သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေက သူမွေးဖွားကြီးပြင်းလာခဲ့ရတဲ့ အိမ်လေးရဲ့ပုံစံကို ကိတ်မုန့်အဖြစ်နဲ့ စိတ်ဝင်စားဖွယ်ကောင်းအောင်လုပ်ကာ လက်ဆောင်အဖြစ် ပေးခဲ့တာတွေလည်း ရှိပါတယ်။

“အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် သိပ်ပြီးထွေထွေထူးထူးတော့ ပြောစရာသိပ်မရှိပါဘူူး၊ ဇာတ်ကားတစ်ကားမရိုက်ခင် ကာရိုက်တာဝင်အောင်တော့ ကြိုပြင်ရပါတယ်၊ ဇာတ်ကားထဲက ကာရိုက်တာအတိုင်းဖြစ်ဖို့ ဆံပင်အရှည်ဆိုလည်း ကြိုတင်ပြီးထားရတာတွေရှိသလို အစစအရာရာ ကြိုတင်ပြင်ဆင်ရပါတယ်၊ အဲ့ဒီလိုမှ သရုပ်ဆောင်တဲ့အခါ ကျွန်တော်မဟုတ်တဲ့ ကျွန်တော်ပေါ့၊ ဇာတ်ကားထဲက စရိုက်အတိုင်း ပီပီပြင်ပြင်နဲ့ လုပ်နိုင်မှာဖြစ်ပါတယ်” လို့ သရုပ်ဆောင် နေတိုး က ပြောပြပါတယ်။

ယခုဆိုရင် သူဟာ အသက် ၃၈ နှစ် ပြည့်သွားပြီဖြစ်သလို အသက်အရွယ်ပိုင်းဟာ အခြေအနေတစ်ခုကို ရောက်လာပေမယ့် တက်သစ်စသရုပ်ဆောင်တွေနဲ့အပြိုင် သရုပ်ဆောင်ကာ လုပ်ကိုင်နေသလို အားပေးသူ ပရိသတ်တွေလည်း လျော့ကျမသွားဘဲ အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

“ကျွန်တော် အသက်အရွယ်ဆိုတာကို မေ့ထားပြီးတော့ ကိုယ်လုပ်လို့ရတဲ့ အနုပညာနဲ့ ဘယ်လောက်အထိ ကြိုးစားလုပ်လို့ ရသေးလဲဆိုတဲ့ အခြေအနေတွေနဲ့ ဘဝကိုရှေ့ဆက်မှာ ဖြစ်ပါတယ်၊ ကြိုးစားခွင့်ရမယ့် အရာမှန်သမျှကို ရုပ်ရှင်ထဲမှာ ကြိုးစားချင်တယ်” လို့လည်း သူက ဆက်ပြောပါတယ်။

လတ်တလောမှာ ဒရမ်မာဇာတ်လမ်းမျိုးတွေကိုသာ အများဆုံးရိုက်ကူးနေရပြီး ဟာသအနည်းငယ်ပါတဲ့ ဇာတ်လမ်းမျိုးကိုလည်း အနည်းအကျဉ်းလောက် ရိုက်ထားတာတွေရှိတယ်လို့ သိရပါတယ်။

သူ့အနေနဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း “လောလောဆယ်တော့ အဲ့ဒါကိုစဉ်းစားလို့မရသေးပါဘူး၊ ကံစီမံရာပေါ့၊ အနုပညာအလုပ်ကိုပဲ ကျွန်တော် ဘယ်အတိုင်းအတာအထိ ရှေ့ဆက်လုပ်နိုင်မလဲ၊ အဆုံးအထိကို ဆက်လုပ်သွားဦးမယ်၊ ဒါဟာလည်း ကျွန်တော့်ပရိသတ်တွေအတွက် ကြိုးစားနေတာလည်း ဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၁၂

( Zawgyi )

ျပည္တြင္းက ႐ုပ္ရွင္နဲ႔ ဗီဒီယိုေဈးကြက္မွာ ပရိသတ္ေတြရဲ႕ အားေပးမႈအမ်ားဆုံးနဲ႔ ထိပ္ဆုံးက ရပ္တည္ေနေသာ မင္းသားတစ္ေယာက္ျဖစ္တဲ့ သ႐ုပ္ေဆာင္ ေနတိုး ဟာ အခုဆိုရင္ သူမလုပ္ဘူးေသးတဲ့ ကာ႐ိုက္တာမ်ိဳးမရွိေအာင္ သ႐ုပ္ေဆာင္ရင္း ႀကိဳးစားလုပ္ကိုင္ေနတယ္လို႔ ေျပာပါတယ္။

လက္ရွိ ႐ုံတင္ေနတဲ့ ႐ုပ္ရွင္ကားေတြထဲမွာလည္း သူပါဝင္ထားတဲ့ ဇာတ္ကားေတြရွိေနသလို သူပါဝင္သ႐ုပ္ေဆာင္ထားၿပီး ႐ုံမတင္ရေသးတဲ့ ကားေတြလည္း ရွိေနကာ သူ႔ရဲ႕ အႏုပညာလႈပ္ရွားမႈကိုလည္း ပရိသတ္ေတြအေနနဲ႔ ဆက္တိုက္ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။

သူ႔ကို အားေပးတဲ့ ပရိသတ္ေတြမ်ားသလို မၾကာေသးခင္ ရက္ပိုင္းထဲကလည္း သူ႔ကို ခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြက သူေမြးဖြားႀကီးျပင္းလာခဲ့ရတဲ့ အိမ္ေလးရဲ႕ပုံစံကို ကိတ္မုန႔္အျဖစ္နဲ႔ စိတ္ဝင္စားဖြယ္ေကာင္းေအာင္လုပ္ကာ လက္ေဆာင္အျဖစ္ ေပးခဲ့တာေတြလည္း ရွိပါတယ္။

“အႏုပညာလႈပ္ရွားမႈနဲ႔ ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္ သိပ္ၿပီးေထြေထြထူးထူးေတာ့ ေျပာစရာသိပ္မရွိပါဘူူး၊ ဇာတ္ကားတစ္ကားမ႐ိုက္ခင္ ကာ႐ိုက္တာဝင္ေအာင္ေတာ့ ႀကိဳျပင္ရပါတယ္၊ ဇာတ္ကားထဲက ကာ႐ိုက္တာအတိုင္းျဖစ္ဖို႔ ဆံပင္အရွည္ဆိုလည္း ႀကိဳတင္ၿပီးထားရတာေတြရွိသလို အစစအရာရာ ႀကိဳတင္ျပင္ဆင္ရပါတယ္၊ အဲ့ဒီလိုမွ သ႐ုပ္ေဆာင္တဲ့အခါ ကြၽန္ေတာ္မဟုတ္တဲ့ ကြၽန္ေတာ္ေပါ့၊ ဇာတ္ကားထဲက စ႐ိုက္အတိုင္း ပီပီျပင္ျပင္နဲ႔ လုပ္ႏိုင္မွာျဖစ္ပါတယ္” လို႔ သ႐ုပ္ေဆာင္ ေနတိုး က ေျပာျပပါတယ္။

ယခုဆိုရင္ သူဟာ အသက္ ၃၈ ႏွစ္ ျပည့္သြားၿပီျဖစ္သလို အသက္အ႐ြယ္ပိုင္းဟာ အေျခအေနတစ္ခုကို ေရာက္လာေပမယ့္ တက္သစ္စသ႐ုပ္ေဆာင္ေတြနဲ႔အၿပိဳင္ သ႐ုပ္ေဆာင္ကာ လုပ္ကိုင္ေနသလို အားေပးသူ ပရိသတ္ေတြလည္း ေလ်ာ့က်မသြားဘဲ ေအာင္ျမင္ေနတဲ့ သ႐ုပ္ေဆာင္တစ္ဦးလည္း ျဖစ္ပါတယ္။

“ကြၽန္ေတာ္ အသက္အ႐ြယ္ဆိုတာကို ေမ့ထားၿပီးေတာ့ ကိုယ္လုပ္လို႔ရတဲ့ အႏုပညာနဲ႔ ဘယ္ေလာက္အထိ ႀကိဳးစားလုပ္လို႔ ရေသးလဲဆိုတဲ့ အေျခအေနေတြနဲ႔ ဘဝကိုေရွ႕ဆက္မွာ ျဖစ္ပါတယ္၊ ႀကိဳးစားခြင့္ရမယ့္ အရာမွန္သမွ်ကို ႐ုပ္ရွင္ထဲမွာ ႀကိဳးစားခ်င္တယ္” လို႔လည္း သူက ဆက္ေျပာပါတယ္။

လတ္တေလာမွာ ဒရမ္မာဇာတ္လမ္းမ်ိဳးေတြကိုသာ အမ်ားဆုံး႐ိုက္ကူးေနရၿပီး ဟာသအနည္းငယ္ပါတဲ့ ဇာတ္လမ္းမ်ိဳးကိုလည္း အနည္းအက်ဥ္းေလာက္ ႐ိုက္ထားတာေတြရွိတယ္လို႔ သိရပါတယ္။

သူ႔အေနနဲ႔ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း “ေလာေလာဆယ္ေတာ့ အဲ့ဒါကိုစဥ္းစားလို႔မရေသးပါဘူး၊ ကံစီမံရာေပါ့၊ အႏုပညာအလုပ္ကိုပဲ ကြၽန္ေတာ္ ဘယ္အတိုင္းအတာအထိ ေရွ႕ဆက္လုပ္ႏိုင္မလဲ၊ အဆုံးအထိကို ဆက္လုပ္သြားဦးမယ္၊ ဒါဟာလည္း ကြၽန္ေတာ့္ပရိသတ္ေတြအတြက္ ႀကိဳးစားေနတာလည္း ျဖစ္ပါတယ္” လို႔ ေျပာျပခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ - ၁၂