【 နည်းပညာ 】 ကြိုးမဲ့ TWS Earphone ကို vivo မိတ်ဆက်မည်

【 နည်းပညာ 】 ကြိုးမဲ့ TWS Earphone ကို vivo မိတ်ဆက်မည်

Samsung, Huawei, Apple နဲ့ Xiaomi တို့လို စမတ်ဖုန်းကုမ္ပဏီကြီးတွေမှ ကြိုးမဲ့ TWS Earphone တွေကို အပြိုင်အဆိုင် ထုတ်လုပ်ခဲ့ကြတာ မြင်တွေ့ခဲ့ပြီး ဖြစ်ပါတယ်။

ယခုတော့ vivo မှလည်း TWS Earphone ကို ၎င်းရဲ့ နောက်ဆုံးထွက် Flagship စမတ်ဖုန်းဖြစ်တဲ့ NEX 3 5G နဲ့အတူ မိတ်ဆက်သွားတော့မယ်လို့ သတင်းများ ထွက်ပေါ်လာပါတယ်။

လာမယ့် ရက်သတ္တပတ်ကတော့ vivo အတွက် အတော်အလုပ်ရှုပ်မယ့်ပုံပါပဲ။စက်တင်ဘာ ၁၆ ရက်နေ့ ယနေ့မှာပဲ Flagship စမတ်ဖုန်းသစ် vivo NEX 3 5G ကို မိတ်ဆက်ဖို့ ပြင်ဆင်ထားသလို စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ Funtouch OS 9.1 ကို ထုတ်ပြသွားမှာဖြစ်သလို၊ စက်တင်ဘာ ၂၀ ရက်နေ့မှာတော့ vivo V17 Pro စမတ်ဖုန်းကို ထပ်မံမိတ်ဆက်သွားမှာပါ။ထူးခြားတဲ့ သတင်းတစ်ခုကတော့ vivo မှ TWS Earphone တစ်ခုကို မိတ်ဆက်သွားမယ် ဆိုတာပဲ ဖြစ်ပါတယ်။

အဆိုပါ TWS Earphone ရဲ့ သတင်းတွေဟာ စက်တင်ဘာ ၁၄ ရက်နေ့က အတော်များများ ဝဘ်ဆိုက်တွေမှာ ပျံ့နှံ့လာခဲ့ပြီး၊ နာမည်ကြီး chip ကုမ္ပဏီကြီးဖြစ်တဲ့ Qualcomm ကိုယ်တိုင်ထံမှ သတင်းပေါက်ကြားလာခဲ့တာ ဖြစ်ပါတယ်။ပေါက်ကြားလာတဲ့ သတင်းတွေအရ vivo ရဲ့ TWS Earphone ကို Qualcomm ရဲ့ နောက်ဆုံးထွက် chip အသစ် QCC5126 wireless chip နဲ့ မောင်းနှင်လာဖွယ်ရှိပြီး၊ Bluetooth 5.0 ချိတ်ဆက်မှုကို အသုံးပြုထားမယ်လို့ သိရပါတယ်။ QCC5126 chip နဲ့ မောင်းနှင်ပေးထားတာက vivo ရဲ့ Earphone ကို စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သွားစေခဲ့ပြီး Apple နဲ့ AirPods မှာ ပါဝင်တဲ့ always on voice wake-up လို နည်းပညာကို အသုံးပြုနိုင်မယ် ဆိုပါတယ်။ဒါ့အပြင် စွမ်းဆောင်ရည်ဟာလည်း AirPods ကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ သိရပါတယ်။

vivo TWS Earphone ရဲ့ အသေးစိတ် အချက်အလက်တွေတော့ မထွက်ပေါ်လာသေးပဲ ယနေ့မှာပဲ vivo NEX 3 5G Flagship စမတ်ဖုန်းနဲ့အတူ ထွက်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။

Damien

( Zawgyi )

Samsung, Huawei, Apple နဲ႔ Xiaomi တို႔လို စမတ္ဖုန္းကုမၸဏီႀကီးေတြမွ ႀကိဳးမဲ့ TWS Earphone ေတြကို အၿပိဳင္အဆိုင္ ထုတ္လုပ္ခဲ့ၾကတာ ျမင္ေတြ႕ခဲ့ၿပီး ျဖစ္ပါတယ္။

ယခုေတာ့ vivo မွလည္း TWS Earphone ကို ၎ရဲ႕ ေနာက္ဆုံးထြက္ Flagship စမတ္ဖုန္းျဖစ္တဲ့ NEX 3 5G နဲ႔အတူ မိတ္ဆက္သြားေတာ့မယ္လို႔ သတင္းမ်ား ထြက္ေပၚလာပါတယ္။

လာမယ့္ ရက္သတၱပတ္ကေတာ့ vivo အတြက္ အေတာ္အလုပ္ရႈပ္မယ့္ပုံပါပဲ။စက္တင္ဘာ ၁၆ ရက္ေန႔ ယေန႔မွာပဲ Flagship စမတ္ဖုန္းသစ္ vivo NEX 3 5G ကို မိတ္ဆက္ဖို႔ ျပင္ဆင္ထားသလို စက္တင္ဘာ ၁၇ ရက္ေန႔မွာေတာ့ Funtouch OS 9.1 ကို ထုတ္ျပသြားမွာျဖစ္သလို၊ စက္တင္ဘာ ၂၀ ရက္ေန႔မွာေတာ့ vivo V17 Pro စမတ္ဖုန္းကို ထပ္မံမိတ္ဆက္သြားမွာပါ။ထူးျခားတဲ့ သတင္းတစ္ခုကေတာ့ vivo မွ TWS Earphone တစ္ခုကို မိတ္ဆက္သြားမယ္ ဆိုတာပဲ ျဖစ္ပါတယ္။

အဆိုပါ TWS Earphone ရဲ႕ သတင္းေတြဟာ စက္တင္ဘာ ၁၄ ရက္ေန႔က အေတာ္မ်ားမ်ား ဝဘ္ဆိုက္ေတြမွာ ပ်ံ႕ႏွံ႔လာခဲ့ၿပီး၊ နာမည္ႀကီး chip ကုမၸဏီႀကီးျဖစ္တဲ့ Qualcomm ကိုယ္တိုင္ထံမွ သတင္းေပါက္ၾကားလာခဲ့တာ ျဖစ္ပါတယ္။ေပါက္ၾကားလာတဲ့ သတင္းေတြအရ vivo ရဲ႕ TWS Earphone ကို Qualcomm ရဲ႕ ေနာက္ဆုံးထြက္ chip အသစ္ QCC5126 wireless chip နဲ႔ ေမာင္းႏွင္လာဖြယ္ရွိၿပီး၊ Bluetooth 5.0 ခ်ိတ္ဆက္မႈကို အသုံးျပဳထားမယ္လို႔ သိရပါတယ္။ QCC5126 chip နဲ႔ ေမာင္းႏွင္ေပးထားတာက vivo ရဲ႕ Earphone ကို စြမ္းေဆာင္ရည္ ပိုမိုေကာင္းမြန္သြားေစခဲ့ၿပီး Apple နဲ႔ AirPods မွာ ပါဝင္တဲ့ always on voice wake-up လို နည္းပညာကို အသုံးျပဳႏိုင္မယ္ ဆိုပါတယ္။ဒါ့အျပင္ စြမ္းေဆာင္ရည္ဟာလည္း AirPods ကို အေကာင္းဆုံး ယွဥ္ၿပိဳင္ႏိုင္မယ္လို႔ သိရပါတယ္။

vivo TWS Earphone ရဲ႕ အေသးစိတ္ အခ်က္အလက္ေတြေတာ့ မထြက္ေပၚလာေသးပဲ ယေန႔မွာပဲ vivo NEX 3 5G Flagship စမတ္ဖုန္းနဲ႔အတူ ထြက္ေပၚလာႏိုင္တယ္လို႔ သိရပါတယ္။

Damien