【 နည်းပညာ 】 ဂိမ်းသမားတွေ အကြိုက်တွေ့မယ့် Xiaomi ရဲ့ Black Shark 2 Pro

【 နည်းပညာ 】 ဂိမ်းသမားတွေ အကြိုက်တွေ့မယ့် Xiaomi ရဲ့ Black Shark 2 Pro

Xiaomi ကတော့ Black Shark မျိုးဆက်သစ်ဖြစ်တဲ့ Black Shark 2 Pro Gaming စမတ်ဖုန်းသစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

ယခင်ထွက်ရှိထားတဲ့ Black Shark 2 ကို အဆင်မြှင့်တင်လိုက်လည်းဖြစ်ပြီး အရောင်အသွေး ပိုမိုစုံလင်စွာ တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။

Black Shark 2 Pro ဟာ အခြားသော Gaming စမတ်ဖုန်းတွေထက် ပိုမိုဈေးသက်သာနေမှာလည်း ဖြစ်ပါတယ်။ဈေးသက်သာတယ် ဆိုပေမယ့် ၎င်းမှာပါဝင်တဲ့ specs တွေကလည်း gaming ဖုန်းတစ်လုံး ဖြစ်တာနဲ့အညီ မြင့်မားတာကို မြင်တွေ့ရပါတယ်။

အဓိကအဆင်မြှင့်တင်မှုကတော့ Asus ရဲ့ ROG 2 လိုပဲ နောက်ဆုံးထွက် Snapdragon 855 Plus နဲ့ မောင်းနှင်ပေးထားတာ ဖြစ်ပါတယ်။မျက်နှာပြင်အကျယ်က ၆ လက်မကျော် (6.39-inch) ရှိတဲ့ AMOLED FHD+ မျက်နှာပြင် တပ်ဆင်ပေးထားကာ အသံထွက်က stereo speaker အမျိုးအစားပါဝင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် ကိုယ်ဖုံးလုံခြုံရေးအတွက် ယခင် Black Shark 2 မှာ အသုံးပြုထားခဲ့တဲ့ UD fingerprint sensor လဲ ပါဝင်လာတာ မြင်တွေ့ရပါတယ်။ကင်မရာတွေအနေနဲ့ ကျောဘက်မှာ 48MP အဓိက ကင်မရာတစ်လုံး၊ 12MP ကင်မရာတစ်လုံး၊ နှစ်လုံးတပ်ဆင်ပေးထားပြီး၊ ရှေ့ဘက် selfie ကင်မရာကတော့ 20MP ဖြစ်ပါတယ်။ဘက်ထရီပမာဏကတော့ 4,000mAh ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

နောက်ထပ် အဆင့်မြှင့်တင်မှုကတော့ game ဆော့တဲ့အခါ စမတ်ဖုန်း အပူလွန်ကဲမှုကို လျှော့ချဖို့ liquid cooling 3.0 ကို အဆင်မြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။

အဆိုပါ Black Shark 2 Pro စမတ်ဖုန်းကို တရုတ်နိုင်ငံမှာတော့ သြဂုတ် ၂ ရက်နေ့မှာ စတင်ရောင်းချပေးသွားမှာပါ။အရောင်တွေအနေနဲ့လည်း Black, Silver, Blue, Orange နဲ့ Purple ဆိုပြီး အရောင်ငါးမျိုး စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်မှာပါ။

Black Shark 2 Pro ဟာ version နှစ်မျိုး ထွက်ရှိမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ အံ့အားသင့်စရာပါပဲ 12/128 GB version ကို $435 (မြန်မာငွေ ၆၆၀,၀၀၀ ခန့်) နဲ့ 12/256 GB version ကိုတော့ $508 (မြန်မာငွေ ၇၆၀,၀၀၀ ခန့်) သာ ကျသင့်မှာဖြစ်ပြီး၊ ပြည်တွင်းကို ဝင်ရောက်လာခဲ့ရင်တော့ ဈေးနှုန်းများပြားမှုတွေ ရှိနိုင်ပါတယ်။

Damien

( Zawgyi )

Xiaomi ကေတာ့ Black Shark မ်ိဳးဆက္သစ္ျဖစ္တဲ့ Black Shark 2 Pro Gaming စမတ္ဖုန္းသစ္ကို မိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။

ယခင္ထြက္ရွိထားတဲ့ Black Shark 2 ကို အဆင္ျမႇင့္တင္လိုက္လည္းျဖစ္ၿပီး အေရာင္အေသြး ပိုမိုစုံလင္စြာ ေတြ႕ျမင္ရမွာလည္း ျဖစ္ပါတယ္။

Black Shark 2 Pro ဟာ အျခားေသာ Gaming စမတ္ဖုန္းေတြထက္ ပိုမိုေဈးသက္သာေနမွာလည္း ျဖစ္ပါတယ္။ေဈးသက္သာတယ္ ဆိုေပမယ့္ ၎မွာပါဝင္တဲ့ specs ေတြကလည္း gaming ဖုန္းတစ္လုံး ျဖစ္တာနဲ႔အညီ ျမင့္မားတာကို ျမင္ေတြ႕ရပါတယ္။

အဓိကအဆင္ျမႇင့္တင္မႈကေတာ့ Asus ရဲ႕ ROG 2 လိုပဲ ေနာက္ဆုံးထြက္ Snapdragon 855 Plus နဲ႔ ေမာင္းႏွင္ေပးထားတာ ျဖစ္ပါတယ္။မ်က္ႏွာျပင္အက်ယ္က ၆ လက္မေက်ာ္ (6.39-inch) ရွိတဲ့ AMOLED FHD+ မ်က္ႏွာျပင္ တပ္ဆင္ေပးထားကာ အသံထြက္က stereo speaker အမ်ိဳးအစားပါဝင္မွာ ျဖစ္ပါတယ္။ဒါ့အျပင္ ကိုယ္ဖုံးလုံၿခဳံေရးအတြက္ ယခင္ Black Shark 2 မွာ အသုံးျပဳထားခဲ့တဲ့ UD fingerprint sensor လဲ ပါဝင္လာတာ ျမင္ေတြ႕ရပါတယ္။ကင္မရာေတြအေနနဲ႔ ေက်ာဘက္မွာ 48MP အဓိက ကင္မရာတစ္လုံး၊ 12MP ကင္မရာတစ္လုံး၊ ႏွစ္လုံးတပ္ဆင္ေပးထားၿပီး၊ ေရွ႕ဘက္ selfie ကင္မရာကေတာ့ 20MP ျဖစ္ပါတယ္။ဘက္ထရီပမာဏကေတာ့ 4,000mAh ထည့္သြင္းေပးထားတာ ျဖစ္ပါတယ္။

ေနာက္ထပ္ အဆင့္ျမႇင့္တင္မႈကေတာ့ game ေဆာ့တဲ့အခါ စမတ္ဖုန္း အပူလြန္ကဲမႈကို ေလွ်ာ့ခ်ဖို႔ liquid cooling 3.0 ကို အဆင္ျမႇင့္ေပးလိုက္တာ ျဖစ္ပါတယ္။

အဆိုပါ Black Shark 2 Pro စမတ္ဖုန္းကို တ႐ုတ္ႏိုင္ငံမွာေတာ့ ၾသဂုတ္ ၂ ရက္ေန႔မွာ စတင္ေရာင္းခ်ေပးသြားမွာပါ။အေရာင္ေတြအေနနဲ႔လည္း Black, Silver, Blue, Orange နဲ႔ Purple ဆိုၿပီး အေရာင္ငါးမ်ိဳး စိတ္ႀကိဳက္ေ႐ြးခ်ယ္ ဝယ္ယူႏိုင္မွာပါ။

Black Shark 2 Pro ဟာ version ႏွစ္မ်ိဳး ထြက္ရွိမွာျဖစ္ၿပီး ေဈးႏႈန္းအေနနဲ႔ကေတာ့ အံ့အားသင့္စရာပါပဲ 12/128 GB version ကို $435 (ျမန္မာေငြ ၆၆၀,၀၀၀ ခန႔္) နဲ႔ 12/256 GB version ကိုေတာ့ $508 (ျမန္မာေငြ ၇၆၀,၀၀၀ ခန႔္) သာ က်သင့္မွာျဖစ္ၿပီး၊ ျပည္တြင္းကို ဝင္ေရာက္လာခဲ့ရင္ေတာ့ ေဈးႏႈန္းမ်ားျပားမႈေတြ ရွိႏိုင္ပါတယ္။

Damien