【 နည်းပညာ 】 တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Google ရဲ့ Gallery Go

【 နည်းပညာ 】 တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Google ရဲ့ Gallery Go

Google မှ ၎င်းရဲ့ နောက်ဆုံးထွက် Go app ဖြစ်တဲ့ Gallery Go ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Google Go, Maps Go နဲ့ Youtube Go တို့ရဲ့ နောက်မှာ ထွက်ပေါ်လာခဲ့တဲ့ Gallery Go ဟာ သင်တို့ရဲ့ တန်ဖိုးနည်း စမတ်ဖုန်းတွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

နာမည်ကြီး လူမှုကွန်ယက်တွေဖြစ်တဲ့ Facebook, Instagram နဲ့ Twitter တို့မှလည်း ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်မယ့် Lite version app တွေ ထုတ်လုပ်ပေးခဲ့အပြီးမှာ၊ Google မှလည်း specs မမြင့်တဲ့ တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Android Go လို့ အမည်ရတဲ့ Operating System တစ်ခုကို တည်ဆောက်ပေးခဲ့ပြီး Go app တွေကို ဆက်တိုက်ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

Gallery Go app ဆိုရင် 10MB ပမာဏသာရှိပေမယ့် 130MB ရှိတဲ့ Google Photos app ရဲ့ function တွေကိုလည်း အသုံးပြုနိုင်မယ် ဆိုပါတယ်။ Gallery Go app ဟာ ဓာတ်ပုံတွေကို ပြင်ဆင်ဖို့အတွက် Editing Tools တွေ အသုံးပြုနိုင်မှာဖြစ်သလို၊ Auto Enhanced Feature နဲ့ Auto-organization တို့လည်း ပါဝင်တယ် ဆိုပါတယ်။အင်တာနက်မရှိပဲ offline အဖြစ် အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။

Google မှ ထုတ်လုပ်ထားတဲ့ Go app တွေဟာ ဒေါ်လာ ၁၀၀ အောက် စမတ်ဖုန်းတွေအတွက် ရည်ရွယ်ထားပြီး နောက်ပိုင်းထွက်ရှိလာတဲ့ တန်ဖိုးနည်းစမတ်ဖုန်းတွေမှာ Gallery Go app တစ်ခါတည်း ပါဝင်လာမယ် ဆိုပါတယ်။

Gallery Go ကို Play Store မှာ download ဆွဲယူနိုင်ပြီဖြစ်ပြီး၊ အဆိုပါ app အသုံးပြုဖို့အတွက်ကတော့ သင့်ဖုန်းဟာ Android version 8.1 Oreo နဲ့ အထက် ရှိနေရမယ်လို့လည်း ဆိုပါတယ်။

Damien

( Zawgyi )

Google မွ ၎ရဲ႕ ေနာက္ဆုံးထြက္ Go app ျဖစ္တဲ့ Gallery Go ကို မိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။

Google Go, Maps Go နဲ႔ Youtube Go တို႔ရဲ႕ ေနာက္မွာ ထြက္ေပၚလာခဲ့တဲ့ Gallery Go ဟာ သင္တို႔ရဲ႕ တန္ဖိုးနည္း စမတ္ဖုန္းေတြမွာ အဆင္ေျပေျပ အသုံးျပဳႏိုင္မယ္လို႔ ဆိုပါတယ္။

နာမည္ႀကီး လူမႈကြန္ယက္ေတြျဖစ္တဲ့ Facebook, Instagram နဲ႔ Twitter တို႔မွလည္း ေပါ့ေပါ့ပါးပါး အသုံးျပဳႏိုင္မယ့္ Lite version app ေတြ ထုတ္လုပ္ေပးခဲ့အၿပီးမွာ၊ Google မွလည္း specs မျမင့္တဲ့ တန္ဖိုးနည္း စမတ္ဖုန္းေတြအတြက္ Android Go လို႔ အမည္ရတဲ့ Operating System တစ္ခုကို တည္ေဆာက္ေပးခဲ့ၿပီး Go app ေတြကို ဆက္တိုက္ထုတ္လုပ္ေပးခဲ့တာ ျဖစ္ပါတယ္။

Gallery Go app ဆိုရင္ 10MB ပမာဏသာရွိေပမယ့္ 130MB ရွိတဲ့ Google Photos app ရဲ႕ function ေတြကိုလည္း အသုံးျပဳႏိုင္မယ္ ဆိုပါတယ္။ Gallery Go app ဟာ ဓာတ္ပုံေတြကို ျပင္ဆင္ဖို႔အတြက္ Editing Tools ေတြ အသုံးျပဳႏိုင္မွာျဖစ္သလို၊ Auto Enhanced Feature နဲ႔ Auto-organization တို႔လည္း ပါဝင္တယ္ ဆိုပါတယ္။အင္တာနက္မရွိပဲ offline အျဖစ္ အသုံးျပဳႏိုင္မယ္လို႔လည္း သိရပါတယ္။

Google မွ ထုတ္လုပ္ထားတဲ့ Go app ေတြဟာ ေဒၚလာ ၁၀၀ ေအာက္ စမတ္ဖုန္းေတြအတြက္ ရည္႐ြယ္ထားၿပီး ေနာက္ပိုင္းထြက္ရွိလာတဲ့ တန္ဖိုးနည္းစမတ္ဖုန္းေတြမွာ Gallery Go app တစ္ခါတည္း ပါဝင္လာမယ္ ဆိုပါတယ္။

Gallery Go ကို Play Store မွာ download ဆြဲယူႏိုင္ၿပီျဖစ္ၿပီး၊ အဆိုပါ app အသုံးျပဳဖို႔အတြက္ကေတာ့ သင့္ဖုန္းဟာ Android version 8.1 Oreo နဲ႔ အထက္ ရွိေနရမယ္လို႔လည္း ဆိုပါတယ္။

Damien