【 နည်းပညာ 】 ထူးခြားတဲ့ အသွင်အပြင်တွေနဲ့ Samsung Galaxy Fold

【 နည်းပညာ 】 ထူးခြားတဲ့ အသွင်အပြင်တွေနဲ့ Samsung Galaxy Fold

လွန်ခဲ့တဲ့ ရက်ပိုင်းတွေက Samsung က ၎င်းရဲ့ ပထမဆုံး ကွေးညွတ်စမတ်ဖုန်းဖြစ်တဲ့ galaxy fold ကို tech reviewers တွေ လက်ထဲ ထည့်ပေးခဲ့တာ အားလုံးသိကြပြီး ဖြစ်မှာပါ။

အဆိုဖုန်းရဲ့ အပေါ်ယံအလွှာကို ခွာလိုက်ကြမိတဲ့အတွက်လည်း မျက်နှာပြင် ပျက်စီးမှုတွေ ဖြစ်ခဲ့တယ်လည်း စမတ်ဖုန်းလောကမှာ အတော်လေးကို ဂယက်ရိုက်သွားပါသေးတယ်။ဒါပေမယ့် ပျက်စီးမှုတွေဖြစ်တာက review unit တွေမှာပဲ ဖြစ်ပါတယ်။တကယ်ဖြန့်ချီရင်တော့ ပျက်စီးမှုတွေ Samsung ဘက်က အဖြစ်ခံမှာ မဟုတ်တာ သေချာပါတယ်။

အခုတစ်ခါမှာတော့ Samsung Galaxy Fold ရဲ့ specifications, ထူးခြားချက်တွေနဲ့ ၎င်းရဲ့ ဘူးထဲမှာ ဘာတွေပါဝင်သလဲဆိုတာ ဖော်ပြပေးသွားမှာပါ။

Samsung Galaxy Fold ရဲ့ unboxing ကို စကြည့်မိတဲ့အခါမှာ ထုတ်ပိုးမှုပုံစံကကို အလွန်တရာ နှစ်လိုဖွယ်ရှိပါတယ်။ဘူးထဲမှာတော့ Samsung က အသစ်မိတ်ဆက်ထားတဲ့ Galaxy Buds လို့ ခေါ်တဲ့ wireless headphones ပါဝင်တာကို တွေ့ရပြီး၊ charger, charging cable နဲ့ USB ကနေ USB-C ပြောင်းလဲနိုင်တဲ့ adapter လေး ပါဝင်တာကို မြင်တွေ့ရပါတယ်။စိတ်ဝင်စားစရာကတော့ Galaxy Buds ကို ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။

Galaxy Fold ဟာ ကွေးညွတ်ထားချင်းမရှိရင် 7.3 inch, 1536x2152 pixels မျက်နှာပြင်ဖြစ်ပြီး၊ ကွေးညွတ်ထားရင်တော့ 4.6 inch, 720x1680 pixels မျက်နှာပြင် ဖြစ်ပါတယ်။ Qualcomm Snapdragon 855 ကို တပ်ဆင်မောင်းနှင်ထားပြီး Android 9.0 (Pie) ပေါ်မှာ အခြေခံထားတာပါ၊ 12GB RAM, 512GB သိမ်းဆည်းနိုင်မှု ပမာဏတို့ကို ထည့်သွင်းပေးထားပါတယ်။

ကင်မရာပိုင်းမှာတော့ 12MP wide, 12MP telephoto, 16MP ultrawide သုံးလုံးတပ်ဆင်ပေးထားကာ၊ selfie ကင်မရာကတော့ 10MP wide, 8MP wide, 10MP wide တပ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။လက်ဗွေကိရိယာကိုတော့ ဘေးဘက်မှာ တပ်ဆင်ထားတာပဲ ဖြစ်ပါတယ်။

 

Reviewers တွေ စမ်းသပ်တာကို ကြည့်ရတဲ့အခါ မျက်နှာပြင်တစ်ခုနဲ့ တစ်ခု ပြောင်းလဲတဲ့အခါမှာ အချိန်နောက်ကျခြင်းမရှိပဲ အဆင်ပြေစွာ ပြောင်းလဲနိုင်တာကိုလဲ တွေ့ရပါတယ်။ဒါပေမယ့် မျက်နှာပြင် ပျက်စီးမှုတွေ ကိုတော့ Samsung ဘက်က ဘယ်လိုပြင်ဆင်မလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပြီး၊ အခြားသော ကွေးညွတ်ဖုန်းဖြစ်တဲ့ Huawei Mate X နဲ့ ဘယ်လိုယှဉ်ပြိုင်ကြမလဲဆိုတာကတော့......။

Damien
ဧပြီ - ၂၂

( Zawgyi )

လြန္ခဲ့တဲ့ ရက္ပိုင္းေတြက Samsung က ၎ရဲ႕ ပထမဆုံး ေကြးၫြတ္စမတ္ဖုန္းျဖစ္တဲ့ galaxy fold ကို tech reviewers ေတြ လက္ထဲ ထည့္ေပးခဲ့တာ အားလုံးသိၾကၿပီး ျဖစ္မွာပါ။

အဆိုဖုန္းရဲ႕ အေပၚယံအလႊာကို ခြာလိုက္ၾကမိတဲ့အတြက္လည္း မ်က္ႏွာျပင္ ပ်က္စီးမႈေတြ ျဖစ္ခဲ့တယ္လည္း စမတ္ဖုန္းေလာကမွာ အေတာ္ေလးကို ဂယက္႐ိုက္သြားပါေသးတယ္။ဒါေပမယ့္ ပ်က္စီးမႈေတြျဖစ္တာက review unit ေတြမွာပဲ ျဖစ္ပါတယ္။တကယ္ျဖန႔္ခ်ီရင္ေတာ့ ပ်က္စီးမႈေတြ Samsung ဘက္က အျဖစ္ခံမွာ မဟုတ္တာ ေသခ်ာပါတယ္။

အခုတစ္ခါမွာေတာ့ Samsung Galaxy Fold ရဲ႕ specifications, ထူးျခားခ်က္ေတြနဲ႔ ၎ရဲ႕ ဘူးထဲမွာ ဘာေတြပါဝင္သလဲဆိုတာ ေဖာ္ျပေပးသြားမွာပါ။

Samsung Galaxy Fold ရဲ႕ unboxing ကို စၾကည့္မိတဲ့အခါမွာ ထုတ္ပိုးမႈပုံစံကကို အလြန္တရာ ႏွစ္လိုဖြယ္ရွိပါတယ္။ဘူးထဲမွာေတာ့ Samsung က အသစ္မိတ္ဆက္ထားတဲ့ Galaxy Buds လို႔ ေခၚတဲ့ wireless headphones ပါဝင္တာကို ေတြ႕ရၿပီး၊ charger, charging cable နဲ႔ USB ကေန USB-C ေျပာင္းလဲႏိုင္တဲ့ adapter ေလး ပါဝင္တာကို ျမင္ေတြ႕ရပါတယ္။စိတ္ဝင္စားစရာကေတာ့ Galaxy Buds ကို ထည့္သြင္းေပးထားတာပဲ ျဖစ္ပါတယ္။

Galaxy Fold ဟာ ေကြးၫြတ္ထားခ်င္းမရွိရင္ 7.3 inch, 1536x2152 pixels မ်က္ႏွာျပင္ျဖစ္ၿပီး၊ ေကြးၫြတ္ထားရင္ေတာ့ 4.6 inch, 720x1680 pixels မ်က္ႏွာျပင္ ျဖစ္ပါတယ္။ Qualcomm Snapdragon 855 ကို တပ္ဆင္ေမာင္းႏွင္ထားၿပီး Android 9.0 (Pie) ေပၚမွာ အေျခခံထားတာပါ၊ 12GB RAM, 512GB သိမ္းဆည္းႏိုင္မႈ ပမာဏတို႔ကို ထည့္သြင္းေပးထားပါတယ္။

ကင္မရာပိုင္းမွာေတာ့ 12MP wide, 12MP telephoto, 16MP ultrawide သုံးလုံးတပ္ဆင္ေပးထားကာ၊ selfie ကင္မရာကေတာ့ 10MP wide, 8MP wide, 10MP wide တပ္ဆင္ေပးထားတာပဲ ျဖစ္ပါတယ္။လက္ေဗြကိရိယာကိုေတာ့ ေဘးဘက္မွာ တပ္ဆင္ထားတာပဲ ျဖစ္ပါတယ္။

Reviewers ေတြ စမ္းသပ္တာကို ၾကည့္ရတဲ့အခါ မ်က္ႏွာျပင္တစ္ခုနဲ႔ တစ္ခု ေျပာင္းလဲတဲ့အခါမွာ အခ်ိန္ေနာက္က်ျခင္းမရွိပဲ အဆင္ေျပစြာ ေျပာင္းလဲႏိုင္တာကိုလဲ ေတြ႕ရပါတယ္။ဒါေပမယ့္ မ်က္ႏွာျပင္ ပ်က္စီးမႈေတြ ကိုေတာ့ Samsung ဘက္က ဘယ္လိုျပင္ဆင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပဲျဖစ္ၿပီး၊ အျခားေသာ ေကြးၫြတ္ဖုန္းျဖစ္တဲ့ Huawei Mate X နဲ႔ ဘယ္လိုယွဥ္ၿပိဳင္ၾကမလဲဆိုတာကေတာ့......။

Damien
ဧၿပီ - ၂၂