【 နည်းပညာ 】 နာဆာနဲ့ အဓိကစာချုပ်ကြီး ချုပ်ဆိုနိုင်ခဲ့တဲ့ SpaceX

【 နည်းပညာ 】 နာဆာနဲ့ အဓိကစာချုပ်ကြီး ချုပ်ဆိုနိုင်ခဲ့တဲ့ SpaceX

SpaceX ဟာ နာဆာရဲ့ အဓိကမစ်ရှင်ကြီးဖြစ်တဲ့ ဂျူပီတာ လ မစ်ရှင်ကို ဆောင်ရွက်သွားဖို့အတွက် စာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။

SpaceX ဟာ အဆိုပါမစ်ရှင်အတွက် ၎င်းရဲ့နာမည်‌ကျော် Falcon အာကာသဒုံးပျံယာဉ်တွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

နာဆာရဲ့ အဓိကမစ်ရှင်ကြီး ဂျူပီတာ လ မစ်ရှင်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ စတင်သွားမယ်လို့ အချိတ်သတ်မှတ်ထားပြီး၊ အဆိုပါမစ်ရှင်စာချူပ်ဟာ ဒေါ်လာ ၁၇၈ သန်း တန်ကြေးရှိတယ်လို့ ဆိုပါတယ်။နာဆာရဲ့ မစ်ရှင်ဟာ အာကာသကို စိတ်ဝင်စား‌သူတွေအတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်ပြီး ဥရောပတိုက်ကို အာကာသကနေ အကောင်းမွန်ဆုံး ကြည့်ရှုနိုင်မှာဖြစ်ကာ  ဂျူပီတာရဲ့ စိတ်ဝင်စားဖွယ်ရာ ရှာဖွေတွေ့ရှိချက်တွေကိုလည်း ကမ္ဘာပေါ်ရှိ သိပ္ပံပညာရှင်တွေ လေ့လာနိုင်အောင် ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။

"အဓိကမစ်ရှင်ကတော့ အရည်အသွေးမြင့်မားပြီး ကြည်လင်ပြတ်သားတဲ့ ဥရောပတိုက်ရဲ့ ပုံရိပ်တွေကို ကမ္ဘာဆီကိုပို့ပေးရမှာပါ၊ အဆိုပါပုံတွေကနေတဆင့် မြေမျက်နှာသွင်ပြင်တွေ ဥရောပရဲ့ သမုဒ္ဒရာအတိမ်အနက်နဲ့ ဆားငန်ရေပျော်ဝင်မှုနဲ့ မြေအောက်ရေကန်များ ရှာဖွေလေ့လာမှုတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လိူ့ နာဆာက ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ သိပ္ပံပညာရှင်တွေဟာ နာဆာရဲ့ ဂယ်လီယိုယိုမစ်ရှင်ကနေရတဲ့ အချက်အလက်ဒေတာတွေကို လေ့လာနေတယ်လို့ သိရပါတယ်။

Damien
ဇူလိုင် - ၂၆