【 နည်းပညာ 】 ပိုမိုတိုးတက် ပြောင်းလဲလာခဲ့တဲ့ Google Translate

【 နည်းပညာ 】 ပိုမိုတိုးတက် ပြောင်းလဲလာခဲ့တဲ့ Google Translate

Android OS အတွက် Google Translate update ကတော့ မကြာခင် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ update version အသစ်မှာ ဘာသာစကားတွေ ပိုမိုအသုံးပြုလာနိုင်မှာဖြစ်သလို ပိုမိုတိုးတက်တဲ့ နည်းပညာသစ်တွေကိုလည်း မြင်တွေ့ရမှာပါ။

ထွက်ရှိလာတော့မယ် Google Translate update မှာ စိတ်ဝင်စားဖွယ် နည်းပညာတစ်ခု ပါဝင်လာပါတယ်။စမတ်ဖုန်းရဲ့ ကင်မရာနဲ့ ကိုယ်ဘာသာပြန်ချင်တဲ့ ဘာသာစကားကို ချိန်လိုက်ရုံနဲ့ ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။အဆိုပါ instant camera feature မှာ ဘာသာစကား အမျိုးပေါင်း ၆၀ ကျော် ထောက်ပံ့ပေးထားမယ် ဆိုပါတယ်။

နောက်ထပ် အသုံးတည့်မယ့် feature ကတော့ ထောက်ပံ့ပေးထားတဲ့ ဘာသာစကား အမျိုးပေါင်း ၁၀၀ ကို english ဘာသာသို့ အဆင်ပြေပြေ ဘာသာပြန်နိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် Google မှ ၎င်းရဲ့ live translation feature ဟာ မှားယွင်းမှု ၅၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့ပြီလို့လည်း ဆိုပါတယ်။

လောလောဆယ်တော့ update version ဟာ အကန့်အသတ် ရှိနေသေးပြီး မကြာတော့မယ့် ရက်သတ္တပတ်တွေမှာတော့ devices အတော်များများမှာ အသုံးပြုနိုင်မယ် ဆိုပါတယ်။

Damien

( Zawgyi )






Damien