【 နည်းပညာ 】 ပုရွတ်ဆိတ်၊ ထောပတ်သီးနဲ့ စက်ရုပ်တို့ကို အာကာသစခန်းဆီသို့ SpaceX လွှတ်တင်ခဲ့

【 နည်းပညာ 】 ပုရွတ်ဆိတ်၊ ထောပတ်သီးနဲ့ စက်ရုပ်တို့ကို အာကာသစခန်းဆီသို့ SpaceX လွှတ်တင်ခဲ့

SpaceX မှ ပုရွက်ဆိတ်များ၊ ထောပတ်သီးများနဲ့ လူသားအရွယ်ရှိတဲ့ စက်ရုပ်လက်မောင်းတို့ကို ဒုံးပျံယာဉ်နဲ့ အာကာသစခန်းဆီကို တနင်္ဂနွေနေ့က လွှတ်တင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပို့ဆောင်လွှတ်တင်မှုဟာ တနင်္လာနေ့တွင် ရောက်ရှိမယ်လို့ ဆိုပါတယ်။

ပြန်လည်အသုံးပြုနိုင်သော Falcon ဒုံးပျံယာဉ်ဟာ NASA ရဲ့ Kennedy အာကာသစခန်းမှ ကောင်းကင်သို့ ပျံတက်သွားခဲ့တာဖြစ်ပြီး၊ အာကာသစခန်းမှ အာကာသယာဉ်မှူးများအတွက် ထောပတ်သီးများ၊ သံပုရာသီးများနှင့် ရေခဲမုန့်အပါအဝင် ပေါင် ၄,၈၀၀ (၂,၁၇၀ ကီလိုဂရမ်) အလေးချိန်ကို သယ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

The Girl Scouts အဖွဲ့ကတော့ ပုရွက်ဆိတ်များ၊ ဆားရည်ပုဇွန်များနှင့် အပင်တို့ကို စမ်းသပ်ပစ္စည်းများအဖြစ် SpaceX ဒုံးပျံယာဉ်နဲ့အတူ တပါတည်း ထည့်သွင်းလွှတ်တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

SpaceX ဒုံးပျံယာဉ်နဲ့အတူ ပါဝင်တဲ့ ဂျပန်ကုမ္ပဏီတစ်ခုရဲ့ စမ်းသပ် စက်ရုပ်လက်တံကတော့ အာကာသယာဉ်မှူးများပြုလုပ်လေ့ရှိသော လုပ်ငန်းဆောင်တာများကို ကူညီပေးမှာဖြစ်ပြီး၊ အနာဂတ်မှာ လူသားနှင့် Gitai Inc ကုမ္ပဏီရဲ့ စက်ရုပ်များဟာ အာကာသလေဟာနယ်ထဲကို စွန့်စားသွားကြလိမ့်မည်ဟု နည်းပညာအရာရှိချုပ် တိုယိုတာကာ ကိုဇူကီ (Toyotaka Kozuki) က ဆိုပါတယ်။

ဒါ့အပြင် "၂၀၂၅ ခုနှစ် အစောပိုင်းမှာ စက်ရုပ်လက်မောင်းများဟာ အဖိုးတန် သယံဇာတများအတွက် 'လ' ကို တူးဖော်နိုင်တယ်" လို့လည်း ကိုဇူကီ က ဆက်လက်ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့မှ SpaceX ရဲ့ ဒုံးပျံယာဉ်လွှတ်တင်မှုဟာ ဒုတိယအကြိမ်‌မြောက် ကြိုးစားမှုဖြစ်ပြီး စနေနေ့က လွှတ်တင်ရန် ကြိုးပမ်းမှုဟာ မုန်တိုင်းထန်သော ရာသီဥတုကြောင့် ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။

Damien
ဩဂုတ် - ၃၀