【 နည်းပညာ 】 ဖေ့စ်ဘွတ်ခ်ရဲ့ မက်ဆင်ဂျာခေါ်ဆိုမှုများကို လျှို့ဝှက်ထားနိုင်တော့မည်

【 နည်းပညာ 】 ဖေ့စ်ဘွတ်ခ်ရဲ့ မက်ဆင်ဂျာခေါ်ဆိုမှုများကို လျှို့ဝှက်ထားနိုင်တော့မည်

ကမ္ဘာကျော် လူမှုကွန်ယက်ကုမ္ပဏီကြီး ဖေ့စ်ဘွတ်ခ်ကတော့ အသစ်ထပ်မံထွက်ရှိလာမယ့် မက်ဆင်ဂျာအက်ပ် ဗားရှင်းသစ်မှာ လုံခြုံရေးပိုင်းကို အဆင့်မြှင့်တင်ထားတယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာ ဗာရှင်းသစ်မှာ မက်ဆင်ဂျာမှ ဗီဒီယိုနဲ့ အသံခေါ်ဆိုမှုများကို အသုံးပြုသူမှ လျှို့ဝှက်‌ခေါ်ဆို ပြောဆိုနိုင်မယ့် နည်းပညာသစ်ကို အဆင့်မြှင့်တင် ထည့်သွင်းပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဖေ့စ်ဘွတ် မက်ဆင်ဂျာရဲ့ စာတိုနဲ့ မက်ဆေ့ခ်ျပေးပို့မှုများကို လျှို့ဝှက်နိုင်တဲ့ နည်းပညာကိုတော့ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဖေ့စ်ဘွတ်ခ်က ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ယခုတော့ ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာ အသုံးပြုသူများဟာ မိမိတို့ရဲ့ ဗီဒီယိုနဲ့ အသံခေါ်ဆိုမှုများကို လျှို့ဝှက်ခေါ်ဆို ပြောဆိုနိုင်တော့မှာဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာမှာ ဗီဒီယိုနဲ့ အသံခေါ်ဆိုမှုပေါင်းဟာ တစ်နေ့လျှင် သန်း ၁၅၀ ကျော်အထိ မြင့်တက်လာပြီးနောက် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဘက်က သုံးစွဲသူများ ပိုမိုလုံခြုံမှုရှိစေရန်အတွက် နည်းပညာအဆင့်မြှင့်တင်ပေးလိုက်တာဖြစ်ပါတယ်။

"ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာရဲ့ လျှို့ဝှက်ခေါ်ဆိုမှုနဲ့ စာတိုပေးပို့မှုများဟာ အသုံးပြုသူရဲ့ မက်ဆင်ဂျာမှ အခြားတစ်ဦးထံ ရောက်ရှိသည့်အချိန်အထိ ကာကွယ်ထားမှာဖြစ်ပါတယ်၊ ဒါဟာ ဘာကိုဆိုလိုသလဲဆိုရင် ဖေ့စ်ဘွတ်အပါအဝင် မည်သူတစ်ဦးတစ်ယောက်ကမှ ကြားဖြတ် ကြည့်ရှုနားထောင်၊ စာတိုများကိုဖတ်ရှုနိုင်မှာ မဟုတ်ဘူး" လို့ မက်ဆင်ဂျာရဲ့ ထုတ်ကုန်စီမံခန့်ခွဲမှု ဒါရိုက်တာ Ruth Kricheli က ပြောကြားခဲ့ပါတယ်။

End-to-end encryption လို့ အမည်ရတဲ့ လုံခြုံရေးနည်းပညာကို ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာအပါအဝင် ဖေ့စ်ဘွတ်ခ် ပိုင်ဆိုင်တဲ့ WhatsApp လူမှုကွန်ယက်မှာလည်း အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

"လူတွေက ၎င်းတို့ရဲ့ စာတိုပေးပို့ရေးအက်ပ်တွေ လုံခြုံပြီး သီးသန့်‌ဖြစ်စေဖို့ မျှော်လင့်ကြပါတယ်" လို့လည်း Ruth Kricheli က ပြောကြားခဲ့ပါတယ်။

Damien
ဩဂုတ် - ၁၅