【 နည်းပညာ 】 လက်ဗွေစနစ် ပါဝင်လာမှာမဟုတ်တဲ့ iPhone 13

【 နည်းပညာ 】 လက်ဗွေစနစ် ပါဝင်လာမှာမဟုတ်တဲ့ iPhone 13

Apple ချစ်သူတွေအတွက်တော့ စိတ်မကောင်းစရာ သတင်းပါပဲ။

Apple က ထပ်မံမိတ်ဆက်လာမယ့် iPhone 13 မှာ လက်ဗွေစနစ် (Touch ID) ပါဝင်လာဖို့မရှိဘူးလို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး၊ မျက်နှာသိမှတ်မှုနည်းပညာကတော့ ဆက်လက်ပါဝင်လာမယ်လို့ သတင်းတွေကဆိုထားပါတယ်။

Apple မှ ထပ်မံမိတ်ဆက်မယ့် iPhone 13 မှာ လက်ဗွေစနစ် ပါဝင်လာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ထားခဲ့ဖူးပါတယ်။ဒါပေမယ့် မိတ်ဆက်ဖို့အချိန် နီးကပ်လာတာနဲ့အမျှ သတင်းထွက်ပေါ်မှုတွေဟာ ပိုမိုသေချာလာစေပြီး ယခုနောက်ဆုံးသတင်းထွက်ပေါ်မှုအရတော့ iPhone 13 ‌မှာ လက်ဗွေစနစ်ပါဝင်လာဖို့မရှိတော့ဘူးလို့ သိရပါတယ်။ Apple ကုမ္ပဏီဘက်က လက်ဗွေစနစ်ကို iPhone 8 မှာ နောက်ဆုံးတပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် မျက်နှာသိမှတ်နည်းပညာကတော့ ဆက်လက်ပါဝင်လာဦးမှာဖြစ်ပါတယ်။

ဒီသတင်းဟာ Apple ချစ်သူတွေအတွက် စိတ်ပျက်စရာသတင်းပါပဲ။ယခုလို ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ လူတိုင်း နှာခေါင်းစည်းဝတ်ဆင်ရတဲ့အတွက် iPhone တွေကို မျက်နှာသိမှတ်နည်းပညာနဲ့ဖွင့်ရန် အခက်အခဲများကြုံလာခဲ့ရတာဖြစ်ပါတယ်။ကပ်ရောဂါကလည်း ရှည်ကြာဖွယ်ရှိနေသေးတဲ့အတွက် iPhone 13 မှာ လက်ဗွေစနစ်မပါဝင်လာပါက မျက်နှာသိမှတ်နည်းပညာနဲ့ဖွင့်ရန် အခက်အခဲတွေ ဆက်လက်ကြုံလာရဖို့ရှိနေပါသေးတယ်။

စက်တင်ဘာမှာ မိတ်ဆက်လာမယ့် iPhone 13 မှာ လက်ဗွေစနစ်ပါဝင်လာဖို့မရှိပေမယ့် မျက်နှာပြင်ပေါ်မှ ရှေ့ဘက် ကင်မရာနဲ့ အာရုံခံကိရိယာတွေ ထည့်သွင်းထားတဲ့ notch (အကွက်) ကတော့ ယခင် iPhone တွေထက် ပိုမိုသေးငယ်လာဖို့ရှိတယ်လို့ သိရပါတယ်။ဒီဇိုင်းပုံစံကတော့ iPhone 12 လိုမျိုးပဲ လေးထောင့်ဆန်ဆန် ကိုယ်ထည်ဖြစ်ဖို့ရှိနေပြီး အဆင့်မြှင့်တင်ထားတဲ့ စွမ်းဆောင်ရည်တွေကိုတော့ iPhone 13 မှာ မြင်တွေ့ရဖို့တော့ ရှိနေပါသေးတယ်။

Damien
ဇူလိုင် - ၁၉