【 နည်းပညာ 】 AnTuTu ရဲ့ ဇွန်လ အကောင်းဆုံး Android စမတ်ဖုန်းစာရင်း ထွက်ပေါ်လာ

【 နည်းပညာ 】 AnTuTu ရဲ့ ဇွန်လ အကောင်းဆုံး Android စမတ်ဖုန်းစာရင်း ထွက်ပေါ်လာ

AnTuTu ရဲ့ ဇွန်လအတွက် အကောင်းဆုံး Android စမတ်ဖုန်း အကဲဖြတ်စာရင်းကတော့ ထွက်ပေါ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

အဆိုပါစာရင်းမှာတော့ တရုတ်စမတ်ဖုန်း အမှတ်တံဆိပ်တွေ အများစုနေရာယူခဲ့တာလည်း မြင်တွေ့ခဲ့ရပါတယ်။

ထပ်ပိုင်းနှစ်နေရာကိုတော့ Gaming စမတ်ဖုန်းတွေ ဦးဆောင်သွားတာ မြင်တွေ့ရပြီး Nubia Red Magic 3 က 382,331 မှတ်နဲ့၊ Xiaomi Black Shark 2 က 375,592 မှတ်နဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

ထိပ်ဆုံး ဖုန်းနှစ်လုံးဟာ specs သိပ်မကွာခဲ့ပေမယ့် Nubia မှာ ပါဝင်တဲ့ 90Hz refresh rate မျက်နှာပြင် ဘက်ထရီပမာဏနဲ့ ဖုန်းအပူချိန်လျှော့ချပေးမယ့် ပန်ကာ နည်းပညာတို့က Black Shark 2 ကို အသာရခဲ့တာလည်း ဖြစ်ပါတယ်။

 

အဆင့် သုံးနဲ့ လေးမှာတော့ Xiaomi ကပဲ ဦးဆောင်ထားခဲ့ပြီး Mi 9 series တွေ ကြီးစိုးထားခဲ့တာပဲ ဖြစ်ပါတယ်။ AnTuTu စာရင်းအရ ဆိုရင်တော့ တရုတ်စမတ်ဖုန်း ကုမ္ပဏီတွေရဲ့ နည်းပညာ တီထွင်ကြံဆမှုတွေဟာ အလွန်တိုးတက် ရှေ့တန်းရောက်နေပြီဆိုတာ ပြသလိုက်တာပဲ ဖြစ်ပါတယ်။

ကိုရီးယားနည်းပညာ ဘီလူးကြီး Samsung ရဲ့ S10 နဲ့ S10+ ကတော့ အဆင့် ၉ နဲ့ ၁၀ မှာပဲ ရပ်တည်နိုင်ခဲ့တာကို မြင်တွေ့ရပြီး၊ ကျန်တဲ့ ၈ နေရာကိုတော့ တရုတ်စမတ်ဖုန်းတွေသာ အကောင်းဆုံး Android စမတ်ဖုန်း စာရင်းမှာ ကြီးစိုးထားတာလည်း ဖြစ်ပါတယ်။

နည်းပညာတွေဟာ အမြဲတိုးတက်နေသလို စမတ်ဖုန်း model အသစ်တွေဟာလည်း အမြဲထွက်ရှိနေတဲ့အတွက် ဘယ်လိုတီထွင် ဆန်းသစ်မှုတွေ မြင်တွေ့ရဦးမလဲ ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

Damien

( Zawgyi )

AnTuTu ရဲ႕ ဇြန္လအတြက္ အေကာင္းဆုံး Android စမတ္ဖုန္း အကဲျဖတ္စာရင္းကေတာ့ ထြက္ေပၚလာခဲ့ၿပီပဲ ျဖစ္ပါတယ္။

အဆိုပါစာရင္းမွာေတာ့ တ႐ုတ္စမတ္ဖုန္း အမွတ္တံဆိပ္ေတြ အမ်ားစုေနရာယူခဲ့တာလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

ထပ္ပိုင္းႏွစ္ေနရာကိုေတာ့ Gaming စမတ္ဖုန္းေတြ ဦးေဆာင္သြားတာ ျမင္ေတြ႕ရၿပီး Nubia Red Magic 3 က 382,331 မွတ္နဲ႔၊ Xiaomi Black Shark 2 က 375,592 မွတ္နဲ႔ ရပ္တည္ေနတာ ျဖစ္ပါတယ္။

ထိပ္ဆုံး ဖုန္းႏွစ္လုံးဟာ specs သိပ္မကြာခဲ့ေပမယ့္ Nubia မွာ ပါဝင္တဲ့ 90Hz refresh rate မ်က္ႏွာျပင္ ဘက္ထရီပမာဏနဲ႔ ဖုန္းအပူခ်ိန္ေလွ်ာ့ခ်ေပးမယ့္ ပန္ကာ နည္းပညာတို႔က Black Shark 2 ကို အသာရခဲ့တာလည္း ျဖစ္ပါတယ္။

အဆင့္ သုံးနဲ႔ ေလးမွာေတာ့ Xiaomi ကပဲ ဦးေဆာင္ထားခဲ့ၿပီး Mi 9 series ေတြ ႀကီးစိုးထားခဲ့တာပဲ ျဖစ္ပါတယ္။ AnTuTu စာရင္းအရ ဆိုရင္ေတာ့ တ႐ုတ္စမတ္ဖုန္း ကုမၸဏီေတြရဲ႕ နည္းပညာ တီထြင္ႀကံဆမႈေတြဟာ အလြန္တိုးတက္ ေရွ႕တန္းေရာက္ေနၿပီဆိုတာ ျပသလိုက္တာပဲ ျဖစ္ပါတယ္။

ကိုရီးယားနည္းပညာ ဘီလူးႀကီး Samsung ရဲ႕ S10 နဲ႔ S10+ ကေတာ့ အဆင့္ ၉ နဲ႔ ၁၀ မွာပဲ ရပ္တည္ႏိုင္ခဲ့တာကို ျမင္ေတြ႕ရၿပီး၊ က်န္တဲ့ ၈ ေနရာကိုေတာ့ တ႐ုတ္စမတ္ဖုန္းေတြသာ အေကာင္းဆုံး Android စမတ္ဖုန္း စာရင္းမွာ ႀကီးစိုးထားတာလည္း ျဖစ္ပါတယ္။

နည္းပညာေတြဟာ အၿမဲတိုးတက္ေနသလို စမတ္ဖုန္း model အသစ္ေတြဟာလည္း အၿမဲထြက္ရွိေနတဲ့အတြက္ ဘယ္လိုတီထြင္ ဆန္းသစ္မႈေတြ ျမင္ေတြ႕ရဦးမလဲ ဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာလည္း ျဖစ္ပါတယ္။

Damien