【 နည်းပညာ 】 Google ရဲ့ Pixel မျိုးဆက်သစ် စမတ်ဖုန်းတွေ ထွက်ပေါ်လာတော့မည်

ယခုနောက်ပိုင်း စမတ်ဖုန်းကုမ္ပဏီကြီးတွေကြားမှာ နောက်ဘက်ကင်မရာ ထည့်သွင်းပုံတစ်မျိုး ခေတ်စားလာခဲ့ပါတယ်။

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ iPhone 11 series နဲ့ Huawei Mate 30 series တွေမှာ နောက်ဘက်ကင်မရာတွေကို စက်ဝိုင်းပုံစံ အကွက်ထဲမှာ ထည့်သွင်းတပ်ဆင်လာတာကို မြင်တွေ့ရပါတယ်။

ယခုလည်း Google မှ မိတ်ဆက်သွားမယ့် Pixel 4 series စမတ်ဖုန်းတွေရဲ့ ပေါက်ကြားလာတဲ့ ဓာတ်ပုံတွေအရ လေးထောင့််ဆန်ဆန် အကွက်ထဲမှာ နောက်ဘက်ကင်မရာတွေကို ထည့်သွင်းထားမယ့်ပုံစံကို မြင်တွေ့ရပြီး၊ အရောင်သုံးမျိုး ထွက်ရှိလာမယ်လို့ သိရပါတယ်။

Google ရဲ့ Pixel 4 series ဟာ Pixel 4 နဲ့ Pixel 4 XL ဆိုပြီး နှစ်မျိုးထွက်ရှိလာမှာပါ။ Google Pixel 4 က ၅.၇ လက်မ မျက်နှာပြင်ဖြစ်ပြီး၊ Pixel 4 XL ကတော့ ၆.၃ လက်မ ရှိမှာဖြစ်ပါတယ်။စမတ်ဖုန်းနှစ်မျိုးစလုံးရဲ့ မျက်နှာပြင်ဟာ One Plus 7 Pro ရဲ့ 90Hz refresh rate အဆင့်ရှိ မျက်နှာပြင်နဲ့ တူညီမှာပါ။ဘက်ထရီပိုင်းမှာတော့ Pixel 4 မှာ 2,800mAh နဲ့ Pixel 4 XL မှာ 3,700mAh ထည့်သွင်းပေးထားမယ်လို့ ပေါက်ကြားထားတဲ့ သတင်းတွေအရ သိရပါတယ်။

Qualcomm ရဲ့ Snapdragon 855 chipset နဲ့ မောင်းနှင်လာဖွယ်ရှိပြီး၊ မမ်မိုရီ 6GB ပါဝင်မယ်လို့လည်း ဆိုကြပါတယ်။ထူးခြားချက်ကတော့ Soli motion-sensing radar chip နည်းပညာ ပါဝင်လာမယ့် ပထမဆုံး စမတ်ဖုန်းလို့ သတင်းတွေ ထွက်ပေါ်နေပြီး၊ အဆိုပါ နည်းပညာနဲ့ စမတ်ဖုန်းကို လှုပ်ရှားမှုတွေနဲ့ အသုံးပြုစေခိုင်းနိုင်မယ်လို့ သိရပါတယ်။ဒါ့အပြင် မျက်နှာသိမှတ်မှုနည်းပညာ Face Unlock လည်း ပါဝင်လာဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Google Pixel 4 နဲ့ Pixel 4 XL တို့ရဲ့ အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပဲ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Damien

( Zawgyi )

ယခုနောက်ပိုင်း စမတ်ဖုန်းကုမ္ပဏီကြီးတွေကြားမှာ နောက်ဘက်ကင်မရာ ထည့်သွင်းပုံတစ်မျိုး ခေတ်စားလာခဲ့ပါတယ်။

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ iPhone 11 series နဲ့ Huawei Mate 30 series တွေမှာ နောက်ဘက်ကင်မရာတွေကို စက်ဝိုင်းပုံစံ အကွက်ထဲမှာ ထည့်သွင်းတပ်ဆင်လာတာကို မြင်တွေ့ရပါတယ်။

ယခုလည်း Google မှ မိတ်ဆက်သွားမယ့် Pixel 4 series စမတ်ဖုန်းတွေရဲ့ ပေါက်ကြားလာတဲ့ ဓာတ်ပုံတွေအရ လေးထောင့််ဆန်ဆန် အကွက်ထဲမှာ နောက်ဘက်ကင်မရာတွေကို ထည့်သွင်းထားမယ့်ပုံစံကို မြင်တွေ့ရပြီး၊ အရောင်သုံးမျိုး ထွက်ရှိလာမယ်လို့ သိရပါတယ်။

Google ရဲ့ Pixel 4 series ဟာ Pixel 4 နဲ့ Pixel 4 XL ဆိုပြီး နှစ်မျိုးထွက်ရှိလာမှာပါ။ Google Pixel 4 က ၅.၇ လက်မ မျက်နှာပြင်ဖြစ်ပြီး၊ Pixel 4 XL ကတော့ ၆.၃ လက်မ ရှိမှာဖြစ်ပါတယ်။စမတ်ဖုန်းနှစ်မျိုးစလုံးရဲ့ မျက်နှာပြင်ဟာ One Plus 7 Pro ရဲ့ 90Hz refresh rate အဆင့်ရှိ မျက်နှာပြင်နဲ့ တူညီမှာပါ။ဘက်ထရီပိုင်းမှာတော့ Pixel 4 မှာ 2,800mAh နဲ့ Pixel 4 XL မှာ 3,700mAh ထည့်သွင်းပေးထားမယ်လို့ ပေါက်ကြားထားတဲ့ သတင်းတွေအရ သိရပါတယ်။

Qualcomm ရဲ့ Snapdragon 855 chipset နဲ့ မောင်းနှင်လာဖွယ်ရှိပြီး၊ မမ်မိုရီ 6GB ပါဝင်မယ်လို့လည်း ဆိုကြပါတယ်။ထူးခြားချက်ကတော့ Soli motion-sensing radar chip နည်းပညာ ပါဝင်လာမယ့် ပထမဆုံး စမတ်ဖုန်းလို့ သတင်းတွေ ထွက်ပေါ်နေပြီး၊ အဆိုပါ နည်းပညာနဲ့ စမတ်ဖုန်းကို လှုပ်ရှားမှုတွေနဲ့ အသုံးပြုစေခိုင်းနိုင်မယ်လို့ သိရပါတယ်။ဒါ့အပြင် မျက်နှာသိမှတ်မှုနည်းပညာ Face Unlock လည်း ပါ၀င္လာဖြယ္ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။