【 နည်းပညာ 】 Oppo က ချပြလိုက်တဲ့ ပထမဆုံး နည်းပညာသစ်

【 နည်းပညာ 】 Oppo က ချပြလိုက်တဲ့ ပထမဆုံး နည်းပညာသစ်

စမတ်ဖုန်းတွေရဲ့ ရှေ့ဘက် selfie ကင်မရာကို ပုံစံအမျိုးမျိုးနဲ့ စမ်းသပ်နေခဲ့ကြတာ အချိန်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။

ရှေ့ဘက် selfie ကင်မရာကို notch ဆိုတဲ့ အကွက်လေးမှာ ထည့်သွင်းတာ၊ slider နဲ့ rotation camera တွေနဲ့၊ မျက်နှာပြင်ပေါ် အပေါက်ဖောက် ထည့်သွင်းထားတဲ့ punch-hole ကင်မရာ နည်းပညာတွေ အမျိုးမျိုးကို တွေ့မြင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ယခုမှာတော့ Oppo က အခြား စမတ်ဖုန်းကုမ္ပဏီတွေကို လက်ဦးမှုရယူပြီး ကင်မရာ နည်းပညာသစ်ကို ချပြလိုက်ပြီပဲ ဖြစ်ပါတယ်။ MWC Shanghai 2019 ပွဲမှာ ၎င်းရဲ့ Under-Screen Camera မျက်နှာပြင်အောက် ကင်မရာ မြှုပ်နှံထားတဲ့ ပထမဆုံး နည်းပညာသစ်ကို မိတ်ဆက်လိုက်တာပါ။သိပ်မကြာသေးခင်က Samsung နဲ့ Xiaomi တို့က တီထွင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း Oppo က ပထမဆုံး နည်းပညာသစ်ကို တရားဝင် မိတ်ဆက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ကင်မရာနည်းပညာသစ်ကြောင့် Oppo ရဲ့ နောင်ထွက်လာမယ့် စမတ်ဖုန်းတွေဟာ အခြား စမတ်ဖုန်းတွေလို selfie ကင်မရာအတွက် notch နဲ့ စက်ကိရိယာတွေ အသုံးပြုရတော့မှာ မဟုတ်ပဲ မျက်နှာပြင်ပြည့် အရသာကို ပြည့်ပြည့်ဝဝ ခံစားရတော့မှာလည်း ဖြစ်ပါတယ်။

အဆိုပါ မျက်နှာပြင်အောက်မှ ကင်မရာဟာ ၎င်းရဲ့ အာရုံခံကိရိယာကို အလင်းထိတွေ့လိုက်တာနဲ့ ဓာတ်ပုံရိုက်ကူးပေးသွားမှာ ဖြစ်ပါတယ်။အပြင်ဘက်မှ အလင်းရောင်ဟာ ဖုန်းရဲ့ မျက်နှာပြင်ကို ဖောက်ထွင်းဝင်ရောက်နိုင်အောင် ပြုလုပ်ထားတာဖြစ်ပြီး၊ မျက်နှာပြင်ပိုင်းဟာလည်း အဆိုပါ နည်းပညာကြောင့် အနှောင့်အယှက် မဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။ဒါ့အပြင် ကင်မရာ မြှုပ်နှံထားတဲ့ နေရာတဝိုက်ကိုလည်း ထိတွေ့အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

Oppo ရဲ့ Under-Screen Camera နည်းပညာဟာ ဖြေရှင်းစရာ ပြသနာတွေတော့ ရှိနေသေးပြီး၊ သိပ်မကြာခင်တော့ သုံးစွဲသူတွေထံ အရောက်ပို့ပေးသွားမယ်လို့ ဆိုပါတယ်။

Damien

( Zawgyi )

စမတ္ဖုန္းေတြရဲ႕ ေရွ႕ဘက္ selfie ကင္မရာကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ စမ္းသပ္ေနခဲ့ၾကတာ အခ်ိန္အေတာ္ၾကာခဲ့ၿပီပဲ ျဖစ္ပါတယ္။

ေရွ႕ဘက္ selfie ကင္မရာကို notch ဆိုတဲ့ အကြက္ေလးမွာ ထည့္သြင္းတာ၊ slider နဲ႔ rotation camera ေတြနဲ႔၊ မ်က္ႏွာျပင္ေပၚ အေပါက္ေဖာက္ ထည့္သြင္းထားတဲ့ punch-hole ကင္မရာ နည္းပညာေတြ အမ်ိဳးမ်ိဳးကို ေတြ႕ျမင္ခဲ့ရတာလည္း ျဖစ္ပါတယ္။

ယခုမွာေတာ့ Oppo က အျခား စမတ္ဖုန္းကုမၸဏီေတြကို လက္ဦးမႈရယူၿပီး ကင္မရာ နည္းပညာသစ္ကို ခ်ျပလိုက္ၿပီပဲ ျဖစ္ပါတယ္။ MWC Shanghai 2019 ပြဲမွာ ၎ရဲ႕ Under-Screen Camera မ်က္ႏွာျပင္ေအာက္ ကင္မရာ ျမႇဳပ္ႏွံထားတဲ့ ပထမဆုံး နည္းပညာသစ္ကို မိတ္ဆက္လိုက္တာပါ။သိပ္မၾကာေသးခင္က Samsung နဲ႔ Xiaomi တို႔က တီထြင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္လည္း Oppo က ပထမဆုံး နည္းပညာသစ္ကို တရားဝင္ မိတ္ဆက္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

အဆိုပါ ကင္မရာနည္းပညာသစ္ေၾကာင့္ Oppo ရဲ႕ ေနာင္ထြက္လာမယ့္ စမတ္ဖုန္းေတြဟာ အျခား စမတ္ဖုန္းေတြလို selfie ကင္မရာအတြက္ notch နဲ႔ စက္ကိရိယာေတြ အသုံးျပဳရေတာ့မွာ မဟုတ္ပဲ မ်က္ႏွာျပင္ျပည့္ အရသာကို ျပည့္ျပည့္ဝဝ ခံစားရေတာ့မွာလည္း ျဖစ္ပါတယ္။

အဆိုပါ မ်က္ႏွာျပင္ေအာက္မွ ကင္မရာဟာ ၎ရဲ႕ အာ႐ုံခံကိရိယာကို အလင္းထိေတြ႕လိုက္တာနဲ႔ ဓာတ္ပုံ႐ိုက္ကူးေပးသြားမွာ ျဖစ္ပါတယ္။အျပင္ဘက္မွ အလင္းေရာင္ဟာ ဖုန္းရဲ႕ မ်က္ႏွာျပင္ကို ေဖာက္ထြင္းဝင္ေရာက္ႏိုင္ေအာင္ ျပဳလုပ္ထားတာျဖစ္ၿပီး၊ မ်က္ႏွာျပင္ပိုင္းဟာလည္း အဆိုပါ နည္းပညာေၾကာင့္ အေႏွာင့္အယွက္ မျဖစ္ႏိုင္ဘူးလို႔ ဆိုထားပါတယ္။ဒါ့အျပင္ ကင္မရာ ျမႇဳပ္ႏွံထားတဲ့ ေနရာတဝိုက္ကိုလည္း ထိေတြ႕အသုံးျပဳႏိုင္မွာလည္း ျဖစ္ပါတယ္။

Oppo ရဲ႕ Under-Screen Camera နည္းပညာဟာ ေျဖရွင္းစရာ ျပသနာေတြေတာ့ ရွိေနေသးၿပီး၊ သိပ္မၾကာခင္ေတာ့ သုံးစြဲသူေတြထံ အေရာက္ပို႔ေပးသြားမယ္လို႔ ဆိုပါတယ္။

Damien